News Of Myanmar
13.1K subscribers
23.1K photos
3.25K videos
3 files
6.61K links
Download Telegram
◾️ NCA ဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မော်ဒယ်တစ်ခုဆိုတာ ငြင်းစရာ မရှိဘူး။ သူ့မှာ ယာယီအပစ်ရပ်ပြီးတဲ့နောက် စောင့်ကြည့်ထိန်းသိမ်းရေးဆိုတဲ့ ယန္တရား တွေပါတယ်။ ဆိုလိုတာက…အပစ်ရပ်ချိန်မှာ ညှိနှိုင်းတိုင်ပင်လို့ရတဲ့ အသင်းအဖွဲ့ တွေရှိတယ်။ တစ်ဖက်မှာ နိုင်ငံရေးအရ စကားပြောဆိုခွင့်ရှိတယ်။ ဒဲ့ပြောရရင် ၂၀၀၈ ခြေဥကို လူထု/ခြေဥ ပြဌာန်းချက်ထဲ ပုဒ်မတွေတိုင်းမဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ EAO ဆိုတဲ့ အဖွဲ့ အစည်း (၄) ခုနဲ့တင် ပြင်ခွင့်ရနိုင်တဲ့ ထွက်ပေါက်လည်း ဖြစ် တယ်။
---------
◾️ ခက်တာက…ဘယ် EAO မှ သိက္ခာ မရှိနေတာပဲ။ KNU ဆိုလည်း မြဝတီမှာ ကျားဖျန့်တွေ ခေါ်သွင်းလာတာ…တကကမ္ဘာလုံး သိတဲ့ကိစ္စပဲ။ တခြား ငြိမ်းချမ်းရေး ယူထားပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေလည်း ဒီဖြစ်စဉ်တွေမှာ အတူတူပဲ။ လက်ရှိ ကျောက်မဲနား၊ တန့်ယန်းနားတွေမှာတောင် ကျားဖျန့်တွေကို ပေါ်ပေါ်တင်တင် လုံခြုံရေးယူပြီး အခကြေးငွေရယူနေတာ ဒီ EAO တွေပဲ မဟုတ်ဘူးလား။ ဘယ်မှာ လူမျိုးစုခေါင်းစားဖို့၊ ဘယ်မှာ ဖက်ဒရယ်ဆိုတဲ့ ရည်မှန်းချက်တွေ ရှိနေခဲ့ကြလို့လဲ။ အဆိုးဆုံးကတော့ ၁၀၂၇ ပေါ်လာပြီး အပြိုင်အဆိုင် ရွှေတူးကြတဲ့ လုပ်ကွက်တွေ ပေါ်ပေါက် လာပြီးကတည်းက EAO တင်မကတော့ဘူး အညာက ပဒက်တွေပါ ရွှေပဲ ပတ်တူးနေကြတော့တယ်။ ဆိုတော့… လက်နက်ကိုင်ကြတာက ဖက်ဒရယ်ခေါင်းစဉ် အမည်ခံ၊ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းနေကြတဲ့ ကိစ္စတွေဆိုတာ ရှင်းရှင်း လင်းလင်း မြင်နိုင်တာပဲ။
---------
◾️ အစိုးရဘက်ကကြည့်ရင်တော့…နိုင်ငံရေးအရ လုပ်သင့်လုပ်ထိုက်တာ လုပ်မှာပဲ။ ဖြစ်စေချင်တာက…အစိုးရသွားတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ တပ်က လည်း လုပ်သင့် လုပ်ထိုက်တာလုပ်စေ ချင်မိတာတစ်ခုပဲ။ အရင် မုန်းမြို့ အရှေ့ဘက်မှာ ကာထားတဲ့ ရှေ့တန်းစခန်းတွေ ရှိခဲ့တယ်။ NCA ထိုးပြီးတဲ့နောက် ဒီစခန်းတွေ ရုတ်လိုက်ရတယ်။ ဒီစခန်းတွေ မရှိတော့…စစ်တောင်းမြစ်ကို ရန်သူက ကျော်ပြီး မန္တလေးလမ်းဟောင်းကို လုပ်ချင်သလို လုပ်နေကြတာ မြင်နိုင်တာပဲ။ ၂၀၂၁ကနေ လက်ရှိအချိန်အတွင်းမှာတောင် တောကျွဲအင်းနား မိုင်းထောင်ဖျက်စီးတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။
-----------
◾️ ကိုယ်တွေအတွက်က တစ်နိုင်ငံလုံးကို ဖြန့်ပြီး တာဝန်ယူနေရချိန်မှာ ရန်သူ့အတွက်က စခန်းတစ်ခုရလည်း ဂုဏ်ဆာလို့ရတာပဲ။ ငြိမ်းချမ်းရေးသာ လိုချင်နေရင်…. စစ်တိုက် ဖို့ဆိုတာ ဘယ် EAO မှ အသံထွက်မယ် မထင်ဘူး။ ခုလည်း ရခိုင်မှာ ထွန်းမြတ်နိုင်က သူ့ရဲ့ စစ်ရေးရည်မှန်းချက် ပြောပြီးသွားပြီ။ အဆိုးမြင်သူ မဟုတ်ပေမယ့်…သူပြောသလိုဖြစ် လာရင်…အပစ်ရပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အိမ်နီးချင်းက ဒိုင်ဆိုပြီး ဝင်လာတာကို ခံရဦးမယ်။ ရခိုင်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ်ပါ…ကိုယ့်ဘက်က စစ်နိုင်မှ…ဘယ်ငြိမ်းချမ်း ရေးဖြစ်ဖြစ်…အပေါ်စီးက ပြောခွင့်ရှိမယ်။ လူထုကလည်း တပ်မတော်အပေါ် ယုံကြည် ကိုယ်းစားမှုရှိမယ်။ အဓိက တပ်မတော်ရဲ့ ဩဇာ၊ အာဏာကို အမြင့်ဆုံးအထိ တည်ဆောက် ထားစေချင်တာပါ။ ဥပမာ-ကိုယ့်စခန်း တစ်ခုကျရင်…ရန်သူ့ဘက်မှာ နေစရာမရှိအောင် ပြန်တုန့် ပြန်တာမျိုးဖြစ်ဖြစ်ပေါ့။

