News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
ဗြိတိန်နိုင်ငံ၏ အလုပ်သမားနှင့် ပင်စင်ဝန်ကြီးဌာန (Department for Work and Pensions) သည် ဇနီး နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော ခင်ပွန်းများအတွက် လူမှုဖူလုံရေးခံစားခွင့်များကို တိုးမြှင့်ပေးလိုက်သည်။

ဗြိတိန်နိုင်ငံတွင် တစ်လင်တစ်မယားစနစ်သာ တရားဝင်ပြီး မယားပြိုင်ထားခြင်းမှာ တရားမဝင်သော်လည်း အဆိုပါအိမ်ထောင်ရေးများသည် ပြည်ပနိုင်ငံများတွင် တရားဝင်လက်ထပ်ခဲ့ခြင်းမျိုးဆိုပါက ဗြိတိန်တွင်တရားဝင်သည်ဟု လက်ခံထားခြင်းဖြစ်သည်။ ၎င်းမှာ နောက်ပြောင်နေခြင်းမဟုတ်ပါ။

မဲဆန္ဒရှင်များက အဘယ်ကြောင့် လက်ယာယိမ်းအုပ်စုများဘက်သို့ ကူးပြောင်းနေကြသနည်းဆိုသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

NOM
👍19😨9
🇺🇸/🇨🇳/🇮🇷 ထရန့်သည် လာမည့် ဗုဒ္ဓဟူးနေ့ (မေလ ၁၃ ရက်) တွင် ပေကျင်းသို့ ရောက်ရှိမည်ဖြစ်ပြီး သောကြာနေ့တွင် ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

၎င်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည် ဖြစ်သည်။
အမေရိကန် အရာရှိများက သမ္မတ ထရန့် လက်ခံနိုင်မည့် ဘက်စုံငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို အီရန်နိုင်ငံက လက်မှတ်ရေးထိုးလာစေရန် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဖိအားပေးနိုင်မည့် ခိုင်မာပြီး ထူးခြားသော အခွင့်အလမ်းတစ်ရပ် ရှိနေသည်ဟု ယုံကြည်နေကြသည်။

ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းနှင့် နျူကလီးယားဆိုင်ရာ လိုက်လျောမှုများ ပြုလုပ်ရန် အီရန်ဘက်က ငြင်းဆိုနေမှုများသည် ထိပ်သီးဆွေးနွေးပွဲ စတင်သည်နှင့်တပြိုင်နက် အရေးမပါသော နောက်ဆက်တွဲကိစ္စများသာ ဖြစ်သွားလိမ့်မည်ဟု အမေရိကန် အဆင့်မြင့်အရာရှိများက အခိုင်အမာ ပြောကြားနေကြသည် ဟု WSJ (Wall Street Journal) သတင်းတွင် ဖော်ပြထားသည်။

NOM
👍165
တောင်ကိုရီးယားနိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကို အစားထိုးရန် အနာဂတ်စစ်သည်များအဖြစ် စက်ရုပ်များကို အသုံးပြုရန်စီစဉ်နေ

တောင်ကိုရီးယားအစိုးရသည် နိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကြောင့် လျော့နည်းလာသော စစ်သည်အရေအတွက်နေရာတွင် အစားထိုးရန် ဟွန်ဒိုင်း၏ စက်ရုပ်ထုတ်လုပ်ရေးဌာနမှ စက်ရုပ်များကို အသုံးပြုနိုင်ခြင်း ရှိ မရှိ လေ့လာစူးစမ်းနေသည်။

လောလောဆယ်တွင် တိုက်ခိုက်ရေးမဟုတ်သော အခန်းကဏ္ဍများဖြစ်သည့် နယ်စပ်ကင်းလှည့်ခြင်း၊ ဝန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းနှင့် ရှေ့တန်းစစ်မြေပြင်ရှိ တပ်ဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးခြင်း စသည်တို့အပေါ်တွင်သာ အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။

NOM
👍212
မြင်းခြံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈၃) နှစ်အရွယ်အဘိုးအိုတစ်ဦးဒဏ်ရာရ

မေ ၁၁၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်၌ မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာနေ ဦးထီ (၈၃) နှစ်သည် မြင်းခြံမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာသို့ နွားဝယ်ရန် သွားရောက်စဉ် သက္ကယ်ကျင်းကျေးရွာ၏ အနောက်ဘက်လမ်းမပေါ်အရောက် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

