News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၌ KIA/ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်မှုကြောင့် လက်နက်ကြီးစများထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြသည့် ဖားကန့်မြို့မှ ပြည်သူများ။

(1) Slg. Hprup Tu Hkawng ဆွတ်ဂျက်ကုန်း

(2) Maran Lawt Awng ဖခင် Damau Naw အသက် (၂၆) နှစ်

(3) Sharoi Ja Awng ဖခင် Sharoi Mung Ra အသက် (၁၇) နှစ်

(4) Shd. Bung Ring Awn အသက် (၉) နှစ်

(5) Ne Thiha Maw အသက် (၁၇) နှစ် ဆွတ်ငိုင်ယန်

Photo- Ah brang Marip
👍9😢4😨21
အီရန်စစ်တပ် - "သင်တို့မသိနိုင်သော နေရာများတွင် ထုတ်လုပ်မှုများ လုပ်ဆောင်နေသည်"

"ကျွန်ုပ်တို့၏ ကျယ်ပြန့်လှသော မဟာဗျူဟာမြောက် စွမ်းဆောင်ရည်များကို သင်တို့ ဘာမျှမသိရှိပါ" ဟု တက်စ်နင်းသတင်းဌာနက ဖော်ပြသော ထုတ်ပြန်ချက်တစ်ခုတွင် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် ဒုံးကျည်ထုတ်လုပ်ရေးစင်တာများ၊ အဝေးပစ် တိုက်ခိုက်ရေးနှင့် ပစ်မှတ်တိကျ ဒရုန်းများ၊ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များအပြင် အထူးပစ္စည်းကိရိယာများကိုပါ သင်တို့ ဖျက်ဆီးနိုင်ခဲ့ပြီဟု မျှော်လင့်မထားကြပါနှင့်။" ဟု ၎င်းက ဆိုသည်။

"ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုများသည် သင်တို့ လုံးဝမသိနိုင်သည့်အပြင် မည်သည့်အခါမျှလည်း လက်လှမ်းမမီနိုင်သော နေရာများတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ " ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့ပြီး ယခုအချိန်အထိ ပစ်မှတ်ထားခံရသော စင်တာများသည် "အရေးမပါသော နေရာများ" သာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက "ပိုမိုပြင်းထန်ပြီး ကျယ်ပြန့်ကာ ဖျက်ဆီးအားကောင်းသော လုပ်ဆောင်ချက်များ" ရှိလာမည်ဟုလည်း သတိပေးခဲ့ပြီး သင်တို့ "အပြီးသတ် အရှုံးပေးသည့်တိုင်အောင်" စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု ကတိပြုခဲ့သည်။

NOM
👍226
ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) အား ပြန်လည်ဖွင့်လှစ်

ဧပြီ ၂၊ ၂၀၂၆

ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East–West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါလမ်းသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူများ၏ အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ထိ ၁၆၅ ဒဿမ ၃၆၀ ကီလိုမီတာ ရှည်လျားကာ အဆိုပါလမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်မှု၊ လမ်းသားများ တူးထုတ်ဖျက်ဆီး၍ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု၊ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအား အကြမ်းဖက်နှောက်ယှက်ဟန့်တားမှုတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေကြသော အကြမ်းဖက်သောင်းကျန်းသူများကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်လည်ရရှိခဲ့သည့်အတွက် ပျက်စီးသွားသောလမ်း/ တံတားများအား ပြည်ထောင်စု၊ပြည်နယ်ရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍသည် အဓိကအခြေခံလိုအပ်ချက်တစ်ခုဖြစ်သကဲ့သို့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးသည်လည်း အလွန်အရေးကြီးလှပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိလျှင် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်မှသာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ၊ ဒေသတွင်းကုန်စည်စီးဆင်းမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့စွာ သွားလာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ယခုထက်မကမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်က ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်မကြီး) လမ်းပိုင်းအား ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် ယဉ်ကျေး မှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ ဖြတ်သန်းသွားလာမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ကြသည်။

