News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
News Of Myanmar
"ဒီညမှာ အီရန်ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်" လို့ ထရမ့် သတိပေး အမေရိကန်သမ္မတ ထရမ့်က ၎င်းရဲ့ ထရု(သ်) ဆိုရှယ်မီဒီယာအကောင့် မှာ အီရန်နဲ့ပတ်သက်ပြီး အခုလို ရေးတင်ခဲ့ပါတယ်။ "ဒီညမှာ အီရန်ယဉ်ကျေးမှုအဖွဲ့အစည်း တစ်ခုလုံး သေဆုံးသွားတော့မယ်။ ဘယ်တော့မှ…
🚨သမ္မတ ထရမ့်ရဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီးနောက်မှာတော့ အီရန်နိုင်ငံဟာ အမေရိကန်နဲ့ ဆက်သွယ်ထားတဲ့ သံတမန်လမ်းကြောင်းတွေနဲ့ ကြားခံကနေတစ်ဆင့် ဆက်သွယ်နေတဲ့ လမ်းကြောင်းအားလုံးကို ဖျက်သိမ်းလိုက်ပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီအပြင် နှစ်နိုင်ငံကြား သတင်းစကား ဖလှယ်နေမှုတွေကိုလည်း အပြီးတိုင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အီရန်ဘက်က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍326💔2😨2
သင်္ကြန်ကာလအတွင်း အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးမည်

NOM ဧပြီ ၇၊ ၂၀၂၆

ရန်ကုန်တိုင်းအတွင်း သင်္ကြန်ကာလတွင် ယာဉ်မောင်းသူများ အရက်သေစာ သောက်စားထားခြင်း ရှိ/ မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန် ချက်အရသိရသည်။

မဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင် သူများအနေဖြင့် မူးယစ်သောက် စားပြီး ယာဉ်မောင်းခြင်း၊ အပျော်လွန်ကျူးပြီး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လမ်းလုပြီး မောင်းနှင်ခြင်းများ မလုပ်ရကြောင်းသိရသည်။

ထို့အပြင် မော်တော်ယာဉ်များတွင် အိတ်ဇောပိုက် ဖြုတ်ပြီး မောင်းနှင်ခြင်း၊ ယာဉ်နံပါတ်ပြား မတပ်ဆင်ဘဲမောင်းနှင်ခြင်း၊ ယာဉ်နံပတ်ပါတ်အတုနှင့် အခြားယာဉ်နံပါတ်များတပ်ဆင်ခြင်း၊ ယာဉ်​၏ ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်ပြီး မောင်းနှင်ခြင်းများ မလုပ်ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယာဉ်မောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော လိုင်စင်များ၊ မှတ်ပုံတင်များ ပါရှိရမှာဖြစ်ပြီး ဖျက်သိမ်းထားသည့် ယာဉ်အို/ ယာဉ်ဟောင်းများ၊ မှတ်ပုံမတင်ရသေးသည့်ယာဉ်များ၊ ပြုပြင်ဆဲယာဉ်များကိုလည်း မောင်းနှင်ခြင်းများ မပြုလုပ်ရကြောင်းသိရသည်။

ထို့အပြင် နိုင်ငံတကာအလံများကို ယာဉ်များတွင် တပ်ဆင်ခြင်း၊ ပစ်ကပ်ယာဉ်များမှာ သတ်မှတ်ထားသည့် ဝန်အလေးချိန်ထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်/ ဘေးတွဲဆိုင်ကယ်များ စီးနင်းခြင်းမလုပ်ရကြောင်းထုတ်ပြန်ထားသည်။

အဆိုပါစည်းကမ်းချက်များကို မလိုက်နာပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပြီး ယာဉ်မောင်းများကိုလည်း အရက်သေစာ သောက်စားထားခြင်း ရှိ/ မရှိ အရက်မူးတိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးပြီး ချိုးဖောက်လျှင် ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်‌ကြောင်းသိရသည်။

