News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
🚨 အမေရိကန် ဗိုလ်ချုပ်နှစ်ဦးကို ရာထူးမှ ဖယ်ရှား

အမည်မဖော်လိုသူ ကာကွယ်ရေးအရာရှိ နှစ်ဦးကို ကိုးကားပြီး ဝါရှင်တန် ပို့စ် (Washington Post) သတင်းဌာနက ဖော်ပြချက်အရ ယနေ့တွင် အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး နှစ်ဦး ထပ်မံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

အဆိုပါ ရာထူးမှ ထုတ်ပယ်ခံရသူများထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ကြည်းတပ်၏ လေ့ကျင့်ရေးနှင့် အသွင်ကူးပြောင်းရေးဌာန (Training and Transformation Command) ကို ဦးစီးနေသည့် ဗိုလ်ချုပ်ကြီး ဒေးဗစ် ဟော့ဒ်နီ (David Hodne) နှင့် ကြည်းတပ်၏ ဘာသာရေး ရေးရာ အကြီးအကဲ (Chief of Chaplains) ဗိုလ်ချုပ် ဝီလျံ ဂရင်း ဂျူနီယာ (William Green Jr.) တို့ ပါဝင်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍264😱1
PDF အကြမ်းဖက်မိုင်းထောင်ချောက်ကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ဒဏ်ရာရ။

NOM
👍13😢64
အမေရိကန်ကြည်းတပ်ဦးစီးချုပ် ရာထူးမှ ဖယ်ရှားခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်အဆင့်မြင့်အရာရှိကြီးများက ဒေါသထွက်

နယူးယောက်တိုင်းမ် (NYT) သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ဂျ် (Randy George) ရာထူးမှ ဖယ်ရှားခံရသည့် သတင်းအပေါ် အမေရိကန်ကြည်းတပ် အဆင့်မြင့်အရာရှိကြီးများက ဒေါသထွက်ခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းများဖြင့် တုံ့ပြန်ခဲ့ကြသည်။

၎င်းတို့က ယခုလုပ်ရပ်သည် အမေရိကန်စစ်ဝန်ကြီး ပိတ် ဟက်ဆက်သ် (Pete Hegseth) ၏ ဖိအားပေးမှုများကို ခံနေရသည့် ကြည်းတပ်အတွက် နောက်ထပ် ရိုက်ခတ်မှုတစ်ခုဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။

ထို့အပြင် အမေရိကန် ကြည်းတပ်ဝန်ကြီး (Secretary of the Army) ဒန်နီယယ် ပီ ဒရစ်စကိုးလ် (Daniel P. Driscoll) သည်လည်း မကြာမီ ရာထူးမှ ဖယ်ရှားခံရနိုင်သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်။

ပုံ- အမေရိကန်ကြည်းတပ်ဦးစီးချုပ် ရန်ဒီ ဂျော့ဂျ်

NOM
👍261😱1💔1
🚨 FBI ညွှန်ကြားရေးမှူး၊ ကြည်းတပ်ဝန်ကြီးနှင့် အလုပ်သမားဝန်ကြီး တို့ ရာထူးမှဖယ်ရှားခံရနိုင်ခြေ (သို့မဟုတ်) နုတ်ထွက်သွားနိုင်ခြေရှိသည့် ကိစ္စရပ်များကို အိမ်ဖြူတော်တွင် ဆွေးနွေးလျက်ရှိ

The Atlantic သတင်းဌာန​၏ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့အတွင်းမှ FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် (Kash Patel)၊ ကြည်းတပ်ဝန်ကြီး ဒန်နီယယ် ဒရစ်စကိုး (Daniel Driscoll) နှင့် အလုပ်သမားဝန်ကြီး လော်ရီ ရှာဗက်ဇ်-ဒီရေးမား (Lori Chavez-DeRemer) တို့ ရာထူးမှဖယ်ရှားခံရနိုင်ခြေ (သို့မဟုတ်) နုတ်ထွက်သွားနိုင်ခြေရှိသည့် ကိစ္စရပ်များကို အိမ်ဖြူတော်တွင် ဆွေးနွေးလျက်ရှိကြောင်းသိရသည်။

မည်သည့်အချိန်တွင် အပြောင်းအလဲဖြစ်မည်ကို ရှင်းလင်းစွာ မသိရသေးသလို ဒေါ်နယ်ထရမ့်အနေဖြင့်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပေ။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍29🔥31
နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ စတင်ကျင်းပ။
👍165
🚨 Breaking

အီရန်က အမေရိကန် F-15 တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့

အီရန်နိုင်ငံ၊ ခါတမ် အယ်လ်-အန်ဘီယာ (Khatam al-Anbiya) ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက် -

အီရန်အလယ်ပိုင်းတွင် အီရန်တော်လှန်ရေးအစောင့်တပ် ဝေဟင်နှင့်အာကာသတပ်ဖွဲ့ (IRGC Aerospace Force) ၏ လေကြောင်းကာကွယ်ရေးစနစ်အသစ်ဖြင့် ဒုတိယမြောက် အမေရိကန် ပဉ္စမမျိုးဆက် F-15 တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်။

