News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါများ ဖမ်းဆီးရမိ

ဧပြီ ၅၊ ၂၀၂၆

NOM
👍302😡1
Media is too big
VIEW IN TELEGRAM
ယီမင်ထုတ်ပဲ့ထိန်းဒုံးကျည်သစ်ထုတ်ဖော်ပြသ

NOM

အသံထက် ၁၆ ဆမြန်ပြီးလေကာစနစ်ကို ဖောက်ထွင်းနိုင်သည့် ယီမင်က ထုတ်လုပ်ထားသောပါလက်စတိုင်း (၂) ပဲ့ထိန်းဒုံးကျည်ကိုထုတ်ဖော်ပြသလိုက်သည်။ ပျံသန်းစဉ်လမ်းကြောင်းပြောင်းနိုင်ပြီးထိပ်ဖူးသည် ယမ်းအလေးချိန်ကီလို ၅၀၀ (တန်ဝက်)သယ်နိုင်သည်။
👍273😱2🕊1
ဗြိတိသျှစစ်သင်္ဘောဒုံးကျည်ထိမှန်ပျက်စီး

NOM

အစ္စရေး Channel 14 မှ သတင်းထောက် Hallel Bitton Rosen က ဗြိတိသျှ စစ်သင်္ဘောတစ်စင်းသည် လက်ဘနွန်မှ ပစ်ခတ်သည့်သင်္ဘောဖျက်ဒုံးကျည်ဖြင့် တိုက်ရိုက်ထိမှန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ကို အတည်ပြုခဲ့သည်။

ဟဇ်ဘိုလာကက တနင်္ဂနွေနေ့အစောပိုင်းတွင် စစ်သင်္ဘောတစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားသည်။
👍295🕊2
လျော်ကြေးပေးမှဟော်မုဇ်ရေလက်ကြားဖွင့်ပေးမည်ဟုအီရန်ပြော
NOM

အီရန်သည် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးဆောင်ပြီးမှသာ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ခွင့်ပြုမည်ဖြစ်သည်။

အီရန်သည် ယခင်က နိုင်ငံအားလုံးကို "ရန်လိုသော"၊ "ကြားနေ" နှင့် "မိတ်ဆွေ" အဖြစ် အမျိုးအစားခွဲခြားခဲ့သည်။ ပထမအုပ်စုကို ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့် ပိတ်ပင်ထားမည်ဖြစ်ပြီး ဒုတိယအုပ်စုမှာတိုးမြှင့်ကောက်ခံမည့် အခကြေးငွေများ ပေးဆောင်ရမည်ဖြစ်ပြီး တတိယအုပ်စုသည်ကန့်သတ်ချက်မရှိဘဲ လမ်းကြောင်းကို အသုံးပြုနိုင်မည်ဖြစ်သည်။
👍387
နှစ်သစ်ကူးရုံးပိတ်ရက်များတွင် သတင်းစာများ အလှည့်ကျ ထုတ်ဝေမည်။
👍252❤‍🔥1
ယူအေအီး (UAE) မှာ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံကို မျှဝေခဲ့တဲ့ ဗြိတိန် လေယာဉ်အမှုထမ်းတစ်ဦး အဖမ်းခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်ပွဲနဲ့ပတ်သက်ပြီး မှတ်တမ်းတင်သူတွေအပေါ် ပိုမိုတင်းကျပ်စွာ နှိမ်နင်းလာတာကို မီးမောင်းထိုးပြနေပြီး ဒူဘိုင်းမြို့ရဲ့ ပွင့်လင်းမြင်သာတဲ့ ကမ္ဘာ့အချက်အချာနေရာဆိုတဲ့ ပုံရိပ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။

အသက် ၂၅ နှစ်အရွယ် လေယာဉ်အမှုထမ်းတစ်ဦးဟာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ထိခိုက်ပျက်စီးမှုဓာတ်ပုံကို သီးသန့် WhatsApp group တစ်ခုထဲမှာ တင်ခဲ့ပြီးနောက် ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

NOM
👍25😱73
ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုအမည်စာရင်းတင်သွင်း

NOM ဧပြီ ၆၊ ၂၀၂၆

ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုထားရှိမည် ဖြစ်ကြောင်းယနေ့ကျင်းပသည့် ပြည်​ထောင်စုလွှတ်​တော်သို့တင်သွင်းထားကြောင်းသိရသည်။ ပြည်ထောင်စုဝန်ကြီးဌာန (၃၁) ခု စာရင်းမှာ-

