News Of Myanmar
13.1K subscribers
23.1K photos
3.25K videos
3 files
6.61K links
Download Telegram
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ ယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

ဧပြီ ၁၀၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha - Nukar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းငွေကြေးလိမ် လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

NOM
12👍7
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၌ ရန်ကုန်တိုင်းတွင် စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့်  ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) မှ ပြည်သူ့စစ်မှုထမ်း ၉၁ ဦးအား စစ်မှုတာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်။

NOM
👍176
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို လက်ခံတွေ့ဆုံ

ဧပြီ ၁၀၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံလူငယ်များအကြား ထိတွေ့ဆက်ဆံမှုမြင့်မားလာစေရေးအတွက် နှီးနှောဖလှယ်ပွဲများနှင့် လေ့လာရေးခရီးစဉ်များ၊ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

NOM
👍206
အမရိကန်နှင့်ဆွေးနွေးပွဲတွင်အီရန်ပါလီမန်ဥက္ကဋ္ဌပြောသည့်စကား

အမေရိကန်နှင့် ဆွေးနွေးပွဲများ စတင်ခြင်းအပေါ် အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က အောက်ပါအတိုင်းပြောကြားခဲ့သည်-

"ကံမကောင်းစွာပဲ အမေရိကန်များနှင့် ဆွေးနွေးပွဲများနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ အတွေ့အကြုံသည် အမြဲတမ်း မအောင်မြင်မှုနှင့် ကတိကဝတ်များကို ချိုးဖောက်ခြင်းတို့ဖြင့် ဒွန်တွဲနေပါသည်။

အီရန်ဘက်က စိတ်စေတနာကောင်းများရှိသော်လည်း တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးပွဲများအလယ်တွင် ၎င်းတို့သည် ကျွန်ုပ်တို့ကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။

ကျွန်ုပ်တို့တွင် စိတ်ကောင်းစေတနာကောင်းများရှိသော်လည်း အမေရိကန်ကိုယုံကြည်မှုမရှိပါ။"

NOM
👍309😨1
ပြည်ဖျက်မီဒီယာတွေ သိစေဖို့

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆ မှာ “နိုင်ငံတော်၏အကြီးအကဲနှင့် ပြည်ထောင်စု၏ အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်သူမှာ နိုင်ငံတော်သမ္မတ ဖြစ်သည်” ဟု ဖွင့်ဆိုထားသလို ပုဒ်မ ၅၇ အရ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ နိုင်ငံတော်ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ပုဒ်မ ၅၈ မှာတော့ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိတယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် သမ္မတဟာ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်နာယကများထက် ဝါစဉ်ကြီးရုံ သက်သက်မဟုတ်ဘဲ နိုင်ငံတော်၏ အထွဋ်အထိပ်အကြီးအကဲဖြစ်ကာ ဝါစဉ်အားဖြင့်လည်း ရှေ့တန်းတင်အပ်သော ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အဖွဲ့တွေ၊ ပြည်ဖျက်အဖွဲ့တွေရဲ့ ပြောဆိုနေမှုတွေဟာ ဥပဒေအခြေခံမဲ့သော နိုင်ငံရေး အလွဲသုံးစား ပြုမှုမျှသာဖြစ်ပါတယ်။ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၀ (က) အရ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင် မိန့်ခွန်းပြောကြားရန် လာရောက်ပါက နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်သမ္မတကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ နေရာစီစဉ် ပေးခြင်းကို ပြုလုပ်ပေးရတာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတကာအစိုးရအဖွဲအစည်းဆိုင်ရာ ကျင့်သုံးမှုတစ်ခုဖြစ်ပြီး “လေးစားမှုကိုပြသသည့် သဘော” သက်သက်သာ ဖြစ်ပါတယ်။ ဥပဒေကိုလွဲမှားစွာ အဓိပ္ပာယ်ကောက်ယူပြီး နိုင်ငံရေးအရ ထိုးနှက်၊ အဆိုးဘက်ကို ပုံဖော်ခြင်းဟာ ဥပဒေကြောင်းအရရော ကျင့်ဝတ်အရပါ မသင့်လျော်ပါ။ ပြည်ထောင်စုလွှတ်တော် နာယကအနေနဲ့ စံနမူနာပြအဖြစ် နိုင်ငံတော်သမ္မတကို လေးစားမှုအား ပြသခြင်းသာဖြစ်ပါတယ်။

ဦးအောင်လင်းဒွေး ဆိုသည်မှာလည်း စစ်ဥပဒေချုပ်ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်လာသူဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့ပတ်သက်တာတွေ၊ စည်းမျဉ်း/ စည်းကမ်းတွေကို အားလုံးသိရှိပြီးသူ ဖြစ်ပါတယ်။

