News Of Myanmar
13.1K subscribers
23.1K photos
3.25K videos
3 files
6.61K links
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကျင်းပ

ဧပြီ ၁၀၊ ၂၀၂၆
15👍11
မြောက်ဥက္ကလာပမြို့နယ် အတွင်းလျှပ်စစ်မီး ၂ ရက်ပျက်မည်

ဧပြီ ၁၀၊ ၂၀၂၆

မြောက်ဥက္ကလာပမြို့နယ်အတွင်းသို့ ဓာတ်အားပေးထားသော 33KV လှော်ကား Aa-Abဓာတ်အားလိုင်းသည် 230KV လှော်ကားခွဲရုံတွင် အရေးပေါ် ထိန်းပြင်လုပ်ငန်း ဆောင်ရွက်‌ရန် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ လျှပ်စစ်မီးပျက်မည်ဟု မြောက်ဥက္ကလာပမြို့နယ် YESC ကအသိပေးထုတ်ပြန်ထားသည်။

NOM
👍243😡1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေး၏ရည်မှန်းချက်မှာလက်ဘနွန်နိုင်ငံပြိုကွဲရန်ဖြစ်

အစ္စရေးချန်နယ် ၁၃ မှ တင်ဆက်သူ ရာဗစ် ဒရပ်ကာက လက်ဘနွန်အပေါ်အစ္စရေး၏ အစီအစဉ်မှာ နိုင်ငံကို ပြိုကွဲစေပြီး ပြည်တွင်းစစ်ထဲသို့ တွန်းပို့ရန်ဖြစ်သည်။ လက်ရှိလက်ဘနွန်အစိုးရအား ဟစ်ဇ်ဘိုလာကို စစ်ရေးအရ ရင်ဆိုင်ရန် ဖိအားပေးရမည်ဟု အကြံပြုခဲ့သည်။

သတင်းထောက် အာလွန် ဘန် ဒေးဗစ်က “၎င်းသည် အစကတည်းက အစ္စရေး၏ ရည်မှန်းချက်ဖြစ်သည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

NOM
😡155👍4😨2
This media is not supported in your browser
VIEW IN TELEGRAM
အယ်လ်ယူဒစ် လေတပ်စခန်းပျက်စီးမှုများကိုပြသ

အီရန်၏ တိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ကာတာနိုင်ငံ အယ်လ် အူဒိုက် အမေရိကန်လေတပ်စခန်းကို အယ်လ်ဂျာဇီးယား ရုပ်သံကပြသလိုက်သည်။

NOM
👍293💔1
This media is not supported in your browser
VIEW IN TELEGRAM
စာသင်ကျောင်းကိုအမေရိကန်နှင့်အစ္စရေး၏ယုတ်မာစွာတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သည့်ကျောင်းသားလေးများ၏ပစ္စည်းများအီရန်အဖွဲ့ကသယ်ဆောင်သွား
NOM

ကလေးတွေ ကျန်ရစ်ခဲ့တဲ့ သွေးစွန်းနေတဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို အီရန်ကိုယ်စားလှယ်အဖွဲ့ “Minab 168” က အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုအထောက်အထားအဖြစ်နဲ့ လာမယ့်ဆွေးနွေးပွဲတွေမှာ တရားမျှတမှုအတွက် သူတို့ရဲ့တောင်းဆိုမှုရဲ့ သင်္ကေတအဖြစ် ပါကစ္စတန်ကို ယူဆောင်သွားခဲ့ပါတယ်။
😢18👍9💔6😡21
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ကာတာနိုင်ငံရှိ ရေဒါစနစ်တွေ အပြင်းအထန် ပျက်စီးသွား
👍251💔1
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

ဧပြီ ၁၀၊ ၂၀၂၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်၊၊

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ နန္ဒကျော်စွာ၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအတွက် အကျိုးရှိမည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့သည့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

NOM
👍167
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

ဧပြီ ၁၀၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် H.E.Mr. Kitti Settha Pandita CHAM Prasidh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်နှင့်အတူ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံသံအမတ်ကြီး H.E. Mr. Cheng နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေများ၊ မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

NOM
👍207
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh အား လက်ခံတွေ့ဆုံ

ဧပြီ ၁၀၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တို့တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ဦးစွာ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာအား နိုင်ငံတော်သမ္မတထံ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လက်ရောက်ပေးအပ်သည်။

