ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် မျိုးဆက်သစ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရမည်
မေ ၁၅၊ ၂၀၂၆
မေ ၁၅၊ ၂၀၂၆
👍13❤2

👍13
မုံရွာမြို့နယ်၊ မုံရွာသင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းသား၊ သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးခရီးထွက်ခွာ။
👍13❤🔥3❤2
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ပေကျင်းမြို့ကနေ ထွက်ခွာစဉ်မှာ တရုတ်နိုင်ငံဘက်က ပေးတဲ့ လက်ဆောင်အားလုံးကို လွှင့်ပစ်ခဲ့ကြတယ် လို့ ဒီဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ နယူးယောက်ပို့စ် New York Post သတင်းထောက် အီမလီ ဂူဒင် (Emily Gudin) က သတင်းပို့ထားပါတယ်။
သူမက X (ယခင် Twitter) လူမှုကွန်ရက်ပေါ်မှာ အခုလို ရေးသားခဲ့တာဖြစ်ပါတယ် -
"အမေရိကန်ဝန်ထမ်းတွေဟာ တရုတ်အရာရှိတွေ ကျွန်မတို့ကိုပေးခဲ့တဲ့ ပစ္စည်းတွေအကုန်လုံးကို သိမ်းယူသွားပါတယ်။ Air Force One (အမေရိကန်သမ္မတစီးတဲ့ လေယာဉ်) ပေါ်မတက်ခင် လေယာဉ်လှေကားခြေရင်းက အမှိုက်ပုံးထဲကို သတင်းထောက်ကတ်တွေ၊ အိမ်ဖြူတော်ဝန်ထမ်းတွေကို ပေးတဲ့ တစ်ခါသုံးဖုန်းတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် အမှတ်အသားတံဆိပ်တွေအကုန်လုံး စုပြုံပြီး လွှင့်ပစ်ခဲ့ကြတယ်။ တရုတ်နိုင်ငံကလာတဲ့ ဘယ်ပစ္စည်းကိုမှ လေယာဉ်ပေါ် ပေးမတင်ပါဘူး။"
NOM

😱21👍8❤2
အီရန်အပေါ် တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုတို့ကြောင့် ဥရောပနိုင်ငံများတွင် ဆေးဝါးပြတ်လပ်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေသည်။
ဥရောပဆေးဝါးလုပ်ငန်း ကုန်ထုတ်လုပ်မှုကွင်းဆက်၏ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပေါ် မှီခိုနေရပြီး အဆိုပါနိုင်ငံများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်း မြင့်တက်လာမှုကြောင့် မတည်မငြိမ်ဖြစ်လာသည်။
ထို့အပြင် အီသလင်း (Ethylene)၊ ယူရီးယား (Urea) နှင့် ပါရာဖင် (Paraffin) အပါအဝင် အခြားကုန်ကြမ်းပစ္စည်းများကို ပါရှန်ပင်လယ်ကွေ့နိုင်ငံများမှ တိုက်ရိုက်တင်သွင်းနေရခြင်း ဖြစ်သည်။

👍24❤2
နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို စိတ်ဝင်စားသူများအတွက် မြန်မာသံတမန်တစ်ဦး၏ ဒီပလိုမေစီပုံရိပ်များစာအုပ် မိတ်ဆက်
မေ ၁၅၊ ၂၀၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုလာ အသေးစားဓာတ်အားပေးစနစ် ဆောင်ရွက်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဆိုလာအသေးစားဓာတ်အားပေးစနစ် ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ကျေးရွာကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဆောင်ရွက်သည့် ကုမ္ပဏီများ၏ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

👍12❤4
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၁၄၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ
မေ ၁၅၊ ၂၀၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၄၆ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် လက်လုပ်ပစ္စတိုသေနတ်ငါးလက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ခြောက်လက်နှင့် စကားပြောစက်နှစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်လုပ်ပစ္စတို သေနတ်ငါးလက်အတွက် ငွေကျပ် ၂၅ သိန်း၊ မောင်းပြန်ရိုင်ဖယ် သေနတ်ခြောက်လက်အတွက် ငွေကျပ်သိန်း ၃၀၀၊ စကားပြော စက်နှစ်လုံးအတွက် ငွေကျပ် လေးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၉ သိန်း စုစုပေါင်း ငွေကျပ် ၃၄၈ သိန်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။
အလားတူ ပစ္စတိုသေနတ်တစ်လက်၊ မောင်းပြန်ရိုင်ဖယ် သေနတ်ကိုးလက်၊ လက်ပစ်ဗုံး ၇၁ လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၆၆ ဦးတို့အား စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၌လည်းကောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁၇ လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ မိုင်းတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၄၀ နှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ၄၃ ဦးအား ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌လည်းကောင်း၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၈ ဦးတို့အား ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမ၌လည်းကောင်း မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပစ္စတိုသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ငါးသိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၂၆ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၃၀၀၊ လက်ပစ်ဗုံး ၇၄ လုံး အတွက် ဆုကြေးငွေကျပ် ၂၂၂ သိန်း၊ မိုင်းတစ်လုံးအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၂၇ သိန်း၊ စုစုပေါင်းငွေကျပ် ၁၆၅၇ သိန်းနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။

👍16❤🔥1