ဆိုချင်တာကတော့ ပြည်ဖျက်မီဒီညာတွေ၊ လော်ဘီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို သိအောင်အရင် လုပ်ပြီးမှ ပြောဆိုကြပါ။ ဥပဒေအခြေမဲ့စွာ ပေါက်ပန်းလေးဆယ်နဲ့ နိုင်ငံရေးအလွဲသုံးစားမှု၊ ထိုးနှက်မှုမဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။
14👍9
ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်
14👍11
Wall Street Journal သတင်းဌာန​၏ ဖော်ပြချက်အရ

"အမေရိကန်နှင့် ရင်းနှီးသော မဟာမိတ်ဖြစ်သည့် အာရှအစိုးရတစ်ခုမှ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ အဆိုအရ ၎င်းတို့သည်
အီရန်သံအမတ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ၎င်းတို့၏ သင်္ဘောများ ဟော်မုဇ် ရေလက်ကြား မှ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ရရှိရန်အတွက် အခကြေးငွေများကို ဒစ်ဂျစ်တယ် ငွေကြေး သို့မဟုတ် တရုတ်ယွမ်ငွေကို အသုံးပြု၍ တိတ်တဆိတ် ပေးချေနိုင်ရန် ဆွေးနွေးနေကြသည်ဟု ဆိုသည်။"

NOM
👍274
အင်ဒိုနီးရှားနိုင်ငံက Asean Chater ကို ကိုယ်တိုင်ချိုးဖောက်မယ် ထင်ပါသလား?

ဧပြီလ ၆ ရက်နေ့ကတည်းက ဆန့်ကျင်ဘက်မီဒီယာတွေမှာ မြန်မာနိုင်ငံတော်အကြီးအကဲကို အင်ဒိုနီးရှားနိုင်ငံ တရားရုံးမှာ တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ အစတုန်းကတော့ ပြန်မရေးဘူး နေမလို့ပါပဲ။ ဒါပေမယ့် မရေးဘဲထားလိုက်ရင် ပြည်ဖျက်တွေရဲ့ သတင်းက အမှန်လိုလို ဘာလိုလို ဖြစ်သွားမှာစိုးလို့ ပြန်လည်ရေးသား လိုက်ပါတယ်။
-
ဒီကိစ္စတွေ ဖြစ်လာတဲ့ အဓိကလက်သည်တရားခံက အင်ဒိုနီးရှားနိုင်ငံ၊ ရှေ့နေချုပ်ဟောင်း Mr. Marzuki Darusman (FFM ဥက္ကဋ္ဌ) ဆိုသူဖြစ်ပါတယ်။ အဲ့လူဟာ OIC နိုင်ငံတွေရဲ့ အခကြေးငွေကိုရယူပြီး အမှုပွဲစား လုပ်စားခြင်းနဲ့ မကြာသေးမီက နယ်သာလန် ICJ တရားရုံးမှာ Agent of Myanmar အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာ ဒေါ်သီတာဦး တို့အဖွဲ့ သွားရောက်ဖြေရှင်းခဲ့တဲ့ ဥပဒေကြောင်းအရ ချေပချက်တွေကို ICJ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက် ဝေဝါးသွားစေရန် ICJ ကို အချိန်ကိုက် ဖိအားပေးခြင်းသာဖြစ်ပါတယ်။
-
ဒီလို ငွေကြေးမျက်နှာကြောင့် မဟုတ်မမှန်စွပ်စွဲပြောဆိုနေတဲ့ Darusman ရဲ့ ကြိုးပမ်းချက်ကို အင်ဒိုနီးရှားအစိုးရအနေနဲ့ လက်ခံမလား?
-
လက်ခံလိုက်မယ်ဆိုရင်တော့ အာဆီယံအသင်း ထူထောင်သူ ၅ နိုင်ငံထဲမှာပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကိုယ်တိုင်ရေးဆွဲထားတဲ့ အာဆီယံပဋိဉာဉ် (Asean Charter) ကို ကိုယ်တိုင်ချိုးဖောက်ပြီး အခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သလို ဖြစ်သွားမှာမို့ စဉ်းစားကြည့်ကြပေါ့။
👍294😢1
အီရန်နိုင်ငံရဲ့ လက်ထဲကို အဆင့်မြင့် "LAIRCM "စနစ်တွေ ရောက်ရှိသွားပါတယ်။ ဒီစနစ်ဟာ အမေရိကန် C-130 လိုမျိုး လူစီးနဲ့ ကုန်တင်လေယာဉ်ကြီးတွေကို အပူရှိန်ရှာဖွေပြီး လိုက်လံပစ်ခတ်တဲ့ ဒုံးကျည် (Heat-seeking weapons) အန္တရာယ်ကနေ ကာကွယ်ပေးဖို့ ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

NOM
👍1816😢1