News Of Myanmar
13.2K subscribers
22.9K photos
3.24K videos
3 files
6.61K links
Download Telegram
အီရန်ရေတပ်ကအသုံးပြုနေသောနော်(Noor)ဒုံးကျည်
NOM

နော် (Noor) ဒုံးကျည်သည် တရုတ် C-802 ဒီဇိုင်းကို အခြေခံ၍ အီရန်နိုင်ငံလုပ် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်ဖြစ်ပြီးအကွာအဝေးကီလို၁၂၀မှ၁၇၀ထိပစ်ခတ်နိုင်သည်။

နော်ဒုံးကျည်သည် ရေတပ်ပစ်မှတ်များကို ခြေရာခံတိုက်ခိုက်ရန်အတွက်ရေဒါလမ်းညွှန်ကို အသုံးပြုသည်။ရန်သူ၏ ထောက်လှမ်းမှုကို ရှောင်ရှားရန် ဒုံးကျည်သည်ပင်လယ်ပြင်အထက် ပေအနိမ့်တွင် ပျံသန်းသည်။

ဒုံးကျည်တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသော ထိပ်ဖူးတစ်ခုပါရှိသည်။
ဟဇ်ဘိုလာတို့ကဤဒုံးကျည်ဖြင့်အစ္စရေးစစ်သင်္ဘောများကိုပစ်ခတ်တိုက်ခိုက်သည်။
👍353
ရုရှားနှင့် ယူကရိန်းကျဆုံးစစ်သည် ရုပ်အလောင်းလဲလှယ်

ရုရှားနှင့် ယူကရိန်းတို့သည် ယနေ့တွင် ကျဆုံးစစ်သည်တို့၏ ရုပ်အလောင်းများ လဲလှယ်ကြသည်။

ယူကရိန်းကကျဆုံး ရုရှားစစ်သည်ရုပ်အလောင်း ၄၁ လောင်းကိုပေးအပ်ပြီး ရုရှားကကျဆုံးယူကရိန်းစစ်သည် အလောင်းတစ်ထောင်ကို ပြန်လည်ပေးအပ်သည်။

NOM
👍26😱83
ဧပြီလ ၁၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံသမ္မတ ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကော်မတီ CPPCC အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ Jiang Xinzhi တက်ရောက်မည်။
👍263
ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်တွင်ယာဥ်တိုက်မှုဖြစ်ပွား

NOM ဧပြီ ၉၊ ၂၀၂၆

ရန်ကုန်မြို့ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်တွင် ဧပြီ ၈ ရက်ည‌ နေ ၅ နာရီကျော်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့‌ ကြောင်းသိရသည်။

ဖြစ်စဥ်မှာမြို့ထဲမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်လာသောToyota Harrier ကအရှိန်မထိန်းနိုင်ဘဲ ကမ္ဘာအေးဘုရားလမ်းမှမြို့ထဲဘက်သို့ မောင်းနှင်လာသောToyota belta နှင့် TOYOTA VITZ ကားအားတိုက်မိခြင်းဖြစ်ပြီးယာဉ်ပေါ်ပါလူများထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်းသိရသည်။

NOM
👍10😱31😢1
အင်ဒိုနီးရှား ဂိုဏ်းတစ်ခုက ကလေးငယ် ၃၄ ဦးကို စင်ကာပူသို့ ရောင်းချ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းခရိုင်တရားရုံးမှ အစိုးရရှေ့နေများက ဧပြီလ ၇ ရက်နေ့တွင် တရားရုံး၌ အင်ဒိုနီးရှား ဂိုဏ်းတစ်ခုက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ကလေးငယ် ၃၄ ဦးကို လူကုန်ကူးခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံး ၁၀ ဦးကို စင်ကာပူသို့ ခေါ်ဆောင်သွားပြီး ကလေးတစ်ဦးလျှင် စင်ကာပူဒေါ်လာ ၁၈၀၀၀ အထိ ရောင်းချခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအခါတရားခံ ၁၉ ဦး (အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသားတစ်ဦး )သည် အင်ဒိုနီးရှား၏ လူကုန်ကူးမှုဥပဒေအရ အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရန်တရားရင်ဆိုင် နေရပြီဖြစ်သည်။

NOM
👍232
မတ္တရာမြို့နယ်၊ ကြားကျေးရွာတွင် နေအိမ်ခြံဝင်းတစ်ခုအတွင်း PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