အလားတူ ဘားအံမြို့နှင့်မြဝတီမြို့တို့မှ ထွက်ခွာရောက်ရှိလာကြသော မော်တော်ယဉ်များကို ကော့ကရိတ်မြို့နယ် တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် အစရှိသော ဌာနဆိုင်ရာများက လိုအပ်သည့်စစ်ဆေးမှုများကို ဆောင်ရွက်၍ အများပြည်သူ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
15👍8
News Of Myanmar
ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) အား ပြန်လည်ဖွင့်လှစ် ဧပြီ ၂၊ ၂၀၂၆ ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region…
အလားတူ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)လမ်းပိုင်းကို အသုံးပြုသွားလာသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ (၂၇၅) တပ်ဦး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒအမှူးပြုသော သံဃာတော် (၁၂) ပါးတို့သည် အာရှလမ်းထိပ် သင်္ဃန်းညီနောင်ကျေးရွာ၊ ဈေးကုန်းရပ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်၍ မော်တော်ယာဉ်များဖြင့် သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာအထိ အာရှလမ်းမကြီးတစ်လျှောက် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြောင်း သိရသည်။
12👍7🙏2
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်းတောင်ကိုရီးယားအနေဖြင့် ရုရှားထံမှ ရေနံပြန်လည်ဝယ်ယူရန် ဆုံးဖြတ်ထားကြောင်း ကိုရီးယား-ရုရှား စီးပွားရေးကောင်စီဥက္ကဋ္ဌ Park Jung-ho က ပြောကြားခဲ့သည်။

ရေနံထောက်ပံ့မှု ရရှိရေးသည် ကိုရီးယားသမ္မတနိုင်ငံအတွက် အထူးစိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

NOM
👍212
အမေရိကန်နှင့်ဇီယွန်နယ်ချဲ့ အစ္စရေးတို့ကအီရန်ရှိဗလီကိုလေကြောင်းမှတိုက်
NOM

အီရန်အနောက်မြောက်ပိုင်းရှိ ဗလီတစ်ခုသည် အမေရိကန်-အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည်။

ရှီးယိုက်ဘာသာရေးစင်တာ၏ အစိတ်အပိုင်းများ၊ အဆောက်အအုံနှင့် ပတ်ဝန်းကျင်အဆောက်အအုံများ၏ အစိတ်အပိုင်းများသည်တိုက်ခိုက်မှုအတွင်း ထိမှန်ခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များကို တိုက်ခိုက်မှုအပြီးတွင် အပျက်အစီးများကြားတွင် ရှာဖွေရန် စေလွှတ်ခဲ့သည်။
👍18😨43
This media is not supported in your browser
VIEW IN TELEGRAM
သေဒဏ်ပေးမှုဆန့်ကျင်သည့်အဖွားအိုကိုအစ္စရေးရဲများကတိုက်ခိုက်

ပါလက်စတိုင်းအကျဉ်းသားများကိုကြိုးပေးကွပ်မျက်မည့်ဥပဒေကိုဆန့်ကျင်ဆန္ဒပြသောအစ္စရေးအဖွားအိုကိုရဲများကတိုက်ခိုက်ပြီးမြေကြီးပေါ်တွန်းချခဲ့သည်။

NOM
😡29👍51
အစ္စရေးစစ်သားဆယ်ဦးသေ

NOM

လက်ဘနွန်တောင်ပိုင်းကိုသိမ်းပိုက်ရန် ကျူးကျော်စစ်ဆင်နွှဲနေသော အစ္စရေးနယ်ချဲ့စစ်တပ်မှစစ်သား ၁၀ ဦးသေပြီး ၃၀၉ ဦးဒဏ်ရာရထားကာ၂၅ ဦးသည်အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊လွန်ခဲ့သည့်၂၄ နာရီအတွင်းအစ္စရေးစစ်သား ၄၈ ဦးဒဏ်ရာရကြောင်းအစ္စရေးစစ်တပ်ကကြေညာသည်။

အစ္စရေးစစ်တပ်၏ဆင်ဆာမူဝါဒအရ ယခုကြေညာသည့်အရေအတွက်ထက် အမှန်ထိခိုက်သေဆုံးသူပိုများကြောင်းသိရသည်။
👍266
ဟဇ်ဘိုလာကစကဒ်ဒုံးကျည်စသုံး
NOM
ဟဇ်ဘိုလာသည်စစ်ပွဲအတွင်းပထမဆုံးအဖြစ်ကျည်ထိပ်ဖူးတစ်တန်အလေးချိန်ရှိသောစကဒ်ပဲ့ထိန်းဒုံးဖြင့်ယမန်နေ့ကအစ္စရေးတောင်ပိုင်းရှိလေတပ်စခန်းကိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။
👍377😱6
Media is too big
VIEW IN TELEGRAM
ကက်ရှ်မီးယားပြည်သူများကအီရန်သို့ရွှေငွေများလှူဒါန်း

