အုတ်ဖိုမြို့နယ်၊ ပြည်တော်အေးကျေးရွာတွင် ကွမ်းယာဆိုင်ပိုင်ရှင်နှင့်အတူ ဆိုင်တွင်ရောက်နေသော အမျိုးသားတစ်ဦးတို့ကို PDF အကြမ်းဖက်အဖွဲ့က ပစ်သတ်သွား
မေ ၇၊ ၂၀၂၆
ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ပြည်တော်အေးကျေးရွာနေ ဦးအောင်ဇော် (၄၇) နှစ်သည် မေလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ကျေးရွာရှိ ၎င်းပိုင်ကွမ်းယာဆိုင်တွင် တစ်ရွာတည်းနေ ဦးကျော်ဦး (၅၅) နှစ်နှင့်အတူ ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကာ ဆိုင်ရှေ့တွင် ရပ်ထားသည့် ဦးကျော်ဦး၏ဆိုင်ကယ်တစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
NOM

😡11👍4😢4❤2
ပုသိမ်ကြီးမြို့နယ်တွင် သံတိုသံစများအတွင်း ရောနှောပါလာသည့် ဗုံးသီးဟောင်းတစ်လုံးအား ထုရိုက်မိရာမှ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး လေးနှစ်အရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရ
မေ ၇၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မရိုးကုန်းကျေးရွာနေ ဦးဇော်လင်းအောင် (၄၃) နှစ်သည် မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်၌ ၎င်းကောက်ယူလာခဲ့သည့် သံတိုသံစများအား ရောင်းချရန် နေအိမ်တွင်ထုခွဲနေစဉ် သံတိုသံစများအတွင်း ရောနှောပါလာသည့် ဗုံးသီးဟောင်းတစ်လုံးအား ထုရိုက်မိရာမှ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေသည့် တစ်ရွာတည်းနေ မောင်ဇွဲမောင်မောင် (၄) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

