News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်။

ဧပြီ ၅၊ ၂၀၂၆
12👍7
အုပ်ချုပ်ရေးမှူး ဦးသန်းဇော် ဓါးစာခံဖမ်းဆီးခံရ။

PDF အကြမ်းဖက်သမားများ​၏ လူမဆန်သည့် လုပ်ရပ်။
👍95😱4😢3
စိတ်ဖောက်သွားပုံရတဲ့ အမေရိကန် သမ္မတ ထရမ့်ဟာ သူ့ရဲ့ထရု(သ်) ဆိုရှယ်မီဒီယာအကောင့်တွင် အခုလိုရေးသားခဲ့ပါတယ်။

"လာမယ့် အင်္ဂါနေ့ဟာ အီရန်နိုင်ငံအတွက် 'လျှပ်စစ်ဓာတ်အားပေးစက်ရုံနေ့' နဲ့ 'တံတားနေ့' တွေ တစ်ပေါင်းတည်း ဖြစ်လာလိမ့်မယ်။
(အင်္ဂါနေ့မှာ အီရန်ရဲ့လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခြင်း)

အဲဒီလိုနေ့မျိုး ဘယ်တုန်းကမှ ရှိခဲ့ဖူးမှာ မဟုတ်ဘူး!!!

မင်းတို့ ဒီ ဟော်မုဇ် ရေလက်ကြား ကို အခုချက်ချင်းဖွင့်ပေးလိုက်ကြစမ်း။ ရူးကြောင်ကြောင်ကောင်တွေ၊ မဟုတ်ရင် မင်းတို့ ငရဲခန်းထဲမှာ နေရလိမ့်မယ်။ စောင့်ကြည့်နေလိုက်!

အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းရှိပါစေ!"

NOM
👍14😱83😡2
မန္တလေးနှင့် ကလေးမြို့တို့တွင် တရားမဝင်သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈ တန်ကျော် ဖမ်းဆီးရမိ

ဧပြီ ၅၊ ၂၀၂၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၆ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ကိုဦးနှင့်အတူ ဇော်ဝင်းနိုင်(ခ)ဖိုးသားတို့အား တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်၊ TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိကဖင်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမှ မန္တလေးသို့ NISSAN ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြသည့် ယာဉ်ပိုင်ရှင် မတင့်တင့်အေး၊ နိုင်လင်း၊ ဖြိုးကိုကိုနှင့် နိုင်ချိန်းအောင်တို့ ၄ ဦးအား မန္တလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ကဖင်းများအား ကလေးမှ မန္တလေးသို့ သယ်ဆောင်ခိုင်းသူ ညီညီဇော်(ခ)ဖိုးငယ်အား ကလေးမြို့၊ မြို့သာရပ်ကွက်ရှိနေအိမ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် SANGDA KSD MPV ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ ဖော်ထုတ်ချက်အရ ကလေးမြို့နေ ကဖင်းအိတ်များပိုင်ရှင် မခင်မို့မို့အေး(ခ)အန်တီမိုးနှင့် ပူးပေါင်း ပါဝင်ခဲ့သည့် နေမျိုးလင်း(ခ)ရော့ကီ(ခ)မုတ်ဆိတ်၊ မကြွယ်သင်ပါးရ်အီး(ခ) ပါးရ်အီးနှင့် ခိုင်လင်းထွဋ်တို့အား ကလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ လားရင်မွှာနာ (ခ)မွမ်သဲ၏နေအိမ်မှ ကဖင်း ၃ ဒသမ ၈ တန် ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးမြို့၌ ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ဝ၂၅ တန် (တစ်ကီလိုလျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄,၁၀၀)၊ ကလေးမြို့တွင် ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၈ တန် (တစ်ကီလိုလျှင်ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄ ဘီလီယံ)၊ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈၂၅ တန် (၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၅၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများအား မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှ ကလေးမြို့သို့ လည်းကောင်း၊ ကလေးမြို့မှ မန္တလေးမြို့သို့လည်းကောင်း တရားမဝင်တင်သွင်း သယ်ဆောင်ရောင်းဝယ်သူမှာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့၊ မြန်မာ-အိန္ဒိယနယ်စပ်နေ မမားစောဆန်းအီး(ခ)ဆန်းအီး(ခ)သဲသဲ(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

NOM
👍173
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧပြီ ၅၊ ၂၀၂၆

NOM
👍194🗿2
🚨 ပြီးခဲ့သည့် ၄၈ နာရီအတွင်း အမေရိကန်သည် အောက်ပါတို့ကို ဆုံးရှုံးခဲ့သည်

• F-15E တိုက်လေယာဉ် (၁) စီး

• A-10 ဝေါ့တ်ဟော့ဂ် Warthog မြေပြင်တိုက်ခိုက်ရေးလေယာဉ် (၁) စီး

• MH-6 လစ်တဲလ် ဘတ်ဒ် Little Bird ရဟတ်ယာဉ် (၄) စီး

• UH-60 လက်ခ် ဟော့ခ် Black Hawk ရဟတ်ယာဉ် (၂) စီး

• C-130 ဟာကျူလီ Hercules သယ်ယူပို့ဆောင်ရေးလေယာဉ် (၂) စီး

• MQ-9 ရီးပါး Reaper ဒရုန်း (၄) စီး

ဤအချက်အလက်များသည် အမေရိကန်သတင်းရင်းမြစ်များ (ABC၊ NBC နှင့် NYT) မှ ရေးသားဖော်ပြထားသည့် ဆုံးရှုံးမှုများသာ ဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍289