News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
အမေရိကန်နှင့်ဇီယွန်နယ်ချဲ့ အစ္စရေးတို့ကအီရန်ရှိဗလီကိုလေကြောင်းမှတိုက်
NOM

အီရန်အနောက်မြောက်ပိုင်းရှိ ဗလီတစ်ခုသည် အမေရိကန်-အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည်။

ရှီးယိုက်ဘာသာရေးစင်တာ၏ အစိတ်အပိုင်းများ၊ အဆောက်အအုံနှင့် ပတ်ဝန်းကျင်အဆောက်အအုံများ၏ အစိတ်အပိုင်းများသည်တိုက်ခိုက်မှုအတွင်း ထိမှန်ခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များကို တိုက်ခိုက်မှုအပြီးတွင် အပျက်အစီးများကြားတွင် ရှာဖွေရန် စေလွှတ်ခဲ့သည်။
👍18😨43
This media is not supported in your browser
VIEW IN TELEGRAM
သေဒဏ်ပေးမှုဆန့်ကျင်သည့်အဖွားအိုကိုအစ္စရေးရဲများကတိုက်ခိုက်

ပါလက်စတိုင်းအကျဉ်းသားများကိုကြိုးပေးကွပ်မျက်မည့်ဥပဒေကိုဆန့်ကျင်ဆန္ဒပြသောအစ္စရေးအဖွားအိုကိုရဲများကတိုက်ခိုက်ပြီးမြေကြီးပေါ်တွန်းချခဲ့သည်။

NOM
😡29👍51
အစ္စရေးစစ်သားဆယ်ဦးသေ

NOM

လက်ဘနွန်တောင်ပိုင်းကိုသိမ်းပိုက်ရန် ကျူးကျော်စစ်ဆင်နွှဲနေသော အစ္စရေးနယ်ချဲ့စစ်တပ်မှစစ်သား ၁၀ ဦးသေပြီး ၃၀၉ ဦးဒဏ်ရာရထားကာ၂၅ ဦးသည်အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊လွန်ခဲ့သည့်၂၄ နာရီအတွင်းအစ္စရေးစစ်သား ၄၈ ဦးဒဏ်ရာရကြောင်းအစ္စရေးစစ်တပ်ကကြေညာသည်။

အစ္စရေးစစ်တပ်၏ဆင်ဆာမူဝါဒအရ ယခုကြေညာသည့်အရေအတွက်ထက် အမှန်ထိခိုက်သေဆုံးသူပိုများကြောင်းသိရသည်။
👍266
ဟဇ်ဘိုလာကစကဒ်ဒုံးကျည်စသုံး
NOM
ဟဇ်ဘိုလာသည်စစ်ပွဲအတွင်းပထမဆုံးအဖြစ်ကျည်ထိပ်ဖူးတစ်တန်အလေးချိန်ရှိသောစကဒ်ပဲ့ထိန်းဒုံးဖြင့်ယမန်နေ့ကအစ္စရေးတောင်ပိုင်းရှိလေတပ်စခန်းကိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။
👍377😱6
Media is too big
VIEW IN TELEGRAM
ကက်ရှ်မီးယားပြည်သူများကအီရန်သို့ရွှေငွေများလှူဒါန်း

