News Of Myanmar
12.8K subscribers
24.2K photos
3.33K videos
3 files
6.61K links
Download Telegram
မလေးရှားသို့ သယ်ဆောင်မည့် ကျပ်နှစ်ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ

မေ ၅၊ ၂၀၂၆

မလေးရှားသို့ သယ်ဆောင်မည့် ကျပ်နှစ်ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဧပြီ ၂၆ ရက် နံနက် ၈ နာရီခွဲအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မျိုးညီညီဟိန်းနှင့် မနှင်းသဇင်ဦးတို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၁၁ နာရီအချိန် အလားတူ လေယာဉ်ဖြင့်လိုက်ပါမည့် ခရီးသည် တင်အောင်သန်း၊ မခင်သန္တာဝင်း၊ ခင်မောင်သန်းနှင့် ချမ်းမြေ့ပိုင်တို့ လေးဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆ ဒသမ ၀၅ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား လက်ခံ၍ ပို့ဆောင်ပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းအား ဝင်ရောက်ရှာဖွေရာ မထက်ဧကရီနှင့် မကြယ်စင်လင်းလဲ့တို့ နှစ်ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလိုအား ဆက်လက်ဖမ်းဆီးရမိကြောင်း သိရသည်။

NOM
👍283
ဂန့်ဂေါမြို့နယ်တွင် ဖခင်ဖြစ်သူအားဆေးကုသပေးရန်အတွက် မန္တလေးမြို့သို့ ထွက်ခွာလာသည့် မူလတန်းပြဆရာမတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က လမ်းခရီးတွင် အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွား

မေ ၅၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (ဂန့်ဂေါ) မှ ဒုတိယမူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ချိုချိုအေး (၄၉) နှစ်သည် မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ၎င်း၏ဖခင်ဖြစ်သူ ဦးဘချို (၇၆) နှစ်အား ဆေးကုသပေးရန် ဂန့်ဂေါမြို့မှ မန္တလေးမြို့ဘက်သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဂန့်ဂေါမြို့နယ်၊ တဇန်းကျေးရွာအနီး လမ်းခွဲအရောက်၌ PDF အကြမ်းဖက်သမားများအင်အား (စိစစ်ဆဲ)က မော်တော် ယာဉ်အား တားဆီး၍ ဒေါ်ချိုချိုအေးနှင့် ဦးဘချိုတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
😢13😡5👍3🗿1
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသားသုံးဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ပြည်ပနိုင်ငံသားရှစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

မေ ၅၊ ၂၀၂၆

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံသားနှစ်ဦးနှင့် နီပေါနိုင်ငံသားတစ်ဦးတို့အား မေလ ၅ ရက်နေ့တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသားရှစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့  စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Second Secretary Mr. Evgeny Pimenov နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ သံရုံးကိုယ်စားလှယ် Ms. Amy Kristen Miller နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသားလေးဦး၊ ကင်ညာနိုင်ငံသား သုံးဦးနှင့် ယူဂန်ဒါနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားရှစ်ဦးကို ထပ်မံ ဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၃၄ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၄၂၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။
လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၁၂ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့်ပြည်ပ နိုင်ငံသား ၇၄၆ ဦး ရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၆၆ ဦး တို့အား သက်ဆိုင်ရာ နိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
👍173
ကျောက်တံခါးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ကလေးငယ်တစ်ဦးနှင့် အရပ်သားပြည်သူတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိ

မေ ၅၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာအား မေလ ၃ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ဒရုန်းဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးနေဝါလား (၄၉) နှစ်နှင့် မောင်စိုးနိုင် (၆) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ရာသီကား (၃၀) နှစ်နှင့် မစီဝါးနီ (၈) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

NOM
😡10👍4😨3
ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာအတွင်းသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

မေ ၅၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်၌ ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာနေ မဝါဝါအောင် (၁၇) နှစ်သည် ၎င်း၏နေအိမ်တွင် တစ်ရွာတည်းနေ မမိုးပြည့်ပြည့်လွင် (၁၆) နှစ်နှင့်အတူ ရှိနေစဉ် နေအိမ်အနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

