News Of Myanmar
13.1K subscribers
23K photos
3.25K videos
3 files
6.61K links
Download Telegram
ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်
14👍11
Wall Street Journal သတင်းဌာန​၏ ဖော်ပြချက်အရ

"အမေရိကန်နှင့် ရင်းနှီးသော မဟာမိတ်ဖြစ်သည့် အာရှအစိုးရတစ်ခုမှ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ အဆိုအရ ၎င်းတို့သည်
အီရန်သံအမတ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ၎င်းတို့၏ သင်္ဘောများ ဟော်မုဇ် ရေလက်ကြား မှ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ရရှိရန်အတွက် အခကြေးငွေများကို ဒစ်ဂျစ်တယ် ငွေကြေး သို့မဟုတ် တရုတ်ယွမ်ငွေကို အသုံးပြု၍ တိတ်တဆိတ် ပေးချေနိုင်ရန် ဆွေးနွေးနေကြသည်ဟု ဆိုသည်။"

NOM
👍274
အင်ဒိုနီးရှားနိုင်ငံက Asean Chater ကို ကိုယ်တိုင်ချိုးဖောက်မယ် ထင်ပါသလား?

ဧပြီလ ၆ ရက်နေ့ကတည်းက ဆန့်ကျင်ဘက်မီဒီယာတွေမှာ မြန်မာနိုင်ငံတော်အကြီးအကဲကို အင်ဒိုနီးရှားနိုင်ငံ တရားရုံးမှာ တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ အစတုန်းကတော့ ပြန်မရေးဘူး နေမလို့ပါပဲ။ ဒါပေမယ့် မရေးဘဲထားလိုက်ရင် ပြည်ဖျက်တွေရဲ့ သတင်းက အမှန်လိုလို ဘာလိုလို ဖြစ်သွားမှာစိုးလို့ ပြန်လည်ရေးသား လိုက်ပါတယ်။
-
ဒီကိစ္စတွေ ဖြစ်လာတဲ့ အဓိကလက်သည်တရားခံက အင်ဒိုနီးရှားနိုင်ငံ၊ ရှေ့နေချုပ်ဟောင်း Mr. Marzuki Darusman (FFM ဥက္ကဋ္ဌ) ဆိုသူဖြစ်ပါတယ်။ အဲ့လူဟာ OIC နိုင်ငံတွေရဲ့ အခကြေးငွေကိုရယူပြီး အမှုပွဲစား လုပ်စားခြင်းနဲ့ မကြာသေးမီက နယ်သာလန် ICJ တရားရုံးမှာ Agent of Myanmar အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာ ဒေါ်သီတာဦး တို့အဖွဲ့ သွားရောက်ဖြေရှင်းခဲ့တဲ့ ဥပဒေကြောင်းအရ ချေပချက်တွေကို ICJ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက် ဝေဝါးသွားစေရန် ICJ ကို အချိန်ကိုက် ဖိအားပေးခြင်းသာဖြစ်ပါတယ်။
-
ဒီလို ငွေကြေးမျက်နှာကြောင့် မဟုတ်မမှန်စွပ်စွဲပြောဆိုနေတဲ့ Darusman ရဲ့ ကြိုးပမ်းချက်ကို အင်ဒိုနီးရှားအစိုးရအနေနဲ့ လက်ခံမလား?
-
လက်ခံလိုက်မယ်ဆိုရင်တော့ အာဆီယံအသင်း ထူထောင်သူ ၅ နိုင်ငံထဲမှာပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကိုယ်တိုင်ရေးဆွဲထားတဲ့ အာဆီယံပဋိဉာဉ် (Asean Charter) ကို ကိုယ်တိုင်ချိုးဖောက်ပြီး အခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သလို ဖြစ်သွားမှာမို့ စဉ်းစားကြည့်ကြပေါ့။
👍294😢1
အီရန်နိုင်ငံရဲ့ လက်ထဲကို အဆင့်မြင့် "LAIRCM "စနစ်တွေ ရောက်ရှိသွားပါတယ်။ ဒီစနစ်ဟာ အမေရိကန် C-130 လိုမျိုး လူစီးနဲ့ ကုန်တင်လေယာဉ်ကြီးတွေကို အပူရှိန်ရှာဖွေပြီး လိုက်လံပစ်ခတ်တဲ့ ဒုံးကျည် (Heat-seeking weapons) အန္တရာယ်ကနေ ကာကွယ်ပေးဖို့ ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

