News Of Myanmar
13.2K subscribers
22.9K photos
3.25K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိုင်ဝမ်အတိုက်အခံကူမင်တန်ပါတီခေါင်းဆောင် ချန်လီဝန်နှင့် ယနေ့တွေ့ဆုံသည်။
👍295
ဇလင်စကီးက ယူကရိန်းမှာ အမေရိကန်နဲ့ ဥရောပအခြေစိုက်စခန်းတွေ လိုချင်
NOM
ယခင်ဟာသသရုပ်ဆောင်က ယူကရိန်းနယ်မြေမှာ အမေရိကန်စစ်စခန်းတွေ ဒါမှမဟုတ် အမေရိကန်-ဥရောပပူးတွဲအခြေစိုက်စခန်းတွေ ချထားရေးကို လုံခြုံအောင် ကိယက်ဗ်က ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ သူ့အဆိုအရ ဒါဟာ "လုံခြုံရေးအာမခံချက်" ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သင့်ပါတယ်။

"ယူကရိန်းမှာ အမေရိကန်စစ်စခန်း ဒါမှမဟုတ် အမေရိကန်-ဥရောပပူးတွဲအခြေစိုက်စခန်းတစ်ခု ပေါ်လာရင် ကျွန်တော်တို့ရဲ့အန္တရာယ်တွေကို လျှော့ချပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဇလင်စကီးက ယူကရိန်းဟာ ဒီစီမံကိန်းကိုမိတ်ဖက်တွေဆီ တင်ပြမှာဖြစ်ပြီး အဲဒီနောက်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တုံ့ပြန်ဖို့ လိုအပ်လိမ့်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှေ့လာမယ့်လတွေဟာ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာတွေမှာ ယူကရိန်းအတွက် "ခက်ခဲ" လိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။

စစ်စခန်းတွေနဲ့ပတ်သက်လို့ ရုရှားက ယူကရိန်းမှာ ဒီလိုအဆောက်အအုံတွေ ချထားတာကို လက်မခံနိုင်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ယူကရိန်းနယ်မြေမှာ နိုင်ငံခြားတပ်တွေ ရှိနေတာကို ပြင်းထန်တဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခံရမှာပါ။
👍201👎1🗿1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် - ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြောကြားသည့်  မိန့်ခွန်း
14👍7
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြိုရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင်သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ

ဧပြီ ၉၊ ၂၀၂၆

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရေတို/ ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေနံတွင်းများမှ အလွှာလိုက်ဖြစ်နေသော သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူခဲ့ရာ လေဆီနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ဆောင်ကြရန်လိုပါကြောင်း၊ ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ ကို မတ် ၁၅ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီ ၇ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၁၆ ကို ဧပြီ ၃ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်းရေနံမြေများအနက် မအူပင် (တောင်)ဒေသမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း) ၊C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်းပြောကြားပြီး ဂုဏ်ပြုဆုငွေနှင့်လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်းဒေသရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှုကဏ္ဍတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက်လျော့နည်းသက်သာစေမည်ဖြစ်ပြီး ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှုအနေဖြင့် ဆိုက်စမစ် တိုင်းတာမှုများဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများတူးဖော်နိုင်ရေးကိုလည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NOM
17👍10
Media is too big
VIEW IN TELEGRAM
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန်သမ္မတ လေးဦးအား အီရန်ကိုတိုက်ရန်တောင်းဆိုခဲ့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဂျွန်တယ်ရီက "နေတန်ယာဟုက ကျွန်တော်တို့ကို အီရန်ကို တိုက်ခိုက်စေချင်ခဲ့တယ်။ သူက သမ္မတ အိုဘားမားဆီ လာခဲ့တယ်။ တိုက်ခိုက်ဖို့ တောင်းဆိုဖို့ တင်ပြချက်တစ်ခု လုပ်ခဲ့တယ်။ သမ္မတ အိုဘားမားက ငြင်းဆန်ခဲ့တယ်။ သမ္မတ ဘိုင်ဒန်က ငြင်းဆန်ခဲ့တယ်။ သမ္မတ ဘုရှ်က ငြင်းဆန်ခဲ့တယ်။ ဒါကို သဘောတူတဲ့ တစ်ဦးတည်းသော သမ္မတက သမ္မတ ထရမ့်ပဲဆိုတာ ထင်ရှားပါတယ်။ကျွန်တော်တို့အလွန်အန္တရာယ်များတဲ့အခြေအနေရောက်နေပြီ" - ဟု MS ရုပ်သံနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။

