News Of Myanmar
13.3K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
ပစ်ချခံရပြီး ကယ်ဆယ်ရန်နောက်ဆုံး ကျန်ရှိနေသော အမေရိကန် F-15 တိုက်လေယာဉ် အမှုထမ်းကို ကယ်တင်နိုင်ခဲ့သော်လည်း နောက်ထပ် လေယာဉ်နှစ်စီးဆုံးရှုံးပြန်

NOM

အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီး ကယ်ဆယ်ရန် ကျန်ရှိနေသေးသည့် အမေရိကန် F-15 တိုက်လေယာဉ် အမှုထမ်းတစ်ဦးအား အမေရိကန်အထူးတပ်ဖွဲ့များကသွားရောက်ကယ်ဆယ်ခဲ့ရသည်။

ကယ်ဆယ်ရေးအတွင်း အီရန်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး F-15 တိုက်လေယာဉ်အမှုထမ်းနှင့် အထူးတပ်ဖွဲ့များအား ကယ်ထုတ်မည့် အမေရိကန် C-130 လေယာဉ်နှစ်စီးမှာ အီရန်နိုင်ငံအတွင်းဆင်းသက်စဉ် မြေကျွံသွားသဖြင့် အမေရိကန်စစ်ဌာနချုပ်က နောက်ထပ်လေယာဉ်သုံးစီး ထပ်မံစေလွှတ်ပြီး F-15 လေယာဉ်အမှုထမ်းနှင့် အမေရိကန်အထူးတပ်ဖွဲ့များကို အီရန်နိုင်ငံအတွင်းမှ ကယ်ထုတ်ခဲ့ရသည်။

အမေရိကန်အထူးတပ်ဖွဲ့များက မဆုတ်ခွာမီ မြေကျွံနေသော C-130 လေယာဉ်နှစ်စီးကို ဖောက်ခွဲဖျက်ဆီးခဲ့ရသည်။

NOM
👍397😨3
ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်သို့ လေကြောင်းလိုင်းများပြန်လည်ပြေးဆွဲ
NOM၊ဧပြီ၅၊၂၀၂၆
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏လမ်းပန်းဆက်သွယ်ရေး အဆင် ပြေရန် လေကြောင်းလိုင်းများကိုဧပြီ ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေကြောင်းလိုင်းများ စတင်၍ အလှည့်ကျ ပြန်လည်ပြေးဆွဲနေပြီဖြစ် ကြောင်းသိရသည်။

မြစ်ကြီးနားလေဆိပ်ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၀ ရက်ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ လေယာဉ်ပြေးဆွဲမှုများကို ရက်ပေါင်း ၄၀ ကျော်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

အလှည့်ကျ ပြန်လည်ပြေးဆွဲရာတွင်Air ThanLwin လေကြောင်းလိုင်းမှ စတင်ပြေးဆွဲခြင်းဖြစ်ပြီး အများ
ပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးအတွက်မြစ်ကြီးနား လေဆိပ်မှ ပုံမှန်ပြေးဆွဲနေကြသောလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း လိုင်း၊ Air ThanLwin လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း စသည့်လေကြောင်းလိုင်းလေးခုမှ တစ်ပတ်လုံးအလှည့်ကျပြေးဆွဲသွားမည်ဖြစ် ကြောင်းသိရသည်။
14👍11
နောက်ဆုံးကယ်ဆယ်ရန် ကျန်ရှိနေသေးသည့် အမေရိကန် F-15 လေယာဉ်အမှုထမ်းတစ်ဦးအား ကယ်ဆယ်သည့် စစ်ဆင်ရေးအတွင်း အမေရိကန် C-130 ဟာကျူလီစ် ‘Hercules’ လေယာဉ် နှစ်စင်းနှင့် MH-6 လစ်တဲလ် ဘတ်Little Bird’ ရဟတ်ယာဉ် တစ်စင်းတို့ ပျက်စီးသွားကြောင်း နယူးယောက်တိုင်းမ်စ် သတင်းဌာနက New York Times က ဖော်ပြထားသည်။

NOM
👍333
ဟော်မုဇ်ရေလက်ကြားပွင့်ရန်ယူကရိန်းကကူညီနိုင်သော်လည်းမည်သူကမှအကူအညီမတောင်းကြဟုယူကရိန်းသမ္မတဇလင်စကီးကပြောသည်။
😱31🗿10👍82👎2💔1
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများကို ရထားနှင့်လေယာဉ်အခမဲ့စီးနင်းခွင့်ပြုမည်

နေပြည်တော် ဧပြီ ၅
35👍13🗿2
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧပြီ ၅၊ ၂၀၂၆

NOM
15👍10
မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ ထိခိုက် ဒဏ်ရာရရှိ။

NOM
😢9😡31👍1