NOM
👍1816😢1
အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုများအား ဖော်ထုတ်အရေးယူမည်။
👍185
အီရန်၏ ပြင်းထန်သော သတိပေးချက်ကြောင့် အမေရိကန်ဖျက်သင်္ဘော ဟော်မုဇ်ရေလက်ကြားမှ ပြန်လှည့်သွား

အီရန်နိုင်ငံခြားရေးဝန်ကြီး
၏ ပြောကြားချက်အရ သံတမန်နည်းလမ်းအရ ချက်ချင်းတုံ့ပြန်မှုနှင့် ပြင်းထန်သော စစ်ရေးသတိပေးချက်တို့ကြောင့် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်နိုင်ခြေရှိသည့် အခြေအနေကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

Fars သတင်းဌာန၏ အဆိုအရ အာရပ်စော်ဘွားများပြည်ထောင်စု ဖူဂျိုင်းရ်ဟာ (Fujairah) မှ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဘက်သို့ ဦးတည်လာသော အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အချိန်မီ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်သည်။

အီရန်အစိုးရသည် အဆိုပါသင်္ဘောကို စောင့်ကြည့်ခဲ့ပြီး ပါကစ္စတန်ရှိ ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ထံ အခြေအနေများကို အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ပါကစ္စတန်ကြားဝင်စေ့စပ်သူကို အသုံးပြု၍ အမေရိကန်ထံ သတိပေးချက်ပေးပို့ခဲ့ရာ "ရေလက်ကြားသို့ ချဉ်းကပ်လာပါက ပစ်မှတ်ထားတိုက်ခိုက်ခံရမည်" ဟု ပါရှိသည်။

ထို့အပြင် အီရန်ဘက်က အဆိုပါသင်္ဘောသာ ဆက်လက်ခရီးနှင်လာပါက မိနစ် ၃၀ အတွင်း တိုက်ခိုက်ခံရမည်ဖြစ်ပြီး ဆွေးနွေးပွဲများကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ရေးနှင့် သံတမန်ရေးအရ ပူးပေါင်းတုံ့ပြန်မှုကြောင့် အဆိုပါ အမေရိကန်သင်္ဘောကို ရပ်တန့်ရန် အမိန့်ပေးခဲ့ရကြောင်း သိရှိရသည်။

NOM
👍285😨2
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

ဧပြီ ၁၁၊ ၂၀၂၆

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “phoepyae” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သပြေကန် ကျေးရွာနေ သန့်ဇင်ကျော်(ခ)ဖိုးပြည့်အား ညနေ ၄ နာရီခွဲတွင် အမရပူရမြို့မရဲစခန်း၌ တရား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

NOM
👍157
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဖွဲ့စည်းခြင်း

ဧပြီ ၁၁၊ ၂၀၂၆

NOM
14👍6
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လျှပ်စစ်ဓာတ်အားလိုင်းတိုင် ၄ တိုင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ရပ်ကွက်များနှင့် ကျေးရွာများ၌ ဓါတ်အားပြတ်တောက်မှုများဖြစ်

ဧပြီ ၁၁၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာအနီးရှိ သံတောင်ကြီးမြို့မှ လိပ်သိုမြို့လျှပ်စစ်ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် 33 KV ဓာတ်အားလိုင်းတိုင်သို့ ဧပြီလ ၈ ရက်နေ့ ည ၇ နာရီအချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါလျှပ်စစ်ဓာတ်အားလိုင်း၏ ကွန်ကရစ်ဓာတ်တိုင် ၄ တိုင်လဲကျ ပျက်စီးဆုံးရှုံးခဲ့ပြီး လိပ်သိုမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်းသိရသည်။

NOM
😡19👍31🔥1
ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံး

ဧပြီ ၁၁၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၉ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် အဆိုပါကျေးရွာနေ မဖြူဖြူသင်း (၂၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😢11😡9❤‍🔥1
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

ဧပြီ ၁၁၊ ၂၀၂၆

NOM
👍152
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိုနှိုင်းရေးဖွဲ့စည်းခြင်း

ဧပြီ ၁၁၊ ၂၀၂၆

NOM
👍125