NOM ဧပြီ ၉၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီခွဲအချိန်၌ မတ္တရာမြို့နယ်၊ ကြားကျေးရွာနေ ဒေါ်ရီစန်း (၆၀) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NOM
👍7😢51
နိုင်ငံတော်သမ္မတ ကတိသစ္စာပြုအခမ်းအနားတက်ရန် အိန္ဒိယဝန်ကြီးရောက်ရှိ

NOM ဧပြီ ၉၊ ၂၀၂၆

ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပမည့်
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုအခမ်းအနားတက်ရောက်မည့် အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး Minister of State Mr. Kirti Vardhan Singh မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာကြောင်းသိရသည်။

NOM
👍227
ဆေးတက္ကသိုလ် (မန္တလေး) မှ CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို Blacklist မှ ပျက်ဖျက်ပေးသည့် အခမ်းအနား ပြုလုပ်

ဧပြီ ၉၊၂၀၂၆

ဆေးတက္ကသိုလ် (မန္တလေး) ဇီဝက စာသင်ဆောင်၌ ယနေ့ နံနက်ပိုင်းက CDM ပြုလုပ်ခဲ့သည့် ဆရာဝန် နှင့် ကျန်းမားရေးဝန်ထမ်း ၃၅၄ ယောက်ကို Blacklist မှ ပယ်ဖျက်သည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် NUG အကြမ်းဖက်အဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာပြီး ဆေးရုံများမှ စွန့်ခွာကာ ဆေးကုသမှုမပေးဘဲ နေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၆၀၀၀ ခန့် သေဆုံးခဲ့ရပြီး PDF အကြမ်းဖက်အဖွဲ့များထံ ဆေးဝါးများ ပို့ဆောင်ပေးခြင်း၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ အခြေပြုရာ နေရာများတွင် ဆေးဝါးကုသမှု သွားရောက် ဆောင်ရွက်ပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ NUG အကြမ်းဖက်အဖွဲ့မှ CDM ဝန်ထမ်းများကို မျှော်လင့်ချက်အမှားများပေးခဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည်ကို သိရှိရပြီးနောက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။

Source: Ko Chit (MDY)
😡17👍16👎52😨1
အမေရိကန်စစ်တပ်အတွင်းအာဏာလုပွဲပြင်းထန်လာ
NOM

အမေရိကန်မီဒီယာများက စစ်ဝန်ကြီး ပိတ်ဟက်ဆက်နှင့် အမေရိကန်ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုတို့အကြား ပင်တဂွန်အတွင်း အာဏာလုပွဲ ကြီးထွားလာနေကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်စစ်တပ်အတွင်း ခေါင်းဆောင်မှု စည်းလုံးညီညွတ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။

အစီရင်ခံစာများအရ အာဏာလွန်ဆွဲမှုသည် အဓိကဆုံးဖြတ်ချက်များ၊ အထူးသဖြင့် အကြီးတန်းရာထူးခန့်အပ်မှုများနှင့် ရာထူးတိုးမြှင့်မှုများကို ထိန်းချုပ်ရန် အဓိကထားသည်။ ဟက်ဆက်သည် ဒရစ်စကို နှင့် မဟာမိတ်ဖွဲ့ထားသော အရာရှိများ၏ ဩဇာလွှမ်းမိုးမှုကို ကန့်သတ်ရန် ခြေလှမ်းများ လှမ်းခဲ့သည်ဟု ဆိုကြပြီး ဒရစ်စကိုသည် စစ်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများအတွင်း ထောက်ခံမှုကို ဆက်လက်တည်ဆောက်နေဆဲဖြစ်သည်။

နှစ်ဖက်စလုံးက တင်းမာမှုများကို လူသိရှင်ကြား လျှော့ချထားသော်လည်း၊ အမေရိကန်စစ်ရေးမူဝါဒအတွက် အရေးကြီးသောအချိန်တွင် ပြည်တွင်းပြိုင်ဆိုင်မှုသည် ဆုံးဖြတ်ချက်ချမှတ်မှုကို ထိခိုက်စေနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးထားသည်။
👍273
ယူကရိန်းထောက်ပို့မကအမေရိကန်တွင်ဒေါ်လာ၂သန်းကျော်တန်အိမ်ဝယ်
NOM

အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ်ကြီးဟောင်း၊ ယခု ယူကရိန်းသမ္မတဇလင်စကီး၏ လက်ထောက်ဖြစ်သူမာကါရိုဗာသည် ဖလော်ရီဒါရှိ ပင်လယ်ကမ်းခြေတွင် ဒေါ်လာ ၂,၃၅၀,၀၀၀ ဖြင့် ဗီလာတစ်လုံး ဝယ်ယူခဲ့သည်။

