News Of Myanmar
13.1K subscribers
23.1K photos
3.25K videos
3 files
6.61K links
Download Telegram
🚨 အီရန်-အမေရိကန် ဆွေးနွေးပွဲ မအောင်မြင်

အီရန် တက်စ်နင်မ် သတင်းဌာန၏ အီရန်-အမေရိကန် ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်

ဆွေးနွေးပွဲ အခြေအနေ

မိုဟာမက် ဘာကွာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf)၊ အက်ဘတ်စ် အရတ်ချီ (Abbas Araqchi) နှင့် အလီ ဘာဂီရီ (Ali Bagheri) တို့ ဦးဆောင်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့သည် ကျွမ်းကျင်ပညာရှင်များနှင့်အတူ (၂၁) နာရီကြာ အမေရိကန်ကိုယ်စားလှယ်အဖွဲဲ့နှင့် ပြင်းထန်သော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။

အီရန်၏ ရပ်တည်ချက်

နိုင်ငံရေး၊ စစ်ရေးနှင့် ငြိမ်းချမ်းစွာ အသုံးပြုမည့် နျူကလီးယား နယ်ပယ်များတွင် အီရန်နိုင်ငံ၏ အခြေခံရပိုင်ခွင့်များကို ခိုင်ခိုင်မာမာ ကာကွယ်ပြောဆိုခဲ့ကြသည်။

အမေရိကန်၏ အလွန်အကျွံ တောင်းဆိုမှုများကို ပယ်ချခြင်း

ဟော်မုဇ် ရေလက်ကြား အရေးနှင့် နျူကလီးယား ပစ္စည်းများကို ဖယ်ရှားပေးရန် စသည့် အမေရိကန်၏ အလွန်အကျွံ တောင်းဆိုမှုများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ ဤအချက်များသည် အမေရိကန်အနေဖြင့် စစ်မြေပြင်တွင်ပင် မအောင်မြင်နိုင်ခဲ့သည့် အချက်များ ဖြစ်သည်။

အီရန်ဘက်က ဘုံလုပ်ငန်းစဉ်တစ်ခုအတွက် အဆိုပြုချက်များ တင်ပြခဲ့သော်လည်း အမေရိကန်၏ "လောဘဇောတိုက်သည့် စိတ်နေစိတ်ထား" ကြောင့် ဆင်ခြင်တုံတရားနှင့် သဘောတူညီမှု ရရှိရေးကို အဟန့်အတား ဖြစ်စေခဲ့သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍245🕊3
This media is not supported in your browser
VIEW IN TELEGRAM
လက်ဘနွန်တောင်ပိုင်း တိုင်ရီမြို့ကိုနယ်ချဲ့ဝါဒီအစ္စရေးက နိုင်ငံတကာတွင် တားမြစ်ထားသော ဖော့စဖရပ်မီးလောင်ဗုံးဖြင့် ဗုံးကြဲချတိုက်ခိုက်နေသည်။

NOM
😡24😱6👍31
အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကတော့ အကယ်၍ အီရန်-အမေရိကန် ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အီရန်ညှိနှိုင်းရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပေါ်ပေါ်ထင်ထင် တိုက်တွန်း

ဝါရှင်တန်ပို့စ် (Washington Post) ရဲ့ သတင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) ရဲ့ တုံ့ပြန်ပြောကြားချက်

"အမေရိကန်အရာရှိတွေက အီရန်ဟာ ရိုးသားမှုမရှိဘူး။ ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ စွပ်စွဲနေကြတဲ့အချိန်မှာပဲ အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကတော့ အကယ်၍ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အီရန်ညှိနှိုင်းရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပေါ်ပေါ်ထင်ထင် တိုက်တွန်းနေကြပါတယ်။ 'နိုင်ငံတကာ အကြမ်းဖက်မှု' ကို အခုလို ဗြောင်ကျကျ လှုံ့ဆော်နေမှုတွေကို လူတိုင်းက ဝိုင်းဝန်းရှုတ်ချသင့်ပါတယ်။"

