မဟာသင်္ကြန်ပွဲတော်အကျနေ့၊ ပြည်သူများ ပါဝင်ဆင်နွှဲကြသူများစည်ကား
ဧပြီ ၁၄၊ ၂၀၂၆
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အကျနေ့၌ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ကော်ဖီသင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် မဏ္ဍပ်များတွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ပျော်ရွှင်စွာဖြင့် စည်စည်ကားကားဖြင့် ပါဝင်ဆင်နွှဲကြသည်။
မဟာသင်္ကြန်အကျနေ့တွင် သာကေတ၊ ထန်းတပင်(ရန်ကုန်)၊ လားရှိုး၊ မူဆယ်၊ ပြင်ဦးလွင်၊ ပြည်ကြီးတံခွန်၊ ကံမ၊ ငဖဲ၊ သနပ်ပင်၊ ရွှေသောင်ယံ၊ မင်းလှ(ပဲခူး)မြို့နယ်တို့ရှိ သင်္ကြန်မဏ္ဍပ်များတွင် တေးသံရှင်များက တေးသံသာများ၊ ယိမ်းအကအလှအဖွဲ့များက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်ပွဲတော်နှင့် စတုဒိသာမဏ္ဍပ်တို့တွင် သင်္ကြန်ပွဲတော် အကျနေ့တွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

👍14❤8
ပဲခူးမြို့၏ သင်္ကြန်အကျနေ့ အထူးစည်ကား
ဧပြီ ၁၄၊ ၂၀၂၆
ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့အား ယနေ့နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့ရာ ရေသဘင်ပွဲပါဝင်ဆင်နွှဲကြသည့် သင်္ကြန်ပွဲလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေမှုတို့နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် DJ တီးခတ်ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှဲနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲ့များ၏ သီဆိုကပြမှုများ၊ အေးမြလန်းဆန်းမှု ပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ စေတနာရှင်ပြည်သူများမှ စတုဒီသာကျွေးမွေးလှူဒါန်းမှုတို့ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

👍12❤6❤🔥2
ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်နှင့် ဒရုန်းများ၏ ရန်ကိုကြောက်သဖြင့် တာဝန်ထမ်းဆောင်ရမည့် နေရာသို့သွားရန် အမေရိကန်လေယာဉ်တင်သင်္ဘောသည် အာဖရိကတိုက်ကြီးတစ်ခုလုံးကို ပတ်၍ ခုတ်မောင်းနေရ
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ချ် အိတ်ချ် ဒဘလျူ ဘုရှ် (USS George H.W. Bush) သည် အန်ဆာအလ္လာဟ် (ဟူသီ) လက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ပင်လယ်နီကို ရှောင်ကွင်းကာ အာဖရိကတိုက်ကို ပတ်ပြီး အနောက်အာရှသို့ သွားရာ လမ်းကြောင်းရှည်ကို ရွေးချယ်မောင်းနှင်နေရသည်။
ဗာ့ဗ် အယ်လ်-မန်ဒပ် (Bab al-Mandeb) ရေလက်ကြားကို ဖြတ်သန်းမည့်အစား အဆိုပါ လေယာဉ်တင်သင်္ဘောသည် တစ်လနီးပါး ကြာမြင့်မည့် လမ်းလွှဲကို အသုံးပြုနေခြင်းဖြစ်သည်။
ဤသည်မှာ ပုံမှန်မဟုတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ပင်လယ်နီတောင်ဘက် ထွက်ပေါက်တွင် အမေရိကန်၏ ရေတပ်အင်အားကို စိန်ခေါ်နိုင်စွမ်းရှိလာသည့် ယီမင်၏ တိုးတက်လာသော စွမ်းဆောင်ရည်ကို မီးမောင်းထိုးပြနေသည်။
အဆိုပါ လေယာဉ်တင်သင်္ဘော ဘုရှ် သည် ဒေသတွင်းရှိ လေယာဉ်တင်သင်္ဘော လင်ကွန်း နှင့် ပူးပေါင်းပြီး အမေရိကန် လေယာဉ်တင်သင်္ဘော နှစ်စင်းအင်အားဖြင့် ပင်လယ်ပြင်တွင် အခြေစိုက်တပ်စွဲရန် မျှော်မှန်းထားသော်လည်း အမေရိကန်၏ အင်အားအကောင်းဆုံး စစ်သင်္ဘောများသည် ဟူသီလက်နက်ကိုင်တို့နှင့် မတွေ့စေရန် လမ်းကြောင်းလွှဲနေရခြင်းမှာ ပင်လယ်ပြင်ရှိ အင်အားချိန်ခွင်လျှာကို စမ်းသပ်ခံနေရခြင်းပင် ဖြစ်သည်။
NOM