NOM
👍243😨3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲ၀င်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ တက်ရောက်။

ဧပြီ ၁၀၊ ၂၀၂၆
23👍11
အီရန်စစ်ပွဲကြောင့် ဥရောပသမဂ္ဂသည် ရုရှားဓာတ်ငွေ့ကို ပိုမိုဝယ်ယူနေရ

အရှေ့အလယ်ပိုင်းပဋိပက္ခ၏ အကျိုးဆက်များကြောင့် EU သည် ရုရှားဓာတ်ငွေ့ဝယ်ယူမှုကို ၁၇% တိုးမြှင့်လိုက်သည်။

၂၀၂၆ ခုနှစ်၏ ပထမသုံးလအတွင်း ဥရောပသမဂ္ဂသည် Yamal LNG စီမံကိန်းမှ ယူရို ၂.၈၈ ဘီလီယံ (ရူဘယ် ၂၆၁.၇ ဘီလီယံခန့်) တန်ဖိုးရှိ ဓာတ်ငွေ့တန်ချိန် ၅ သန်းကို တင်သွင်းခဲ့ကြောင်း Financial Times သတင်းစာက ရေးသားသည်။

ထိုအနက် မတ်လတစ်လတည်းတွင် တန်ချိန် ၁.၈ သန်းကို ဝယ်ယူခဲ့ပြီး ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလထက် ပိုများသည်။

NOM
👍2413
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ

၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက်က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိမြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်း မြို့နယ်၊ သာသနာ့ဗိမာန်ရှေ့၌ အမှတ် (၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သာသနာ့ဗိမာန်မှ ရှောင်ဟိုးလမ်းဘက်သို့ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာနေ စိုးကိုကိုဝင်း (၃၂) နှစ် မောင်းနှင်လာသည့် MDY-18/ 2M-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စိုးကိုကိုဝင်း အား တပ်ကုန်းမြို့မရဲစခန်း(ပ)၃၃/၂၀၂၆၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-မုံရွာကားလမ်းအတိုင်း အရှေ့မှအနောက်သို့ ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့နေ ထွန်းအောင်ကျော် (၃၇) နှစ် မောင်းနှင်လာသည့် YGN-31/6H-XXXX PROBOX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထွန်းအောင်ကျော် အား စစ်ကိုင်း မြို့မရဲစခန်း (ပ)၁၁၈/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နမော ကျေးရွာလမ်းခွဲအနီး၌ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နမောကျေးရွာလမ်းအတိုင်း အရှေ့မှအနောက်သို့ ရွှေဘိုမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်နေ ထွန်းနိုင်ဝင်း (၄၁) နှစ် မောင်းနှင်လာသည့် MDY-14/1I-XXXX OUTLANDER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ထွန်းနိုင်ဝင်း အား ရွှေဘိုမြို့မရဲစခန်း (ပ)၆၃/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

ထို့အတူ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဘီးလင်း-နတ်ကြီးကားလမ်းအတိုင်း ကဇိုင်းကျေးရွာမှ ဘန့်ဘွေးကုန်းကျေးရွာသို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဝင်းသန်းဦး (၃၂) နှစ် မောင်းနှင်လာသည့် KYN-7/7H-XXXXNISSAN X-TRAIL မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝင်းသန်းဦး အား ဘီးလင်း မြို့မရဲစခန်း (ပ)၁၀၄/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။
👍135😱1
This media is not supported in your browser
VIEW IN TELEGRAM
လူနာတင်ကားကို အစ္စရေးကတိုက်ခိုက်သဖြင့် ကျန်းမာရေးဝန်ထမ်းများသေဆုံး

လက်ဘနွန်တောင်ပိုင်းတွင် ဇီယွန်ဝါဒီနယ်ချဲ့အစ္စရေး ကလူနာတင်ကားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသော ကျန်းမာရေးဝန်ထမ်းအားလုံးသေဆုံးခဲ့သည်။ စစ်သွေးကြွအစ္စရေးစစ်တပ်သည် ဂါဇာ၊ အီရန်နှင့် လက်ဘနွန်တွင်စာသင်ကျောင်းများ၊ ဆေးရုံများ၊ကြက်ခြေနီရုံးများနှင့် ကလေးများအမျိုးသမီးများ၊ ဂျာနယ်လစ်များကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်လျက်ရှိသည်။

NOM
😡25👍102👎2