တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်
ဧပြီ ၁၃၊ ၂၀၂၆
သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟုအနက်အဓိပ္ပာယ်ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူး ချိန်ခါမင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းလေ့ရှိကြပြီး ရေသည်အကြားအလပ်မရှိ ပြင်ညီတစ်သားတည်းသဘောရှိသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူများကို အေးမြစေကြောင်းရေပက်ဖျန်း၍ မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။
ထိုသို့ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင်မဏ္ဍပ်၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှစ်ဦး အားမာန် နေဝန်းနီသင်္ကြန်အတာရေကစားမဏ္ဍပ် အားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ် ဗဟိုမဏ္ဍပ်နှင့် နမ့်စန်တပ်နယ်ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာသင်္ကြန် မဏ္ဍပ်၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ မြိတ်မြို့ မြန်မာ့ရိုးရာမဟာင်္ကြန် ဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည် ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မိသားစုမဟာသင်္ကြန်ရေသဘင်ပွဲတော် မဏ္ဍပ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် စစ်တွေတပ်နယ်မဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ မုံရွာမြို့ဗဟိုမဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေးမဟာသင်္ကြန်မဏ္ဍပ် တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌လည်းကောင်း အသီးသီးပြုလုပ်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာ ရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရသည်။
NOM

👍9❤4
နယ်သာလန်နိုင်ငံရဲ့ ဘုရင်နဲ့ မိဖုရားကို "အမေရိကန် ယေရှု"(ထရမ့်) နဲ့ သူ့ရဲ့ ဆလားဗစ်လူမျိုး ဇနီးသည်တို့က အဖြူရောင်ဘုရားကျောင်း (အိမ်ဖြူတော်) မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
NOM
NOM
👍10😨6❤1
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေး
ဧပြီ ၁၃၊ ၂၀၂၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂ဝ၂၆ ခုနှစ် ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန်အတွက် ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ညနေပိုင်းတွင်ရောက်ရှိရာ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့က အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ညစာစားပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ ရောက်ရှိ နေစဉ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် China Southern Power Grid၊ Yunnan Energy Group ၊ Union Resources & Engineering Co., Ltd. ၊ Yunnan Xianshang Export and Import Co.,Ltd. တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
China Southern Power Grid နှင့် တွေ့ဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆောင်ရွက်နေမှု၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် မြန်မာ-လာအို နယ်စပ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှုလုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု၊ လာအို-မြန်မာနယ်စပ် မဲခေါင်မြစ်တစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု၊ လာအို-မြန်မာ ဖြတ်ကျော်ဓာတ်အား လိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲသည့် ဒေသများသို့ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်ရန် ကြိုတင်အစီအမံပြုလုပ်၍ စီမံချက်ရေးဆွဲသွားရန် လိုအပ်မှုအခြေအနေ၊ ရန်ကုန်မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေးတွင် ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေး ဦးစားပေးဆောင်ရွက် လိုသည့်အခြေအနေ၊ စက်သုံးဆီသုံးစွဲမှု လျော့ကျစေရေး EV Charging Stations များကို ဆိုလာနှင့် ပေါင်းစပ်ပြီး မြန်မာဓာတ်အားစနစ်နှင့် ကိုက်ညီသည့် လက်တွေ့ကျသည့် System Design တစ်ခုကို ဆောင်ရွက်သွားလိုသည့် အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေး
Yunnan Energy Group ၊ Union Resources & Engineering Co.,Ltd. နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်တို့ဖြင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်မည့်အခြေအနေ၊ ကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ Yunnan Xianshang Export and Import Co.,Ltd. နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီတင်သွင်းရာတွင် သက်သာသောနှုန်းထားဖြင့် ရေရှည်တင်သွင်းနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

👍17❤10❤🔥1
အီရန်နိုင်ငံအား ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှုကို စတင်ပြီး တစ်ရက်မပြည့်မီမှာပင် ဆော်ဒီအာရေဗျနိုင်ငံက ထိုပိတ်ဆို့မှုကို ရပ်တန့်ရန် အမေရိကန်သမ္မတ ထရမ့်ကို ဖိအားပေးနေကြောင်း WSJ (Wall Street Journal) က ဖော်ပြသည်။
ထိုသို့ ပိတ်ဆို့ခြင်းကြောင့် ဟူသီလက်နက်ကိုင်များက ပင်လယ်နီနှင့် ဘပ်အယ်လ်မန်ဒက် (Bab Al-Mandab) ရေလက်ကြားတို့တွင် ပဋိပက္ခများကို ပိုမိုအရှိန်မြှင့်လာစေနိုင်ကြောင်း ဆော်ဒီက သတိပေးထားသည်။

