News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
“နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”
👍9❤‍🔥1
၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်။

၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရန်။
👍11❤‍🔥1
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ
👍9
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်
👍10❤‍🔥2
ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်နှင့် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာ
 
မေ ၁၉၊ ၂၀၂၆
 
ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) စခန်းပေါင်းစုံမှ သင်တန်းသား/သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။
 
ဦးစွာ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိသော လေယာဉ်/ရဟတ်ယာဉ်များအကြောင်းကို တပ်မတော်(လေ)မှ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
 
ထို့နောက် ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများသည် မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်လေယာဉ်များ၏ စွမ်းပကားနှင့် အခြားသိသင့်သိထိုက်သည်များကို စိတ်ပါဝင်စားစွာလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
 
နေ့လယ်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
 
ထို့နောက် လေ့လာရေးခရီးလာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများအား ပြခန်းခန်းမဆောင်၌ ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုး အစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္တာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကို တိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္တုပစ္စည်းများတွင်ပါရှိသော ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့်သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္တုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသထားသည့်ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
 
ယင်းနောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် ဗွီဒီယိုပြခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသထားသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗွီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတို့တွင် လက်တွေ့ကျကျအသုံးပြုနေခြင်းဆိုင် ရာပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
👍123❤‍🔥2
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ
👍12
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများအတွက် လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်သည့် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်မဲခွဲဆုံးဖြတ်မှု (War Powers Vote) ကို အမေရိကန် အထက်လွှတ်တော်က ဆက်လက်လုပ်ဆောင်ရန် အတည်ပြုလိုက်ပြီဖြစ်သည်။

ခုနစ်ကြိမ်တိုင်တိုင် ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ သတ္တမအကြိမ်မြောက်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ်အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ခြင်းဖြစ်ပြီးသမ္မတ ထရမ့်၏ စစ်ပွဲဆိုင်ရာ အုပ်ချုပ်ရေးအာဏာကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သည်။

War Powers Vote - အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက စစ်တပ်ကို စေလွှတ်နိုင်သော်လည်း တရားဝင် စစ်ကြေညာပိုင်ခွင့်နှင့် စစ်စရိတ်အတည်ပြုပိုင်ခွင့်မှာ လွှတ်တော်တွင်သာရှိသည်။ ထို့ကြောင့် သမ္မတ၏ စစ်ပွဲဆင်နွှဲမည့် လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် သို့မဟုတ် ခွင့်ပြုရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခြင်း ဖြစ်သည်။

NOM
👍181🔥1
ဗြိတိန်နိုင်ငံသည် တတိယနိုင်ငံများတွင် ရုရှားရေနံမှတစ်ဆင့် ထုတ်လုပ်ထားသော ဒီဇယ်နှင့် လေယာဉ်ဆီများကို ပြည်တွင်းသို့ကန့်သတ်ချက်မရှိဘဲ အကန့်အသတ်မရှိ ကာလအထိ တင်သွင်းခွင့် ပြုလိုက်သည်။

NOM
👍194
ချောက်မြို့တွင် ကုမ္ပဏီအရောင်းကားမှ ဝန်ထမ်းနှစ်ဦးကို စစ်မှုထမ်းရန်ဆိုကာရဲကဖမ်း

NOM မေ ၂၀၊ ၂၀၂၆

ယနေ့မေလ ၂၀ ရက်နေ့နံနက် ၁၁း၀၀ နာရီက ချောက်မြို့အထွက် Famous ဓာတ်ဆီဆိုင်ရှေ့တွင် ကုမ္ပဏီအရောင်းကားကို ထွေအုပ်နှင့်ရဲကတားပြီး ကားပေါ်ပါကုမ္ပဏီအရောင်းဝန်ထမ်းနှစ်ဦးကို စစ်မှုထမ်းရမည့်အရွယ်ဟုဆိုကာ ဖမ်းဆီးသွားကြောင်းသိရသည်။