NOM
😡218❤‍🔥1👍1
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပ

ဧပြီ ၁၁၊ ၂၀၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို၍ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေးတာဝန်ယူ၍ စိစစ်ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေး စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတော်အစိုးရအဖွဲ့အသစ်အနေဖြင့် နိုင်ငံတော်၏ စာမျက်နှာသစ်စတင်ဖွင့်လှစ်သည့် အခါသမယတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့် ထုတ်လုပ်နိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းသည် လွန်စွာဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ရေနံစိမ်းများ တိုးမြှင့်ထွက်ရှိလာပါက နိုင်ငံတော်အတွက် လိုအပ်သည့် စက်သုံးဆီများ တိုးမြှင့်ချက်လုပ်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများအတွက် ချက်ချင်းလက်ငင်း အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း။

မြန်မာ့ရေနံမြေများ၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်ရှိနေသည့် သက်တမ်းရင့် ရေနံမြေများဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုသည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်းနှစ် ၅၀ ခန့်ရှိပြီဖြစ်ရာ အထွက်တိုးလာစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု ရမည်ဖြစ်သည်နှင့်အညီ မှန်ကန်သည့် နည်းပညာရွေးချယ်အသုံးပြုနိုင်မှု၊ သင့်လျော်သည့် စက်ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်မှု၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအနှီး စိုက်ထုတ်နိုင်မှု၊ အတွေ့အကြုံရှိမှု စသည့်လိုအပ်ချက်များကို ဟန်ချက်ညီဖြည့်ဆည်းနိုင်ရန် လိုအပ်သည်ဖြစ်ရာ ယင်းအခြေခံလိုအပ်ချက်များကိုစိစစ်ပြီး အသင့်လျော်ဆုံးဖြစ်သည့် အဖွဲ့အစည်းအားရွေးချယ်၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း။

တိုးတက်ထွက်ရှိလာမည်

ထို့အပြင် ပြည်တွင်းရေနံစိမ်းလိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်လာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်စေရန် ရည်ရွယ်ချက်များဖြင့် ရေနံလက်ယက်တွင်းများ တူးဖော်နေခြင်းကို ပိတ်သိမ်းစေပြီး ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း ၃၆ ခုအား နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ် လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ မကြာမီအချိန်အတွင်း စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ရေနံစိမ်းများ တိုးတက်ထွက်ရှိလာမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီသုံးစွဲမှု ၉၇ ရာခိုင်နှုန်းကို ဝယ်ယူတင်သွင်းနေရသည်ဖြစ်ရာ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် မိမိတို့ပြည်သူများအနေဖြင့် လွန်စွာခက်ခဲသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းအခက်အခဲများမှ လွတ်မြောက်နိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတူးဖော်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် ရေနံစိမ်းများကိုလည်း ကိုယ်တိုင်ချက်လုပ်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ရေနံ ချက်စက်ရုံအသစ်များ ထပ်မံထွက်ပေါ်လာစေရေးအတွက် စီမံဆောင်ရွက်နေပြီး ၁၉၈၂ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်ခြင်း၊ စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် North Petro-Chem Corporation (Myanmar)Limited ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး စာချုပ်ပါ ကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။

NOM
15👍5
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ မအောင်မြင်ဟု အမေရိကန်ဒုတိယသမ္မတပြော
😱124👍2😢2😡1
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ်ဆေး

ဧပြီ ၁၁၊ ၂၀၂၆

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မုခ်ဦးတည်ဆောက်နေမှု၊ ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားမှု၊ ယိမ်းအဖွဲ့များဇာတ်တိုက်လေ့ကျင့်ရေးကိစ္စ၊ သင်္ကြန်မဏ္ဍပ်များတည်ဆောက်နေမှု၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ရင်ပြင်၌ကျင်းပမည့် လမ်းလျှောက်သင်္ကြန်၌ နိုင်ငံကျော်တေးသံရှင်များက အကြိုနေ့နံနက်ပိုင်းမှ စတင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

NOM
13👍7
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသဘောထားထုတ်ပြန် ကြေညာချက် အမှတ်စဥ် (၁/၂၀၂၆)
11👍10
စစ်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်ပေမဲ့ အမေရိကန်အနေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲတာ (အကြမ်းဖက်မှု) ကလွဲရင် တခြားအသုံးချနိုင်တဲ့ နည်းလမ်းမရှိတော့ပါဘူး။