NOM

အီရန်ပြည်သူများဖြင့်တစ်သားတည်းရှိကြောင်းပြသ သည့်အနေဖြင့် အိန္ဒိယနိုင်ငံကက်ရှ်မီးယားပြည်နယ်မှ ပြည်သူများသည် အီရန်စစ်ပွဲအတွက် ရွှေများငွေထည် ကြေးထည်များ၊ ငွေစက္ကူများလှူဒါန်းလျက်ရှိသည်။ ကလေးများကလည်း စုဘူးများကိုလာလှူနေသည်။ မိခင်တစ်ဦးကလည်းနယ်ချဲ့အစ္စရေးနှင့် အမေရိကန်ဗုံးကြဲသဖြင့် သေဆုံးသွားသောကလေးငယ်များ၏လွယ်အိတ်လေးများကို သူ့မျက်စိထဲမှမထွက်ဘဲမြင်နေသည်ဟုပြောသည်။လယ်သမားတစ်ဦးကလည်းဆိတ်တစ်ကောင် လှူဒါန်းသွားသည်။
👍299
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးနိုင်ငံမြောက်ပိုင်းရှိမက်ဒေါ်နယ်စားသောက်ဆိုင်သည်ဟဇ်ဘိုလာဒုံးကျည်ထိမှန်ပြီးအကြီးအကျယ်ပျက်စီးသွားသည်။လူအထိအခိုက်ကိုမူအစ္စရေးအစိုးရကဆင်ဆာလုပ်ပြီးဖော်ပြခွင့်မပြုပေ။
👍276🕊1
System Breakdown ဖြစ်နေချိန် ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး မီးပေးနေသည်ဟု YESC ထုတ်ပြန်
NOM၊ဧပြီ၂၊၂၀၂၆
System Breakdown ဖြစ်နေချိန်အတွင်း ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး မီးပေးနေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်သည်။
ဧပြီ ၂ ရက် မွန်လွဲ ၁၂ နာရီ ၄၈မိနစ်တွင် ဓာတ်အားစနစ်အတွင်း ၂၃၀ကေဗွီ မင်းလှ - မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်ဟု YESC က ထုတ်ပြန်သည်။
ယင်းကာလအတွင်းရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine တစ်လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်လျှက်ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
👍256
ရန်ကုန်မြို့ပတ်ရထားများကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ခေတ္တရပ်နားမည်
NOM၊ဧပြီ၂၊၂၀၂၆
ရန်ကုန်မြို့ပတ် ရထားများကို သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါရန်ကုန်မြို့ပတ်ရထားများကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း၊ ရန်ကုန်-ပုဂံလမ်းပိုင်း၌ အမှတ် (၆၁) အဆန်၊ (၆၂) အစုန် ရန်ကုန်-ပျဉ်းမနား-ပုဂံခရီးစဉ်ရထားများကို ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ ပြေးဆွဲမှုခေတ္တရပ်နားထားမည်ဖြစ်ပြီး ရထားခရီးစဉ်အားလုံး ဧပြီ ၁၇ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ် (၁၂) အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ် (၁၁) အဆန်၊ အမှတ်(၈၁) အဆန်၊ အမှတ် (၈၂) အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ် (၆၃) အဆန်၊ အမှတ် (၆၄) အစုန် လူစီးစာပို့ရထား၊ သာစည်-တောင်ကြီးလမ်းပိုင်း၌ အမှတ် (၁၄၁) အဆန်၊ အမှတ် (၁၄၂) အစုန်စာပို့ရထား၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၌ အမှတ် (၁၀၃) အဆန်၊ အမှတ် (၁၀၄) အစုန်လော်ကယ်ရထား၊ လက်ပံတန်း-သာရဝေါလမ်းပိုင်း၌ အမှတ် (၁၉၅) အဆန်၊ အမှတ် (၁၉၆) အစုန်လော်ကယ်ရထား၊ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်း၌ မိုးကောင်း (၁)၊ မိုးကောင်း (၂) လူစီးရထားနှင့် ပုသိမ်-ကြံခင်းလမ်းပိုင်း၌ အမှတ် (၁၈၁) အဆန်၊ အမှတ် (၁၈၂) အစုန်လူစီးရထားများအား သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
👍193😨1
နယ်ချဲ့အစ္စရေးနှင့်အစ္စရေး၏ ခိုင်းဖတ် အမေရိကန်တို့နိုင်ငံတကာကျင့်ဝတ်များကိုဖောက်ဖျက်ဗုံးကြဲ