ရန်ကုန်ရှိ ကုမ္ပဏီရုံးကအဆိုပါဖမ်းဆီးခံရသူနှစ်ဦးသည် ကုမ္ပဏီဝန်ထမ်းများဖြစ်ကြောင်း ဝန်ထမ်းကတ်လည်းပါသလို ကုမ္ပဏီယူနီဖောင်းဖြင့် ကုမ္ပဏီကားမောင်းကာ နယ်လှည့်အရောင်းဝန်ထမ်းများဖြစ်ကြောင်း ရဲကိုဆက်သွယ်ပြောဆိုသော်လည်း ရဲကထွေအုပ်ကိုသာပြောပါဆိုသဖြင့် ထွေအုပ်သို့ဆက်သွယ်ရာ ရဲကိုသာပြောပါဟုအပြန်အလှန် ဘောလီဘောပုတ်နေကြသည်။ လက်ရှိတွင် ကုမ္ပဏီအရောင်းကားကို ချောက်မြို့ထွေအုပ်ရုံးရှေ့တွင် ရပ်ထားကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးသည် ဖြတ်သန်းသွားလာသော ကားများပေါ်မှ လူငယ်များကို ပြည်သူ့စစ်မှုထမ်းဆောင်ရန်ဟု ခေါ်ကာကားပေါ်မှ ဆွဲချဖမ်းဆီးရာတွင် နာမည်ကြီးသော တိုင်းဒေသကြီးဖြစ်သည်။ ပြီးခဲ့သည့်လကလည်း ပဲခူးတိုင်းဒေသကြီးမှ ရိုးရာလက်ဝှေ့ကစားသမားတစ်ဦးကို မကွေးမြို့တွင် ကားပေါ်မှ ဆွဲချဖမ်းဆီးသဖြင့်သက်ဆိုင်ရာအဖွဲ့အစည်းများက လိုက်လံထုတ်ယူရမှုဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
38👍25😡51🔥1
အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာရေးရာ ကော်မတီ (AIPAC) ကို နိုင်ငံခြားအကျိုးဆောင်အဖြစ် မှတ်ပုံတင်ခိုင်းဖို့ ကြိုးပမ်းခဲ့တဲ့ ကွန်ဂရက်အမတ် ရာထူးကနေ ဖယ်ရှားခံရ

အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာရေးရာ ကော်မတီ (AIPAC) ကို "နိုင်ငံခြားအကျိုးဆောင် မှတ်ပုံတင်ခြင်းအက်ဥပဒေ" (FARA) အရ မှတ်ပုံတင်ဖို့ ဥပဒေကြမ်းတင်သွင်းခဲ့သူ၊ စစ်ပွဲများကို ဆန့်ကျင်သူ၊ အီရန်စစ်ပွဲကို ကန့်ကွက်သူနှင့် အက်ပ်စတိန်း (Epstein) ဖိုင်တွဲများ ချပြရေးကို ထောက်ခံသူ ကင်တပ်ကီပြည်နယ် ကွန်ဂရက်အမတ် သောမတ်စ် မက်ဆီ (Thomas Massie) သည် ပါတီတွင်း ပဏာမမဲခွဲပွဲ (Primary) တွင် ရှုံးနိမ့်သွားခဲ့သည်။

၎င်းသည် သမ္မတ ထရမ့်နှင့် AIPAC တို့ ကျောထောက်နောက်ခံပေးထားသည့် ရေတပ်အထူးကွန်မန်ဒို (Navy SEAL) ဟောင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကြော်ငြာလှိုင်းလုံးကြီးကို အစ္စရေးလိုလားသော အဖွဲ့အစည်းများက ငွေကြေးအမြောက်အမြား စိုက်ထုတ်ပံ့ပိုးခဲ့ကြသည်။

မက်ဆီ ကျူးလွန်ခဲ့သည်ဆိုသော အပြစ်များမှာ-

* အစ္စရေးသို့ ကူညီထောက်ပံ့မည့် အစီအစဉ်ကို ကန့်ကွက်မဲပေးခဲ့ခြင်း

* အီရန်နှင့် စစ်ဖြစ်ပွားမည့်အရေးကို ဆန့်ကျင်ခြင်း

* ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ လျှို့ဝှက်ဖိုင်တွဲများကို ချပြရန် တွန်းအားပေးခြင်း

* ၎င်း၏ ရာထူးသက်တမ်း နောက်ဆုံးရက်များတွင် AIPAC ကို နိုင်ငံခြားလော်ဘီအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် အဆိုပြုခဲ့ခြင်း တို့ ဖြစ်သည်။

အစ္စရေး​၏ တုံ့ပြန်မှုကတော့ မြန်ဆန်၊ ပြတ်သားပြီး ငွေကြေးအမြောက်အမြား အသုံးပြုသွားခဲ့သည်-The Times of Israel သတင်းစာ၏ ဖော်ပြချက်အရ AIPAC၊ ရီပတ်ဘလစ်ကန် ဂျူးမဟာမိတ်အဖွဲ့ (RJC) နှင့် အစ္စရေးအတွက် ခရစ်ယာန်များအဖွဲ့ (CUFI) တို့အားလုံးသည် မက်ဆီ၏ ပြိုင်ဘက်ကို ဝိုင်းဝန်းကျောထောက်နောက်ခံပြုပေးခဲ့ကြပြီး ငွေကြေးအမြောက်အမြား "ပုံအော သုံးစွဲခဲ့ကြ"သည်။

ဒါဟာ အမေရိကန်နိုင်ငံရေးအတွင်း နိုင်ငံခြားစွက်ဖက်မှုအခြေအနေမှန်ကို သတိပြုမိသွားတဲ့ ကွန်ဂရက်အမတ်တစ်ယောက်ကို နိုင်ငံခြားလိုလားတဲ့ အုပ်စုက ငွေကြေးအင်အားသုံးပြီး ဖယ်ရှားလိုက်တာလို့ပဲ ဆိုရပါလိမ့်မည်။

NOM
👍23😨31👎1