အခုဆိုရင် ကမ္ဘာကြီးဟာ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုရဲ့ အကျိုးဆက်တွေကို စတင်ခံစားနေရပြီဖြစ်ပေမဲ့ အီရန်ဘက်က ထုတ်မသုံးရသေးတဲ့ တခြားနည်းလမ်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဘပ်အယ်လ်မန်ဒက်ဘ် (Bab al-Mandeb) ရေလက်ကြားပဲ ဖြစ်ပါတယ်။

ယီမင်မှာရှိတဲ့ အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အန်ဆာရဲလား Ansarallah အဖွဲ့ဟာ ဂါဇာမှာ အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဘပ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကို ပိတ်ပစ်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကို ဘိုင်ဒန်ရော ထရမ့်ပါ ပြန်ဖွင့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အရှက်တကွဲနဲ့ ကျရှုံးခဲ့ကြပါတယ်။

NOM
👍3411
ဘားအံမြို့လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကို သေဆုံးလျက်ပြန်တွေ့
NOM၊ဧပြီ၁၂၊၂၀၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကိုယနေ့(ဧပြီ၁၂ရက်)နံနက်၈နာရီ
၄၀မိနစ်တွင်ပြန်လည်တွေ့ရှိခဲ့သည့်ဟုမီးသတ်မှသတင်းထုတ်ပြန်
ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီး၊ သံလွင်မြစ်သောင်ထွန်းသည့်နေရာတွင်ဧပြီ၁၁ရက်ညနေ၅နာရီ ၁၅မိနစ်ခန့်တွင် အသက်၁၀နှစ်ကျော်ယောကျ်ာလေး နှစ်ဦး ရေဆင်းကူးရာမှ
ရေနစ်ပျောက်ဆုံးခဲ့သဖြင့်သွား ရောက်ရှာဖွေည၈နာရီ ၁၂မိနစ်ခန့်တွင်တစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

"မိုးကလည်းချုပ်တော့ရှာဖွေမှုတွေကအဆင်မပြေတော့ဘူးဒါကြောင့်ည ၉နာရီလောက်မှာ ရှာဖွေမှုကိုရပ်ဆိုင်လိုက်တယ်ဒီနေ့မနက်မှဆက်လက်ရှာဖွေခဲ့တာနံနက် ၈နာရီမှာတွေ့ရှိခဲ့ပါတယ်"ဟု ကရင်ပြည်နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
😢144👍4
ယင်းမာပင်မြို့နယ်လည်ငေါက်ရွာတိုက်ပွဲတွင် AA နှင့် PDF ၁၅လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်ရ

NOM ဧပြီ ၁၂၊ ၂၀၂၆

ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်သမားများ ယနေ့ဧပြီလ ၁၂ ရက် နံနက် ၁၁:၃၀ နာရီမှ နေ့လယ် ၂:၄၅ နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပြီး ရန်သူများဆုတ်ခွာထွက်ပြေးသွားကာ AA ယူနီဖောင်းဝတ်အလောင်း ၅ လောင်း၊ PDF အလောင်း ၁၀ လောင်းနှင့် လက်နက်မျိုးစုံ ၁၇ လက်သိမ်းဆည်းရမိပြီး မိမိလုံခြုံရေးစစ်ကြောင်းမှသုံးဦးဒဏ်ရာရကြောင်းသိရသည်။

ဖြစ်စဉ်မှာ သရက်ကန်ရွာဘက်မှနယ်မြေရှင်းလင်းလာသော တပ်နှင့်ရဲကွန်မန်ဒိုစစ်ကြောင်းကို လည်ငေါက်ကျေးရွာအနီး၌ AA နှင့် PDF အင်အားရာကျော်က ဝိုင်းဝန်းပိတ် ဆို့တိုက်ခိုက်ရာ လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်သဖြင့် နေ့လယ် ၂:၄၅ နာရီတွင် ရန်သူများဆုတ်ခွာထွက်ပြေးသွားပြီး ရန်သူ့ထံမှအလောင်း ၁၅ လောင်းနှင့် အမ်အေသေနတ် ၁၀ လက်၊ စနိုက်ပါတစ်လက်၊ စက်လတ်တစ်လက်၊ AKနှစ်လက်၊ M-79 လောင်ချာတစ်လက်၊RPG တစ်လက်သိမ်းဆည်းရမိကြောင်းသိရသည်။