(နရီမိုး)
18👍16
စပိန်နိုင်ငံတွင် နေတန်ယာဟု၏ရုပ်တုကို မီးရှို့
NOM

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စပိန်နိုင်ငံတွင် ဘင်ဂျမင်နေတန်ယာဟု၏ရုပ်တုကို မီးရှို့ခြင်းကို “ပြောင်တင်းတင်း ဂျူးဆန့်ကျင်ရေး အမုန်းတရား” လုပ်ရပ်အဖြစ် ရှုတ်ချခဲ့သည်။

မီးရှူးမီးပန်းများ အပါအဝင် ဖျော်ဖြေပွဲကို အယ်လ်ဘာဂိုမြို့တွင် ကျင်းပစဉ်အစ္စရေးဝန်ကြီးချုပ်၏ရုပ်ထုကိုမီးရှို့ခြင်းဖြစ်သည်။ အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စပိန်အာဏာပိုင်များ၏ ဝေဖန်မှုများကြားတွင် ယင်းပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
👍3110❤‍🔥1
လားရှိုး - သီပေါလမ်း၊ ခေးနင်း တိုးဂိတ်အနီး အံစာတုံးယာဉ်တိမ်းမှောက်‌ လေးဦး သေဆုံး
NOMဧပြီ ၁၂၊ ၂၀၂၆
လားရှိုး - သီပေါလမ်း၊ ခေးနင်း တိုးဂိတ်အနီးတွင် အံစာတုံးယာဉ် တိမ်းမှောက်၍ လေး ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာ ရကြောင်း သိရသည်။
ဖြစ်စဉ်မှာရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-သီပေါလမ်း ၊ ခေးနင်းတိုးဂိတ်အနီးတွင် ဧပြီ၁၁ ရက်မွန်းလွဲ၂ နာရီခန့်ကအရှိန်မထိန်းနိုင်ဘဲ ခရီးသည်တင်အံစာတုံးယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦး ၊ အမျိုးသမီး နှစ် ဦးလေးဦးသေဆုံး ခဲ့ပြီးရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
😢19👍64😨2
This media is not supported in your browser
VIEW IN TELEGRAM
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အီရန်၏ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးသွားသော အမေရိကန် ဘိုအင်း KC-135R ဝေဟင်ဆီဖြည့်လေယာဉ်သည် ပြုပြင်ရန်အတွက် ယူကေသို့ ရောက်ရှိလာသည်။

လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်း တော်တော်များများတွင် လက်နက်ပေါက်ကွဲစများ ထိမှန်ထားသည်များကို မြင်တွေ့ရသည်။

NOM
👍252😨2😱1
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံအပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုတွင် ဗြိတိန်က ပါဝင်မည် မဟုတ်ကြောင်း ယနေ့အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် ယခုအခါ သြစတြေးလျနိုင်ငံကလည်း ၎င်းတို့အနေဖြင့် ထိုပိတ်ဆို့မှုတွင် ပါဝင်မည်မဟုတ်ကြောင်း ထပ်မံကြေညာလိုက်သည်။

NOM
👍348😨3
ဒေါ်နယ်ထရမ့်က သူ့ရဲ့ ထရု(ပ်) ဆိုရှယ်မီဒီယာမှာ ပုပ်ရဟန်းမင်းကြီးနဲ့ ပတ်သက်ပြီး အခုလို ပို့စ်ရေးတင်ခဲ့ပါတယ်။

"ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) ဟာ ရာဇဝတ်မှုနှိမ်နင်းရေးမှာ ပျော့ညံ့ပြီး နိုင်ငံခြားရေးမူဝါဒမှာလည်း အလွန်ညံ့ဖျင်းပါတယ်။

သူက ထရမ့်အစိုးရအပေါ် 'ကြောက်ရွံ့မှု' အကြောင်းတွေ ပြောနေပေမဲ့ ကိုဗစ်ကာလတုန်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အဖွဲ့အစည်းတွေ ကြုံခဲ့ရတဲ့ ကြောက်ရွံ့မှုတွေအကြောင်းတော့ သူ ထည့်မပြောပါဘူး။

အဲဒီတုန်းက အပြင်မှာ တစ်ဦးနဲ့တစ်ဦး ၁၀ ပေ၊ ပေ ၂၀ စီ ဝေးဝေးနေပြီး ဘုရားကျောင်းဝတ်ပြုပွဲ လုပ်တာကိုတောင် ဘုန်းတော်ကြီးတွေနဲ့ လူတိုင်းကို လိုက်ဖမ်းခဲ့ကြတာပါ။

ကျွန်တော်ကတော့ သူ့ညီ လူးဝစ် (Louis) ကို ပိုသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ လူးဝစ်က MAGA (ထရမ့်၏ ဆောင်ပုဒ်) ကို အပြည့်အဝ ထောက်ခံသူ ဖြစ်လို့ပါ။ သူက အခြေအနေကို နားလည်တယ်၊ လီယိုကတော့ နားမလည်ဘူး။

အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်တာကို လက်ခံပေးတဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော် အလိုမရှိပါဘူး။

အမေရိကန်ထဲကို မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပို့နေတဲ့အပြင် သူတို့ထောင်ထဲက လူသတ်သမားတွေနဲ့ မူးယစ်ဆေးကုန်သည်တွေကို ကျွန်တော်တို့နိုင်ငံထဲ လွှတ်ပေးနေတဲ့ ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်တာကို 'ဆိုးရွားတယ်' လို့ ထင်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိပါဘူး။

ပြီးတော့ အမေရိကန်သမ္မတကို ဝေဖန်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ မဲအပြတ်အသတ်နဲ့ ရွေးကောက်ခံရတဲ့အတိုင်း ရာဇဝတ်မှုနှုန်းကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချနေပြီး သမိုင်းမှာ အကောင်းဆုံး စတော့ရှယ်ယာဈေးကွက်ကို ဖော်ဆောင်ပေးနေလို့ပါ။

တကယ်တော့ လီယိုဟာ ကျေးဇူးတင်သင့်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း သူ ပုပ်ရဟန်းမင်းကြီး ဖြစ်လာတာက အားလုံးကို အံ့အားသင့်စေခဲ့တာပါ။

သူဟာ ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ စာရင်းထဲမှာတောင် မပါခဲ့ပါဘူး။ သူက အမေရိကန်လူမျိုးဖြစ်နေလို့ ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ဘုရားကျောင်းက သူ့ကို အဲဒီနေရာမှာ ထားခဲ့တာပါ။