အမေရိကန်-အစ္စရေးတပ်ဖွဲ့များသည် ၁၉၂၀ ခုနှစ်တွင် ပါရီရှိ Pasteur Institute နှင့် အီရန်အစိုးရတို့နှင့် ပူးပေါင်း၍ တည်ထောင်ခဲ့သော နိုင်ငံ၏ ရှေးအကျဆုံး ပြည်သူ့ကျန်းမာရေး သုတေသနဌာနဖြစ်သော အီရန်၏ Pasteur Institute ကို တိုက်ခိုက်ခဲ့သည်။

အီရန်အရာရှိများက ယင်းတိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းနှင့် သိပ္ပံနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတန်ဖိုးများကို တိုက်ခိုက်ခြင်းအဖြစ် ရှုတ်ချကြသည်။

NOM
👍275😨4
အီရန်က ဆော်ဒီရှိ အမေရိကန်လေတပ်စခန်းကို တိုက်ခိုက်မှုကြောင့် EC-130H Compass Call လေယာဉ်နှစ်စီး ပျက်စီး

အီရန်နိုင်ငံက ပစ်ခတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် အခြေစိုက်ထားသည့် အမေရိကန်လေတပ်၏ အီလက်ထရွန်နစ်စစ်ဆင်ရေးသုံး EC-130H Compass Call လေယာဉ် လေးစီးအနက် နှစ်စီးမှာ ထိမှန်ပျက်စီးသွားခဲ့သည်။

ယူကရိန်းအခြေစိုက် The Defense Express သတင်းဌာန၏ ဖော်ပြချက်အရ "ဒါဟာ အမေရိကန်လေတပ်အတွက် အလွန်ဆိုးရွားတဲ့ ဆုံးရှုံးမှုဖြစ်တယ်" ဟု ဆိုသည်။

ဤလေယာဉ်များသည် သက်တမ်း ၄၅ နှစ်ခန့်ရှိပြီဖြစ်သော လေယာဉ် ဟောင်းများဖြစ်သော်လည်း ယင်းတို့ကို အစားထိုးမည့် EA-37B Compass Call လေယာဉ်သစ်များမှာ လုံလောက်သော အရေအတွက် အထိ ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။

ဒုံးကျည်များသည် ပရင်စ် ဆူလ်တန် Prince Sultan လေတပ်စခန်းကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုတွင် KC-135 ဆီဖြည့်လေယာဉ်တစ်စီး၊ E-3G Sentry AWACS (အဝေးကြည့်ကင်းထောက်လေယာဉ်) တစ်စီးနှင့် အလွန်တန်ဖိုးကြီးသော AN/TPY-2 ရေဒါတစ်ခုတို့လည်း ပျက်စီးခဲ့ရသည်။

NOM
👍324💔3❤‍🔥1
လက်နက်စွဲကိုင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် အီရန်နိုင်ငံသား ၇ သန်းကျော်ရှိဟု လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် ပြောကြား

"ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံကို ကာကွယ်ဖို့ အချိန်တန်ပြီဆိုရင် ကျွန်တော်တို့အားလုံးဟာ စစ်သားတွေ ဖြစ်လာကြမှာပါ။"

"မင်းတို့က (အမေရိကန်-အစ္စရေး) ငါတို့ရဲ့ အိမ်ကို လာကျူးကျော်မယ်ဆိုရင်... မိသားစုဝင် အားလုံး နဲ့ ရင်ဆိုင်ရလိမ့်မယ်။"

NOM
👍346🕊3😱1
ဝင်လာမစဲ .. တသဲသဲ

ဧပြီ ၂ ရက် (ယနေ့) မှာ ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသဘက်တွင် KIA ၏ ခိုင်းကျွန် တမူး PDF ၂ ဦး လက်နက်/ခဲယမ်း များနဲ့ အလင်းဝင်ရောက်လာကြောင်း သိရပါတယ်။
-
လက်နက်တွေက မြင်တဲ့အတိုင်းပါပဲ.. တရုတ်စက်လတ်တွေတောင်ပါလို့ ကောင်းကောင်းဆုချရမယ်။ (သတင်းအသေးစိတ်ကို သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်)
-
တိုက်ပွဲသတင်းစုံ

