News Of Myanmar
13.2K subscribers
22.8K photos
3.24K videos
3 files
6.61K links
Download Telegram
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဧပြီ ၈၊ ၂၀၂၆

NOM
👍226
အပစ်အခတ်ရပ်စဲရေးကအီရန်နှုတ်ထွက်နိုင်
NOM
အစ္စရေးကလက်ဘနွန်အပေါ်ဆက်လက်တိုက်ခိုက်နေမှုများအပေါ်အမေရိကန်သမ္မတထရမ့်ကအပစ်အခတ်ရပ်စဲရေးတွင်လက်ဘနွန်မပါဟုဗြောင်လိမ်ပြီးနောက်အီရန်နိုင်ငံခြားရေးဝန်ကြီးသည်ပါကစ္စတန်စစ်ဦးစီးချုပ်ထံဖုန်းဆက်၍လက်ဘနွန်ကိုအစ္စရေးကဆက်လက်တိုက်ခိုက်နေပါကအပစ်အခတ်ရပ်စဲရေးကိုပယ်ဖျက်မည်ဟုသတိပေးပြီးဟော်မုဇ်ရေလက်ကြားကိုပြန်လည်ပိတ်ဆို့လိုက်သည်။ဇီယွန်ဝါဒီအစ္စရေးနယ်ချဲ့များသည်လက်ဘနွန်ဆိပ်ကမ်းမြို့တိုင်ရီကိုအပြင်းအထန်ဗုံးကြဲပြီးအရပ်ဖက်အဆောက်အအုံများကိုပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။
👍273🕊1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်က အပစ်အခတ်ရပ်စဲရေးချိုးဖောက်၍ အီရန်ကလက်တုန့်ပြန်

အမေရိကန်က အပစ်အခတ်ရပ်စဲကြောင်းကြေညာပြီးချိန်တွင် အီရန်ကို ဆက်လက်တိုက်ခိုက်သဖြင့်အီရန်က လက်တုန့်ပြန်ကာ ယူအေအီးရှိ အမေရိကန်အကျိုးစီးပွားဖြစ်သော လာဗန်ရေနံချက်စက်ရုံကိုဒုံးကျည်များ၊ ဒရုန်းများဖြင့်တိုက်ခိုက်လိုက်သည်။

NOM
👍287🕊1😡1
ဇီယွန်နယ်ချဲ့အစ္စရေးကဂျာနယ်လစ်များကိုသတ်ဖြတ်ပြန်
NOM
အယ်လ်ဂျာဇီးယားသတင်းဌာနမှဂျာနယ်လစ်များစီးနင်းလာသည့်ကါးကိုအစ္စရေးကဒရုန်းဖြင့်လုပ်ကြံသတ်ဖြတ်သဖြင့်ဂျာနယ်လစ်တစ်ဦးသေဆုံးကြောင်းအယ်လ်ဂျာဇီးယားရုပ်သံကကြေညာသည်။
👍14😢102
အမေရိကန်ကအီရန်မြို့တော်ကိုတိုက်ခိုက်

စကားဗလောင်းဗလဲပြောတတ်သော အမေရိကန်သမ္မတသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကာ အီရန်မြို့တော်တီဟီရန်ကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်။

NOM
😡21👍8😨41
အီရန်က တံတားများကို ပစ်ခတ်တော့မည်ဟု သတိပေး

အီရန်က အရေးပေါ်လုံခြုံရေးသတိပေးချက် ထုတ်ပြန်လိုက်သည်။

ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံအတွင်းရှိ ကြေညာထားသော တံတားများကို ဖြတ်သန်းရန် ရည်ရွယ်ထားသူ မည်သူမဆို၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံအတွင်းရှိ ဒေသခံများ၊ ပြည်ပရောက်နိုင်ငံသားများနှင့် ဤနေရာများကို ယနေ့ညနေ တီဟီရန်စံတော်ချိန် ၂၃:၀၀ နာရီမှစတင်၍ နောက်ထပ်အကြောင်းကြားချက်မရမချင်း ပိတ်ထားသော စစ်ရေးဇုန်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အသိပေးအပ်ပါသည်။

အီရန်မှ သတ်မှတ်ထားသော ပစ်မှတ်ငါးခုမှာ-

အစ္စရေး-

🔸 ရထားတံတား အမှတ် ၄၃၁ — ရစ်ရွှန်လီဇိုင်ယွန်

🔸 ယာကွန်ရထားတံတား — တဲလ်အဗစ်

ယူအေအီး-
🔸 ရှိတ်ဇေယက်တံတား — အဘူဒါဘီ

ဆော်ဒီ-
🔸 ဘုရင်ဖာ့ဒ်ကော့စ်ဝေးတံတား

🔸 ရီယတ်-ဂျက်ဒါတံတား

NOM
👍215🕊2
အီရတ်ရှိ ကူဝိတ်ကောင်စစ်ဝန်ရုံးကိုဆန္ဒပြသူများကစီးနင်း

ကူဝိတ်ပိုင်နက်မှနေပြီး ညနေခင်းတွင် အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သားနေအိမ်တစ်လုံး ထိခိုက်ပြီးနောက် အီရတ်တောင်ပိုင်း၊ ဘာဆရာမြို့ရှိ ကောင်စစ်ဝန်ရုံးမှ ကူဝိတ်အလံကို ဆန္ဒပြသူများ ဖယ်ရှားပြီး အီရတ်အလံလွှင့်ထူလိုက်သည်။