အချက်အချာကျသည့် လမ်းဆုံ/လမ်းခွ မီးပွိင့်များတွင် CCTV ကင်မရာများတပ်ဆင်ထားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများကို ကင်မရာများဖြင့် ရိုက်ကူးထားပြီး ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။

NOM
👍242❤‍🔥1
ဩစတြေးလျ စစ်မှုထမ်းဟောင်းစစ်ရာဇဝတ်မှုဖြင့် အဖမ်းခံရ

ဩစတြေးလျ၏ အမြင့်ဆုံးဆုတံဆိပ်ရရှိထားသော စစ်မှုထမ်းဟောင်းနှင့် အထူးလေကြောင်းဝန်ဆောင်မှု တပ်ရင်းမှ တပ်ကြပ်ဟောင်းတစ်ဦးဖြစ်သူ ဘင် ရောဘတ်စ်-စမစ်ကို အင်္ဂါနေ့က ဆစ်ဒနီလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်၌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်နက်မဲ့ အာဖဂန်နိုင်ငံသားငါးဦးကို သတ်ဖြတ်မှုဖြင့် စစ်ရာဇဝတ်မှု စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

NOM
👍192😨2
🚨 ထရမ့်က အီရန်နိုင်ငံအပေါ် နျူကလီးယားလက်နက်ထုတ်သုံးမည်ကို ၎င်း​၏ လက်ရှိနှင့် ယခင် အကြံပေးအသိုင်းအဝိုင်းကြားတွင် စိုးရိမ်မှုများမြင့်တက်နေ

ထရမ့်၏ အီရန်အပေါ် ခြိမ်းခြောက်မှုများမှာ အလွန်ပြင်းထန်လာခြင်းနှင့်အတူ ထရမ့်အနေဖြင့် အီရန်စစ်ပွဲမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကို ရှာဖွေရာတွင် အသည်းအသန်ဖြစ်လာခြင်းတို့ကြောင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သည့် သမ္မတတစ်ဦးအနေဖြင့် နျူကလီးယားလက်နက်ကို အသုံးပြုရန် ကြိုးပမ်းလာနိုင်သည်ဟူသော စိုးရိမ်မှုများ ထရမ့်၏ လက်ရှိနှင့် ယခင် အကြံပေးအသိုင်းအဝိုင်းကြားတွင် မြင့်တက်နေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
😡16👍102😱2😢2🔥1
တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား (၁၂၆) ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဧပြီ ၇၊ ၂၀၂၆

NOM
👍202😱2
ရေးမြို့နယ်၊ မီးတိုင်တက်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို PDF အကြမ်းဖက်အဖွဲ့က "ဒလန်" ဟုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား၊ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ဧပြီ ၇၊ ၂၀၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မီးတိုင် တက်ကျေးရွာနေသူများဖြစ်ကြသည့် ကိုမင်း (၂၆) နှစ်၊ ကိုဇင်ကိုကို (၂၆) နှစ်၊ ဦးသိန်းငွေ (၅၇) နှစ်နှင့် ဦးသန်းလှိုင် (၃၂) နှစ်တို့သည် ဧပြီ ၅ ရက်နေ့ ညအချိန်၌ ၎င်းတို့​၏ နေအိမ်အသီးသီးတွင်ရှိနေကြစဉ် PDF အကြမ်းဖက်သမား ၂၀ ဦး ခန့်ရောက်ရှိလာပြီး ၎င်းတို့အား "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုမင်း၊ ကိုဇင်ကိုကိုနှင့် ဦးသိန်းငွေတို့မှာ သေဆုံးခဲ့ပြီး ဦးသန်းလှိုင် မှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။

NOM
😢8👍72😡1
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ရုရှားနိုင်ငံသား တစ် ဦးအား သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသား ငါး ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

ဧပြီ ၇၊ ၂၀၂၆

NOM
👍201
မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် ကျပ် ၁၅ ဒသမ ဝ၂ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
👍225😡1