News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရ

မေ ၉၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာနေ မောင်ဇင်မင်းနိုင် (၁၂) နှစ်၊ မောင်နိုင်မင်းအောင် (၁၂) နှစ်၊ မောင်ရဲထက်ဇော် (၁၁) နှစ်နှင့် မောင်ထက်မြတ်မင်း (၇) နှစ်တို့ လေးဦးသည် မေလ ၈ ရက်နေ့၌ ဆန်းသစ်ကျေးရွာ၏အနောက်မြောက်ဘက် ၅ ဖာလုံခန့်အကွာ ကျေးရွာသင်္ချိုင်းအနီး ငှက်ပစ်နေစဉ် မောင်ဇင်မင်းနိုင်မှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မောင်ဇင်မင်းနိုင်နှင့် မောင်ထက်မြတ်မင်းတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်နိုင်မင်းအောင်နှင့် မောင်ရဲထက်ဇော်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

NOM
😢155👍4😡3😨1
ဥသျှစ်ပင်မြို့တွင် စလက်အမိုး ဝရံတာပြိုကျ၍ အမျိုးသမီး
တစ်ဦးသေဆုံး
NOM၊မေ၁၀၊၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာတွင်ယမန်နေ့မေ၉ရက်နံနက်၁၁နာရီခန့်က စလက်အမိုး ဝရံတာပြိုကျ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းမီးသတ်မှသိရသည်။

ဖြစ်စဉ်မှာအုပ်ညှပ်(၂)ထပ် ဆောက်လက်အိမ်တွင် စလက်အမိုးဝရံတာ တွင်ကြွေပြားခင်းနေစဉ်ပြိုကျခဲ့သည့်အတွက်အောက်တွက်ရှိနေသည့်အသက်၃၀ခန့်အမျိုးသမီးပေါ်ပိမိသဖြင့်အမျိုးသမီးမှာနေရာတွင်သေဆုံးသွားကြောင်းသိရသည်။

စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီးတစ်ဦး စလက်ပြားပိ၍ ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ပန်းတောင်းမြို့နယ်မီးသတ်စခန်းနှင့် ဥသျှစ်ပင်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူအား အေးသုခပရဟိတအသင်းမှယာဉ်ဖြင့် ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
👍8😢62😨2
နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူဒဏ်ရာရ

မေ ၁၀၊ ၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသူ အမျိုးသမီးတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိထားသူ ကလေးငယ်တစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲအချိန်၌ နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာနေ ဒေါ်ကြူကြူ (၄၆) နှစ်သည် သမီးဖြစ်သူ မမိုးမိုးထက် (၁၂) နှစ်နှင့်အတူ ၎င်း၏နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ဒေါ်ကြူကြူမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒေါ်ကြူကြူတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မမိုးမိုးထက်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😢16👍42😨1
လွိုင်ကော်မြို့နယ် မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းတွင် လူငယ်သုံးဦး ရေဆင်းကစားရာမှ ရေနစ်ပြီးသုံးဦးလုံးသေဆုံး

မေ ၁၀၊ ၂၀၂၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ (အောက်)ကျေးရွာရှိ သဲချောင်းတွင် ယနေ့မေ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က လူငယ်သုံးဦး ရေဆင်းကစားရာမှ ရေနစ်ပြီးသုံးဦးလုံး သေဆုံးခဲ့သည် ဟု ရွှေညောင်ပင် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူအောက်ကျေးရွာရှိ သဲချောင်းတွင် မောင်စိုးသီဟ (၁၉ နှစ်) မောင်ရဲလင်းအောင် (၂၀ နှစ်)နှင့် မတင်တင်စန်းဦး (၁၈ နှစ်) တို့သည် သဲချောင်းအတွင်း ရေဆင်းကစားရာမှ တဖြည်းဖြည်း
အောက်ဘက်သို့ကျပြီး ရေနစ်သွားခဲ့ကြောင်းသိရသည်။

လူသုံးဦး ရေနစ်နေကြောင်းသတင်းရရှိသဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရေနစ်သူများကို မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