NOM

အီရန်ပြည်သူများဖြင့်တစ်သားတည်းရှိကြောင်းပြသ သည့်အနေဖြင့် အိန္ဒိယနိုင်ငံကက်ရှ်မီးယားပြည်နယ်မှ ပြည်သူများသည် အီရန်စစ်ပွဲအတွက် ရွှေများငွေထည် ကြေးထည်များ၊ ငွေစက္ကူများလှူဒါန်းလျက်ရှိသည်။ ကလေးများကလည်း စုဘူးများကိုလာလှူနေသည်။ မိခင်တစ်ဦးကလည်းနယ်ချဲ့အစ္စရေးနှင့် အမေရိကန်ဗုံးကြဲသဖြင့် သေဆုံးသွားသောကလေးငယ်များ၏လွယ်အိတ်လေးများကို သူ့မျက်စိထဲမှမထွက်ဘဲမြင်နေသည်ဟုပြောသည်။လယ်သမားတစ်ဦးကလည်းဆိတ်တစ်ကောင် လှူဒါန်းသွားသည်။
👍299
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးနိုင်ငံမြောက်ပိုင်းရှိမက်ဒေါ်နယ်စားသောက်ဆိုင်သည်ဟဇ်ဘိုလာဒုံးကျည်ထိမှန်ပြီးအကြီးအကျယ်ပျက်စီးသွားသည်။လူအထိအခိုက်ကိုမူအစ္စရေးအစိုးရကဆင်ဆာလုပ်ပြီးဖော်ပြခွင့်မပြုပေ။
👍276🕊1
System Breakdown ဖြစ်နေချိန် ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး မီးပေးနေသည်ဟု YESC ထုတ်ပြန်
NOM၊ဧပြီ၂၊၂၀၂၆
System Breakdown ဖြစ်နေချိန်အတွင်း ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး မီးပေးနေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်သည်။
ဧပြီ ၂ ရက် မွန်လွဲ ၁၂ နာရီ ၄၈မိနစ်တွင် ဓာတ်အားစနစ်အတွင်း ၂၃၀ကေဗွီ မင်းလှ - မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်ဟု YESC က ထုတ်ပြန်သည်။
ယင်းကာလအတွင်းရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine တစ်လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်လျှက်ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
👍256
ရန်ကုန်မြို့ပတ်ရထားများကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ခေတ္တရပ်နားမည်
NOM၊ဧပြီ၂၊၂၀၂၆
ရန်ကုန်မြို့ပတ် ရထားများကို သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါရန်ကုန်မြို့ပတ်ရထားများကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း၊ ရန်ကုန်-ပုဂံလမ်းပိုင်း၌ အမှတ် (၆၁) အဆန်၊ (၆၂) အစုန် ရန်ကုန်-ပျဉ်းမနား-ပုဂံခရီးစဉ်ရထားများကို ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ ပြေးဆွဲမှုခေတ္တရပ်နားထားမည်ဖြစ်ပြီး ရထားခရီးစဉ်အားလုံး ဧပြီ ၁၇ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ် (၁၂) အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ် (၁၁) အဆန်၊ အမှတ်(၈၁) အဆန်၊ အမှတ် (၈၂) အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ် (၆၃) အဆန်၊ အမှတ် (၆၄) အစုန် လူစီးစာပို့ရထား၊ သာစည်-တောင်ကြီးလမ်းပိုင်း၌ အမှတ် (၁၄၁) အဆန်၊ အမှတ် (၁၄၂) အစုန်စာပို့ရထား၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၌ အမှတ် (၁၀၃) အဆန်၊ အမှတ် (၁၀၄) အစုန်လော်ကယ်ရထား၊ လက်ပံတန်း-သာရဝေါလမ်းပိုင်း၌ အမှတ် (၁၉၅) အဆန်၊ အမှတ် (၁၉၆) အစုန်လော်ကယ်ရထား၊ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်း၌ မိုးကောင်း (၁)၊ မိုးကောင်း (၂) လူစီးရထားနှင့် ပုသိမ်-ကြံခင်းလမ်းပိုင်း၌ အမှတ် (၁၈၁) အဆန်၊ အမှတ် (၁၈၂) အစုန်လူစီးရထားများအား သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
👍193😨1