NOM
👍254
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ကုန်စည်များ အဆင်ပြေစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပါဆယ်ရထားတွဲများ ချိတ်ဆက်ပြေးဆွဲပေးမည်

NOM
👍224
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၅၁ / ၂၀၂၆) ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်)
👍245
မြစ်ကြီးနားမြို့ကို ဧပြီ ၄ ရက်မှစ၍ ပြည်တွင်းလေ ကြောင်းလိုင်းများပြန်လည်ပြေးဆွဲမည်။

ဧပြီ ၂၊ ၂၀၂၆

NOM
👍185
ဧပြီ ၃ ရက်မှစ၍ Taxi ၊ သုံးဘီးနှင့် ကုန်တင်ယာဉ်များ မောင်းနှင်ခဲ့သည့်ခရီးအကွာအဝေးပေါ်မူ တည်ပြီး ဆီရောင်းပေးမည်
ဧပြီ၂၊၂၀၂၆
👍317
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ပဲ့ထိန်းဒုံးကျည်အစ္စရေးအလယ်ပိုင်း ပက်တာတစ်ဗာမြို့ကိုတိုက်ရိုက်ထိမှန်စဉ်
👍322🕊2
ရှေ့နေချုပ်ကို ထရမ့်က ထုတ်ပယ်

အမေရိကန်ရှေ့နေချုပ် ပမ်ဘွန်ဒီကိုသမ္မတထရမ့်က ရာထူးမှဖြုတ်လိုက်ကြောင်း Fox News ကကြေညာလိုက်သည်။

NOM
😱25👍73
ဧဝရတ်တောင်တက်လမ်းပြများကငွေကြေးအတွက် နိုင်ငံခြားတောင် တက်သမားများကိုအဆိပ်ခတ်နေ

NOM

ဧဝရက်တောင်တက်လမ်းပြများသည် နှစ်ပေါင်းများစွာကြာ နိုင်ငံခြားသားတောင်တက်သမားများကို အဆိပ်ခတ်ကာ ကယ်ဆယ်ရေးစရိတ်ဖြင့် ငွေရှာခဲ့ကြသည်။

၎င်းမှာ ခရီးသွားအေဂျင်စီများ၊ ရဟတ်ယာဉ်ကုမ္ပဏီများနှင့် ဆေးရုံများပါ၀င်သော လိမ်လည်မှုအစီအစဉ်ကြီးတစ်ခုဖြစ်သည်။

တောင်တက်စဉ်အတွင်း နိုင်ငံခြားသားတောင်တက်သမားများကို ဆိုဒါ သို့မဟုတ် ဆေးဝါးများဖြင့် မူးယစ်စေပြီး အသက်ရှူမဝခြင်း၊ အားနည်းခြင်းနှင့် မူးဝေခြင်းတို့ ဖြစ်ပေါ်စေသည်။ ယင်းလက္ခဏာမှာ အမြင့်ပေများများတက်က ဖြစ်သည့် ရောဂါလက္ခဏာနှင့်ဆင် တူသည်။

ထို့နောက် လမ်းပြများက ဈေးကြီးသော ရဟတ်ယာဉ်ဖြင့် အရေးပေါ်ကယ်ဆယ်ရန် တောင်းဆိုကာ ဆေးရုံများတွင် အတုအယောင်ကုသမှုနှင့် ပမာဏများသော ငွေတောင်းခံလွှာများ ထုတ်ပေးကြသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားသားတောင်တက်သမား ၄,၇၈၂ ဦး ထိခိုက်ခံစားခဲ့ရပြီး စုစုပေါင်းဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂၀ သန်းခန့်ရှိသည်။

NOM
👍25💔63😱3😢3❤‍🔥2