NOM
👍10😡8😢2
အီရန်အသင်းကိုဗီဇာမပေးကအမေရိကန်အိမ်ရှင်အဖြစ်ကျင်းပခွင့်ဆုံးရှုံးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ၏ ဥပဒေများအနက်တစ်ခုမှာအိမ်ရှင်နိုင်ငံများသည် လာရောက်ယှဉ်ပြိုင်မည့် နိုင်ငံများကို ခွဲခြားမှုမရှိသော ပြည်ဝင်ခွင့်ဗီဇာပေးရမည်။ အိမ်ရှင်နိုင်ငံကဤဥပဒေအရပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အိမ်ရှင်အဖြစ်ကျင်းပခွင့်ကို အခြားနိုင်ငံအားပြောင်းလဲပေးအပ်မည်ဟုပါရှိသည်။ လာမည့်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အမေရိကန်သည် အီရန်အသင်းကိုဗီဇာမပေးပါက အမေရိကန်အနေဖြင့် အိမ်ရှင်ကျင်းပခွင့်ကို အခြားနိုင်ငံအားလွှဲပြောင်းပေးရဖွယ်ရှိနေသည်။

NOM
👍469❤‍🔥2
မန္တလေးငလျင်ဒဏ်ကြောင့် ယာယီစခန်းများတွင် နေထိုင်သော နိုင်ငံ့ဝန်ထမ်းများကို မိုးမကျမီပြောင်းရွှေ့နိုင်ရန်ဆောင်ရွက်မည်

မေ ၆၊ ၂၀၂၆

မန္တလေးငလျင်ဒဏ်ကြောင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အနီရောင်အဆင့် ပျက်စီးသွားသော နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ပြီး ဝန်ထမ်းများကို မိုးမကျမီပြောင်းရွှေ့နေထိုင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်က ယမန်နေ့မေ ၅ ရက်တွင် နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်နေကြသည့် ကုမ္ပဏီများနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။

ဝန်ထမ်းအိမ်ရာများသည် ဝန်ထမ်းများ၏ စားဝတ်နေရေးတွင် နေရေးနှင့် တိုက်ရိုက်ဆက်နွှယ်နေသောကြောင့် တိကျမှန်ကန်မှု၊ အချိန်မီဆောင်ရွက်မှုနှင့် အရည်အသွေးပြည့်မီမှုတို့သည် မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် သတ်မှတ်ချက်များဖြစ်၍ အလေးထားဆောင်ရွက်ကြရန်လိုကြောင်းမှာကြားခဲ့သည်။

မန္တလေးငလျင်ဒဏ်ကြောင့် ယာယီစခန်းများတွင် နေထိုင်သော နိုင်ငံ့ဝန်ထမ်းများကို မိုးမကျမီပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ရှစ်မဂ္ဂနီကျုအထိ ငလျင်ဒဏ်ခံနိုင်စေရေး သတ်မှတ်ထားသည့် ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျပြုပြင်ဆောင်ရွက်ရန်လိုကြောင်းနှင့် QA/QC အဖွဲ့များကလည်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးမှုများကို စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်းမှာကြားခဲ့သည်။

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်ဆီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက် (အကွက်ကြီး - ၂) ရှိ တိုက်အမှတ် (၂၃၃၈)၊ (၂၃၄၆) နှင့် ဉာဏသိဒ္ဓိရပ်ကွက် (အကွက်ကြီး - ၃)ရှိ တိုက်အမှတ် (၃၃၆၂) တို့မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနီရောင် အဆင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေကြောင်းသိရသည်။

NOM
👍203
၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း၊အလင်းဝင်စာရင်း။
👍154❤‍🔥1
ပခုက္ကူမြို့နယ်စက်သုံးဆီအရောင်းဆိုင်မီးလောင်မှုဖြစ်ပွား
NOM၊မေ၆၊၂၀၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအနီးတွင်ယနေ့မေ၆ရက်မွန်းလွဲ ၁နာရီ၄၀မိနစ်ခန့်ကစက်သုံးဆီအရောင်းဆိုင်မီးလောင်မှုဖြစ်ပွါးကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပခုက္ကူခရိုင်
မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများဖြင့် ငြှိမ်းသတ် ခဲ့ရာမွန်းလွဲ၂နာရီ၅မိနစ်တွင် မီးထိန်း
နိုင်ခဲ့ပြီး မီးကြွင်မီးကျန်များဆက်လက်ငြှိမ်းသက်လျက်ရှိ ကြောင်းသိရသည်။
👍16😢92😡1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မေ ၆၊ ၂၀၂၆
👍17