NOM
👍195😱1🕊1
Media is too big
VIEW IN TELEGRAM
ထိုင်ဝမ်အတိုက်အခံကူမင်တန်ပါတီခေါင်းဆောင်တရုတ်သို့သွားရောက်
NOM

ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီ ကူမင်တန်ခေါင်းဆောင်ချန်လီဝမ်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ချန်လီဝမ်က ဤခရီးစဉ်ကို 'ငြိမ်းချမ်းရေးအလည်အပတ်ခရီး' ဟုခေါ်ဆိုပြီး သူမ၏ပါတီသည် နိုင်ငံအတွင်းရှိ တရုတ်လိုလားသော ခံစားချက်နှင့် ရှည်လျားစွာ ဆက်စပ်နေသော်လည်း အတိုက်အခံခေါင်းဆောင်သည် ထိုင်ဝမ်၏ခွင့်ပြုချက်မပါဘဲ နိုင်ငံခြားအစိုးရများနှင့် ပူးပေါင်းကြံစည်ရန် ကြိုးစားသည် ဟုစွပ်စွဲခံနေရသည်။
👍185
ဥရောပတိုက်သား လေးပုံတစ်ပုံကလပေါ်သို့ လူရောက်ခြင်းကို မယုံကြည်

ဥရောပတိုက်သားလေးဦးလျှင်တစ်ဦးက ၁၉၆၉ ခုနှစ်တွင် အပိုလိုအာကာသယာဉ်ဖြင့် လပေါ်သို့လူရောက်ရှိခြင်းကို ယခုအထိမယုံကြည်ဘဲ အမေရိကန်၏ဝါဒဖြန့်သတင်းနှင့် ဓာတ်ပုံအတုများဟုသာလက်ခံထားသည်။

NOM
👍31😱52
အမေရိကန်နိုင်ငံသား ထက်ဝက်ကျော်က လွှတ်တော်အနေနဲ့ ထရမ့်ကို အခုချက်ချင်း ရာထူးကနေ ဖယ်ရှားဖို့လိုလားနေကြပြီး ရီပတ်ဘလစ်ကန်ပါတီဝင် ၇ ဦးမှာ ၁ ဦးနှုန်းကလည်း ဒါကို ထောက်ခံနေကြတယ်လို့ နယူးစ်ဝစ်ခ် Newsweek က ဖော်ပြထားပါတယ်။

NOM
👍473😡1
ရန်ကုန်-ပုသိမ် ကားလမ်းတွင် ဆီတန်းစီနေသည့်ကါးကိုအခြားကါးကဝင်တိုက်၊တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

NOM ဧပြီ ၉၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်တွင် ဧပြီလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်က ဆီတန်းစီရန် ရပ်ထားသည့် ယာဉ်ကို မောင်းနှင် လာသည့် ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်မှသတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်း ကျေးရွာအုပ်စု၊ ဇီးဖြူကျွန်း ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၆/၃ နှင့်၂၆/၄ ကြား ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် ရန်ကုန်ဘက်မှမောင်းလာသည့် Nissan Diesel ယာဉ်ပေါ်မှ ယာဉ်မောင်းသည်အိပ်ငိုက်ပြီး ဆီတန်းစီရန်ရပ်ထားသည် Nissan Condor ယာဉ်ကို နောက်မှဝင်တိုက်ခဲ့ရာ ဆီတန်းစီရန် ရပ်ထားသည့် ယာဉ်ပေါ်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မောင်းလာသည့်ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ အမျိုးသားကို ဆားမလောက်ကျေးရွာ ကူညီကယ်ဆယ် ရေးအဖွဲ့မှ မော်တော်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားနှစ်ဦး ကို လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်ဖြင့်ဆားမလောက် တောင်သူလယ်သမားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

NOM
😢9👍52🗿2
အီရန်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကိုပဲဖြစ်ဖြစ်၊ သို့မဟုတ် အစ္စရေးကတစ်ဆင့် စစ်ပွဲကို ဆက်လက်ဆင်နွှဲဖို့ပဲဖြစ်ဖြစ် တစ်ခုခုကို ရွေးချယ်ရလိမ့်မယ်။ နှစ်ခုလုံးကိုတော့ တစ်ပြိုင်နက် ရယူလို့မရနိုင်ဘူး။" လို့ ၎င်းရဲ့ X လူမှုကွန်ရက်အကောင့်တွင်ရေးတင်ခဲ့သည်။
👍222😡2