တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တပ်မတော် မှ မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်မြင်ကွင်း
❤14👍11
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားရှိ ရေအောက်အင်တာနက်ကေဘယ်လ်လိုင်းများအပေါ် အခကြေးငွေကောက်ခံရန် စဉ်းစားနေ
တရားမဝင်ကျူးကျော်မှုဟု သတ်မှတ်ခြင်း - အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွယ်နေသော Tasnim နှင့် Fars သတင်းဌာနများ၏ ဖော်ပြချက်အရ အီရန်၏ခွင့်ပြုချက်မရှိဘဲ ပင်လယ်ကြမ်းပြင်တွင် ကေဘယ်လ်လိုင်းများ သွယ်တန်းထားခြင်းသည် 'အီရန်၏ ရေအောက်မြေပြင်ကို ကျူးကျော်သိမ်းပိုက်ထားခြင်း' ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါကေဘယ်လ်လိုင်းများမှာ လုပ်ငန်းလိုင်စင်လျှောက်ထားရန်နှင့် အခကြေးငွေပေးဆောင်ရန် လိုအပ်မည်ဖြစ်သည်။
အီဂျစ်စံနမူနာကို ယူခြင်း - ဤစီမံကိန်းသည် အီဂျစ်နိုင်ငံ၏ စူးအက်တူးမြောင်းမှတစ်ဆင့် ကေဘယ်လ်လိုင်းများ ဖြတ်သန်းမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ သန်း ၄၀၀ ကြား ရရှိနေသည့် ပုံစံကို အခြေခံထားခြင်း ဖြစ်သည်။
အခကြေးငွေကောက်ခံမှုပုံစံ - အဆိုပြုထားသည့် မူဘောင်အရ ပြည်ပအော်ပရေတာများသည် အီရန်ပိုင်နက်အတွင်း ကေဘယ်လ်လိုင်းများ သွယ်တန်းရန်အတွက် အခြေခံအဆောက်အအုံကြေးကို အကွာအဝေး (မီတာ) အလိုက် ပေးဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ကြေးများကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။
ထိခိုက်နိုင်သည့် ကွန်ရက်များ- အဆိုပါ FALCON၊ GBI နှင့် Gulf-TGN ကွန်ရက်များ အပါအဝင် ရေအောက်ကေဘယ်လ်လိုင်းများသည် ဥရောပနှင့် အာရှအကြား အရှေ့အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသော အင်တာနက်အသုံးပြုမှု၊ ဘဏ္ဍာရေးအရောင်းအဝယ်များနှင့် Cloud ဒေတာအချက်အလက် အများစုအတွက် အလွန်အရေးပါသော လမ်းကြောင်းများ ဖြစ်သည်။
NOM

👍28❤1
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား
မေ ၁၁၊ ၂၀၂၆
မြန်မာ့တပ်မတော်မှအရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်း (UN Peacekeeping Officer Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ PARK ROYAL ဟိုတယ်၌ ပြုလုပ်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူးများ၊ အိန္ဒိယတပ်မတော်မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လေ့လာကြည့်ရှု
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်အနေဖြင့် UN Peacekeeping ဆိုင်ရာလုပ်ငန်းစဉ်များတွင် တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းများနှင့် မြန်မာ-အိန္ဒိယတပ်မတော် နှစ်ရပ်အကြား ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ် ဆိုင်ရာလေ့ကျင့်ခန်းများတွင် ပူးပေါင်းလေ့ကျင့်ခဲ့မှု မှတ်တမ်းများအား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အခမ်းအနားတက်ရောက်လာကြသူများက “Indian Army Contribution to the United Nation Peacekeeping Operations” Video Clip ကို ကြည့်ရှုကြပြီး အိန္ဒိယနိုင်ငံ Center for United Nations Peacekeeping (CUNPK)မှ သင်တန်းနည်းပြ ခေါင်းဆောင်က သင်တန်းရည်ရွယ်ချက်နှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာ လေ့ကျင့်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် သင်တန်းနည်းပြ ခေါင်းဆောင်တို့က အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များ၊ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းသည် (၉) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခု သင်တန်းတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ သင်တန်းသားအရာရှိ ၃၀ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့များ၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချစခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး မေ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

👍10❤5
Media is too big
VIEW IN TELEGRAM
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ သူ့ရဲ့ ကျောင်းဆရာမဟောင်း ဖြစ်သူ *ဗီရာ ဒီမီထရီယက်ဗ်နာ ဂူရီဗစ်ချ် (Vera Dmitrievna Gurevich) နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ နှစ်စဉ် စစ်အောင်ပွဲနေ့ (Victory Day) အပြီးမှာ သူပြုလုပ်လေ့ရှိတဲ့ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။
ပူတင်ဟာ ဗီရာ ဒီမီထရီယက်ဗ်နာကို မော်စကိုမြို့မှာ ကျင်းပတဲ့ စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့နဲ့ မြို့တော်မှာ ရက်အနည်းငယ်ကြာ အနားယူဖို့ ဖိတ်ကြားခဲ့တာပါ။ သူမအတွက် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးအစီအစဉ်တွေကိုလည်း စီစဉ်ပေးခဲ့ပြီး တနင်္လာနေ့မှာတော့ ပူတင်ကိုယ်တိုင် ဆရာမဖြစ်သူ တည်းခိုတဲ့ ဟိုတယ်ကို သွားရောက်ကြိုဆိုကာ ကရင်မလင်နန်းတော်မှာ အတူတူ ညစာသုံးဆောင်ခဲ့ကြပါတယ်။

👍31❤27
ရန်ကုန်-မန္တလေး DEMU ရထားတစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲမည်
NOM၊မေ၁၂၊၂၀၂၆
ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတစ်စင်း မေ ၁၅ ရက်နေ့မှ စတင်ကာ ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားလက်ရှိပြေးဆွဲနေသည့် အမှတ် ၃ (အဆန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၄ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ ယခုအသစ်ထပ်တိုးသည့် အမှတ် ၅ (အဆန်) DEMU ရထားမှာ နံနက် ၇ နာရီတွင် ထွက်ခွာကာ ညနေ ၅ နာရီတွင် မန္တလေးသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
အလားတူ မန္တလေးမှ ရန်ကုန်သို့ ပြေးဆွဲမည့် အမှတ် ၄ (အစုန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ထွက်ခွာကာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးသည့် အမှတ် ၆ (အစုန်) DEMU ရထားမှာ နံနက် ၇ နာရီတွင် ထွက်ခွာကာ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အသစ်များအတွက် လက်မှတ်များကို ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့ နံနက် ၀၀:၀၀ နာရီမှစတင်၍ ORTP စနစ်မှတဆင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

👍32❤1❤🔥1
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာကြိုဆို
မေ ၁၂၊ ၂၀၂၆
မေ ၁၂၊ ၂၀၂၆
👍19❤9
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာ ကြိုဆိုစကားသံများ
မေ ၁၂၊ ၂၀၂၆
မေ ၁၂၊ ၂၀၂၆
👍16❤5