😢9👍3😡3❤1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသောပတ္တမြားကြီးအား ကြည့်ရှု
မေ ၇၊ ၂၀၂၆
NOM
မေ ၇၊ ၂၀၂၆
NOM
👍22❤12
◾ ရိုက်တာသတင်းရဲ့ ဖော်ပြချက်မှာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတွေ မကြာခင် လုပ်ဖို့ရှိတယ်ဆိုတဲ့ မှတ်ချက်တွေထွက်လာခဲ့တယ်။
--------
◾ အာဆီယံရဲ့လုပ်ဆောင်ချက်ကိုကြည့်ရင်…ဒီ ၅ နှစ်တာကာလမှာ မြန်မာအစိုးရကို အထီးကျန်နိုင်ငံ ဖြစ်အောင် ဖယ်ကျဉ်ထားတာက မအောင်မြင်ဘူးဆိုတဲ့ သဘောမျိုး မြင်လာရတယ်။ တစ်ဖက်မှာ မြန်မာအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်နဲ့ ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးတာနဲ့လည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေ ပါလိမ့်မယ်။ ဒါတွေက ရွေးကောက်ခံအစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာဆိုတဲ့ ဘောင်ထဲကနေ နိုင်ငံရေးအရ Give and Take ကစားကွက်ချပေးခဲ့တဲ့အပေါ်မှာ အာဆီယံအနေနဲ့ အရင်လို အာဏာထိန်းအစိုးရပုံစံမျိုး ဆက်ဆံလို့ မဖြစ်တော့တာကလည်း အဓိက အကြောင်းတရား ဖြစ်နိုင်တယ်။
-------------
◾ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ပြောင်းပေးလိုက်တဲ့အပေါ်မှာ တစ်ဖက် မှာ ထိုင်းနိုင်ငံလို ကြားဝင်စေ့စပ်ပေးသူတွေရဲ့အခန်းကဏ္ဍအရလည်း မြန်မာနိုင်ငံကို နိုင်ငံရေးမှာချန်လှန်ထားတာထက်စာရင် ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သင့် တယ်လို့ မြင်တဲ့နိုင်ငံတွေရဲ့ အကြံပြုချက်တွေကလည်း ရှိကောင်း ရှိနိုင်တယ်။ မဟုတ်ရင်…အာဆီယံ ပဋိညာဉ်ကြီး ဘေးမှာချထားပြီး အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို မိတ်ဖက်အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးလိုလားချက်အတိုင်း လုပ်ပေးနေရတာက အတော်လေးလည်း ရှက်ဖို့ကောင်းတယ်မဟုတ်လား။
------------
◾ အာဆီယံနဲ့ online meeting ဆိုတာ တကယ်တော့ နိုင်ငံရေးအရ အပေးအယူနဲ့ ညှိနှိုင်း စေ့စပ်မှုတစ်ခုပါပဲ။ ဒီနှစ်ထဲမှာ မြန်မာအတွက် Special Envoy ခန့်တာတွေ၊ ထပ်တိုး တောင်းဆိုမှုတွေ လာဦးမှာပါ။ အစိုးရနဲ့လွှတ်တော်ဘက်ကကြည့်ရင်…အာဆီယံ နိုင်ငံတွေ အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အင်တင်တင်လုပ်နေတဲ့ အချက်တွေ၊ online အဆင့်ဆိုပြီး Level နိမ့်ထားသေးတဲ့အဖြစ်ရယ်၊ ဘုံ ၅ ချက်ကို တင်းခံနိုင်သေးတာကိုတော့ လစ်လျူရှုလို့ မရသေးတာ သတိပြုရပါ့မယ်။
----------
◾ လားရာကိုသုံးသပ်ကြည့်ရင်…တစ်ဖက်က online ကနေ ဘုံ ၅ ချက်ကို ထပ်ပြီး တောင်းနေဦးမှာပါ။ လက်ရှိ online အဆင့်ဆိုတာ…ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ပြောင်းပေးတဲ့အတွက်ကြောင့် ဆန်ပေး၊ဆီယူတဲ့ အဆင့်လောက်ပါပဲ။ ဒီကာလမှာ ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအရ ဆက်စပ်မှုပိုများတဲ့ လျန်ချန်း-မဲခေါင်နိုင်ငံ တွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုများအောင် ကြိုးစားကြည့်စေချင်တယ်။ ဒါက ကိုယ့်အတွက် ထောက်ခံမဲ ရမယ့် ကိစ္စဖြစ်သလို နဂိုကတည်းက ကုန်းမြေနဲ့ကျွန်းဆွယ်ဆိုပြီး နိုင်ငံရေးကာလာကွဲနေတဲ့ အာဆီယံကို တွန်းအားတစ်ခု ဖြစ်စေမှာပါ။
-----------
◾ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဆိုတာတွေက ဒီကာလမှာ အချိန်မတန်သေးဘူးလို့ပဲ မြင်တယ်။ ဒီ ၅ နှစ်တာကာလမှာ ကိုယ်တွေ အောက်ခြေဘဝတွေမပြောနဲ့။ အထက်အကြီး အကဲတွေတောင် ခုလို တည်ငြိမ်တဲ့အနေအထားရောက်အောင် ဘယ်လောက်ကြိုးစား ရယူထားခဲ့ရသလဲဆိုတာ တစ်ချက် ပြန်ထောက်ကြည့်ရှုစေချင်တယ်။ မြို့ပေါင်းများစွာ NUG နဲ့ EAO တွေသိမ်းပိုက်ခဲ့ချိန်တုန်းက အာဆီယံလည်း အသံမထွက်ခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံရေးကတော့ နိုင်ငံရေးပါပဲ။ အာဆီယံမှာ မြန်မာကို တူတူတန်တန်မဆက်ဆံသေးသမျှ ခေါင်းငုံ့စရာလည်းမလိုပါဘူး။ အဓိက ပြည်တွင်းစီးပွားရေးအားကောင်းအောင် အရင် ကြိုးစားကြတာပေါ့။ ပထဝီနိုင်ငံရေး အရဆိုရင်…မြန်မာက အာဆီယံအတွက် ပစ်ပယ် ထားလို့ မဖြစ်တဲ့ နိုင်ငံတစ်ခုပါ။ ကိုယ့်မှာ ကိုင်ကစားရမယ့် ဖဲချပ်ရှိနေတာပဲ။ စိတ်တော့ ရှည်ရမှာပေါ့။
(နရီမိုး)