ထို့နောက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်များ ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှုအခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍတွင် ရူပီးနှင့် ကျပ်ငွေတို့အား တိုက်ရိုက်ပေးချေနိုင်ရေး သဘောတူညီပြီးဖြစ်သဖြင့် ကုန်သွယ်မှုများတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသကုန်သွယ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

NOM
👍1510
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့်မိန့်ခွန်း

(၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်)

အားလုံးပဲ မင်္ဂလာပါ။

နိုင်ငံတော်တာဝန်ကို ဒီမိုကရေစီအစိုးရသစ်ဖွဲ့စည်းပြီး စတင်တာဝန်ယူကြတော့မယ့် ဒုတိယသမ္မတများ၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ Online ကတက်ရောက်နေကြတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့များနဲ့ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ တက်ရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ နိုင်ငံ့အကျိုးပြည်သူ့အကျိုးကို ဆတက်ထမ်းပိုးတိုးပြီး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဧပြီလ (၃) ရက်နေ့မှာ ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး ဒုတိယသမ္မတများကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော့်အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့အညီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေရဲ့ အကြီးအကဲများနဲ့အဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးများနဲ့ပြည်နယ်များရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများကို စိစစ်ရွေးချယ်ပြီး တာဝန်ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်သွားရာမှာ လိုအပ်တဲ့မူဝါဒများနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရမယ့် လုပ်ငန်းတာဝန်တွေကို မှာကြားသွားမှာဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ မဲလိမ်မဲခိုးမှုတွေအပေါ် မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိဘဲ လွဲမှားတဲ့အတွေးအခေါ် အယူအဆတွေနဲ့ ပြည်တွင်းပြည်ပ အဖျက်အမှောင့်ပယောဂတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ နိုင်ငံအနှံ့မှာဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ စိတ်သဘောထားမမှန်တဲ့ တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပွဲလန့်တုန်းဖျာခင်း၊ မီးလောင်ရာလေပင့်လုပ်ပြီး နိုင်ငံကိုဆင်းရဲဒုက္ခတွင်းထဲရောက်အောင် နည်းမျိုးစုံလုပ်ကြံဖျက်ဆီးခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုတွေကြားကပဲ ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ရွေးကောက်ပွဲကျင်းပကာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့သမိုင်းကိုပြန်ကြည့်ရင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာ၊ ကိုလိုနီလက်အောက်မှာ ကာလရှည်ကြာခဲ့တာ၊ လွတ်လပ်ရေးရပြီးစကတည်းက ခုချိန်ထိ တည်ငြိမ်အေးချမ်းမှုမရှိသေးတာတွေရဲ့ အဓိကအကြောင်းရင်းကလည်း အချင်းချင်းစည်းလုံးညီညွတ်မှုအားနည်းလို့ဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးကိုအလေးထားပြီး ဆက်လက်ဆောင်ရွက်သွားကြဖို့ အလေးထားမှာကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) လမ်းကြောင်းကို မဖြစ်မနေဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ သိရှိလက်ခံကြဖို့နဲ့ နိုင်ငံနဲ့ပြည်သူရဲ့အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကိုအချိန်မီပြုပြင်ကြဖို့လိုအပ်ပါတယ်။ ဖြစ်ချင်တာတွေ တောင်းဆိုနေမဲ့အစား ဖြစ်သင့်တာပဲတောင်းဆိုပြီး ဖြစ်နိုင်တာတွေ ဆောင်ရွက်သွားဖို့လိုပါတယ်။ ကျွန်တော်တို့တစ်တွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်သွားကြမယ်ဆိုရင် သိပ်မကြာတဲ့အချိန်မှာ တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကျွန်တော်တို့မျှော်မှန်းတဲ့ နိုင်ငံသစ်ကိုရောက်မှာအသေအချာပဲဖြစ်ပါတယ်။

အလားတူပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဆူပူအကြမ်းဖက်မှု ကျူးလွန်နေကြသူများအနေနဲ့လည်း အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အပြစ်ကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့နဲ့ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးဆွေးနွေးညှိနှိုင်းအဖြေရှာပြီး စုစည်းညီညွတ်မှု အင်သစ်အားသစ်တွေနဲ့ နိုင်ငံသစ်ကို တက်ညီလက်ညီ တည်ဆောက်ကြပါစို့လို့ ဖိတ်ခေါ်လိုပါတယ်။
13👍8