News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
မွန်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်
 
မေ ၁၉၊ ၂၀၂၆
 
စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့်ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် အရာရှိများ၊ ပြည်သူ့စစ်မှုထမ်းစစ်သည်များ တက်ရောက်သည်။
 
ဦးစွာ အခမ်းအနားတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းစစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လက်မှတ်နှင့်ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
 
ထို့နောက် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းကလည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းစစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည် (၃) ဦးအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့ကလည်းကောင်း လက်မှတ်နှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
 
မွန်ပြည်နယ်၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ်အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်လုံခြုံရေး၊ ကျန်းမာရေး၊ သင်ကြားရေးစတဲ့ကိစ္စရပ်များ အဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်ပေးရမှာဖြစ်ပြီး ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ သက်ဆိုင်ရာဌာနများအားလုံးပူးပေါင်းမှသာ ကလေးများရဲ့ပညာရေးကို ဆက်လက်မြှင့်တင်နိုင်မှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေး၊ ဘေးကင်းလုံခြုံစွာပညာသင်ကြားခွင့်ရရှိရေးအတွက် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
 
ထို့နောက် ပြည်နယ်ပညာရေးမှူးမှ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခရိုင်ပညာရေးမှူးများက စာသင်ကျောင်းများ ဖွင့်လှစ်မည့်အခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
 
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
👍103
Media is too big
VIEW IN TELEGRAM
အမေရိကန် အထက်လွှတ်တော်အမတ် ခရစ်မာဖီ က လောင်စာဆီနှင့် စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းသည် အမေရိကန် မိသားစုများကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း သတိပေးပြောကြားခဲ့သည်။

၎င်းက ကုန်ကျစရိတ်များ မြင့်တက်လာရခြင်းမှာ ဒေါ်နယ်ထရမ့် ၏ အနောက်အာရှ (အရှေ့အလယ်ပိုင်း) မူဝါဒကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် “မိမိအလိုအလျောက်ရွေးချယ်ခဲ့သော စစ်ပွဲ” (War Of Choice) ကို အဆုံးသတ်ရန် တောင်းဆိုလိုက်သည်။

NOM
👍231❤‍🔥1
မန္တလေးမြို့တော်ခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
 
 မေ  ၁၉၊ ၂၀၂၆
 
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
 
‌ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားရာ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့်ဖြစ်ပွားနိုင်ပြီး လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနှင့် ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့အပြင် မိမိသားသမီး၊ ဆွေမျိုး နီးစပ်ရာကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့ကလည်း အဂတိလိုက်စားမှု ပုံစံများဖြစ်ပါကြောင်း၊  အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ပြီး တွန်းလှန်တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံး လက်တွဲညီညီပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။ 
 
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ကြရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သောတာဝန်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အစိုးရဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်လည်း ပါဝင်ဆောင်ရွက်ကြရမည့် အလုပ်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်ရာတွင် ကျင့်ဝတ်စည်းကမ်းနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့ပုံရိပ်ကောင်းအောင် ကြိုးစားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
 
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောကြပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
 
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ စုစုပေါင်း ၁၆၇ ဦး တက်ရောက်ကြသည်။
 
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန် ခေါင်းဆောင်၍ မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
👍9
ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
NOM၊မေ၁၉၊၂၀၂၆
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊အောင်နန်းရပ်ကွက်၊နယ်မြေ ၁၂ တွင် ယနေ့ (မေ ၁၉ ရက်)နံနက်၈နာရီခန့်က နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ််ဦးစီးဌာနမှထုတ်ပြန်ထားသည်။

"အပေါ်ထပ်မှာ တပ်ထားတဲ့ ပန်ကာအပူလွန်ပြီး ဘေးက ထရံကိုပါ မီးကူးစက်လောင်တာပေါ့။အပေါ်ထပ် တစ်ထပ်လောင်သွားတာ။လူထိခိုက်မှုတော့မရှိဘူး"ဟုကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုမှာ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များသို့မီးကူးစက်ခြင်းမရှိကြောင်း၊အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး အနေဖြင့် ခန့်မှန်း ကျပ် သိန်း ၃၀ ခန့်ရှိ‌ကြောင်း
သိရသည်။
7👍7😢2
မောတောင်မြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်

မေ ၁၉၊ ၂၀၂၆
15👍11
မလှိုင်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ဝါးခွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

မေ ၁၉၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ဝါးခွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း (၆၅) နှစ် သည် မေလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့် ရောက်လာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားကာ ပြူကန်ကျေးရွာအနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးကြည်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

NOM
👍6😡62
ဘီလျံနာ အဒါနီက အမေရိကန်တွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုပြီးနောက် အမေရိကန်အစိုးရက လိမ်လည်မှုစွဲချက်များကို ရုပ်သိမ်း