NOM
👍299
ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ ဂျင်ဝိုင်း တိုင်ကြားသော််လည်း ဖမ်းဆီးသူမရှိ

NOM ဧပြီ ၁၂၊ ၂၀၂၆

ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာတောင်ဘက်၊ အာဟာရသုခစျေးရှေ့တွင် အဆောက်အဦးအခိုင်အမာဆောက်ပြီး ညနေ ၅ နာရီမှ နံနက် ၆ နာရီအထိ ဂျင်ဝိုင်းအကြီးအကျယ်လုပ်နေကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးကို တိုင်ကြားသော်လည်း ဖမ်းဆီးခြင်းမရှိကြောင်း၊ အဆိုပါဂျင်ဝိုင်းကြောင့် ကင်ပွန်းတန်းကျေးရွာတွင် ဆိုင်ကယ်များ၊ ပစ္စည်းများပျောက်ဆုံးနေသော်လည်း ရဲတပ်ဖွဲ့မှအရေးယူဆောင်ရွက်ခြင်းမရှိကြောင်း၊ ထို့ ကြောင့် ရွာသူရွာသားများက ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်ထံတိုင်တန်းထားကြောင်းသိရသည်။

NOM
👍238😱1
🚨 အီရန်အပေါ် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှု ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ထရန့် ကြေညာ

သမ္မတ ထရန့်က အီရန်နိုင်ငံအပေါ် 'ချက်ချင်း' အကျိုးသက်ရောက်စေမည့် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှုတစ်ရပ်ကို ကြေညာလိုက်သည်။