ကျွန်တော်သာ အိမ်ဖြူတော်မှာ မရှိရင် လီယိုလည်း ဗာတီကန်မှာ ရှိနေမှာ မဟုတ်ပါဘူး။ ကံမကောင်းတာက လီယိုဟာ ရာဇဝတ်မှုနဲ့ နျူကလီးယားကိစ္စတွေမှာ ပျော့ညံ့လွန်းနေပြီး ဒေးဗစ် အက်ဆယ်ရော့ဒ် (David Axelrod) လိုမျိုး လက်ဝဲယိမ်း အိုဘားမား ထောက်ခံသူတွေနဲ့ တွေ့ဆုံနေတာကို ကျွန်တော် လက်မခံနိုင်ပါဘူး။

လီယိုအနေနဲ့ ပုပ်ရဟန်းမင်းကြီးတစ်ယောက်လို ပြုမူနေထိုင်သင့်ပြီး သာမန်အသိတရားကို သုံးကာ လက်ဝဲအစွန်းရောက်တွေရဲ့ အလိုကို လိုက်နေတာကို ရပ်တန့်သင့်ပါတယ်။

နိုင်ငံရေးသမား မလုပ်ဘဲ ပုပ်ရဟန်းမင်းကြီးကောင်းတစ်ယောက် ဖြစ်ဖို့သာ အာရုံစိုက်သင့်ပါတယ်။ အခုလို လုပ်ရပ်တွေက သူ့ကိုတင်မကဘဲ ကက်သလစ်ဘုရားကျောင်းတော်ကြီးကိုပါ အကြီးအကျယ် ထိခိုက်စေပါတယ်။"

NOM
👍20😱6😡54
ပန်တောင်းတပ်နယ်မှ ထွက်ပြေးသည့် စစ်သည်များကို စစ်ကော်မရှင်က ဖမ်းဆီး၍ မျက်နှာပေါ်တွင် တပ်ပြေးဟု တက်တူးများထိုးကာ ညှဉ်းပန်းနှိပ်စက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ဟု မဟုတ်မမှန် သတင်းများရေးသားဖြန့်ဝေလျက်ရှိ

ဧပြီ ၁၃၊ ၂၀၂၆

NOM
👍123😡2
ယင်းမာပင်မြို့နယ်၊ ဗြမ္မာဒါတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

ဧပြီ ၁၃၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲ စထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ ဦးချစ်ငွေ (၅၇) နှစ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဗြမ္မာဒါတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

NOM
👍7😨61
နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

ဧပြီ ၁၃၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၁ ရက်နေ့ ည ၆ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်၌ နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးမောင်လှ (၂၉) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
👍7😢51😨1
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

NOM ဧပြီ ၁၃၊ ၂၀၂၆

၁၃၈၇ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး‌အောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်‌အောင် တို့ကဖွင့်လှစ်‌ပေးကြသည်။

အဆိုပါ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ယိမ်းအကအလှပြိုင်ပွဲများ၊ အနုပညာရှင်များ၏ခေတ် ပေါ် တေးဂီတဖျော်ဖြေပွဲများ၊ K Pop Music အဖွဲ့၏ ဖျော်ဖြေတင် ဆက်မှုများ၊ မြန်မာ့ဇာတ်သဘင် အကအလှများ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည်။

သင်္ကြန်ကာလအတွင်း နေ့စဉ် ယိမ်းအကအလှပြိုင်ပွဲများ၊ ရုပ်ရှင်၊ ဘဘင်၊ ဂီတအစည်းအရုံး ၃ ခု၏ အလှည့်ကျဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပြီး ညပိုင်းတွင် မြန်မာ့ဇာတ်သဘင်အစီအစဉ်များဖြင့်ဖျော်ဖြေသွားမည်ဖြစ်‌ကြောင်းသိရသည်။

NOM
13👍10
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံး

NOM
😢72👍2😡1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးဆုမွန်ကောင်းတောင်း
13👍11
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံး။

NOM
😢11👍21
မြို့နယ်အချို့၌ Drone ဖြင့် Drop Bomb များပစ်ချခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၀) ဦး ထိခိုက် ဒဏ်ရာရရှိ။

NOM
😢14😡41👍1
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီကျင်းပပြုလုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်         
                                    
ဧပြီ ၁၃၊ ၂၀၂၆

NOM
👍159🕊1😡1