NOM
😢8👍52😡1
သန်လျင်၌ ကလေးတစ်ဦး ရေနစ်သေဆုံး
NOM၊မေ၁၁၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်မေ၁၁ ရက် မွန်းလွဲ ၂ နာရီက ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကန်နီရေကန်တွင် ယောင်္ကျားကလေးငယ်နှစ်ဦး ရေဆင်းကူးရာကလေးတစ်ဦး ရေနစ်သေဆုံးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ သန်လျင်မြို့နယ်မီးသတ်စခန်းမှ သ‌ န္ဓေတပ်ဖွဲ့ဝင်များကရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်တွင် ကလေးတစ်ဦးကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ကလေးတစ်ဦးကို ညနေ ၃ နာရီ ၂၇ မိနစ် အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့သည်။
သေဆုံးသူကလေးနှင့်အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သူကလေးကို သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။
😢8👍4
နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
========================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုး တိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

# မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
👍201
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA၊ TNLA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း ၇၂ ဦးတို့ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

မေ ၁၁၊ ၂၀၂၆
👍115
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား ၃၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

မေ ၁၁၊ ၂၀၂၆
👍115🗿1
ကာတာနိုင်ငံကနေ ထွက်ခွာလာတဲ့ စင်္ကာပူအလံတင် LNG တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အီရန်နိုင်ငံက အဲ့ဒီသင်္ဘောကို နောက်ကြောင်းပြန်လှည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အဆိုပါသင်္ဘောဟာ ကြိုတင်ခွင့်ပြုချက် ရယူထားခြင်း ရှိ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

NOM
👍22
🇺🇸/🇮🇷 အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထရမ့်၏မှတ်ချက်များအပေါ် တုံ့ပြန်ချက်

"ကျွန်ုပ်တို့အနေဖြင့် အကြောင်းပြချက်မရှိသော တောင်းဆိုမှုများ သို့မဟုတ် လိုလားချက်များကို လုပ်ဆောင်ခဲ့ခြင်း မရှိပါ။ ကျွန်ုပ်တို့ တောင်းဆိုခဲ့သည့် တစ်ခုတည်းသောအရာမှာ အီရန်၏ တရားဝင်ရပိုင်ခွင့်များသာ ဖြစ်သည်။

ဒေသတွင်း အပစ်အခတ်ရပ်စဲရေး၊ ပါရှန်ကွေ့အတွင်း အပစ်အခတ်ရပ်စဲရေး သို့မဟုတ် နိုင်ငံခြားဘဏ်များတွင် အမေရိကန်က နှစ်ပေါင်းများစွာကြာအောင် တရားမဝင် ပိတ်ဆို့ထားသည့် အီရန်၏ ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရေး စသည့် အီရန်၏ တောင်းဆိုချက်များသည် အဓိပ္ပာယ်မရှိသော တောင်းဆိုချက်များလား ဆိုသည်ကို သင်နှင့် ကျွန်ုပ်တို့၏ ပြည်သူများကသာ ဆုံးဖြတ်ရန် ချန်ထားခဲ့ပါမည်။

ဟော်မုဇ် ရေလက်ကြားမှတဆင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး အာမခံချက်ပေးရန် အီရန်၏ အဆိုပြုချက်သည် အဓိပ္ပာယ်မရှိသော တောင်းဆိုချက် ဖြစ်ပါသလား?

လက်ဘနွန်နိုင်ငံ အပါအဝင် ဒေသတစ်ခုလုံးတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တည်ဆောက်ရန်ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များကို တောင်းဆိုခြင်းသည် တာဝန်မဲ့သော တောင်းဆိုချက်ဟု ယူဆနိုင်ပါသလား?

ကံမကောင်းစွာဖြင့်ပင် အမေရိကန်အုပ်စုများသည် ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) ၏ လုပ်ကြံဖန်တီးထားသော အတွေးအမြင်များ၏ လွှမ်းမိုးမှုဖြင့် ၎င်းတို့၏ တစ်ဖက်သတ်အမြင်များနှင့် အကြောင်းပြချက်မရှိသော တောင်းဆိုချက်များကိုသာ ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။"

NOM
👍236
တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တပ်မတော် မှ မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်မြင်ကွင်း
14👍11