News Of Myanmar
13.3K subscribers
22.6K photos
3.22K videos
3 files
6.61K links
Download Telegram
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်းနှင့် မူဆယ်မြို့တို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ။

ဧပြီ ၄၊ ၂၀၂၆

NOM
👍223
ရန်ကုန် နှင့် ရှမ်းပြည်နယ် တို့တွင် နှစ်လုံးထီ လောင်းကစားသူများအား ဖမ်းဆီးအရေးယူ။

NOM
👍152😱1😢1
Call Center သို့ တိုင်ကြားမှုအရ အရေးယူထားသည့် စက်သုံးဆီဆိုင် ၁၈ ဆိုင်ထိရှိပြီး မြောက်ဒဂုံမြို့နယ်တွင် စက်သုံးဆီသိုလှောင်ထားသူနှင့် ဒဂုံမြို့နယ်တွင် ယာဉ်ဆီတိုင်ကီမှ စက်သုံးဆီထုတ်ယူရောင်းချသူတို့ကို ဖမ်းဆီးအရေးယူထား

NOM ဧပြီ ၄၊ ၂၀၂၆

စွမ်းအင်ဝန်ကြီးဌာန Call Center သို့ တိုင်ကြားလာသည့် သတင်းများအရ တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုများကို ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်မှုအနေဖြင့် မြောက်ဒဂုံမြို့နယ် (၂၉) ရပ်ကွက် အောင်သစ္စာလမ်း အိမ်အမှတ် ၃၃၃ ဦးကျော်မြင့်၏ နေအိမ်တွင် ဒီဇယ်ဆီဟု ယူဆရသော စက်သုံးဆီ ဂါလန် ၅၀ အား ပီပါသုံးလုံးအတွင်း သိုလှောင်ထားရှိပြီး ဆီစုပ်ပန့် နှစ်လုံး လက်ရိုက်ပန့် နှစ်လုံးတို့အားစစ်ဆေးတွေ့ရှိရခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနံဘေး၌ ယာဉ်အမှတ် 31/1717 Alphard အမျိုးအစားယာဉ်သည် ယာဉ်ရှိဆီတိုင်ကီမှ ဆီကို ပိုက်ဖြင့်ထုတ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အဆိုပါလမ်းနံဘေးရှိ ဦးဝသုန်ပိုင် တရားမဝင်ဆီရောင်းချသူထံမှ ဒီဇယ်ဆီဟု ယူဆရသော စက်လုံးဆီ ဂါလန် ၉ဝ နှင့် ဓာတ်ဆီဟု ယူဆရသော စက်သုံးဆီ ၄၈ ဂါလန်ကို စစ်ဆေး တွေ့ရှိရသဖြင့် စက်လုံးဆီ ရောင်းချသူ ယာဉ်မောင်း ဦးဝင်းမင်းထွန်းနှင့် စက်သုံးဆီများ သိုလှောင်ရောင်းချနေသူ ဦးဝသုန်တို့ နှစ်ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် Code/ QR Code များကို Scan ဖတ်၍ စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် အခြားတင်ပြ တိုင်ကြားလိုသည်များ ရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ရှိ ရှိ ဖုန်းအမှတ်များဖြစ်သည့် ၀၉-၂၅၀၁၁၁၂၂၂ ၀၉-၂၅၀၁၁၁၃၃၃၊ ၀၉-၄၄၀၄၃၃၂၄ ၈၉၉၁၂၉၂၉၆ နှင့် Viber ဖုန်းအမှတ် ၀၉-၄၀၁၇၄၈၅၉၈ တို့သို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားလာမှုအပေါ် မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

NOM
👍193❤‍🔥1
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KIA ၊ KPDF နှင့် PDF အမည်ခံအဖွဲ့ဝင် ၈ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်

ဧပြီ ၄၊ ၂၀၂၆

NOM
15👍13
အိန္ဒိယနိုင်ငံမှ (၇) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်ရေနံကို ပြန်လည်ဝယ်ယူ

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် အာရပ်နိုင်ငံများမှ ရေနံတင်သွင်းမှုကို ဆက်လက်အားကိုး၍ မရတော့ကြောင်း အိန္ဒိယဘက်မှ အကြောင်းပြချက်ပေးကာ ယခုကဲ့သို့ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