👍22❤6😱3
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံ နေ့စဉ်အစီရင်ခံစာတင်ပြနေရမှု နှင့် ပတ်သက်၍ အီရန် ဒုသမ္မတ၏ ပြောကြားချက်
နေတန်ယာဟု (Netanyahu) က ပြောကြားရာတွင် အမေရိကန်ဒုသမ္မတ "ဗန့်စ် (Vance) သည် အစ္စလာမ်မာဘတ် (ပါကစ္စတန်) မှ အပြန်ခရီးတွင် သူနေ့စဉ်ပြုလုပ်နေကျအတိုင်း ကျွန်ုပ်ထံသို့ အစီရင်ခံစာ တင်ပြခဲ့သည်" ဟု ဆိုသည်။
သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးသည် အခြားအစိုးရခေါင်းဆောင်တစ်ဦးထံသို့ "နေ့စဉ်အစီရင်ခံစာများ" ပေးပို့နေရခြင်းဖြစ်သည်။
ဤသည်မှာ ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ထက် (အမေရိကန်၏) ဖွဲ့စည်းပုံယန္တရားတစ်ခုလုံး အရှက်တကွဲ အရှုံ့ချခံနေရခြင်းပင် ဖြစ်သည်။
အိမ်ဖြူတော်သည် အခြားအစိုးရတစ်ခုအတွက် "အစီရင်ခံစာတင်ပြရာ ဌာနခွဲ" တစ်ခုသဖွယ် ဖြစ်နေသည်ကို အမေရိကန်ပြည်သူများ သိရှိကြပါသလား။

👍31❤3❤🔥1😡1
မဟာသင်္ကြန်အကျနေ့ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်အစရှိသည့် မဏ္ဍပ်များ၌ ရိုးရာအစဉ်အလာနှင့်အညီ ဆက်လက်ဆင်နွှဲ
ဧပြီ ၁၄၊ ၂၀၂၆
ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အကျနေ့)တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ဥပုသ်သတင်းသီလဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်း လျက်ရှိသည်။
မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ ဒလ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ကော့မှူး၊ ကိုကိုးကျွန်း၊ တွံတေးနှင့် ဒေါပုံမြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မင်းလှ၊ ထန်းတပင်၊ ကဝ၊ ရေတာရှည်၊ ကျောက်ကြီး၊ ဇီးကုန်း၊ နတ္တလင်း၊ အုတ်ဖို၊ ကျောက်တံခါး၊ ရွှေကျင်၊ ဖြူး၊ အုတ်တွင်းမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတ၊ ကြံခင်း၊ လပွတ္တာ၊ ညောင်တုန်း၊ ငပုတော၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ သာပေါင်း၊ ငါးသိုင်းချောင်းနှင့် ရွှေသောင်ယံမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ ပြင်ဦးလွင်၊ ရမည်းသင်း၊ ဝမ်းတွင်း၊ မြစ်သားမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ချောက်၊ ဆိပ်ဖြူ၊ ကံမ၊ ရေစကြိ၊ မင်းလှမြို့နယ်တို့လည်းကောင်း၊ မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် နမ့်စမ်၊ ဆီဆိုင်မြို့နယ် တို့၌လည်းကောင်း၊ တနင်္ဿာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တို့၌လည်းကောင်း မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ကပြသီဆိုဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန်းလက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများ ပြုလုပ် ကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန် အကျနေ့ နံနက်ပိုင်းတွင် လူကြီး၊ လူငယ်အရွယ် စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်း ဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူးကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုသူများပြားလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ ထမနဲ့သင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ကလေးငယ်များမှအစ လူငယ်၊ လူရွယ်များအထိ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

👍16❤10