NOM
😢53👍2😨1
ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မေ ၁၀၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် (၅၂) နှစ်သည် မေလ ၉ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်စန်းထွေး (၅၀) နှစ်၊ သမီးဖြစ်သူ မသဲစုလွင် (၂၅) နှစ် တို့နှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဦးမြင့်လွင်နှင့် ဒေါ်စန်းထွေးတို့မှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😢6😨5😡4👍3
ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ်

မေ ၁၀၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာနေ ကိုဖြူဝင်းသည် မေလ ၉ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏ဇနီးဖြစ်သူ မပုမနှင့်အတူ နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😢9👍7
ဖခင်ဖြစ်သူအား ဆေးခန်းပြရန် သွားသည့် သရက်ချောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးနှင့် ၎င်း​၏ ဖခင်ဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

မေ ၁၀၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ သရက်ချောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မေဂျာသော် (၃၆) နှစ်သည် မေလ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ၎င်း၏ ဖခင်ဖြစ်သူ ဦးသောင်းမြင့် (၆၄) နှစ်နှင့်အတူ ထားဝယ်မြို့သို့ ဆေးခန်းပြသရန် ထားဝယ်-သရက်ချောင်း ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာနှင့် ရန်တောင်ကျေးရွာအကြားရှိ ရှင်တောက်ထိန်ဘုရားအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ်အားတားဆီးကာ ၎င်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
😡13😢32👍2
ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရ

မေ ၁၀၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ကိုစိုင်းမင်းခန့် (၂၀) နှစ်၊ ဦးအောင်ရွှေ (၆၀) နှစ်၊ မောင်လှိုင်မင်းထွန်း (၁၈) နှစ်၊ ဒေါ်ချောစု (၅၁) နှစ်၊ ဒေါ်ဝိုင်းစိန် (၃၁) နှစ် နှင့် ဒေါ်အိအိဖြိုး (၃၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

NOM
😡113👍2😢1
PDF တစ်ဦးလက်နက်ခဲယမ်းနှင့်အတူ တပ်မတော်ထံအလင်းဝင်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် PDF သင်တန်းဆင်းဖြစ်သူ ရန်အောင်စိုး ခေါ် ရန်ကြီးသည် M-16 သေနတ် တစ်လက်နှင့်အတူ အလင်းဝင်ရောက်လာသည်အတွက် တာဝန်ရှိသူများက ဆုကြေးငွေများပေးအပ်ပြီး အုပ်ထိန်းသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။
👍141👎1
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား စိစစ်အရေးယူထား

မေ ၁၀၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်း လူမိုက်များသည် လူခေါ်ပွဲစားအဖြစ်လုပ်ကိုင်ကာ Taxi သမားများနှင့် ခရီးသည် များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ပြည်သူများ၏ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် နယ်မြေသတင်း ရယူစုံစမ်းဆောင်ရွက်ခဲ့ရာ မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း (ခ) တာတီး (၄၈) နှစ်အား မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးတွင်လည်းကောင်း၊ စိုးသီဟ (ခ) ချစ်သား (၃၈) နှစ်အား ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်လမ်းနှင့် အမှတ် (၃) လမ်းဆုံအနီးတွင် လည်းကောင်းတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦး၏ ထွက်ဆိုချက်များ အရ ၎င်းတို့ ၂ ဦးသည် သိန်းထိုက်အောင် (ခ) ဂျပန်ကြီး (ဖမ်းဆီးရန်ကျန်) နှင့်အတူ ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာ အဝေးပြေးကားကွင်းအတွင်း အငှားယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ငွေကောက်ခံခြင်း၊ ခရီးသည်တင်မှန်လုံယာဉ်များထံမှ ဆင်းလာသည့် ခရီးသည်များအား အငှားယာဉ် ငှားရမ်းစီးနင်းရန် ဖိအားပေးပြောဆိုခြင်း၊ ယာဉ်ငှားခများအား သတ်မှတ်ဈေးထက် ပိုမိုတောင်းခံခြင်း၊ အငှားယာဉ်မောင်းသမားများအပေါ် ငွေကြေးခေါင်းပုံဖြတ်ခြင်းတို့အား အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းရှိ လမ်းများအလိုက် နေရာအပိုင်စားခွဲ၍ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အောင်မင်္ဂလာကားကွင်းအတွင်း လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းနှင့် သိန်းထိုက်အောင် (ခ) ဂျပန်ကြီးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
 
NOM
👍16😡52