ထူးခြားသည်မှာ မာကာရိုဗာသည် ယူကရိန်းလူမျိုးများကို ကူညီရန်အတွက် အမေရိကန်တွင် ရန်ပုံငွေရှာဖွေပေးသည့် ပရဟိတအဖွဲ့အစည်း Ukraine House ကို ဦးဆောင်နေခြင်းပင်ဖြစ်သည်။
😱18👍52💔1
ပြည်ထောင်စုအစိုးရအဖွဲ့ဒုတိယဝန်ကြီးများစာရင်းထွက်ပေါ်
👍1811
အီရန်ရှိစပိန်သံရုံးပြန်ဖွင့်မည်
NOM

စပိန်နိုင်ငံသည် တီဟီရန်ရှိ ၎င်း၏သံရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်တော့မည်ဟု နိုင်ငံခြားရေးဝန်ကြီး ဂျိုဆေး မန်နျူရယ် အယ်လ်ဘာရက်စ်က ပြောကြားခဲ့သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ပါဝင်သည့် လက်ရှိပဋိပက္ခများကြားတွင် ဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လွယ်ကူချောမွေ့စေရန်အတွက် ဤဆုံးဖြတ်ချက်ကို မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုအဖြစ် ချမှတ်ထားသည်။
👍236
အပစ်အခတ်ရပ်ဆွေးနွေးပွဲအီရန်မတက်
NOM
အစ္စရေးကလက်ဘနွန်ကိုတိုက်ခိုက်မှုမရပ်သဖြင့်အစ္စလမ်မာဘတ်တွင်ပြုလုပ်မည့်အမေရိကန်-အီရန်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသို့အီရန်တက်ရောက်မည်မဟုတ်ကြောင်းအီရန်ကပါကစ္စတန်အစိုးရထံအကြောင်းကြားလိုက်သည်။
👍286😢2
တောင်ကိုးရီးယားကအီရန်သို့အထူးသံတမန်လွှတ်မည်
NOM

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းသည် တောင်ကိုရီးယားနှင့် အီရန်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးရန်နှင့် ဟော်မုဇ်ရေလက်ကြားရှိ ရေကြောင်းသွားလာရေးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အီရန်သို့ အထူးသံတမန်တစ်ဦး စေလွှတ်ရန် ကြေညာလိုက်သည်။
👍266🕊2
Media is too big
VIEW IN TELEGRAM
အမေရိကန်သည်အစ္စရေး၏ခိုင်းဖတ်ဖြစ်နေသည်ကိုသရုပ်ဖော်ထားသောကါတွန်းကါး
👍262
ကူဝိတ်တွင်အသက်မသေသောအမေရိကန်စစ်သားကရုပ်သံအင်တာဗျူးပြုလုပ်ရင်ဖွင့်
NOM

စစ်ပွဲစတင်ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့များအပေါ် အီရန်၏ အသေအပျောက်အများဆုံးတိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်သူ အမေရိကန်စစ်သားသည် ပင်တဂွန်၏ တိုက်ပွဲဖြစ်စဉ်ဖော်ပြချက်ကို ကန့်ကွက်ခဲ့သည်။ ကူဝိတ်ရှိ ၎င်းတို့၏တပ်ဖွဲ့တိုက်ခိုက်ခံရပြီးတပ်ဖွဲ့ဝင်၆ဦးသေဆုံးခြင်းကိုဖော်ထုတ်ခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူသည် မီဒီယာနှင့် စကားပြောခွင့်မရှိသောကြောင့် အမည်မဖော်ဘဲ ပြောဆိုခဲ့ပြီး အမေရိကန်စစ်တပ်၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ CBSရုပ်သံနှင့်အင်တာဗျူးပြုလုပ်ခဲ့သည်။
👍284
ဂျာမနီအဓိအတိကအစ္စရေးကိုပြစ်တင်ရှုံ့ချ
NOM

ဂျာမနီအဓိပတ် ဖရိုက်ဒရစ် မာ့ဇ်က

အစ္စရေးက လက်ဘနွန်မှာ စစ်ပွဲဆင်နွှဲနေတဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ပျက်ပြားစေနိုင်ပြီး အဲဒီလိုမဖြစ်သင့်ပါဘူး။
👍282
အစ္စရေးဝန်ကြီးချုပ်၏ လာဘ်စားမှုပြန်လည် စစ်ဆေးမည်

