News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန် ကိန်း (Dan Caine) က အမေရိကန်အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတွင် ပြုလုပ်သည့် ကြားနာပွဲအတွင်း အီရန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် အမေရိကန် ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့များ ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းက အောက်ပါအတိုင်းပြောကြားခဲ့သည်။

"သေနတ်အသေးစား ဒါမှမဟုတ် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အီရန်နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ တပ်ဖွဲ့တွေကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်"

NOM
👍351🕊1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

ဧပြီ ၆၊ ၂၀၂၆

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည် ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

NOM
15👍9
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ Habshan ရှိ အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) စက်ရုံတွင် မီးလောင်မှုများဖြစ်ပွားကြောင်း သတင်းရရှိသည်။ နာဆာ NASA ၏ FIRMS (အပူချိန်တိုင်းတာသည့်စနစ်) အချက်အလက်များအရ ထိုဧရိယာအတွင်း အပူချိန်မြင့်မားနေသည့် နေရာအမြောက်အမြားရှိနေကြောင်း ပြသနေသည်။

ADNOC သည်ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။

NOM
👍17😢73
ကျောက်မဲနှင့် သီပေါမြို့နယ်များမှ DPLA အကြမ်းဖက်အဖွဲ့မှ အမျိုးသား၃ ဦး လက်နက်များနှင့် အလင်းဝင်

ဧပြီ ၇၊ ၂၀၂၆

ကျောက်မဲနှင့် သီပေါမြို့နယ်များမှ DPLA အကြမ်းဖက်များထံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိခဲ့ပြီး ပြန်လည်အလင်းဝင်ရောက်လာသူ အမျိုးသား ၃ ဦးကို  ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၎င်းတို့​၏ မိဘအုပ်ထိန်းသူများထံသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။

တာဝန်ရှိသူများက အဆိုပါ DPLA အဖွဲ့ဝင် အမျိုးသားသုံးဦးအား လက်နက်ငယ်များ ယူဆောင်လာခဲ့အတွက်လည်း ချီးမြှင့်ဆုငွေများထိုက်ထိုက်တန်တန် ပေးအပ်ခဲ့သည်။
13👍8🙏1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးနှင့် အမေရိကန်တို့သည် အီရန် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဧပြီလ ၆ ရက်က တီဟီရန်မြို့ရှိ ရှရစ်ဖ်နည်းပညာတက္ကသိုလ် (Sharif University of Technology) သည် အမေရိကန်-အစ္စရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

NOM 
😡20👍73
အီရန်​၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဆော်ဒီနိုင်ငံအနေဖြင့် 'ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေသည်' ဆိုသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ပိုမိုခက်ခဲလာ

အီရန်၏ ဒုံးကျည် (သို့မဟုတ်) ဒရုန်းများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို စိုးရိမ်သောကြောင့် ဆော်ဒီအာရေဗျနိုင်ငံသည် ရီယာ့ဒ်မြို့ရှိ ဘုရင် အဗ္ဗဒူလာ King Abdullah ဘဏ္ဍာရေးရပ်ကွက် (KAFD) သို့ ဝန်ထမ်းများ မစေလွှတ်ရန် စီးပွားရေးလုပ်ငန်းများကို အမိန့်ပေးလိုက်သည်။

KAFD အတွင်းရှိ ရုံးခန်းအဆောက်အအုံများကို အမြန်ဆုံး လစ်လပ်စေရန် အမိန့်ထုတ်ပြန်လိုက်ခြင်းက ဆော်ဒီဘုရင့်နိုင်ငံအနေဖြင့် 'ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေသည်' ဆိုသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ပိုမိုခက်ခဲလာကြောင်း ပြသနေသည်။

NOM
👍264
ကရင်ပြည်နယ် ဝန်ကြီးများအမည်စာရင်း။
👍218
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမည်စာရင်း။

NOM
👍176💔1
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအား ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ စတင်ကောက်ခံမည်