​၁။ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး

၂။ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

၃။ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန

၄။ ပို့ဆောင်ရေးဝန်ကြီးဌာန

၅။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

၆။ ကာကွယ်ရေးဝန်ကြီးဌာန

၇။ ပြည်ထဲရေးဝန်ကြီးဌာန

၈။ နိုင်ငံခြားရေးဝန်ကြီးဌာန

၉။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန

၁၀။ နယ်စပ်ရေးရာဝန်ကြီးဌာန

၁၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

၁၂။ ဥပဒေရေးရာဝန်ကြီးဌာန

၁၃။ ပညာရေးဝန်ကြီးဌာန

၁၄။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

၁၅။ ကျန်းမာရေးဝန်ကြီးဌာန

၁၆။ အမျိုးသမီးရေးရာဝန်ကြီးဌာန

၁၇။ ပြန်ကြားရေးဝန်ကြီးဌာန

၁၈။ သာသနာရေးဝန်ကြီးဌာန

၁၉။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၂၀။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

၂၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

၂၃။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

၂၄။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

၂၅။ အလုပ်သမားဝန်ကြီးဌာန

၂၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၇။ အားကစားရေးရာဝန်ကြီးဌာန

၂၈။ လူငယ်ရေးရာဝန်ကြီးဌာန

၂၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန

၃၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၃၁။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
19👍17
တရားသူကြီးချုပ်နှင့်ရွေးကော်ဥက္ကဋ္ဌနေမြဲ

NOM ဧပြီ ၆၊ ၂၀၂၆

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးတို့ကို အမည်စာရင်းတင်သွင်းကြောင်းသိရသည်။

NOM
21👍15
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ်

NOM ဧပြီ ၆၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ပုသိမ်မြိုနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်ကိုခန့်အပ်လိုက်သည်။

NOM
👍277😡1
ကချင်ပြည်နယ်ဝန်ကြီးချုပ်အမည်တင်သွင်း

NOM ဧပြီ ၆၊ ၂၀၂၆

ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို သမ္မတကအမည်စာရင်းတင်သွင်းသည်။

NOM
👍299
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ်

NOM ဧပြီ ၆၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ် ပဲခူးမြိုမဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဝင်းကိုပင် ခန့်အပ်တာဝန်ပေးလိုက်သည်။

NOM
👍298❤‍🔥2
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နေမြဲ

NOM ဧပြီ ၆၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အောင်မြေသာစံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လက်ရှိဝန်ကြီးချုပ် ဦးမျိုးအောင်ကိုပင်ပြန်လည်ခန့်အပ်သည်။

NOM
👍289
ရန်ကုန်တိုင်းဝန်ကြီးချုပ်ခန့်အပ်
NOM၊ဧပြီ၆၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်ကိုကိုးကျွန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်သူအားခန့်အပ်လိုက်သည်။
👍315
ဩစတြေးလျနိုင်ငံပိုင် ရဟတ်ယာဉ် ၂ စီးကို AA အကြမ်းဖက်အဖွဲ့ ပစ်ခတ်တိုက်ခိုက်

ဧပြီ ၅၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းလေဆိပ်မှ ရန်ကုန်မြို့သို့ပျံသန်းလာသည့် ဩစတြေးလျနိုင်ငံအခြေစိုက် Aviation Utilities PTY Ltd (United Aero Helicopters) ပိုင် ရဟတ်ယာဉ် ၂ စီးကို ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းအနီးတွင် အခြေပြုထားသည့် AA အကြမ်းဖက်အဖွဲ့က လက်ပံပင်ရင်းကျေးရွာနှင့် ဆားပြင်ကြီးကျေးရွာများအနီးအရောက် ဧပြီ ၅ ရက်နေ့၊ နေ့လယ် နှစ်နာရီဝန်းကျင်အချိန်တွင် လေယာဉ်ပစ် စက်သေနတ်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