👍20❤6
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၁၃၈၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
ဧပြီ ၁၃၊ ၂၀၂၆
မြန်မာတို့အတွက် သင်္ကြန်၏အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၍ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းချိန်ကာလတစ်ခုဖြစ်ပြီး ထိုသို့ နှစ်သစ်ကူးပြောင်းသည့်အခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများကိုဆေးကြောသည့် အတာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာဆင်နွှဲကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီပွဲတော်များအနက် အကြီးကျယ်ဆုံးနှင့် အစည်ကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး၌ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ၍ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြသည့် အထင်ကရပွဲတော်တစ်ခုဖြစ်သည်။
ထိုသို့ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်သည့် ဇေယျာသီရိရှိ မြက်ခင်းပြင်သို့ရောက်ရှိရာ တပ်မတော်အရာရှိကြီးများနှင့် မိသားစုများက စံပယ်ပန်းကုံးကမ်း၍ အတာရေပက်ဖျန်းကာ ကြိုဆိုကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် အနုပညာရှင်များက “နှစ်သစ်မင်္ဂလာ” သီချင်းဖြင့် သီဆိုမှုနှင့်အတူ ယိမ်းအဖွဲ့သမီးပျိုများက ကပြဖျော်ဖြေကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ်ရေကစားမဏ္ဍပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကိုလည်း အသီးသီးသွားရောက်ဖွင့်လှစ်ပေးကြပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပ၍ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်သည်။
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ၏ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း၍ လန်းဆန်းစေပြီး နှစ်သစ်တွင် နိုင်ငံတော်တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

👍17❤7
This media is not supported in your browser
VIEW IN TELEGRAM
ပြည်သူများကို မကာကွယ်နိုင်သဖြင့် လက်ဘနွန်စစ်သည်တစ်ဦးမျက်ရည်ကျ
လက်ဘနွန်အစိုးရ ကလက်ဘနွန်စစ်တပ်ကို လက်နက်ဖြုတ်သိမ်းထားဖြင့် နိုင်ငံတောင်ပိုင်းတွင် နယ်ချဲ့ဝါဒီ အစ္စရေးစစ်တပ်ကပြည်သူများကို စိတ်ကြိုက်သတ်ဖြတ်နေကြောင်း ဆန္ဒပြသူတစ်ဦးက ပြောကြားရာ လက်ဘနွန်တပ်ဖွဲ့ဝင်တစ်ဦး မျက်ရည်ကျခဲ့ရသည်။

👍14💔6😢4❤2
Media is too big
VIEW IN TELEGRAM
လက်ဘနွန်နိုင်ငံဘေရွတ်မြို့တော်ရှိနယ်ချဲ့အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့်ပြိုကျပျက်စီးနေသောအဆောက်အအုံများရှေ့တွင်လက်ဘနွန်ဂီတပညာရှင်တစ်ဦးကကြေကွဲစွာတီးခတ်နေစဉ်
👍14😢7😱4❤1❤🔥1🗿1
ဩစတြေးလျနိုင်ငံသည် ၎င်း၏ ပထမဆုံး အမျိုးသမီး ကြည်းတပ်ဦးစီးချုပ်ကို ခန့်အပ်
NOM
ဩစတြေးလျအစိုးရက ဒုတိယဗိုလ်ချုပ်ကြီး ဆူဇန် ကွိုင်းလ်အား ဇူလိုင်လတွင် ကြည်းတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်မည်ဖြစ်ပြီး အငြိမ်းစားယူမည့်ဒုတိယဗိုလ်ချုပ်ကြီး ဆိုင်မွန် စတူးဝပ်နေရာအား အစားထိုးရန် ကြေညာခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ကွိုင်းလ်သည် လက်ရှိတွင် ပူးပေါင်းစွမ်းရည်များ ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ၁၉၈၇ ခုနှစ်က စစ်မှုထမ်းခဲ့သည်။
ဤခန့်အပ်မှုသည် ဩစတြေးလျစစ်တပ်၏ နှစ် ၁၂၅ နှစ်တာ သမိုင်းတွင် ကြည်းတပ်ကိုအမျိုးသမီးတစ်ဦး ဦးဆောင်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရှိတွင် ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့၏ ၂၁ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပြီး အဆင့်မြင့်ခေါင်းဆောင်ရာထူးများ၏ ၁၈.၅ ရာခိုင်နှုန်းရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်းပါဝင်မှု ၂၅ ရာခိုင်နှုန်းရရှိရန် ပန်းတိုင်ထားရှိသည်။
ဩစတြေးလျအစိုးရက ရေတပ်ဗိုလ်ချုပ်ကြီး မာ့ခ် ဟမ်မွန်းဒ်အား ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်အသစ်အဖြစ် ရေတပ်ဗိုလ်ချုပ်ကြီး ဒေးဗစ် ဂျွန်စတန်အား ဆက်ခံရန် အတည်ပြုခဲ့သည်။ ရေတပ် ဗိုလ်ချုပ် မက်သယူး ဘတ်ကလေအား ဟမ်မွန်းဒ်နေရာတွင် ရေတပ်ဦးစီးချုပ်အဖြစ် အစားထိုးမည်ဖြစ်သည်။

❤14👍12
အီတလီက အစ္စရေးနှင့် ကာကွယ်ရေး ပူးပေါင်းမှုရပ်ဆိုင်း
အီတလီအစိုးရသည် အစ္စရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အလိုအလျောက် သက်တမ်းတိုးခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက အင်္ဂါနေ့တွင် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများကို ကိုးကား၍ ပြောကြားခဲ့သည်။

👍26❤8