NOM ဧပြီ ၇၊ ၂၀၂၆

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို ဧပြီလ ၁ ရက်မှ စတင်ကောက်ခံမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ (ဧပြီ ၆ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများ ကောက်ခံခြင်းမပြုဘဲ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန ) က ဆောင်ရွက် ပေးခဲ့ရာ အဆိုပါ ပရောဂျက်ကာလသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ် များအတွက် ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများကို ဧပြီလ ၁ ရက်မှ စတင်ကောက်ခံမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဧပြီ ၁ ရက်နေ့မှ စ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များကို မော်တော်ယာဥ်အမျိုး
အစားနှင့် ဘက်ထရီစွမ်းဆောင်ရည်အလိုက် ရာခိုင်နှုန်းအားဖြင့် ၃ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ သတ်မှတ်ကောက်ခံ
မည်ဖြစ်ကြောင်းလည်းသိရသည်။

NOM
👍211😡1
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများနှင့် ဝန်ကြီးများအမည်စာရင်း

NOM

သောကြာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုမည့် ဝန်ကြီးဌာနနှင့် ဝန်ကြီးများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးဌာန (၁၀) ခု

၁။ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီးဌာန၊ ဗိုလ်မှူးကြီးဝင်းတင့်

၂။ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒေါက်တာမေသန်းနွယ်

၃။ လူမှုရေးရာဝန်ကြီးဌာန၊ ဦးဗိုလ်ဌေး

၄။ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးနေလင်းထွန်း

၅။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေါက်တာမျိုးသော်

၆။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေါက်တာထူးမောင်

၇။ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဦးစိုးဦး

၈။ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ ဦးမျိုးမြင့်အောင်

၉။ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဦးစောဂျက်ကော့ထူး

၁၀။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဦးနေမင်းထွန်း
👍156
🚨 အီရန်နိုင်ငံ၊ ခါ့ဂ်ကျွန်း Kharg Island ပေါ်ရှိ ဘန်ကာများနှင့် ကာကွယ်ရေးစနစ်များကို အမေရိကန်က တိုက်ခိုက်နေပြီဖြစ်ပြီး အစ္စရေးက အီရန်နိုင်ငံ​၏ ရထားလမ်းများကွန်ာက်ကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
😱16👍6🔥21
အီရန်နိုင်ငံ၊ တီဟီရန်မြို့လယ်မှာရှိတဲ့ ရာဖီနီယာ Rafie Nia အမည်ရ ဂျူးဝတ်ပြုကျောင်းဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။

NOM
👍21😱51
🚨 အိမ်နီးချင်းနိုင်ငံများသို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ သတိပေးချက်- "သည်းခံမှု ကုန်ဆုံးသွားပြီ"

• အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ဒေသတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို နောင်နှစ်ပေါင်းများစွာတိုင်အောင် အသုံးမပြုနိုင်စေရန်အတွက် ၎င်းတို့၏ အခြေခံအဆောက်အအုံများကို ကျွန်ုပ်တို့ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်သည်။

• အမေရိကန်၏ ဒေသတွင်း မိတ်ဖက်နိုင်ငံများအနေဖြင့်လည်း သိထားသင့်သည်မှာ ယနေ့အချိန်အထိ ကျွန်ုပ်တို့သည် အိမ်နီးချင်းကောင်းပီသမှုကို အလေးထားသောကြောင့် လက်တုံ့ပြန်မည့် ပစ်မှတ်များကို ရွေးချယ်ရာတွင် အလွန်အမင်း ထိန်းသိမ်းသည်းခံခဲ့ကြသည်။ သို့သော် ယခုအချိန်မှစ၍ ထိုကဲ့သို့ ထည့်သွင်းစဉ်းစားမှုများအားလုံးကို ဖယ်ရှားလိုက်ပြီဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍3111🔥4💔2
အစ္စတန်ဘူလ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးတွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ၃ ဦးသေဆုံး 

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က အစ္စရေးကောင်စစ်ဝန်ရုံးမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာပါတယ်။ 

အခုဖြစ်စဉ်မှာ တိုက်ခိုက်သူ ၂ ဦးအပါအဝင် စုစုပေါင်း လူ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

NOM 
👍23😡52