ထို့အပြင် နိုင်ငံတကာရေပြင်တွင် သွားလာနေသော အရပ်ဘက်သင်္ဘောများအနက် အီရန်နိုင်ငံသို့ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ ပေးဆောင်ထားသည့် မည်သည့်သင်္ဘောကိုမဆို သိမ်းဆည်းရန် အမေရိကန်ရေတပ်ကို ညွှန်ကြားထားသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
😱14👍105😡5
◾️ NCA ဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မော်ဒယ်တစ်ခုဆိုတာ ငြင်းစရာ မရှိဘူး။ သူ့မှာ ယာယီအပစ်ရပ်ပြီးတဲ့နောက် စောင့်ကြည့်ထိန်းသိမ်းရေးဆိုတဲ့ ယန္တရား တွေပါတယ်။ ဆိုလိုတာက…အပစ်ရပ်ချိန်မှာ ညှိနှိုင်းတိုင်ပင်လို့ရတဲ့ အသင်းအဖွဲ့ တွေရှိတယ်။ တစ်ဖက်မှာ နိုင်ငံရေးအရ စကားပြောဆိုခွင့်ရှိတယ်။ ဒဲ့ပြောရရင် ၂၀၀၈ ခြေဥကို လူထု/ခြေဥ ပြဌာန်းချက်ထဲ ပုဒ်မတွေတိုင်းမဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ EAO ဆိုတဲ့ အဖွဲ့ အစည်း (၄) ခုနဲ့တင် ပြင်ခွင့်ရနိုင်တဲ့ ထွက်ပေါက်လည်း ဖြစ် တယ်။
---------
◾️ ခက်တာက…ဘယ် EAO မှ သိက္ခာ မရှိနေတာပဲ။ KNU ဆိုလည်း မြဝတီမှာ ကျားဖျန့်တွေ ခေါ်သွင်းလာတာ…တကကမ္ဘာလုံး သိတဲ့ကိစ္စပဲ။ တခြား ငြိမ်းချမ်းရေး ယူထားပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေလည်း ဒီဖြစ်စဉ်တွေမှာ အတူတူပဲ။ လက်ရှိ ကျောက်မဲနား၊ တန့်ယန်းနားတွေမှာတောင် ကျားဖျန့်တွေကို ပေါ်ပေါ်တင်တင် လုံခြုံရေးယူပြီး အခကြေးငွေရယူနေတာ ဒီ EAO တွေပဲ မဟုတ်ဘူးလား။ ဘယ်မှာ လူမျိုးစုခေါင်းစားဖို့၊ ဘယ်မှာ ဖက်ဒရယ်ဆိုတဲ့ ရည်မှန်းချက်တွေ ရှိနေခဲ့ကြလို့လဲ။ အဆိုးဆုံးကတော့ ၁၀၂၇ ပေါ်လာပြီး အပြိုင်အဆိုင် ရွှေတူးကြတဲ့ လုပ်ကွက်တွေ ပေါ်ပေါက် လာပြီးကတည်းက EAO တင်မကတော့ဘူး အညာက ပဒက်တွေပါ ရွှေပဲ ပတ်တူးနေကြတော့တယ်။ ဆိုတော့… လက်နက်ကိုင်ကြတာက ဖက်ဒရယ်ခေါင်းစဉ် အမည်ခံ၊ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းနေကြတဲ့ ကိစ္စတွေဆိုတာ ရှင်းရှင်း လင်းလင်း မြင်နိုင်တာပဲ။
---------
◾️ အစိုးရဘက်ကကြည့်ရင်တော့…နိုင်ငံရေးအရ လုပ်သင့်လုပ်ထိုက်တာ လုပ်မှာပဲ။ ဖြစ်စေချင်တာက…အစိုးရသွားတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ တပ်က လည်း လုပ်သင့် လုပ်ထိုက်တာလုပ်စေ ချင်မိတာတစ်ခုပဲ။ အရင် မုန်းမြို့ အရှေ့ဘက်မှာ ကာထားတဲ့ ရှေ့တန်းစခန်းတွေ ရှိခဲ့တယ်။ NCA ထိုးပြီးတဲ့နောက် ဒီစခန်းတွေ ရုတ်လိုက်ရတယ်။ ဒီစခန်းတွေ မရှိတော့…စစ်တောင်းမြစ်ကို ရန်သူက ကျော်ပြီး မန္တလေးလမ်းဟောင်းကို လုပ်ချင်သလို လုပ်နေကြတာ မြင်နိုင်တာပဲ။ ၂၀၂၁ကနေ လက်ရှိအချိန်အတွင်းမှာတောင် တောကျွဲအင်းနား မိုင်းထောင်ဖျက်စီးတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။
-----------
◾️ ကိုယ်တွေအတွက်က တစ်နိုင်ငံလုံးကို ဖြန့်ပြီး တာဝန်ယူနေရချိန်မှာ ရန်သူ့အတွက်က စခန်းတစ်ခုရလည်း ဂုဏ်ဆာလို့ရတာပဲ။ ငြိမ်းချမ်းရေးသာ လိုချင်နေရင်…. စစ်တိုက် ဖို့ဆိုတာ ဘယ် EAO မှ အသံထွက်မယ် မထင်ဘူး။ ခုလည်း ရခိုင်မှာ ထွန်းမြတ်နိုင်က သူ့ရဲ့ စစ်ရေးရည်မှန်းချက် ပြောပြီးသွားပြီ။ အဆိုးမြင်သူ မဟုတ်ပေမယ့်…သူပြောသလိုဖြစ် လာရင်…အပစ်ရပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အိမ်နီးချင်းက ဒိုင်ဆိုပြီး ဝင်လာတာကို ခံရဦးမယ်။ ရခိုင်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ်ပါ…ကိုယ့်ဘက်က စစ်နိုင်မှ…ဘယ်ငြိမ်းချမ်း ရေးဖြစ်ဖြစ်…အပေါ်စီးက ပြောခွင့်ရှိမယ်။ လူထုကလည်း တပ်မတော်အပေါ် ယုံကြည် ကိုယ်းစားမှုရှိမယ်။ အဓိက တပ်မတော်ရဲ့ ဩဇာ၊ အာဏာကို အမြင့်ဆုံးအထိ တည်ဆောက် ထားစေချင်တာပါ။ ဥပမာ-ကိုယ့်စခန်း တစ်ခုကျရင်…ရန်သူ့ဘက်မှာ နေစရာမရှိအောင် ပြန်တုန့် ပြန်တာမျိုးဖြစ်ဖြစ်ပေါ့။

(နရီမိုး)
18👍16
စပိန်နိုင်ငံတွင် နေတန်ယာဟု၏ရုပ်တုကို မီးရှို့
NOM

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စပိန်နိုင်ငံတွင် ဘင်ဂျမင်နေတန်ယာဟု၏ရုပ်တုကို မီးရှို့ခြင်းကို “ပြောင်တင်းတင်း ဂျူးဆန့်ကျင်ရေး အမုန်းတရား” လုပ်ရပ်အဖြစ် ရှုတ်ချခဲ့သည်။