အိန္ဒိယနိုင်ငံရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတစ်ခုကို ရရှိရန်အတွက် အဒါနီသည် အိန္ဒိယအရာရှိများကို လာဘ်ထိုးခဲ့ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို လှည့်ဖြားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီအပေါ် စွဲဆိုထားသည့် ရာဇ၀တ်မှုဆိုင်ရာ လိမ်လည်မှုစွဲချက်များကို ပယ်ဖျက်ရန် လုပ်ဆောင်ခဲ့သည်။ အဆိုပါအမှုတွင် အဒါနီသည် အိန္ဒိယနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်စီမံကိန်း ကန်ထရိုက်များရရှိရန် အိန္ဒိယအရာရှိများကို အမေရိကန်ဒေါ်လာ ၂၆၅ သန်းအထိ လာဘ်ထိုးခဲ့ပြီး အဆိုပါစီမံကိန်း ရရှိရန်အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို လိမ်လည်ပြောဆိုခဲ့သည်ဟု စွပ်စွဲခံထားရခြင်း ဖြစ်သည်။

အဒါနီ၏ ကုမ္ပဏီကမူ ထိုစွပ်စွဲချက်များကို ကာလရှည်ကြာ ငြင်းဆိုလာခဲ့သည်။ အဒါနီက အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုပြီးနောက်တွင် အမေရိကန် တရားရေးဝန်ကြီးဌာန (DOJ) က ဤအမှုကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

နယူးယောက်အရှေ့ပိုင်းခရိုင် အမေရိကန်ခရိုင်တရားရုံးမှ တရားသူကြီး နီကိုလပ်စ် ဂါရော်ဖစ် (Nicholas Garaufis) ထံ တရားရေးဝန်ကြီးဌာနက ပေးပို့သည့် စာတိုတစ်စောင်တွင် “တရားရေးဝန်ကြီးဌာနအနေနဲ့ ဒီအမှုကို ပြန်လည်သုံးသပ်ပြီးနောက် တရားစွဲဆိုခွင့် အာဏာအရ အမှုတွဲပါ တရားခံတစ်ဦးချင်းစီအပေါ် စွဲဆိုထားတဲ့ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေအတွက် နောက်ထပ် အရင်းအမြစ်တွေ (အချိန်နဲ့ ငွေကြေး) ထပ်မံမသုံးစွဲတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဖော်ပြထားသည်။

သို့သော်လည်း တရားရေးဝန်ကြီးဌာန၏ တောင်းဆိုချက်ကို တရားသူကြီးက လက်မှတ်ရေးထိုး အတည်ပြုပေးရန် လိုအပ်နေသေးသည်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင် တရားရေးဝန်ကြီးဌာနက စတင်တရားစွဲဆိုခဲ့သည့် ဤအမှု၌ အဒါနီသည် အမေရိကန်ရင်းနှီးမြှုပ်နှံသူများ၏ နစ်နာမှုဖြင့် နေရောင်ခြည်စွမ်းအင် ကန်ထရိုက်များရရှိရန် အရာရှိများကို လာဘ်ထိုးခဲ့သည်ဟု စွပ်စွဲထားသည်။

ထိုစဉ်က နယူးယောက်အရှေ့ပိုင်းခရိုင် အမေရိကန်အစိုးရရှေ့နေ ဘရီယွန် ပိစ် (Breon Peace) က "တရားခံတွေဟာ ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ကန်ထရိုက်တွေ ရရှိဖို့အတွက် အိန္ဒိယအစိုးရအရာရှိတွေကို လာဘ်ထိုးဖို့ စနစ်တကျ အစီအစဉ်ဆွဲခဲ့ကြပြီး ဂေါတမ် အက်စ် အဒါနီ၊ ဆာဂါ အာ အဒါနီ နဲ့ ဗနီးတ် အက်စ် ဂျိန်း တို့ဟာ အမေရိကန်နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ရန်ပုံငွေ ရှာဖွေတဲ့အခါမှာ ဒီလာဘ်ထိုးမှု အစီအစဉ်နဲ့ ပတ်သက်ပြီး လိမ်လည်ပြောဆိုခဲ့ကြပါတယ်" ဟု ပြောကြားခဲ့သည်။

