မော်လူးမြို့အားပြန်လည်သိမ်းပိုက်စဉ် KIA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများ တရားမဝင်လုပ်ကိုင်နေသည့် ဆီခြံများမှ သံဆီပေပါခွံများ၊ ဆီလှောင်ကန်များနှင့မော်တော်ယာဉ်များအားသိမ်းဆည်းရမိ။
❤17👍17
ရန်ကုန်စည်ပင် နယ်နိမိတ် ရပ်ကွက်အားလုံးရှိ ဆိုင်ကျူး လမ်းကျူးအားလုံးကို ရှင်းလင်းမည်
NOM၊မေ၅၊၂၀၂၆
ရန်ကုန်မြို့ပြ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်တော့မည် ဖြစ်ပြီး အထူးသဖြင့် ရပ်ကွက်အတွင်းရှိ မြောင်းများပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည့် အိမ်ခန်းများ၊ ဆိုင်ခန်းများနှင့် လမ်းနယ်နိမိတ်ကို ကျော်လွန်ကာ မြောင်းပေါ်ခွ၍ တိုးချဲ့ဆောက်လုပ်ထားသည့် ဈေးဆိုင်များကို အပြီးသတ် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။အဆိုပါ ရှင်းလင်းဖယ်ရှားရေး လုပ်ငန်းစဉ်များကို မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လမ်းမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထံ တိုက်ရိုက်ညွှန်ကြားချက်များ ပေးပို့သွားမည်ဖြစ်ပြီး အောက်ခြေအဆင့်အထိ ကွင်းဆင်းစစ်ဆေးကာ ဖယ်ရှားခိုင်းမည်ဖြစ်သည်။ သတ်မှတ်ထားသည့် ကာလအတွင်း မိမိအစီအစဉ်ဖြင့် ဖယ်ရှားခြင်းမရှိပါက တည်ဆဲဥပဒေများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မိမိတို့နေအိမ်နှင့် ဆိုင်ခန်းများမှ ကျူးကျော်ထားမှုများ ရှိပါက ကြိုတင်ဖယ်ရှားထားကြရန် လိုအပ် ကြောင်းအသိပေးထားသည်။

👍28❤12
ပုသိမ်တွင် ဖောကားနှင့်ဆိုင်ကယ်တိုက်မိမှု လူတစ်ဦးသေဆုံး
NOM၊မေ၅၊၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖောကားနှင့်ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားရာလူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ေကြာင်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှသိရသည်။
ဖြစ်စဉ်မှာပုသိမ်မြို့၊ မြက်တိုရပ်၊ ဘတ်စကားမှတ်တိုင်အနီးတွင် ဧပြီလ ၄ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ဖောကားနှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဖောကားမောင်သူ ယာဥ်မောင်းကမောင်းနှင် ထွက်ပြေး သွားသည်။
အခင်းဖြစ်နေရာသို့ ပစ်တိုင်းထောင် လူမှုကူညီကယ်ဆယ်ရေးအသင်းက အရေးပေါ်သူနာတင်ယာဉ်ဖြင့်သွားရောက် ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အတူ လိုအပ်သည့်အကူအညီများကို လုပ်ဆောင်ပေးခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရရှိသည့်လူနာကိုပုသိမ်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကိုပုသိမ်ပြည်သူ့ဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

👍7😢3
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားအောင်ပွဲနေ့ကိုဒရုန်းဖြင့်တိုက်ခိုက်မည်ဟုယူကရိန်းသမ္မတခြိမ်းခြောက်
NOM
မေလ၉ရက်နေ့တွင်ရုရှားနိုင်ငံမော်စကိုမြို့ရင်ပြင်နီ၌ကျင်းပမည့်ဒုတိယကမ္ဘာစစ်အောင်ပွဲအခန်းအနားသို့ဒရုန်းများဖြင့်တိုက်ခိုက်မည်ဟုယူကရိန်းသမ္မတဇလင်စကီးကခြိမ်းခြောက်လိုက်သည်။ရုရှားကလည်းယူကရိန်းကတိုက်ခိုက်လာပါကယူကရိန်းမြို့တော်ကိယက်ဗ်ကိုပြာချမည်ဟုပြန်လည်ခြိမ်းခြောက်ခဲ့သည်။

👍25🔥5❤2🕊1
တာချီလိတ်အလှမယ်ကို ပြိုင်ပွဲမှထုတ်ပယ်ကြောင်းကြေညာ
မေ ၅၊ ၂၀၂၆
မေလ ၄ ရက်ကပြုလုပ်သော ဝတ်စုံပြိုင်ပွဲတွင် ကြိုတင်အသိမပေးပဲသီလရင်ဝတ်စုံဖြင့် ယှဉ်ပြိုင်သောတာချီလိတ်အလှမယ်ကိုပြ်ုင်ပွဲမှထုတ်ပယ်ကြောင်း Miss Grand Myanmar Organization ကကြေညာလိုက်သည်။

