News Of Myanmar
13.2K subscribers
22.9K photos
3.24K videos
3 files
6.61K links
Download Telegram
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသား များကိုလည်း လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်း အမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် မြန်မာ နိုင်ငံသား လူငယ်များကို(ယခင်)နိုင်ငံတော်ယာယီသမ္မတကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိရာ ယနေ့ချိန်အထိ မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက်ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသည့် မြန်မာနိုင်ငံသားလူငယ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်းစသည့် စိစစ်မှုများကို လုပ်ထုံးလုပ်နည်း များနှင့်အညီဆောင်ရွက်လျက်ရှိပါသည်။

Online Scam များနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ မူဝါဒ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်အမျိုးသားအဆင့် အွန်လိုင်း လိမ်လည်မှု (Online Scam) အားအမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် “အွန်လိုင်းလိမ်လည်မှု အွန်လိုင်း လောင်းကစားမှုများသည် လူသားများအပေါ် ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများ ဖြစ်သည်ဟု မြန်မာနိုင်ငံအစိုးရက သတ်မှတ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ မူဝါဒသည် Zero TolerancePolicy ဖြစ်ကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ ခွင့်လွတ်မှု မရှိ၊ ရေဆုံး ရေဖျားလိုက်လံချေမှုန်းမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက ကျင့်သုံးမည့်နည်းလမ်း (Method) သည် Aggressive Crack Downs Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ပါကြောင်း”ပြတ်ပြတ်သားသား ကြေညာထားပြီးဖြစ်ပါသည်။

ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင်အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့်ဖွဲ့စည်းပြီးဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် “ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီ” တို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့်ဖွဲ့စည်းပြီးဖြစ်ပါသည်။ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရားအလှမ်းမမှီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက စိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ် ရာဇဝတ်မှုများဖြစ်ပေါ်လျက်ရှိပါတယ်၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီပြသာနာကို ရိုးရိုးသာမန်ရာဇဝတ်မှု များလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့ပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံး လုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်း ပေးခြင်း၊ ပြည်တွင်းပြည်ပ အဓိကတရားခံများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောက်ရွက်လျက်ရှိပါသည်။

ကြိုတင်ကာကွယ်ခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ
👍103
လူကုန်ကူးမှုသည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံပြောင်းလာတတ်သဖြင့် တစ်ဦးတစ်ယောက် ချင်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းကြိုတင်ကာကွယ်ရမည့်အပြင် Online Scamများတွင် လုပ်ကိုင် ရခြင်းနှင့် နောက်ဆက်တွဲ လူကုန်ကူးမခံရစေရေးအတွက် လူကုန်ကူးမှုဆီသို့ ဦးတည်ဖြစ်ပေါ်စေ နိုင်သည့် ပြည်ပသို့တရားမဝင်ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင် ပို့ဆောင်သူ များကို စုံစမ်းဖေါ်ထုတ်အရေးယူလျက်ရှိပါသည်။ လူကုန်ကူးသူလူပွဲစားများကိုလည်းစုံစမ်း ဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့အနေဖြင့်လည်း အောက်ပါလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-

(က) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ ဤဥပဒေပါ ရည်ရွယ်ချက်များကိုထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း။

( ခ ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အထောက်အကူပြုရန် လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာတားဆီးကာကွယ်ရေး အဖွဲ့များနှင့် တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အား လမ်းညွှန်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း။

( ဂ ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးအတွက်လည်းကောင်း၊ လိုအပ်သည့် အခြေခံ အချက်အလက်များ ရရှိနိုင်ရေးအတွက်လည်းကောင်း ကျွမ်းကျင်သူများပါဝင်သည့်သုတေသနလုပ်ငန်းအဖွဲ့များ၊ လေ့လာစိစစ်ရေးနှင့် အကဲဖြတ်အဖွဲ့များ၊ အခြား လိုအပ်သော အဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း။

(ဃ) လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတိပြုလာစေရေးအတွက် အသိပညာပေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း။

( င ) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တားဆီးနှိမ်နင်းရေးအရာရှိများအား ခေတ်မီနည်းပညာများဖြင့် လေ့ကျင့်သင်ကြားရေး၊ အခြားနိုင်ငံများမှ ကျွမ်းကျင်သူများနှင့်နည်းပညာဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လမ်းညွှန်ခြင်း။

( စ ) လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေး စီမံချက်များ၊အစီအစဉ်များချမှတ်ရာတွင် သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း။

(ဆ) နိုင်ငံဖြတ်ကျော်၍ တရားမဝင်ရွှေ့ပြောင်းသွားလာမှုနှင့် ဆက်စပ်ပြီးပေါ်ပေါက်လာသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအာဏာပိုင်များ  အချင်းချင်း သတင်းဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

( ဇ ) လူကုန်ကူးခံရသည့် အမျိုးသား၊ အမျိုးသမီး၊ လိင်ဝိသေသထူးခြားသူများနှင့် ကလေး သူငယ်များ၏ ကာယန္ဒြေစောင့်ထိန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ယင်းတို့၏ အကျိုးအတွက် အလေးဂရုပြုဆောင်ရွက်ခြင်း။

( ဈ ) ဤဥပဒေအရ ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်း တို့နှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့်ကြီးကြပ်ခြင်း။

(ည) လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များတွင် တရားခံလွှဲပြောင်းရေးနှင့် နိုင်ငံအချင်းချင်းအကူ အညီပေးရေးတို့ကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