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၏ ဒေါ်လာ၂၃၀,၀၀၀ လာဘ်စားမှုကိုဧပြီလ ၁၂ ရက်နေ့တွင်ပြန်လည်စစ်ဆေးမည်ဟု အစ္စရေးတရားရုံးကကြေညာသည်။ အီရန်နှင့် စစ်ခင်းနေသောကြောင့် စစ်ဆေးမှုကို ဖေဖော်ဝါရီလကုန်တွင်ရပ်ထားခဲ့သည်။

NOM
👍244
ရွှေရောင်အိပ်မက်များနောက်ကွယ်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်း၏ လူကုန်ကူးမှုကျော့ကွင်း                                        

(ကမ္ဘောဒီးယားရောက် မြန်မာလူငယ်တို့၏ သင်ခန်းစာ)

ယနေ့ခေတ်ကာလတွင် စီးပွားရေးအကြပ်အတည်းနှင့် အလုပ်အကိုင် ရှားပါးမှုများကို အခွင့် ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက်ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင်ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် မှိုလိုပေါများလာလျက်ရှိပါသည်။အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ “အွန်လိုင်းလိမ်လည်မှု”(Online Scams) ဟု ခေါ်ဆိုသော ငွေကြေးလိမ်လည်သည့် လုပ်ငန်းစုများသည် မြန်မာလူငယ်များစွာ၏ဘဝကို မြေစာပင်ဖြစ်စေခဲ့သည်။ အဆိုပါ မိမိတို့၏ရင်ဝယ်သားလူငယ်များကိုနိုင်ငံတော်မှမိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။ မျက်မှောက်ခေတ်တွင် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ များပြားလာသည်နှင့်အမျှ “လစာကောင်းကောင်း၊ အလုပ်သက်သာ” ဟူသောမက်လုံးများဖြင့် လိမ်လည်သွေးဆောင်ဖြားယောင်းနေမှုများသည် လူကုန်ကူးမှု ဘေးအန္တရာယ်ဆိုးတွင်းသို့ ဆွဲခေါ်နေသလိုဖြစ်နေပါသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ (Online Scam) အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်များတွင် အဓမ္မခိုင်းစေခံရသည့် မြန်မာလူငယ်များ၏ဖြစ်ရပ်အား သင်ခန်းစာရယူရန် ရည်ရွယ်ပါသည်။

ဆွဲဆောင်မှုရှိသော “ပိုက်ကွန်”

ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသောလူငယ်များ၏အတွေ့အကြုံများအရ အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် Telegram တို့တွင် အလုပ်ခေါ်စာများကို ဆွဲဆောင်မှုရှိစွာ တင်လေ့ရှိကြောင်း၊ “အင်္ဂလိပ်စာ ပြောဆို တတ်ရန် မလို ၊ ဘွဲ့ရရန် မလို၊ ကွန်ပျူတာ အခြေခံရှိရုံဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်ရမည်” စည်းရုံးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါမက်လုံးများသည် မိမိတို့၏လူနေမှု ဘဝတိုးတက်မှုကိုရှာဖွေနေသော လူငယ်များအတွက် ရွှေရောင်အိပ်မက်တစ်ခု ဖြစ်လာခဲ့ပါသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရမည့်အပြင် “လမ်းစရိတ် အခမဲ့၊ ဗီဇာနှင့် နေစရိတ် အခမဲ့” ဟူသော စကားများဖြင့် ဖြားယောင်းကာ လေကြောင်းလိုင်းမှတစ်ဆင့်သော် လည်းကောင်း၊ တာချီလိတ်မြို့ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ မြဝတီမြို့မှ မဲဆောက်သို့ နယ်စပ် ဖြတ်ကျော်ခွင့်ကတ်ဖြင့် လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့ပြီး တောလမ်းများကို ဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ပို့ဆောင်ခံကြရပါသည်။ သို့သော် ထို “အခမဲ့” ဆိုသည့် စကားနောက်တွင် ထိုသူတစ်ဦးချင်းစီ၏ ခေါင်းပေါ်၌ “ရောင်းကြေး”(Bounty) များ ရှိနေသည်ကို ကာယကံရှင်များ မသိရှိကြပေ။

အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ ဘာလဲ ?