👍22😢1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်၊ အစ္စရေးတို့နှင့်မဟာမိတ်ဖွဲ့သည့် ဂျပန်အစိုးရကိုဆန္ဒပြ
ဂျပန်နိုင်ငံတိုကျိုမြို့တော်တွင် လူထောင်ပေါင်းများစွာသည် စုဝေးပြီးအမေရိကန်နှင့် အစ္စရေးတို့ဖြင့်မဟာမိတ်ဖွဲ့ခဲ့သော ဂျပန်ဝန်ကြီးချုပ် တာနေးတာကာအိချိကိုဆန္ဒပြနေပြီး ဂျပန်ဝန်ကြီးချုပ်သည် အဆိုပါနှစ်နိုင်ငံ၏ လက်ကိုင် တုတ်သဖွယ်ပြုမူနေကြောင်းစွပ်စွဲခဲ့ကြသည်။

👍34❤6
အီရန်နိုင်ငံခြားရေးဝန်ကြီး ဘေဂျင်းသို့ သွားရောက်
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ Abbas Araghchi သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ Wang Yi နှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ယနေ့တွင် ဘေဂျင်းမြို့သို့ သွားရောက်ခဲ့သည်။
တွေ့ဆုံမှုအတွင်း အရတ်ချီ နှင့် ဝမ်ယိ တို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြမည်။

👍33❤2
ငမိုးရိပ်ချောင်းကူးတံတားအနီးတွင်ယာဥ်တိုက်မှုဖြစ်တစ်ဦးသေဆုံး
မေ ၅၊ ၂၀၂၆
ရန်ကုန်တိုင်း ဒေသကြီးမြောက်ဥက္ကလာပမြို့နယ်၊ ကျော်သူမှတ်တိုင်အနီးရှိ ငမိုးရိပ်ချောင်းကူးတံတားအနီးတွင် မေ ၃ ရက်နေ့ ညပိုင်းက စက်ဘီးစီးလာသည် မိသားစုသုံး ဦးကို ကားတစ်စင်း အရှိန်ပြင်းစွာ ဝင်တိုက်၍ တစ်ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှသိရသည်။
ဖြစ်စဉ်မှာ မြောက်ဒဂုံဘက်မှ လာသော Honda Fit (ခဲရောင်) ယာဉ်အမျိုးအစားသည် မိသားစု သုံးဦးကို အရှိန်ပြင်းစွာတိုက်မိပြီး မြောက်ဥက္ကလာအဝိုင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် စက်ဘီးပေါ်တွင် ပါရှိလာသော မိသားစုသုံးဦးအနက် မိခင်ဖြစ်သူသည် ယနေ့နံနက် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။ ဖခင်ဖြစ်သူသည် စိုးရိမ်စရာမရှိ ပဲလက်ရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။ ကလေးငယ်သည် ခေါင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။

😨7👍5😢3❤2
မလေးရှားသို့ သယ်ဆောင်မည့် ကျပ်နှစ်ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ
မေ ၅၊ ၂၀၂၆
မလေးရှားသို့ သယ်ဆောင်မည့် ကျပ်နှစ်ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဧပြီ ၂၆ ရက် နံနက် ၈ နာရီခွဲအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မျိုးညီညီဟိန်းနှင့် မနှင်းသဇင်ဦးတို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၁၁ နာရီအချိန် အလားတူ လေယာဉ်ဖြင့်လိုက်ပါမည့် ခရီးသည် တင်အောင်သန်း၊ မခင်သန္တာဝင်း၊ ခင်မောင်သန်းနှင့် ချမ်းမြေ့ပိုင်တို့ လေးဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆ ဒသမ ၀၅ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား လက်ခံ၍ ပို့ဆောင်ပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းအား ဝင်ရောက်ရှာဖွေရာ မထက်ဧကရီနှင့် မကြယ်စင်လင်းလဲ့တို့ နှစ်ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလိုအား ဆက်လက်ဖမ်းဆီးရမိကြောင်း သိရသည်။

👍28❤3
ဂန့်ဂေါမြို့နယ်တွင် ဖခင်ဖြစ်သူအားဆေးကုသပေးရန်အတွက် မန္တလေးမြို့သို့ ထွက်ခွာလာသည့် မူလတန်းပြဆရာမတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က လမ်းခရီးတွင် အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွား
မေ ၅၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (ဂန့်ဂေါ) မှ ဒုတိယမူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ချိုချိုအေး (၄၉) နှစ်သည် မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ၎င်း၏ဖခင်ဖြစ်သူ ဦးဘချို (၇၆) နှစ်အား ဆေးကုသပေးရန် ဂန့်ဂေါမြို့မှ မန္တလေးမြို့ဘက်သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဂန့်ဂေါမြို့နယ်၊ တဇန်းကျေးရွာအနီး လမ်းခွဲအရောက်၌ PDF အကြမ်းဖက်သမားများအင်အား (စိစစ်ဆဲ)က မော်တော် ယာဉ်အား တားဆီး၍ ဒေါ်ချိုချိုအေးနှင့် ဦးဘချိုတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

😢13😡5👍3🗿1