News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
PDF တစ်ဦးလက်နက်ခဲယမ်းနှင့်အတူ တပ်မတော်ထံအလင်းဝင်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် PDF သင်တန်းဆင်းဖြစ်သူ ရန်အောင်စိုး ခေါ် ရန်ကြီးသည် M-16 သေနတ် တစ်လက်နှင့်အတူ အလင်းဝင်ရောက်လာသည်အတွက် တာဝန်ရှိသူများက ဆုကြေးငွေများပေးအပ်ပြီး အုပ်ထိန်းသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။
👍141👎1
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား စိစစ်အရေးယူထား

မေ ၁၀၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်း လူမိုက်များသည် လူခေါ်ပွဲစားအဖြစ်လုပ်ကိုင်ကာ Taxi သမားများနှင့် ခရီးသည် များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ပြည်သူများ၏ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် နယ်မြေသတင်း ရယူစုံစမ်းဆောင်ရွက်ခဲ့ရာ မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း (ခ) တာတီး (၄၈) နှစ်အား မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးတွင်လည်းကောင်း၊ စိုးသီဟ (ခ) ချစ်သား (၃၈) နှစ်အား ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်လမ်းနှင့် အမှတ် (၃) လမ်းဆုံအနီးတွင် လည်းကောင်းတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦး၏ ထွက်ဆိုချက်များ အရ ၎င်းတို့ ၂ ဦးသည် သိန်းထိုက်အောင် (ခ) ဂျပန်ကြီး (ဖမ်းဆီးရန်ကျန်) နှင့်အတူ ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာ အဝေးပြေးကားကွင်းအတွင်း အငှားယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ငွေကောက်ခံခြင်း၊ ခရီးသည်တင်မှန်လုံယာဉ်များထံမှ ဆင်းလာသည့် ခရီးသည်များအား အငှားယာဉ် ငှားရမ်းစီးနင်းရန် ဖိအားပေးပြောဆိုခြင်း၊ ယာဉ်ငှားခများအား သတ်မှတ်ဈေးထက် ပိုမိုတောင်းခံခြင်း၊ အငှားယာဉ်မောင်းသမားများအပေါ် ငွေကြေးခေါင်းပုံဖြတ်ခြင်းတို့အား အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းရှိ လမ်းများအလိုက် နေရာအပိုင်စားခွဲ၍ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အောင်မင်္ဂလာကားကွင်းအတွင်း လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းနှင့် သိန်းထိုက်အောင် (ခ) ဂျပန်ကြီးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
 
NOM
👍16😡52
မင်းဘူးမြို့နယ်၊ ကိုင်းတောလေးကျေးရွာနေကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

မေ ၁၀၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောလေးကျေးရွာနေကျေးရွာခွဲတာဝန်ခံ ဦးအောင်မင်း (၅၇) နှစ်သည် မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန်၌ ကျေးရွာ၏အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ ၎င်းပိုင်လယ်တဲတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

NOM
😡62👍1😢1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

မေ ၁၀၊ ၂၀၂၆
12👍8
ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

မေ ၁၀၊ ၂၀၂၆
👍126
ပါကစ္စတန်နိုင်ငံ၊ ဘန်နူးမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး
NOM
ပါကစ္စတန်နိုင်ငံအနောက် မြောက် ပိုင်း ဘန်နူးမြို့ရှိ ရဲစခန်းတစ်ခုအား ကားဗုံးဖြင့် တိုက်ခိုက်ပြီးနောက်ဆက်တွဲ စစ်သွေးကြွများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။
😱12👍52😢1
မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်
NOM၊မေ၁၁၊၂၀၂၆
မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် မြန်မာ ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြော ရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်
ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနကယမန်နေ့မေ၁၀ရက်ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံ အများစု က နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနက် အနည်းငယ်သောနိုင်ငံများက မြန်မာအစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများကို ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းနေပြီး၊ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ်(၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံ
အဖွဲ့ဝင် တစ်နိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက် လျက် ရှိသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံ၏ လုပ်ငန်းစဉ်များကို အာဆီယံတူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့်အပြင် တာဝန်ယူမှုရှိသောအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ ယန္တရားများနှင့် လှုပ်ရှားမှုများ အတွက်နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်းအပါအဝင် အာဆီယံအဖွဲ့
ဝင်နိုင်ငံ၏ တာဝန်ဝတ္တရား များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ခဲ့ သော်လည်း လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံ အပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကိုဆက်လက် ဆောင်ရွက်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သောဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံကူညီပေး ခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း၊ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော်အစိုးရအသစ်လက်ထက်တွင် ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများသည် ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာရောက်သည့်ဟုထုတ်ပြန်ထားသည်။
👍154
အစ္စရေးနိုင်ငံ၊ လက်ဘနွန်နယ်စပ်ရှိ Jal Al-Alam စခန်းတွင်ရှိသော Iron Dome (အိုင်းရွန်းဒုမ်း) လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုကို FPV ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ဟစ်ဇဘိုလာအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပထမဒရုန်းသည် Iron Dome စနစ်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး၊ ဒုတိယဒရုန်းမှာ နောက်တစ်နေ့တွင် အဆိုပါ Iron Dome အနီးရှိ အစ္စရေးစစ်သား ခြောက်ဦးပါဝင်သော အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

NOM
👍272
တညင်းကုန်းလမ်းဆုံတွင် လမ်းလျှောက်လာသည့် အဖွားတစ်ဦး YBS ကားတိုက်မိပြီး နေရာတွင်သေဆုံး

မေ ၁၁၊ ၂၀၂၆

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံ မှတ်တိုင်တွင် ယနေ့ (မေ ၁၁ ရက်) နံနက် ၉ နာရီကျော်အချိန်က စျေးဝယ်ပြီးပြန်လာသည့် အဖွားအိုတစ်ဦးကို YBS ကားက ဝင်တိုက်မိရာ နေရာတွင်သေဆုံးခဲ့သည်ဟု ကနောင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ တညင်းကုန်းလမ်းဆုံ မှတ်တိုင်တွင် အသက် ၇၀ ကျော်အဘွားတစ်ဦး စျေးဝယ်ပြီး ပြန်လာစဉ် ကားမှတ်တိုင်အရောက်တွင် YBS 88 က ကားပါကင်ထိုးရန် ကားနောက်ဆုတ်ရာ အဖွားကိုမတွေ့ဘဲ နောက်ဖြင့် ဝင်တိုက်ပြီး ဘီးဖြင့်ထပ်မံကြိတ်မိသဖြင့် ဦးခေါင်းကြွေမွပြီးနေရာတွင် သေဆုံးသွားကြောင်းသိရသည်။

ကားတိုက်မှုကြောင့် သေဆုံးသွားသည့် အဖွားကို ကနောင်လူမှုကူညီရေးအသင်းမှကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

NOM
😢16👍31
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
👍12
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
 
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်း သတ်မှတ်ချက်နှင့်အညီစစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။

သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးရဲသွင်ဟိန်း၏ မြေလတ်အသံ(Myaelatt Athan)၊ ဦးဝင်းဇော်နိုင်၏ Red News Agency နှင့် ဦးဇင်မင်းထက်၏ Asia Citizens (အာရှနိုင်ငံသားများ)သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကိုအသုံးပြု၍ ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
 
ပြန်ကြားရေးဝန်ကြီးဌာန
14👍9
နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်
👍127