AA အကြမ်းဖက်အဖွဲ့​၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် Airbus Helicopters H125 အမျိုးအစား ရဟတ်ယာဉ် ၁ စီး အမြီးပိုင်းတွင် ကျည်ထိမှန်ခဲ့သော်လည်း ဘေးအန္တရာယ်ကင်းစွာဖြင့် ရန်ကုန်လေဆိပ်သို့ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ဆင်းသက်နိုင်ခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်များသည် ထိုင်းနိုင်ငံ၊ ဆူရက်ဌာနီသို့ သွားရောက် ရန်အတွက် ရန်ကုန်လေဆိပ်တွင် ခရီးတစ်ထောက်နားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော် ပျံသန်းစဉ် ဘေးအန္တရာယ်ကင်းရှင်းစေရေး မောင်တောမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မေယုမြစ် ကြောင်းအတိုင်း ပျံသန်းလာစဉ် အကြမ်းဖက်သမားများ​၏ ပစ်ခတ်ခံရခြင်းဖြစ်သည်။

AA အကြမ်းဖက်အဖွဲ့အနေဖြင့် အရပ်ဘက်လေယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်။
👍21😡95😱1
ကရင်ပြနည်ဝန်ကြီးချုပ်ခန့်အပ်
NOM
ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လက်ရှိဝန်ကြီးချုပ်ဦးစောမြင့်ဦးကိုပြန်လည်ခန့်အပ်လိုက်သည်။
👍1910
သင်္ကြန်ကာလအတွင်းရန်ကုန်မြို့မှ နယ်ပြန်မည့်သူများယခုနှစ်အတွင်းနည်းပါး
NOM၊ဧပြီ၆၊၂၀၂၆
သင်္ကြန်ကာလအတွင်းရန်ကုန်မြို့မှ နယ်ပြန်မည့်သူများယခုနှစ်အတွင်းနည်းပါးသွားသည်ဟု ခရီးသည်တင်ကားဂိတ်တစ်ခုမှသိရသည်။

ယခင်နှစ်များကယခုလိုအချိန်တွင် ကားလတ်မှတ်များရောင်းမလောက် ဖြစ်သည့်အပြင်ကားတွေပါ ထပ်တိုးပြေးဆွဲခဲ့ရကြောင်းနှင့် ယခုနှစ်မှာကားတစ်စီးထွက်ဖို့ပင်ခက်ခဲနေကြောင်း သိရသည်။

"ဒီနှစ်ပြန်မယ့်သူနည်းရတဲ့ အကြောင်းအရင်းကတော့ကျွန်တော်သိရသလောက်အဓိက သုံးချက်ရှိပါတယ်။အဲ့တာတွေကတော့စက်သုံးဆီ ခက်ခဲမှုကြောင့်လတ်မှတ်ခစျေးနှုန်းများနှစ်ဆမြင့်တက်တာရယ်၊ကားအထွက်နည်းပြီး ကြိုတင်လတ်မှတ်ဖြတ်မရတာရယ်၊တစ်ချို့ကတော့နယ်မြေအခြေအနေကြောင့် မပြန်နိုင်ရယ်၊ဒါတွေကြောင့်မပြန်ဖြစ်ကြတာတွေများလာနိုင်တယ်"ဟုလတ်မှတ်အရောင်းဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယခုနှစ်မဟာသင်္ကြန်ရက်အတွင်းရန်ကုန်မြို့မှ နယ်ပြန်မည့်သူများမှာ ယခင်ကရန်ကုန်မှမကွေးသို့ကားခ ၄၀၀၀၀ကျပ် သာပေးရသော်လည်း ယခုအခါတွင် လတ်မှတ်ခ၈၀၀၀၀ အထိ တက်သွားကြောင်းသိရသည်။

"သင်္ကြန်ရက်မှာအရင်နှစ်တွေကတော့ပြန်တယ် အရင်က ကားခကအသွားအပြန်မှ ကျပ်ငါးသောင်းခြောက်သောင်းလောက်ပဲရှိတာအခုတော့အသွားရှစ်သောင်း အပြန်ရှစ်သောင်းဆိုတော့ အသွားအပြန် တစ်သိန်းခြောက်သောင်းတောင်ပေးရတယ်ဆိုတော့ သင်္ကြန်ရက်ပြန်ရမှာတောင်အဆင်မပြေတော့ဘူးဒါကြောင့်ဒီနှစ်တော့နယ်မပြန်တော့ဘဲဒီနှစ်သင်္ကြန်ကို ရန်ကုန်မှာပဲနေတော့မှာပါ" ဟုအညာသူတစ်ဦးကပြောသည်။

