Media is too big
VIEW IN TELEGRAM
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ သူ့ရဲ့ ကျောင်းဆရာမဟောင်း ဖြစ်သူ *ဗီရာ ဒီမီထရီယက်ဗ်နာ ဂူရီဗစ်ချ် (Vera Dmitrievna Gurevich) နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ နှစ်စဉ် စစ်အောင်ပွဲနေ့ (Victory Day) အပြီးမှာ သူပြုလုပ်လေ့ရှိတဲ့ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။
ပူတင်ဟာ ဗီရာ ဒီမီထရီယက်ဗ်နာကို မော်စကိုမြို့မှာ ကျင်းပတဲ့ စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့နဲ့ မြို့တော်မှာ ရက်အနည်းငယ်ကြာ အနားယူဖို့ ဖိတ်ကြားခဲ့တာပါ။ သူမအတွက် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးအစီအစဉ်တွေကိုလည်း စီစဉ်ပေးခဲ့ပြီး တနင်္လာနေ့မှာတော့ ပူတင်ကိုယ်တိုင် ဆရာမဖြစ်သူ တည်းခိုတဲ့ ဟိုတယ်ကို သွားရောက်ကြိုဆိုကာ ကရင်မလင်နန်းတော်မှာ အတူတူ ညစာသုံးဆောင်ခဲ့ကြပါတယ်။
NOM

👍31❤27
ရန်ကုန်-မန္တလေး DEMU ရထားတစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲမည်
NOM၊မေ၁၂၊၂၀၂၆
ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတစ်စင်း မေ ၁၅ ရက်နေ့မှ စတင်ကာ ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားလက်ရှိပြေးဆွဲနေသည့် အမှတ် ၃ (အဆန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၄ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ ယခုအသစ်ထပ်တိုးသည့် အမှတ် ၅ (အဆန်) DEMU ရထားမှာ နံနက် ၇ နာရီတွင် ထွက်ခွာကာ ညနေ ၅ နာရီတွင် မန္တလေးသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
အလားတူ မန္တလေးမှ ရန်ကုန်သို့ ပြေးဆွဲမည့် အမှတ် ၄ (အစုန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ထွက်ခွာကာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးသည့် အမှတ် ၆ (အစုန်) DEMU ရထားမှာ နံနက် ၇ နာရီတွင် ထွက်ခွာကာ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အသစ်များအတွက် လက်မှတ်များကို ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့ နံနက် ၀၀:၀၀ နာရီမှစတင်၍ ORTP စနစ်မှတဆင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

👍32❤1❤🔥1
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာကြိုဆို
မေ ၁၂၊ ၂၀၂၆
မေ ၁၂၊ ၂၀၂၆
👍19❤9
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာ ကြိုဆိုစကားသံများ
မေ ၁၂၊ ၂၀၂၆
မေ ၁၂၊ ၂၀၂၆
👍16❤5
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ ပြိုင်ပွဲထိုးသတ်ရန် ဂျပန်သို့ထွက်ခွာ
မေ ၁၂၊ ၂၀၂၆
ဂျပန်နိုင်ငံတိုကျိုမြို့တွင် Knock out မွေထိုင်းယှဉ်ပြိုင်ရန် ဒေါက်တာမြတ်သင်းခိုင် ဦးဆောင်သော မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သည် ယနေ့ည ၉ နာရီကအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းဖြင့်ထိုင်းနိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံသို့ထွက်ခွာသွားရာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမွေအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများကလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲ၌ စူပါရေချမ်းသည် ၆၃ ကီလိုတန်းတွင် ထိုင်းလက်ဝှေ့ကျော်ဖြင့်လည်းကောင်း၊ စောဘဟိန်းသည် ၆၃ ကီလိုတန်းတွင် ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကောင်း၊၅၁ ကီလိုတန်းတွင် ဒေါင်းမိုက်သွေးသည် ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကောင်း မေလ ၁၅ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ထိုအဖွဲ့နှင့်အတူ ဂျပန်နိုင်ငံတွင်တစ်နှစ်ကြာ ရိုးရာလက်ဝှေ့သင်ကြားပေးမည့် နည်းပြနှစ်ဦးဖြစ်သော ကြယ်စင်ဖြိုးနှင့် ဟံသာဝတီသားတို့လည်း လိုက်ပါသွားကြောင်းသိရသည်။

❤12👍9
အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေဆဲ
အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေး အကဲဖြတ်ချက်တစ်ခုအရ အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းတွင် ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ ဒုံးကျည်စခန်း ၃၃ ခုအနက် အနည်းဆုံး ၃၀ ခု မှာ ယခုထက်ထိ စစ်ဆင်ရေးဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု နယူးယောက်တိုင်းမ်စ် သတင်းဌာန New York Times က ဖော်ပြထားသည်။

👍23❤5
ပုသိမ်သင်တန်းစခန်းများ၌ သင်တန်းသား သင်တန်းသူများ လေ့ကျင့်သင်ကြားလျက်ရှိ
မေ ၁၂၊ ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ်ပျံသန်းမှုဆိုင်ရာပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်နှင့် လူငယ်လူရွယ်များအား အခြေခံရေကူး၊ ရေတပ်သားပညာရပ်၊ အလံအချက်ပြဆက်သွယ်ရေး ဘာသာရပ်နှင့် လှေလှော်ရွက်တိုက်ဘာသာရပ်များ သိရှိနားလည်၍ ရေကြောင်းသွားလာမှုဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး အနာဂတ်မျိုးဆက်သစ် ရရှိစေရန် တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းများကို ဧပြီ ၂၇ ရက်မှစတင်၍ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းအသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ သင်ကြားလေ့ကျင့်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားသင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်သင်တန်းစခန်း၌ တက်ရောက်သင်ကြားလေ့ကျင့်နေသော ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းသား သင်တန်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ကြပြီး သင်တန်းသား သင်တန်းသူများ သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

👍6❤4
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရဲ့ တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်နိုင်ငံအနေနဲ့ လုံးဝအလျှော့ပေးမှာမဟုတ်တဲ့ အဓိကအချက် ၄ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
၁။ ထိုင်ဝမ်အရေး
* တရုတ်နိုင်ငံက တိုင်ဝမ်ကို ၎င်း၏ ခွဲထွက်၍မရသော နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး အထိမခံသည့် အဓိကအချက်ဖြစ်သည်။
၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
* အနောက်နိုင်ငံများ၏ စံနှုန်းများဖြင့် တရုတ်၏ ပြည်တွင်းရေးကို ဝေဖန်စွက်ဖက်ခြင်းအား လက်မခံကြောင်း ဆိုလိုသည်။
၃။ လျှောက်လှမ်းမည့် လမ်းစဉ်နှင့် နိုင်ငံရေးစနစ်များ
* တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် လက်ရှိနိုင်ငံရေးပုံစံနှင့် လမ်းစဉ်ကို ပြောင်းလဲရန် ကြိုးပမ်းမှုများကို လက်မခံခြင်းဖြစ်သည်။
၄။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ခွင့်
* နည်းပညာနှင့် စီးပွားရေးကဏ္ဍများတွင် တရုတ်၏ တိုးတက်မှုကို ပိတ်ဆို့တားဆီးခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ မပြုလုပ်ရန် တားမြစ်ခြင်းဖြစ်သည်။

👍21❤2