(တ) လူကုန်ကူးမှုများတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးလုပ်ငန်းများအတွက် လည်းကောင်း၊ လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍လည်းကောင်း လိုအပ်ပါက ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။
(ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကိုတရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း။
( ဒ ) ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့် စုံစမ်း စစ်ဆေးအရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံ ဆောင်ရွက်ခြင်း။
( ဓ ) ဗဟိုအဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များ နှင့်အညီကျင်းပခြင်း။
(န) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း။
(ပ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သည့် အခြားလုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။
ဘေးကင်းစေရန် မည်သို့ ကာကွယ်ရမည်နည်း
ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်း မကျရောက်စေရန် လူငယ်များနှင့် မိဘ အုပ်ထိန်းသူများ အထူးသတိပြုရန် လိုအပ်ပေသည်၊ လွယ်ကူလွန်းသော အခွင့်အရေးကို သံသယရှိပါ၊ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့် အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်း သေချာပါသည်။ အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများSocial Media (Facebook, Telegram, TikTok) များမှတစ်ဆင့်ချိတ်ဆက်လာသောအလုပ်များကို ပိုမိုသတိထားပါ၊ ပြည်ပသို့ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့အလုပ်သွားလုပ်မည် ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကိုစုံစမ်းပါ၊ မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို ကြိုတင်စုံစမ်းပြီး မိသားစုထံလိပ်စာနှင့် ဖုန်းနံပါတ်များအားပေးထားပါ၊ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်မည့်သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သား သွားပါ၊ နိုင်ငံကူးလက်မှတ်(Passport)၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အရေးကြီးသော ကိုယ်နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာထားပါ၊ မည်သည့်အလုပ်ရှင်ဖြစ်စေ နိုင်ငံကူး လက်မှတ်၊နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။
အချုပ်ဆိုရသော် “အွန်လိုင်းလိမ်လည်မှု (Online Scam)” ဆိုသည်မှာ တစ်ဦးတစ်ယောက် ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ ပူလောင်စေသည့် ငရဲကျင်းတစ်ခုဖြစ်ပါသည်။ ရည်ရွယ်ချက်ကိုဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသောအလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင် လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိ သေတွင်း ထဲသို့ ခုန်ဆင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ဘဝအနာဂတ်ကို တန်ဖိုးထားသော လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသောရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ် မလိုက်ပါရန် အရေးကြီးပါသည်။ “အွန်လိုင်းလိမ်လည်မှု (Online Scam)”လုပ်ငန်းများနှင့် ဆက်နွယ် ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ ဘဝနှင့်ဂုဏ်သိက္ခာကို ဖျက်ဆီးနေသည့်လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/သတိဖြင့် ရွေးချယ် လျှောက်လှမ်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဇေဠ(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)

👍17❤2
မြန်မာနိုင်ငံတော်သမ္မတသစ်နှင့် ဒုသမ္မတများ ကတိသစ္စာပြု
NOM၊ဧပြီ၁၀၊၂၀၂၆
ယနေ့ ဧပြီ ၁၀ ရက်တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

❤16👍5
ရန်ကုန်မြို့တော်ဝန်အသစ်ခန့်အပ်
NOM
ရန်ကုန်မြို့တော်ဝန်အဖြစ်ယခင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွါးရေးဝန်ကြီးဦးမျိုးမြင့်အောင်ကိုခန့်အပ်လိုက်ကြောင်းနှင့်လက်ရှိမြို့တော်ဝန်ဦးဗိုဌေးသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရကြောင်းသိရသည်။

👍19❤6😨1
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများကတိသစ္စာပြုပွဲကျင်းပပြီးစီး
👍14❤7
သင်္ကြန်ပိတ်ရက်ရှည်ကာလ ငွေဆောင်၊ ချောင်းသာ ဟိုတယ်များတွင် ၇၅ ရာခိုင်နှုန်းခန့် အခန်းများ ကြိုတင်မှာယူထား
ဧပြီ ၉၊ ၂၀၂၆
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ဝင်ရောက်မည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပိတ်ရက် ကိုးရက်တာအတွင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင် အပန်းဖြေအနားယူရန် ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်အား ကြိုတင်စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၂၆ လုံး၊ အခန်းပေါင်း ၅၄၇၅ ခန်း၊ စည်ပင်သာယာမှ လိုင်စင်ထုတ်ပေးထားသည့် တည်းခိုခန်းပေါင်း ၄၄၃ လုံး၊ အခန်းပေါင်း ၆၈၁၃ ခန်းရှိရာ ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် တည်းခိုခန်းပေါင်း ၅၀၆၉ လုံးတွင် အခန်းပေါင်း ၁၂၀၈၈ ခန်း၌ သင်္ကြန်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်အေးချမ်းပျော်ရွှင်စွာ တည်းခိုနိုင်ရန် အသင့်ဖွင့်လှစ်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၁၉ သိန်းကျော်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခရီးသွား ၁၅ သိန်း ကျော်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ် ၃၁ ရက်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၆၉၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကာ အထူးသဖြင့် ယခုနှစ်ဆန်းပိုင်း၌ ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၂၀၀၀၀ ကျော်နှင့် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေသို့ ခရီးသွား ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ယခုနှစ်သည် ယမန်နှစ်ထက် ခရီးသွားပိုမိုဝင်ရောက်ဖွယ်ရှိကြောင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ခန့်မှန်းထားသည်။
“ယခုလာမယ့် သင်္ကြန်ပိတ်ရက် ပင်လယ်ကမ်းခြေမှာ အပန်းဖြေကြမယ့် ခရီးသွားတွေကို ငွေဆောင်၊ ချောင်းသာဟိုတယ်များက အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ စောင့်ဆိုင်းနေကြပါတယ်။ ကျွန်တော်တို့ဌာနကလည်း ကြိုတင်ပြီးဟိုတယ်တွေကို သင်တန်းတွေပေးထားပြီးပါပြီ။ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် အားလုံးပူးပေါင်းဆောင်ရွက်နေပါတယ်။ သင်္ကြန်ကာလမှာ အပန်းဖြေဖို့အတွက် ဟိုတယ်၊ တည်ခိုခန်း ၇၅ ရာခိုင်နှုန်းနီးပါး ပြည့်နေပါပြီ။ မြန်မာ့နှစ်သစ်ကူးပိတ်ရက် ပင်လယ်ကမ်းခြေမှာ စိတ်အေးချမ်းစွာ အပန်းဖြေအနားယူဖို့နဲ့ သင်္ကြန်ကာလမုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာကူနဲ့အခြားသင်္ကြန်အစားအစာ စတုဒိသာများနဲ့ဧည့်ခံဖို့ ဟိုတယ်နဲ့တည်းခိုခန်းများက ပြင်ဆင်ထားကြပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။
ယမန်နှစ် သင်္ကြန်ကာလတွင် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရင်ဂျီကမ်းခြေသို့ အပန်းဖြေခရီးသွားများ စည်ကားစွာဝင်ရောက်ခဲ့ပြီး ယခုနှစ်သင်္ကြန်ကာလတွင်လည်း ပင်လယ်ကမ်းခြေတို့တွင် အပန်းဖြေအနားယူကြမည့် ခရီးသွားများ ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်ကို ကြိုတင်မှာယူထားပြီးဖြစ်ကြောင်း သိရသည်။

❤9👍6