News Of Myanmar
12.8K subscribers
24.1K photos
3.31K videos
3 files
6.61K links
Download Telegram
ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက် ခူးရန်သွားသည့် အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းစထိမှန်သေဆုံး

မေ ၁၇၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာနေ ဒေါ်အိအိမူ (၄၀) နှစ်သည် မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏ နေအိမ်မှ ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောတိုက်အတွင်း ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် အဆိုပါတောတိုက်အနီးအရောက် PDF အကြမ်းဖက် အဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😢12😡5👍21
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ မြန်မာအသင်းရွှေတံဆိပ် ၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခုနှင့် နိုင်ငံအလိုက် အဆင့် (၁ )ရရှိ
NOM၊မေ ၁၇၊၂၀၂၆
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်( ၁) ရရှိခဲ့ကြောင်းသိရသည်။
ယင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Datuk Paul Chua၊ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကဆုတံဆိပ်များ‌ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
👍17❤‍🔥11
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း  အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်  အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ

မေ ၁၇၊ ၂၀၂၆
👍131
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မေ ၁၇၊ ၂၀၂၆
👍151
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

မေ ၁၇၊ ၂၀၂၆
14👍9