မီးရှူးမီးပန်းများ အပါအဝင် ဖျော်ဖြေပွဲကို အယ်လ်ဘာဂိုမြို့တွင် ကျင်းပစဉ်အစ္စရေးဝန်ကြီးချုပ်၏ရုပ်ထုကိုမီးရှို့ခြင်းဖြစ်သည်။ အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စပိန်အာဏာပိုင်များ၏ ဝေဖန်မှုများကြားတွင် ယင်းပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
👍3110❤‍🔥1
လားရှိုး - သီပေါလမ်း၊ ခေးနင်း တိုးဂိတ်အနီး အံစာတုံးယာဉ်တိမ်းမှောက်‌ လေးဦး သေဆုံး
NOMဧပြီ ၁၂၊ ၂၀၂၆
လားရှိုး - သီပေါလမ်း၊ ခေးနင်း တိုးဂိတ်အနီးတွင် အံစာတုံးယာဉ် တိမ်းမှောက်၍ လေး ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာ ရကြောင်း သိရသည်။
ဖြစ်စဉ်မှာရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-သီပေါလမ်း ၊ ခေးနင်းတိုးဂိတ်အနီးတွင် ဧပြီ၁၁ ရက်မွန်းလွဲ၂ နာရီခန့်ကအရှိန်မထိန်းနိုင်ဘဲ ခရီးသည်တင်အံစာတုံးယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦး ၊ အမျိုးသမီး နှစ် ဦးလေးဦးသေဆုံး ခဲ့ပြီးရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
😢19👍64😨2
This media is not supported in your browser
VIEW IN TELEGRAM
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အီရန်၏ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးသွားသော အမေရိကန် ဘိုအင်း KC-135R ဝေဟင်ဆီဖြည့်လေယာဉ်သည် ပြုပြင်ရန်အတွက် ယူကေသို့ ရောက်ရှိလာသည်။

လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်း တော်တော်များများတွင် လက်နက်ပေါက်ကွဲစများ ထိမှန်ထားသည်များကို မြင်တွေ့ရသည်။

NOM
👍252😨2😱1
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံအပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုတွင် ဗြိတိန်က ပါဝင်မည် မဟုတ်ကြောင်း ယနေ့အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် ယခုအခါ သြစတြေးလျနိုင်ငံကလည်း ၎င်းတို့အနေဖြင့် ထိုပိတ်ဆို့မှုတွင် ပါဝင်မည်မဟုတ်ကြောင်း ထပ်မံကြေညာလိုက်သည်။

NOM
👍348😨3
ဒေါ်နယ်ထရမ့်က သူ့ရဲ့ ထရု(ပ်) ဆိုရှယ်မီဒီယာမှာ ပုပ်ရဟန်းမင်းကြီးနဲ့ ပတ်သက်ပြီး အခုလို ပို့စ်ရေးတင်ခဲ့ပါတယ်။

"ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) ဟာ ရာဇဝတ်မှုနှိမ်နင်းရေးမှာ ပျော့ညံ့ပြီး နိုင်ငံခြားရေးမူဝါဒမှာလည်း အလွန်ညံ့ဖျင်းပါတယ်။

သူက ထရမ့်အစိုးရအပေါ် 'ကြောက်ရွံ့မှု' အကြောင်းတွေ ပြောနေပေမဲ့ ကိုဗစ်ကာလတုန်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အဖွဲ့အစည်းတွေ ကြုံခဲ့ရတဲ့ ကြောက်ရွံ့မှုတွေအကြောင်းတော့ သူ ထည့်မပြောပါဘူး။

အဲဒီတုန်းက အပြင်မှာ တစ်ဦးနဲ့တစ်ဦး ၁၀ ပေ၊ ပေ ၂၀ စီ ဝေးဝေးနေပြီး ဘုရားကျောင်းဝတ်ပြုပွဲ လုပ်တာကိုတောင် ဘုန်းတော်ကြီးတွေနဲ့ လူတိုင်းကို လိုက်ဖမ်းခဲ့ကြတာပါ။