( ဋ ) ဤဥပဒေအရတရားမစွဲဆိုမီ သက်သေခံအဖြစ် သိမ်းဆည်းထားသော မရွှေ့ပြောင်း နိုင်သည့် ပစ္စည်းကို လိုအပ်ပါက ချိပ်ပိတ်ထားရန်နှင့် ခံဝန်ဖြင့်ပြန်လည်ပေးအပ်ထားရန် ညွှန်ကြားခြင်း။

( ဌ ) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်ရှိသော ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ်များကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း မပြုရန် တားမြစ်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း။

( ဍ ) လူကုန်ကူးမှုနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသော အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပြစ်မှုများကိုလည်းကောင်း၊ လူကုန်ကူးခံရသူအားစိစစ်ပြီး ၎င်းအား အရေး ယူခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အရေးယူရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း။

( ဎ ) လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့်အကူအညီ‌ပေးရေး လုပ်ငန်းများအတွက် အစီအမံများ ချမှတ်ပေးခြင်း။

(ဏ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ တရား စွဲဆိုရေးဆိုင်ရာ လုပ်ငန်းများနှင့်သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures - SOP)ကို ထုတ်ပြန်သတ်မှတ်ခြင်း။
👍103
(တ) လူကုန်ကူးမှုများတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးလုပ်ငန်းများအတွက် လည်းကောင်း၊ လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍လည်းကောင်း လိုအပ်ပါက ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။

(ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကိုတရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း။

( ဒ ) ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့် စုံစမ်း စစ်ဆေးအရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံ ဆောင်ရွက်ခြင်း။

( ဓ ) ဗဟိုအဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များ နှင့်အညီကျင်းပခြင်း။

(န) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း။

(ပ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သည့် အခြားလုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။

ဘေးကင်းစေရန် မည်သို့ ကာကွယ်ရမည်နည်း

ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်း မကျရောက်စေရန် လူငယ်များနှင့် မိဘ အုပ်ထိန်းသူများ အထူးသတိပြုရန် လိုအပ်ပေသည်၊ လွယ်ကူလွန်းသော အခွင့်အရေးကို သံသယရှိပါ၊ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့် အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်း သေချာပါသည်။ အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများSocial Media (Facebook, Telegram, TikTok) များမှတစ်ဆင့်ချိတ်ဆက်လာသောအလုပ်များကို ပိုမိုသတိထားပါ၊ ပြည်ပသို့ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့အလုပ်သွားလုပ်မည် ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကိုစုံစမ်းပါ၊ မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို ကြိုတင်စုံစမ်းပြီး မိသားစုထံလိပ်စာနှင့် ဖုန်းနံပါတ်များအားပေးထားပါ၊ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်မည့်သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သား သွားပါ၊  နိုင်ငံကူးလက်မှတ်(Passport)၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အရေးကြီးသော ကိုယ်နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာထားပါ၊ မည်သည့်အလုပ်ရှင်ဖြစ်စေ နိုင်ငံကူး လက်မှတ်၊နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။

အချုပ်ဆိုရသော် “အွန်လိုင်းလိမ်လည်မှု (Online Scam)” ဆိုသည်မှာ တစ်ဦးတစ်ယောက် ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ ပူလောင်စေသည့် ငရဲကျင်းတစ်ခုဖြစ်ပါသည်။ ရည်ရွယ်ချက်ကိုဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသောအလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင် လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိ သေတွင်း ထဲသို့ ခုန်ဆင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ဘဝအနာဂတ်ကို တန်ဖိုးထားသော လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသောရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ် မလိုက်ပါရန် အရေးကြီးပါသည်။ “အွန်လိုင်းလိမ်လည်မှု (Online Scam)”လုပ်ငန်းများနှင့် ဆက်နွယ် ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ ဘဝနှင့်ဂုဏ်သိက္ခာကို ဖျက်ဆီးနေသည့်လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/သတိဖြင့် ရွေးချယ် လျှောက်လှမ်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဇေဠ(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)
 
 
👍172
မြန်မာနိုင်ငံတော်သမ္မတသစ်နှင့် ဒုသမ္မတများ ကတိသစ္စာပြု
NOM၊ဧပြီ၁၀၊၂၀၂၆
ယနေ့ ဧပြီ ၁၀ ရက်တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
16👍5
ရန်ကုန်မြို့တော်ဝန်အသစ်ခန့်အပ်
NOM
ရန်ကုန်မြို့တော်ဝန်အဖြစ်ယခင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွါးရေးဝန်ကြီးဦးမျိုးမြင့်အောင်ကိုခန့်အပ်လိုက်ကြောင်းနှင့်လက်ရှိမြို့တော်ဝန်ဦးဗိုဌေးသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရကြောင်းသိရသည်။
👍196😨1
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများကတိသစ္စာပြုပွဲကျင်းပပြီးစီး
👍147
အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးခန့်အပ်
👍1812
ပြည်ထောင်စုအစိုးရဖွဲ့စည်းကြောင်းကြေညာ
13👍6
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းကြောင်းကြေညာ
10👍6
ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဖွဲ့စည်းကြောင်းကြေညာ
13👍6
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖွဲ့စည်းကြောင်းကြေညာ
12👍5
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းကြောင်းကြေညာ
11👍5
တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများ ခန့်အပ်ကြောင်းကြေညာ
10👍7