NOM
👍354😡1
Media is too big
VIEW IN TELEGRAM
မြောက်ကိုးရီးယား၏ ရွေ့လျားသယ်ဆောင်နိုင်သောကမ္ဘာ့အကြီးဆုံးတိုက်ချင်းပစ်ဒုံးပျံဟာဆောင်-၇၀
👍337
This media is not supported in your browser
VIEW IN TELEGRAM
ကူဝိတ်ရေနံကော်ပိုရေးရှင်းနှင့် ကူဝိတ်ရေနံဝန်ကြီးဌာနရှိသည့် အဆောက်အအုံ အီရန်ဒရုန်းထိမှန်

အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒရုန်းတစ်စင်းသည် ကူဝိတ်ရေနံကော်ပိုရေးရှင်း (Kuwait Petroleum Corporation) အဆောက်အအုံကို ထိမှန်ခဲ့သည်။
အဆိုပါအဆောက်အအုံတွင် ကူဝိတ်နိုင်ငံ၏ ရေနံဝန်ကြီးဌာနရုံးလည်း အခြေစိုက်ထားသည်။

NOM
👍331😡1
🤍⚔️🇮🇷 အမေရိကန်အစိုးရဟာ စီးပွားဖြစ် ဂြိုဟ်တုဓာတ်ပုံ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအားလုံးကို အရှေ့အလယ်ပိုင်း ပဋိပက္ခဇုန်ရဲ့ ပုံရိပ်တွေကို မတ်လ ၉ ရက်နေ့ကစပြီး နောက်ကြောင်းပြန် သတ်မှတ်ချက်နဲ့ အကန့်အသတ်မရှိ ဆိုင်းငံ့ထားဖို့ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့ထိပ်တန်း ဂြိုဟ်တုဓာတ်ပုံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Planet ကလည်း အဆိုပါညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်နေကြောင်း အတည်ပြုထားပါတယ်။ ဝါရှင်တန်ရဲ့ တောင်းဆိုမှုကြောင့် တိုက်ခိုက်ခံရမှု ပျက်စီးဆုံးရှုံးမှုတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေအပေါ် လွတ်လပ်စွာ အတည်ပြုနိုင်စွမ်းကို အခုအခါမှာတော့ ဖုံးကွယ်တားဆီးလိုက်ပြီ ဖြစ်ပါတယ်။

သင်ဟာ စစ်ပွဲမှာ အနိုင်ရနေတယ်ဆိုရင် ကမ္ဘာကြီးကို မြင်စေချင်မှာပါ။ ဒါပေမဲ့ အခုလို တစ်လကြာတဲ့အထိ ဂြိုဟ်တုဓာတ်ပုံတွေကို ပိတ်ဆို့ထားတယ်ဆိုတာဟာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဖုံးကွယ်ချင်နေတာပဲ ဖြစ်ပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍359
အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီးပျောက်ဆုံးနေဆဲဖြစ်သော အမေရိကန်လေယာဉ်အမှုထမ်းကို အမေရိကန် စစ်တပ်​၏ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေလျက်ရှိပြီး အဆိုပါ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ စတင်ထွက်ခွာရာနေရာဖြစ်သည့် ကူဝိတ်နိုင်ငံရှိ ဘူးရင်း စစ်စခန်းကို အီရန်ကဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

NOM
👍237💔5
This media is not supported in your browser
VIEW IN TELEGRAM
အီရန်က ကူဝိတ်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို တိုက်ခိုက်။

NOM
👍293😡1
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF များ၏ စကားသံများ။

ဧပြီ ၄၊ ၂၀၂၆
19👍3
စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့်  ပြည်သူ့စစ်မှုထမ်း  ၃၈၅ ဦးအား  ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်

ဧပြီ ၄၊ ၂၀၂၆

စစ်မှုထမ်းဆောင်ခြင်း တာဝန်များ အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) မှ စစ်သည်များအား ဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တပ်နယ်ခန်းမ၌ ယနေ့နံနက်က ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ အရာရှိများနှင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) မှ စစ်သည်များ တက်ရောက်ခဲ့ကြသည်။
👍1911