၎င်းတို့၏ အဓိကအလုပ်မှာ အမျိုးသမီးချောလေးများ၏ ပုံကိုသုံး၍ Facebook/ Telegram တွင် အကောင့်တုများ ဖွင့်ခြင်း၊ နိုင်ငံခြားသားများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများကို ချဉ်းကပ်ကာ အချစ်ရေးဖြင့် မြှူဆွယ်ခြင်း (Pig Butchering Scam)၊ ယုံကြည်မှုရလာပါက အွန်လိုင်းမှတစ်ဆင့် ငွေတိုးရင်းနှီးမြှုပ်နှံရန် ဖြားယောင်းပြီး ငွေများအားလုံးကို လိမ်လည်ယူခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြုကာ ငွေများကို လိမ်လည်ရယူခြင်း ဖြစ်သည်။

(Online Scam) အွန်လိုင်းလိမ်လည်မှုအများဆုံးကျူးလွန်သည့် ပုံစံ(၅)မျိုးမှာ -

(၁) Application များ၊ Website အတုများအသုံးပြု၍ သတင်းအချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud)။

(၂) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများသို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍လိမ်လည်ခြင်း(Social Media and Telecommunication Fraud)။

(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင် ပြုလုပ်၍လိမ်လည်ခြင်း (Online Romance Fraud)။

(၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း(Online Trading / Trading Plat form Fraud)။

(၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍လိမ်လည်ခြင်း (Employment Scam) တို့ ဖြစ်ပေသည်။

လက်တွေ့ရင်ဆိုင်ရသည့်အခြေအနေ

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းစုများသည် ကာစီနိုရုံဟောင်းများ သို့မဟုတ် ဝေးလံသော မြို့သစ်စီမံကိန်းများရှိ အထပ်မြင့်အဆောက်အအုံများတွင် အခြေစိုက်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီဟာနုဗေး(Sihanoukville) နှင့် နယ်စပ်ဒေသများသို့ ရောက်ရှိသွားသောလူငယ်များ ကြုံတွေ့ရသည့်အခြေအနေများမှာ ကတိများနှင့်တခြားစီဖြစ်သည်။ အလုပ်ခွင်သို့ ရောက်ရှိသွားသောအခါ လူငယ်များသည် မိမိတို့ထင်မှတ်ထားသည့် ရုံးအလုပ်မျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ စီဟာနုဗေးလ်(Sihanoukville)၊ ဖနွမ်းပင်(Phnom Penh)နှင့် နယ်စပ်မြို့ များရှိအထပ်မြင့် အဆောက်အအုံများတွင် ထိန်းချုပ်ခံထားရကာ(Online Scam) အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင် “လိမ်လည်ရသူ” (Scammer)အဖြစ် အတင်းအဓမ္မ စေခိုင်းခံရသည်။ တစ်နေ့လျှင် ၁၅ နာရီမှ ၁၈ နာရီထိ မနားတမ်း အလုပ်လုပ်ရပေသည်။
👍7😢31
အလုပ်သဘာဝ  - လူမှုကွန်ရက်တွင် အကောင့်အတုများဖွင့်၍ကမ္ဘာတစ်ဝှမ်းရှိ လူများကို ငွေကြေး ရင်းနှီးမြှုပ်နှံရန်သို့မဟုတ် အချစ်ရေးဖြင့်လိမ်လည်ရန် (Pig Butchering Scam) ခိုင်းစေခံရသည်။

ချုပ်နှောင်ခံရမှု - ခြံဝင်းအတွင်းမှ အပြင်သို့ထွက်ခွာခွင့်မရှိဘဲလက်နက်ကိုင်လုံခြုံရေးများဖြင့် စောင့်ကြပ်ထားခြင်းခံရသည်။

နှိပ်စက်ညှဉ်းပန်းမှု - သတ်မှတ်ထားသော Target မပြည့်ပါကရိုက်နှက်ခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် တို့ခြင်း၊ အစာငတ်ထားခြင်းနှင့် အဆိုးရွားဆုံးအခြေအနေဖြင့် ပြန်လည်ရောင်းချခြင်း(Reselling) များ ကြုံတွေ့ရနိုင်ပေသည်။

ပြန်ပေးဆွဲသကဲ့သို့ ငွေတောင်းခြင်း -   အလုပ်မှ ထွက်လိုပါက လျော်ကြေးအဖြစ် ဒေါ်လာသောင်းချီ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းခံရပေမည်။

ကမ္ဘောဒီးယားနိုင်ငံအွန်လိုင်းငွေလိမ်လုပ်ငန်း (Online Scam) များတွင် လုပ်ကိုင်ခဲ့ရသည့် ကိုယ်တွေ့ ကြုံရသူ၏ စကားသံ(Survivor Quote)

“လိုင်းပေါ်မှာလူခေါ်တဲ့ဟာတွေ တွေ့တယ်။ ကျွန်မတို့သွားပြီးတော့ ဆက်သွယ်ကြည့်တော့ ဒီအလုပ်က အလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး Customer Service ပေးရုံပဲဆိုပြီး ခေါ်ခဲ့တာ။ ဟိုမှာ တစ်လကို သိန်း ၄၀ လောက်ရတယ်ဆိုပြီးတော့ သွားခဲ့ တာပေါ့။ စရောက်တော့ တစ်ရက်လောက် ပေးနားတယ်။ ရောက်တဲ့အချိန်မှာ Facebook အတိုင်းပဲ IG အကောင့် တွေဖွင့်ရတယ်။ ပြီးရင် အဲဒီကနေမှ ရည်ညွှန်းတဲ့နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။ ကျွန်မတို့က အင်ဒိုနီးရှားကို လူရှာပြီးတော့မှ Whatsapp ရဖို့အတွက် ကျွန်မတို့က တောင်းပေးရတာ။ ပြဿနာတွေ မဖြစ်ခင်မှာ ကျွန်မတို့ကသံရုံးကို တိုင်မယ်ပေါ့။ သံရုံးကို တိုင်ပြီး တော့မှ သံရုံးက လာခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယား အစိုးရက လိုက်လံဖမ်းဆီးတဲ့ အခါမှာ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်း သေပါစေ၊ ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ ရောက်အောင် ပြန်မယ်။ ဘယ်လိုနည်းနဲ့မဆို ဆိုပြီးတော့ အဲဒီကနေထွက်ပြေးပြီး နီးစပ်ရာကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး သံရုံးကို ရောက်အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော၊ အောက်ကအစ်မတွေလည်း အလွန် သဘောကောင်းတယ်။ အကုန်လုံးလည်း အစစအရာရာ ကူညီပေးတယ်။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲ နေဖို့ထိုင်ဖို့တွေ အစစအရာရာ ကျန်းမာရေး အကုန်လုံး ဂရုစိုက်ပေးတယ်။ နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ်ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေး တယ်။ အစကနေ အဆုံးထိပေါ့။”
ကမ္ဘောဒီးယားနိုင်ငံ (Online Scam) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် မြန်မာနိုင်ငံသားလူငယ်များ၏ ပြောပြချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းရှော့ပင်းဈေးရောင်း လုပ်ကိုင်ရမည်၊ လုပ်ခလစာ အမေရိကန်ဒေါ်လာ(၆၀၀)ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ ပို့ဆောင်ပေးမည်၊ နိုင်ငံကူးလက်မှတ်စာအုပ်မရှိလဲရသည်၊ သွားရောက်မည်ဆိုပါက ကိုယ်ပိုင်အကောင့်သို့ လာရောက် ဆက်သွယ်ပါဟု ကြော်ငြာထားသည်ကိုတွေ့ရှိ၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူ၏ Telegram အကောင့်မှ ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အား ပြုလုပ်ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့ လည်းကောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့လည်းကောင်း ကားဖြင့် သွားရောက်ခဲ့ပြီး ၎င်းမြို့မှ ကားဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါ့ (KAM POT) မြို့ အပြင်ဘက်ရှိ BoKor တောင်ပေါ်ရှိ KAMPOT-2 အမည်ရှိ ကုမ္ပဏီသို့ရောက်ရှိခဲ့ပြီး (၄) ထပ်တိုက်၊ အခန်း(၂၀)ရှိ အဆောက်အအုံတွင် နေထိုင်ခဲ့ရပြီး ကွန်ပျူတာနှင့် ဖုန်းများကို အသုံးပြုကာ Telegram မှ အကောင့် (၁၀၀၀)ခန့်ချပေးပြီး အသက် ၃၅ နှစ်အထက်ရှိ စင်္ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အမျိုးသမီးဓာတ်ပုံများအား Profile တင်ကာ နိုင်ငံခြားသားအကောင့်များကို ရှာပေးရကြောင်း၊နိုင်ငံခြားသားများမှ အကောင့်လာအပ်ပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားသားထံ လွှဲပြောင်း ပေးရပြီး အဖွဲ့ခေါင်းဆောင်မှ ငွေကြေးလိမ်လည်မှုကို ဆက်လက်ပြုလုပ်ကြောင်း သိရှိရပါသည်။

Online Scam များတွင်လုပ်ကိုင်ခဲ့ရသူများအပေါ် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှု

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပါသည်။ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။  
👍113