👍38❤2
လူကူးမျဉ်းကြားမှ မကူးလျှင်ထိရောက်စွာ အ ရေးယူသွားမည်
NOM၊မေ၈၊၂၀၂၆
လူကူးမျဉ်းကြားမှမကူးလျှင် မေလ၁၄ရက်မှစတင်အ ရေးယူသွားမည်ဖြစ် ကြောင်းယ နေ့နံနက်ကပြုလုပ်သည့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျအသုံးပြုရေး Campaign တွင်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှတွဲဖက်အတွင်းေရးမှူးဦးလျန်ကျင့်မန်ကပြောသည်။
"ယာဉ်အန္တရာယ်ကင်းရှင်းတဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေမှာ လမ်းဖြတ်ကူးရင် လူကူးမျဉ်ကြားကကူးရမယ်၊ မြေအောက်လမ်းရှိရင် မြေအောက်လမ်းက ကူးရမယ်၊ ခုံးကျော်တံတားရှိရင် ခုံးကျော်တံတားကနေ ကူးရမယ် သတ်မှတ်တဲ့နေရာကနေ ကူးရမယ်ဆိုပြီး ပြဌာန်းထားပါတယ် ။အဲဒီအတွက်ရန်ကုန် နေပြည်သူတွေယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာဖို့ လမ်းဖြတ်ကူးရင် လူကူးမျဉ်ကျား တွေကနေကူးဖို့၊ လမ်းမြင်ကွင်းရှင်းလင်းတဲ့ နေရာ၊ ခုံးကျော်တံတားရှိရင် တံတား ပေါ်က နေကူးဖို့ Campaign ကို ဆောင်ရွက်ဖြစ်တာပါ။ ဒီလိုမျိုးမလိုက်နာဘူးဆိုရင် ဥပဒေပါပုဒ်မအရ ဒဏ်ကြေးငွေ ၃၀၀၀၀ထက်မပိုသောဒဏ်ငွေ ပေး ဆောင်ရမယ်ဆိုပြီး တော့ ပါဝင်တယ်"ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။
ပညာပေးကာလရက်သတ္တပတ်ပြီးဆုံးသွားပါကစည်းကမ်းလိုက်နာမှုမရှိသူများကို ဥပဒေတွင်ပါရှိသည့် ပုဒ်မအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

❤20👍11
ရွှေပြည်သာဘူတာအနီး ကုန်တွဲရထားတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံး
NOM၊မေ ၈၊ ၂၀၂၆
ရန်ကုန်မြို့ရွှေပြည်သာ ဘူတာအနီးတွင် အမည်မသိအမျိုးသမီးတစ်ဦး ကုန်တွဲရထားတိုက်မိမှုကြောင့် သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားတိုက်မိထားသည့် အမျိုးသမီးတစ်ဦးရှိကြောင်း We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း ထံ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ကြောင်း အသင်းဘက်က အသိပေးထားသည်။
ရထားတိုက်မိမှုကြောင့် သေဆုံးသူမှာ မျက်နှာနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းအား တွေ့ရှိရာနေရာမှ သယ်ဆောင်ကာ အင်းစိန်ဆေးရုံ သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

👍9😢6😨3❤2
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
မေ ၈၊ ၂၀၂၆
မေ ၈၊ ၂၀၂၆
👍19❤2