အင်းတော်မြို အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျောင်းအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်သောင်းကျန်းသူများ က FPV Suicide Drone များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သဖြင့် ပညာရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
😡17👍6😢2❤1
အင်ဒိုနီးရှားတွင် အွန်လိုင်းလောင်းကစားလုပ်ဆောင်နေသောနိုင်ငံခြားသား ၃၁၂ ဦးဖမ်းမိ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် တရားမဝင်အွန်လိုင်းလောင်းကစားဝက်ဆိုဒ် ၇၀ ကိုလုပ်ဆောင်နေသော ဗီယက်နမ်နိုင်ငံသား၂ ၀၀ ကျော်အပါအဝင်တရုတ်၊ ထိုင်း၊ မလေးရှား၊မြန်မာနိုင်ငံသား ၃၁၂ ဦးကို ဖမ်းဆီးရမိကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ကကြေညာသည်။
NOM

👍22❤2
News Of Myanmar
Photo
မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
မေ ၁၃၊ ၂၀၂၆
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် ပိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည် တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက် ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်နေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သေ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေး မှုများဆောင်ရွက်ရာ မေ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် မက်မန်းမြို့၏ အနောက် တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများလုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိ လူနေမိုးကာ တဲ ၃ လုံးနှင့် စားဆောင်မိုးကာတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိနှစ်ထပ်အိပ်စင်ပါ လူနေမိုးကာတဲ ၅ လုံး၊ ပေ ၂၀ ပတ်လည်ရှိ လူနေမိုးကာတဲ ၁၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ ဆေးစတို ၁ လုံးနှင့် ရေချိုးခန်း၊ အိမ်သာ ၁လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ မီးစက်မိုးကာတဲ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိ လုပ်ငန်း လုပ်ဆောင်သည့် အဆောင် ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၁၀ ပေရှိ ရေချိုးခန်းအဆောင် ၁ လုံး၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိလူနေဆောင် ၂ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ လူနေဆောင် ၁ လုံး၊ မီးစက် ၈ လုံး၊ All in One ကွန်ပျူတာ ၄၀ လုံး၊ Desktop ၁ လုံး၊ CPU ၁ လုံး၊ Laptop ၇ လုံး၊ Starlink ၈ လုံး၊ ဆိုလာအကြီး၊ အသေး ၉ ချပ်၊ ဒိုင်နမို ၂ လုံး၊ ပန်ကာ ၇ လုံး၊ Power Station 3500 W ၂ လုံးနှင့် ဝိုင်ဖိုင်စက် ၁၀ လုံးတို့ကို လည်းကောင်း၊ ထပ်မံ၍ ဆက်လက်ရှင်းလင်းရာ အဆိုပါ နေရာတစ်ဝိုက်မှ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ လုပ်ငန်းလုပ်ဆောင်သည့် အဆောင် ၂ လုံး၊ ၂၀ ဦးဆံ့ လူနေတဲ ၁၅ လုံး၊ ဆိုင်ကယ် ၂ စီး၊ ရေခဲသေတ္တာ ၂ လုံး၊ Freezer ၅ လုံးနှင့် မီးစက် ၃ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတဝိုက် သံလွင် မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရာ ယနေ့ နံနက် ၇နာရီ ၃၀ မိနစ်ခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် ၅၀ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသားများကို ၁၈ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့၊ ၁၉ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့၊ ၂၁ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့နှင့် ၁၇ ဦးပါဝင်သောအဖွဲ့ တစ်ဖွဲ့တို့ဖြင့် စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၇၅ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အဆိုပါ အနီးတစ်ဝိုက်၌ တရားမဝင်တရုတ်နိုင်ငံသား ၁၅ ဦးကို ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံသား ၉၀ ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

👍17❤3
ကျိုင်းတုံမြို့တွင် ခေမာရဋ် ရွှေဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး ရွှေ သုံးပိသာနှင့်ငွေများ လုယက်ခံရ
NOM၊မေ၁၄၊၂၀၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယမန်နေ့မေ ၁၃ ရက်မွန်းလွဲပိုင်းက ခေမာရဋ်ရွှေဆိုင်ပိုင်ရှင်
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကာ ရွှေသုံးပိသာနှင့်ငွေများ လုယက်ယူဆောင်သွားသည့်ဟု နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ ကျိုင်းငမ်းဝပ်အင်းလမ်းရှိ ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ် သည်အဖေါ်နှစ်ယောက်နှင့်ရွှေဆိုင်သိမ်းပြီး မော်တော်ယာဉ်ဖြင့်
အိမ်သို့ ပြန်လာစဉ် အိမ်ရှေ့အရောက်တွင် နောက်မှပါလာသည့်
ပါကျဲရိုကားပေါ်မှ လက်နက်ကိုင်ဆောင်ထားသည့် လူ ၃ ဦးက
သေနတ်ဖြင့် (၃) ချက် ပစ်ခတ်ခဲ့ပြီး ဦးစိုင်းယီတစ် စီးလာသည့်ကားအားယူဆောင်ထွက်ပြေးသွားသဖြင့် ကားပေါ်တွင်ရွှေ သုံးပိသာနှင့်ငွေများပါသွား ကြောင်းသိရသည်။

😢18👍10❤2
နောင်ချိုမြို့တွင် ငွေကျပ် ၃၈၄၈၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
NOM၊မေ၁၄၊၂၀၂၆
ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် မေလ ၁၁ ရက်နေ့ ညနေ၄နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား
စစ်ဆေးရှာဖွေခဲ့ရာ ငွေကျပ် ၃၈၄၈၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်းသိရသည်။
စစ်ဆေးရှာဖွေစဉ် ညီညီအောင်(ခ) ညွန့် အောင် မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၆၉,၆၆၅ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၃,၈၄၈.၃၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ
ခဲ့သဖြင့် ညီညီအောင်(ခ)ညွန့်အောင်(၅၇)နှစ်အား နောင်ချိုမြို့
မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

👍16❤3
ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရုရှားရေနံအပေါ် ပိတ်ဆို့မှုဖြေလျှော့ပေးရန် အိန္ဒိယက အမေရိကန်ကို တောင်းဆို
ဟော်မုဇ် ရေလက်ကြားပိတ်ဆို့ခံထားရမှုကြောင့် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံတင်သွင်းရာတွင် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ကို ဆက်လက်သက်တမ်းတိုးပေးရန် အမေရိကန်ကို တောင်းဆိုလိုက်သည်။

👍26❤🔥2❤2
အမေရိကန်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်သူ အရေအတွက် စံချိန်တင် မြင့်တက် — နိုင်ငံရေးနှင့် ကုန်စျေးနှုန်းများကြောင့် ပြည်ပသို့ ထွက်ခွာကြ
၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသား ၅,၀၀၀ နီးပါးသည် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို စွန့်လွှတ်ခဲ့ကြသည်။ ဤပမာဏသည် ၂၀၀၉ ခုနှစ်မတိုင်မီက တစ်နှစ်လျှင် ၂၀၀ မှ ၄၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ပြီး၊ အသားတင် ပြည်ပထွက်ခွာမှုနှုန်းမှာ ၁၉၃၀ ပြည့်လွန်နှစ်များက "စီးပွားပျက်ကပ်ကြီး" နောက်ပိုင်း မကြုံစဖူးအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ထွက်ခွာသွားသူအများစုသည် ဥရောပသမဂ္ဂနိုင်ငံများနှင့် မက္ကဆီကိုနိုင်ငံတို့သို့ ပြောင်းရွှေ့နေထိုင်ကြသည်။

👍30❤4