ကျွန်တော်ကတော့ သူ့ညီ လူးဝစ် (Louis) ကို ပိုသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ လူးဝစ်က MAGA (ထရမ့်၏ ဆောင်ပုဒ်) ကို အပြည့်အဝ ထောက်ခံသူ ဖြစ်လို့ပါ။ သူက အခြေအနေကို နားလည်တယ်၊ လီယိုကတော့ နားမလည်ဘူး။

အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်တာကို လက်ခံပေးတဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော် အလိုမရှိပါဘူး။

အမေရိကန်ထဲကို မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပို့နေတဲ့အပြင် သူတို့ထောင်ထဲက လူသတ်သမားတွေနဲ့ မူးယစ်ဆေးကုန်သည်တွေကို ကျွန်တော်တို့နိုင်ငံထဲ လွှတ်ပေးနေတဲ့ ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်တာကို 'ဆိုးရွားတယ်' လို့ ထင်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိပါဘူး။

ပြီးတော့ အမေရိကန်သမ္မတကို ဝေဖန်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ မဲအပြတ်အသတ်နဲ့ ရွေးကောက်ခံရတဲ့အတိုင်း ရာဇဝတ်မှုနှုန်းကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချနေပြီး သမိုင်းမှာ အကောင်းဆုံး စတော့ရှယ်ယာဈေးကွက်ကို ဖော်ဆောင်ပေးနေလို့ပါ။

တကယ်တော့ လီယိုဟာ ကျေးဇူးတင်သင့်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း သူ ပုပ်ရဟန်းမင်းကြီး ဖြစ်လာတာက အားလုံးကို အံ့အားသင့်စေခဲ့တာပါ။

သူဟာ ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ စာရင်းထဲမှာတောင် မပါခဲ့ပါဘူး။ သူက အမေရိကန်လူမျိုးဖြစ်နေလို့ ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ဘုရားကျောင်းက သူ့ကို အဲဒီနေရာမှာ ထားခဲ့တာပါ။

ကျွန်တော်သာ အိမ်ဖြူတော်မှာ မရှိရင် လီယိုလည်း ဗာတီကန်မှာ ရှိနေမှာ မဟုတ်ပါဘူး။ ကံမကောင်းတာက လီယိုဟာ ရာဇဝတ်မှုနဲ့ နျူကလီးယားကိစ္စတွေမှာ ပျော့ညံ့လွန်းနေပြီး ဒေးဗစ် အက်ဆယ်ရော့ဒ် (David Axelrod) လိုမျိုး လက်ဝဲယိမ်း အိုဘားမား ထောက်ခံသူတွေနဲ့ တွေ့ဆုံနေတာကို ကျွန်တော် လက်မခံနိုင်ပါဘူး။

လီယိုအနေနဲ့ ပုပ်ရဟန်းမင်းကြီးတစ်ယောက်လို ပြုမူနေထိုင်သင့်ပြီး သာမန်အသိတရားကို သုံးကာ လက်ဝဲအစွန်းရောက်တွေရဲ့ အလိုကို လိုက်နေတာကို ရပ်တန့်သင့်ပါတယ်။

နိုင်ငံရေးသမား မလုပ်ဘဲ ပုပ်ရဟန်းမင်းကြီးကောင်းတစ်ယောက် ဖြစ်ဖို့သာ အာရုံစိုက်သင့်ပါတယ်။ အခုလို လုပ်ရပ်တွေက သူ့ကိုတင်မကဘဲ ကက်သလစ်ဘုရားကျောင်းတော်ကြီးကိုပါ အကြီးအကျယ် ထိခိုက်စေပါတယ်။"

NOM
👍20😱6😡54
ပန်တောင်းတပ်နယ်မှ ထွက်ပြေးသည့် စစ်သည်များကို စစ်ကော်မရှင်က ဖမ်းဆီး၍ မျက်နှာပေါ်တွင် တပ်ပြေးဟု တက်တူးများထိုးကာ ညှဉ်းပန်းနှိပ်စက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ဟု မဟုတ်မမှန် သတင်းများရေးသားဖြန့်ဝေလျက်ရှိ

ဧပြီ ၁၃၊ ၂၀၂၆

NOM
👍123😡2
ယင်းမာပင်မြို့နယ်၊ ဗြမ္မာဒါတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

ဧပြီ ၁၃၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲ စထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ ဦးချစ်ငွေ (၅၇) နှစ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဗြမ္မာဒါတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

NOM
👍7😨61