News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ် အဆောက်အအုံများနှင့် သင်္ကေတများကို အစ္စရေးစစ်တပ် (IDF) က "စော်ကားဖျက်ဆီးနေသည်" ဟု စွပ်စွဲထားသော ဓာတ်ပုံအသစ်တစ်ပုံ ထွက်ပေါ်လာသည်။

လက်ဘနွန်နိုင်ငံ၊ ဒီဘယ်လ်မြို့တွင် ရိုက်ကူးထားသည်ဟု ဆိုသော အဆိုပါဓာတ်ပုံတွင် အစ္စရေးစစ်သားတစ်ဦးသည် မယ်တော်မာရိ ရုပ်တု၏ ပါးစပ်အတွင်း စီးကရက်တစ်လိပ် ထည့်သွင်းကာ ပြောင်လှောင်နေသည်ကို တွေ့ရသည်။

NOM
👍20😡72
သာကေတတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ရှင်ဖြစ်သူ သေဆုံး
NOM၊မေ ၆၊၂၀၂၆
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့မေ ၆ ရက်နံနက်၃နာရီ ‌က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦး မီးလောင်သေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာသာကေတမြို့နယ်ထူပါရုံ(၁)ရပ်ကွက်၄လမ်းနေအိမ်မှမီးစတင်လောင်ကျွမ်းခဲ့သည်။အိမ်ရှင်အမျိုးသားက မီးလောင်နေသည့်အိမ်အတွင်းပြန်ဝင်ပြီးစုဗူးကို ယူဆောင်စဉ်မီးလောင်သေဆုံးခဲ့ပြီးအိမ်သုံးလုံးမီး‌ လောင်ခဲ့‌ ကြောင်းသိရသည်။
မီးလောင်ရာသို့မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များကငြိမ်းသတ်ခဲ့ရာနံနက် ၄နာရီတွင်မီးငြိမ်းခဲ့သည်။မီးလောင်မှုနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
😢17👍7
အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်း များက ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဖလမ်းမြို့သို့ရောက်ရှိ

မေ ၆၊ ၂၀၂၆
👍264
၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
👍6
အများပြည်သူသို့ အသိပေးကြေညာချက်
👍91
အများပြည်သူသို့ အသိပေးကြေညာချက်
👍12
အများပြည်သူသို့ အသိပေးကြေညာချက်
👍102
ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်
တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို
မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယမန်နေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။
👍26
ပျဥ်းမနားမြို့တွင် Level 1 အဆင့်မီးလောင်မှု မှုဖြစ်ပွားနေအိမ် ၅လုံးပျက်စီးပြီး (၃)ဦးဒဏ်ရာရ
NOM၊မေ၇၊၂၀၂၆
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာတွင် ယမန်နေ့မေ ၆ ရက်ည ၁၀ နာရီ ၁၇ မိနစ်ခန့်ကLevel 1 အဆင့် မီးလောင်မှုဖြစ်ပွားကာ နေအိမ်၅လုံးပျက်စီးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဉ်မှာ သူဌေးကုန်းကျေးရွာရှိ လင်မယားနှစ်ဦးသည် ဓါတ်ဆီလှယ် နေစဉ်အမျိုးသားဖြစ်သူကဆေးလိပ်သောက်ခဲ့သည့်အတွက်ပေါက်ကွဲပြီးမီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိလူနေအိမ် ၅လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီးဆီလှယ်သည့်အမျိုးသမီးမှာထိခိုက်ဒဏ်ရာပြင်ထန်ခဲ့ပြီး မီးငြှိမ်းသက်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးတို့မှာလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရာည ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
7😨5👍4😢3
မြောက်ဥက္ကလာတွင်နေ့ခင်းကြောင်တောင်ဓားပြတိုက်သူများဖမ်းမိ

NOM မေ ၇၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁) ရပ်ကွက်၊ သုဇိတာ (၇) လမ်းအမှတ် (၈၄၇) နေအိမ်သို့ ယနေ့မေလ ၇ ရက်နေ့လယ် ၁:၄၅ နာရီက သေနတ်ကိုင်ဆောင် ဓားပြတိုက်သူသုံးဦးကို ရပ်ကွက်နေပြည်သူများနှင့် လှည့်ကင်းရဲအဖွဲ့က ပူးပေါင်းဖမ်းမိခဲ့ကြောင်းသိရသည်။

သေနတ်များဖြင့် ဓားပြတိုက်နေစဉ် အိမ်ရှင်မိသားစုမှ အော်ဟစ်အကူအညီတောင်းသဖြင့် လမ်းအတွင်းရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာကျော်ဇင်ဟိန်း (၂၁ နှစ်) စွန်နသီကျေးရွာ၊ ညောင်တုန်းမြို့နေသူအားဂလော့-၁၉ အမျိုးအစားပစ္စတိုတစ်လက်၊ ကျည် ၂၁ တောင့်ဖြင့် ဖမ်းမိခဲ့သည်။

ထိုအချိန်တွင် ရပ်ကွင်းအတွင်းလှည့်ကင်းလှည့်နေသော ရဲတပ်ဖွဲ့ကထွက်ပြေးသွားသော ဓားပြနှစ်ဦးကိုရပ်ကွက်နေပြည်သူများနှင့် အတူလိုက်လံဖမ်းဆီးရာ နေ့လယ် ၂:၂၀ နာရီအချိန်တွင် သုဓမ္မာလမ်းမကြီးအုပ်ပုံဆိပ်အနီး၌ ဝေဇင်ထွန်း (၂၈ နှစ်) ပေါင်းစုကျေးရွာ၊ ပွင့်ဖြူမြို့နေသူကို ဆစ်ဆာဝါ ၃၂၀ ပစ္စတိုတစ်လက်၊ ကျည် ၆ တောင့်နှင့် ဖမ်းမိပြီး နေ့လယ်၂:၂၅ နာရီအချိန်၌ စွမ်းထက်အောင် (၂၈ နှစ်) ရွာကြီးကျေးရွာ၊ နွားထိုးကြီးမြို့နေသူကို ထပ်မံဖမ်းမိခဲ့သည်။

ဖမ်းဆီးတရားခံများကိုစစ်ဆေးရာမှ ဝေဇင်ထွန်းသည်ယခင်ကပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သောပစ္စတိုတစ်လက်၊ ကျည် ၅ တောင့်နှင့်လက်ထိပ်နှစ်စုံကိုမှော်ဘီမြို့နယ်၊အမှတ် (၁) ကွက်သစ်၊ ဖူးကြီးကားလမ်းဘေးရှိ ဝါဂွမ်းစက်ရုံဟောင်းအတွင်းမှထပ်မံသိမ်းဆည်းရမိကြောင်းသိရသည်။

NOM
👍297❤‍🔥1💔1