အဒါနီ ဂရင်း အင်နာဂျီ (Adani Green Energy) ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့် ကန်ထရိုက်ကို ရရှိရန်အတွက် အရာရှိများကို လာဘ်ထိုးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ အဒါနီသည် မိမိကုမ္ပဏီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ မမှန်မကန် ပြောဆိုကာ ရင်းနှီးမြှုပ်နှံသူများကို လှည့်ဖြားခဲ့သည်ဟု ဆိုသည်။ ထိုသို့ လှည့်ဖြားမှုများ ပြုလုပ်ပြီး စွပ်စွဲခံရသူများနှင့် ၎င်း၏ ပူးပေါင်းကြံစည်သူများသည် ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရန်ပုံငွေ ရှာဖွေခဲ့ကြကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အစိုးရက အမှုကို ရုပ်သိမ်းလိုက်ခြင်းသည် အဒါနီ၏ ရှေ့နေအဖွဲ့တွင် မကြာသေးမီက အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Bloomberg ဘီလျံနာညွှန်းကိန်းအရ ခန့်မှန်းခြေ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၈ ဘီလီယံဖြင့် ကမ္ဘာ့ ၁၇ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် အဒါနီသည် ၎င်း၏ ရှေ့နေအဖွဲ့တွင် ရောဘတ် ဂျေ ဂျူးဖရာ ဂျူနီယာ (Robert J Giuffra Jr) ကို ခန့်အပ်ခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က New York Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

၎င်းရှေ့နေသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာရှေ့နေများထဲမှ တစ်ဦးလည်း ဖြစ်နေသည်။ ရှေ့နေဖြစ်သူ ဂျူးဖရာ ဂျူနီယာ က အဒါနီအနေဖြင့် အမေရိကန်တွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်ပေါင်း ၁၅,၀၀၀ အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဘီလျံနာ အဒါနီအနေဖြင့် စွပ်စွဲချက်များကို ငြင်းဆိုထားကြောင်းကိုလည်း ရှေ့နေက ထပ်လောင်း အလေးအနက် ပြောကြားခဲ့သည်။

NOM
👍122😨1
အစိုးရရှေ့နေများက ထောင်ဒဏ် နှစ် ချမှတ်ရန် တောင်းဆိုပြီးနောက် အင်ဒိုနီးရှား ဒုဝန်ကြီးဟောင်းက သူ "ဒီထက် ပိုခိုးခဲ့သင့်သည်" ဟု ပြောကြား

အင်မန်နျူရယ် အီဘန်နီဇာ (Immanuel Ebenezer) က သူကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်ဒေါ်လာ ၁၇၀,၀၀၀ ခန့် တန်ဖိုးရှိတဲ့ ခြစားမှုကို နောက်ထပ် တရားခံတစ်ဦးရဲ့ အမှုနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုခဲ့တာပါ။

အဲဒီနောက်ထပ် တရားခံတစ်ယောက်ဟာ ဒေါ်လာ ၄.၂ သန်း အထိ အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံထားရပေမဲ့ ထောင်ဒဏ် ၆ နှစ်ပဲ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဘန်နီဇာက သူ့ရဲ့ အမှုနဲ့ နှိုင်းယှဉ်ရင် ပြစ်ဒဏ်ပမာဏ မမျှမတ ဖြစ်နေတာကို မကျေမနပ်ဖြစ်ပြီး အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

NOM
👍132👎1😱1
ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာနေ ရာအိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်

မေ ၁၉၊ ၂၀၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာနေ ရာအိမ်မှူး ဦးဇော်လွင် (၅၈) နှစ်သည် မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးဇော်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
👍7😢32
တာမွေ၌ အခမဲ့ဆေးကုသမှု လာရောက်ခံယူများပြား

NOM မေ ၁၉၊ ၂၀၂၆
ရန်ကုန်မြို့ရှိ ဆေးရုံကြီး (၆) ရုံနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီးမေ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေ မြို့နယ်၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် အခမဲ့ဆေးကုသမှု ပြုလုပ်ရာပြည်သူ၂၀၀၀ ကျော်လာ‌ရောက်ပြသခဲ့‌ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းကုသပေးမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေး ဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်‌သည်။

ယင်းလာရောက်ကုသပေးရာတွင် အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမား တော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုများပါဝင်ပြီး အမျိုးသမီး သားဖွားမီးယပ်ရောဂါများပြသနိုင်‌ကြောင်းသိရသည်။

တာမွေမြို့နယ်တွင်အခမဲ့ဆေးကုသပေးမှုကို ပထမဆုံးအကြိမ် လာရောက်ပြသူ ၁၄၀၀ ကျော်ခန့်ရှိပြီး ယခုဒုတိယအကြိမ်တွင် လာရောက်ပြသသူ ၇၀၀ ကျော်
ရှိကြောင်းသိရသည်။
👍122
ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား လက်ခံတွေ့ဆုံ။

မေ ၁၉၊ ၂၀၂၆
👍17
This media is not supported in your browser
VIEW IN TELEGRAM
သမ္မတ ပူတင် ပေကျင်းသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြိုဆိုနှုတ်ဆက်။

မေ ၁၉၊ ၂၀၂၆
👍234
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မောတောင်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်

မေ ၁၉၊ ၂၀၂၆
👍143