လူကူးမျဉ်းကြားမှ မကူးလျှင်ထိရောက်စွာ အ ရေးယူသွားမည်
NOM၊မေ၈၊၂၀၂၆
လူကူးမျဉ်းကြားမှမကူးလျှင် မေလ၁၄ရက်မှစတင်အ ရေးယူသွားမည်ဖြစ် ကြောင်းယ နေ့နံနက်ကပြုလုပ်သည့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျအသုံးပြုရေး Campaign တွင်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှတွဲဖက်အတွင်းေရးမှူးဦးလျန်ကျင့်မန်ကပြောသည်။
"ယာဉ်အန္တရာယ်ကင်းရှင်းတဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေမှာ လမ်းဖြတ်ကူးရင် လူကူးမျဉ်ကြားကကူးရမယ်၊ မြေအောက်လမ်းရှိရင် မြေအောက်လမ်းက ကူးရမယ်၊ ခုံးကျော်တံတားရှိရင် ခုံးကျော်တံတားကနေ ကူးရမယ် သတ်မှတ်တဲ့နေရာကနေ ကူးရမယ်ဆိုပြီး ပြဌာန်းထားပါတယ် ။အဲဒီအတွက်ရန်ကုန် နေပြည်သူတွေယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာဖို့ လမ်းဖြတ်ကူးရင် လူကူးမျဉ်ကျား တွေကနေကူးဖို့၊ လမ်းမြင်ကွင်းရှင်းလင်းတဲ့ နေရာ၊ ခုံးကျော်တံတားရှိရင် တံတား ပေါ်က နေကူးဖို့ Campaign ကို ဆောင်ရွက်ဖြစ်တာပါ။ ဒီလိုမျိုးမလိုက်နာဘူးဆိုရင် ဥပဒေပါပုဒ်မအရ ဒဏ်ကြေးငွေ ၃၀၀၀၀ထက်မပိုသောဒဏ်ငွေ ပေး ဆောင်ရမယ်ဆိုပြီး တော့ ပါဝင်တယ်"ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။
ပညာပေးကာလရက်သတ္တပတ်ပြီးဆုံးသွားပါကစည်းကမ်းလိုက်နာမှုမရှိသူများကို ဥပဒေတွင်ပါရှိသည့် ပုဒ်မအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

❤20👍11
ရွှေပြည်သာဘူတာအနီး ကုန်တွဲရထားတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံး
NOM၊မေ ၈၊ ၂၀၂၆
ရန်ကုန်မြို့ရွှေပြည်သာ ဘူတာအနီးတွင် အမည်မသိအမျိုးသမီးတစ်ဦး ကုန်တွဲရထားတိုက်မိမှုကြောင့် သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားတိုက်မိထားသည့် အမျိုးသမီးတစ်ဦးရှိကြောင်း We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း ထံ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ကြောင်း အသင်းဘက်က အသိပေးထားသည်။
ရထားတိုက်မိမှုကြောင့် သေဆုံးသူမှာ မျက်နှာနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းအား တွေ့ရှိရာနေရာမှ သယ်ဆောင်ကာ အင်းစိန်ဆေးရုံ သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

👍9😢6😨3❤2
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
မေ ၈၊ ၂၀၂၆
မေ ၈၊ ၂၀၂၆
👍19❤2
တက်ဒ်တာနာကွယ်လွန်
CNN သတင်းဌာနနှင့် ကာတွန်းနက်ဝပ်တည် ထောင်သူ တက်ဒ်တာနာ (အသက် ၈၇ နှစ်) သည်မေလ ၆ ရက်က ကွယ်လွန်သွားသည်။
NOM

👍14❤8😢5
နမ့်စန်မြို့နယ်၌ လူနာ တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားတစ်ဦးသေ ဆုံး တစ်ဦးဒဏ်ရာရ
NOM၊မေ၉၊၂၀၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာ အုပ်စု၊ နမ့်စန်-မိုးနဲသွားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၀)နှင့် (၁၆/၁) အကြား တံတားဖြူ အနီး၌ မေလ ၈ ရက်၊ ည ၇ နာရီကျော်ခန့်က လူနာတင်ယာဉ် တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီးအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့
ကြောင်းနမ့်စန်မြို့မရဲစခန်း သိရသည်။
.
ဖြစ်စဉ်မှာ လူနာ အမျိုးသားနှင့် လူနာစောင့် အမျိုးသမီး တစ်ဦးတို့အား လင်းခေးမြို့ရှိ ပရဟိတအသင်း တစ်ခု၏လူနာ တင်ယာဉ်ဖြင့် တောင်ကြီးမြို့မှ တင်ဆောင် မောင်းနှင်လာစဉ် တံတားဖြူအနီးသို့ အရောက်တွင် မော်တော် ယာဉ် လက်ကိုင်ဂွေ တိုက်ရော့ ပြုတ်ကာ လမ်းဘေး လျှိုအတွင်းသို့ ထိုးကျ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ် တိမ်းမှောက်မှုကြောင့် မိုးနဲမြို့နေလူနာစောင့် မခမ်းစန်နှင့် လူနာ ဦးကျော်အေး တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသော်လည်း မခမ်းစန်မှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

😢13👍8❤3😨1
ကလေးနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း ဖော်ထုတ်ဖမ်းဆီးရမိ
မေ ၉၊ ၂၀၂၆
ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့အဝင်၌ သက်ပိုင်စိုး မောင်းနှင်ပြီး ဇော်ထိုက် လိုက်ပါလာသော NISSAN CONDOR ယာဉ်နှင့် မျိုးရဲနိုင် မောင်းနှင်ပြီး ကျော်လင်း လိုက်ပါလာသော GOLDEN TRUCK ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော် မောင်းနှင်ပြီး နေလင်းဦး(ခ)ဆေးဆရာ လိုက်ပါလာသော NISSAN CONDOR ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ကလေးမြို့တွင် လက်ခံမည့်သူ ညွန့်တင် အား ကလေးမြို့အဝင်၌လည်းကောင်း၊ လားရှိုးမှကလေးသို့သယ်ဆောင်ခိုင်းသူ နိုင်ဝင်း(ခ)ရုပ်ဆိုး အား ပြည်မြို့နယ်၊ ပြည် - အောင်လံသွားလမ်း၊ တီတွတ်ကျေးရွာအနီးတွင် TOYOTA HILUX ယာဉ် ၁ စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်အရ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘဂျမ်း အား စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ် ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်တွင် ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၆ ဘီလီလံ)အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၉ ဒသမ ၈၅ ဘီလီလံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးသို့ အဓိကသယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကိုအောင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

👍20❤7
ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရ
မေ ၉၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာနေ မောင်ဇင်မင်းနိုင် (၁၂) နှစ်၊ မောင်နိုင်မင်းအောင် (၁၂) နှစ်၊ မောင်ရဲထက်ဇော် (၁၁) နှစ်နှင့် မောင်ထက်မြတ်မင်း (၇) နှစ်တို့ လေးဦးသည် မေလ ၈ ရက်နေ့၌ ဆန်းသစ်ကျေးရွာ၏အနောက်မြောက်ဘက် ၅ ဖာလုံခန့်အကွာ ကျေးရွာသင်္ချိုင်းအနီး ငှက်ပစ်နေစဉ် မောင်ဇင်မင်းနိုင်မှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မောင်ဇင်မင်းနိုင်နှင့် မောင်ထက်မြတ်မင်းတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်နိုင်မင်းအောင်နှင့် မောင်ရဲထက်ဇော်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

😢15❤5👍4😡3😨1