လက်ရှိအဝေးပြေးယာဥ်လိုင်းများတွင်စက်သုံးဆီခက်ခဲမှုကြောင့် အချို့ကားများပြေးဆွဲမှုမရှိတော့ဘဲ တစ်ရက်လျှင် ယခင်က သုံးစီးလေးစီးထွက်နေသော်လည်း ယခုအခါတွင်တစ်စီးနှစ်စီးသာထွက်နေကြောင်းသိရသည်
👍167
Wi Fi သုံးစွဲသူများ အနေဖြင့် ဆာဗစ်ခေါ်ရာတွင် လက်ရှိဖြစ်ပေါ်နေသောစက်သုံးဆီအခက်ခဲများကြောင့်ပြင်ဆင်ပေးရန် ကြန့်ကြာမူများရှိမည်
NOM၊ဧပြီ၆၊၂၀၂၆
Wi Fi သုံးစွဲသူများ အနေဖြင့် ဆာဗစ်ခေါ်ရာတွင် လက်ရှိဖြစ်ပေါ်နေသောစက်သုံးဆီအခက်ခဲများကြောင့်ပြင်ဆင်ပေးရန် ကြန့်ကြာမူများ ရှိနိုင်ပါ ကြောင်း Wi Fi ကုမ္ပဏီများမှ သုံးစွဲသူများထံသို့ ယမန်နေ့ဧပြီ ၅ရက််ကမတ်ဆေ့ပို့ အသိပေးခဲ့ကြောင်းသိရသည်။

ယင်ဖြစ်စဉ်ကြောင့် Wi Fi ကုမ္ပဏီ မှတာဝန်ရှိသူတစ်ဦးမေးမြန်းခဲ့ရာ "စာတွေပို့တာတော့ဟုက်ပါတယ်အရင်ကတော့ ကိုယ့်အိမ်မှာ Wi Fi တစ်ခုခုဖြစ်ရင်ဆာဗစ်ကိုခေါ်ရင်အနည်းဆုံး၂ရက်အချိန် ပေးရပါတယ်အခုကတော့ ဘယ်လောကြာမလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိပါဘူးဟု" ဟုပြန်လည်း ဖြေကြားခဲ့သည်။

Wi Fi ကုမ္ပဏီများမှ သုံးစွဲသူများသို့အသိ ပေးရာတွင်လတ်တလောဖြစ်ပေါ်နေသော ဆီအခက်အခဲများကြောင့်လူကြီးမင်း၏ အင်တာနက်လိုင်းအား ပြင်ဆင်ပေးရန် ကြန့်ကြာမူများ ရှိနိုင်ပါ ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ မှ နားလည်ပေးပါရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။

"အရင်ကတောင်နှစ်ရက်ဆို သုံးလေးရက် လောက်ကြားတယ် အခုဆိုရင်တော့ ပိုဆိုးသွားပြီးပေါ့"ဟုWi Fi တပ်ဆင်သုံးစွဲနေသူတစ်ဦးကပြောသည်။
👍195😱1😡1
အီရန်ထောက်လှမ်းရေးအကြီးအကဲလေကြောင်းတိုက်ခိုက်ခံရပြီးသေဆုံး

NOM

အီရန်တော်လှန်ရေးအစောင့်တပ်၏ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ် မာဇဂျစ်ခါဒီမီ သည် ယနေ့အစောပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အီရန်က အတည်ပြုကြေညာသည်။
👍23😢13😨31🗿1
This media is not supported in your browser
VIEW IN TELEGRAM
လက်ဘနွန်တောင်ပိုင်းရှိ ကျူးကျော်သူ အစ္စရေးစစ်သားများကို ပစ်မှတ်ထားသည့် ဟစ်ဇဘိုလာ၏ ဒရုန်းစစ်ဆင်ရေး။

လက်ဘနွန်တောင်ပိုင်း၊ ဝါဒီအယ်လ်အာယွန်နယ်မြေရှိ ဇီယွန်ဝါဒီ (အစ္စရေး) တပ်ဖွဲ့များ အခြေစိုက်ရာ လူနေအိမ်တစ်လုံးကို ဟစ်ဇဘိုလာက တိုက်ခိုက်ရေးဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် ရုပ်သံမှတ်တမ်း။

NOM
👍296🕊3
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများ သတိပြုရန်အချက်များထုတ်ပြန်။

ဧပြီ ၅၊ ၂၀၂၆

NOM
👍262❤‍🔥1