လေယာဉ်သည် ထိမှန်ချိန်နှင့် ပျက်ကျချိန်တွင် အလွန်ပြင်းထန်စွာ ပေါက်ကွဲသွားသောကြောင့် လေယာဉ်မှူးအနေဖြင့် လေယာဉ်အတွင်းမှ အချိန်မီခုန်ထွက်လွတ်မြောက်နိုင်ခြေ မရှိသလောက်ပင် ဖြစ်သည်။

အဆိုပါ တိုက်လေယာဉ်သည် လတ်ကင်ဟိသ် Lakenheath လေယာဉ်အုပ် (squadron) မှ ဖြစ်သည်။

NOM

Edited: ပစ်ချခံရသော တိုက်လေယာဉ်မှာ F-35 မဟုတ်ဘဲ F-15 တိုက်လေယာဉ်ဖြစ်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍347😱3
ဒုတိယမြောက် ပစ်ချခံလိုက်ရသည့် အမေရိကန် F-35 တိုက်လေယာဉ်၏ တောင်ပံအစိတ်အပိုင်းဓာတ်ပုံ။

NOM
👍373
အရပ်ဖက်သုံးတံတားကိုတိုက်ခိုက်သော လုပ်ရပ်ကိုကန့်ကွက်ရှုံ့ချသူများပြား

စစ်ရေးအတွက် လုံးဝအသုံးမပြု သော အီရန်၏အကြီးဆုံးတံတားကိုထရမ့်ကလေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးပြီး အောင်ပွဲခံပို့စ်တင်ချိန်တွင် စစ််ပွဲဆိုင်ရာ ဂျနီဗာသဘောတူညီချက်ကို ထောက်ပြပြီး တကမ္ဘာလုံးကဝေဖန်ရှုံ့ချလျက်ရှိသည်။

NOM
👍35😡53
နိုင်ငံတော်သမ္မတအဖြစ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရွေးချယ်ခံရ
NOM
ဆန္ဒမဲ ၄၂၉ မဲရရှိပြီး နိုင်ငံတော် သမ္မတနေရာကို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အားရွေးချယ်လိုက်သည်။ဆန္ဒမဲ ၁၂၆ မဲဖြင့်ဒုတိယ သမ္မတ ၁ နေရာကို ဦးညို​စော ရွေးချယ်ခံရပြီး
ဆန္ဒမဲ ၂၉ မဲဖြင့်ဒုတိယသမ္မတ ၂ နေရာကိုဒေါ်နန်းနီနီ​အေး ရရှိခဲ့ ကြောင်းသိရသည်။
👍3114😢4👎2
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ကသယ်ယူပို့ဆောင်ရေးဒရုန်းသစ်ထုတ်ဖော်ပြသ

NOM

တရုတ်နိုင်ငံသည် တောင်များ၊ ဘေးအန္တရာယ်ဇုန်များနှင့် တိုက်ခိုက်ရေးဇုန်များ အပါအဝင် ရောက်ရှိရန်ခက်ခဲသော သို့မဟုတ် အန္တရာယ်များသောနေရာများသို့ ကုန်ပစ္စည်း ၆၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သော လေးလံသော ရဟတ်ယာဉ်အမျိုးအစား ဒရုန်းအသစ်ကို ထုတ်ဖော်ပြသခဲ့သည်။
👍259😱3
အမေရိကန်ဒုသမ္မတဗန့်စ်သည်အီရန်စစ်ပွဲကိုကန့်ကွက်သူဟုထရမ့်ပြော
NOM

အမေရိကန်ဒုတိယသမ္မတ J.D. Vance သည် အီရန်စစ်ဆင်ရေးကို "အခြားသူများထက်" ပိုမိုကန့်ကွက်ခဲ့သည်။

အီရန်တွင် တိုက်ခိုက်မှုဖြစ်ပွားသည့် ညနေပိုင်းတွင် ထရမ့်က အစည်းအဝေးတက်ရောက်လာသူများအား "J.D. က အီရန်က်ုတိုက်ခိုက်ခြင်းအပေါ်အမှန်တကယ်မကြိုက်ပါ။ သို့သော် ဆုံးဖြတ်ချက်သည် ဆုံးဖြတ်ချက်ဖြစ်သည် မဟုတ်လော" ဟု ပြောကြားခဲ့ကြောင်း The Times သတင်းစာကဖော်ပြခဲ့သည်။
👍268😡2
Media is too big
VIEW IN TELEGRAM
ရောင်နီသစ်ပြီ။
17👍8
🚨 အမေရိကန် ကြည်းတပ်ဦးစီးချုပ် အပါအဝင် ဗိုလ်ချုပ်ကြီး (၁၂) ဦးထက်မနည်း ရာထူးမှ ထုတ်ပယ်ခံရ

အမေရိကန် စစ်ဝန်ကြီး ပိတ် ဟက်ဆက်သ် (Pete Hegseth) က အမေရိကန် ကြည်းတပ်ဦးစီးချုပ် အပါအဝင် ဗိုလ်ချုပ်ကြီး (၁၂) ဦးထက်မနည်းကို ရာထူးမှ ထုတ်ပယ်လိုက်သည်။

ပုံ- ရာထူးမှ ထုတ်ပယ်ခံရသည့် ဗိုလ်ချုပ်ကြီး အချို့။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍325😡2💔1
ဝပြည်သွေးစည်းညီညွတ်ရေးပါတီကသမ္မတအဖြစ်ရွေးချယ်ခံရသောဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံဝမ်းမြောက်ကြောင်းသဝဏ်လွှာပို့
👍229