News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
ထိုင်း-မြန်မာ နယ်စပ်အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယနေ့ ဧပြီလ ၂ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို တွေ့မြင်ရပုံ။

NOM
29👍15
အင်ဒိုနီးရှားတွင်ပြင်းအား၇.၄ရှိငလျင်လှုတ်
NOM
အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဆူလာဝေစီကျွန်းနှင့်မာလုကုကျွန်းကြားမိုလူကါပင်လယ်ပြင်အောက်အနက်၃၅မီတာတွင်ပြင်းအားမဂ္ဂနီကျု၇.၄အဆင့်ရှိငလျင်ကြာသပတေးနေ့ယနေ့နက်ကလှုတ်ခတ်ရာလူတစ်ဦးသေဆုံးပြီးဆူနာမီသတိပေးချက်ထုတ်ပြန်ထားသည်။
😢18👍73
အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေသူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်

NOM ဧပြီ ၂၊ ၂၀၂၆

အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်သူအား အင်းစိန်ခရိုင်တရားရုံးမှလူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်းနေ မသီတာမိုး (ခ) ချယ်ရီက ကျိုင်းတုံမြို့ရှိ KTV ဆိုင်တွင် အလုပ်ရှိကြောင်း၊ တစ်လလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရရှိမည်၊ လုပ်ကိုင်လိုပါက သွားရောက်မည့် နေ့တွင် လက်ကိုင်ဖုန်းဝယ်ပေးပြီး ကျိုင်းတုံမြို့သို့ ရောက်သည်အထိ တာဝန်ယူပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ကျိုင်းတုံမြို့သို့ သွားရောက်ရမည်ဖြစ်၍ အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ လိုက်ပါပို့ဆောင်ကာ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေငါးသောင်းကျပ်ပေးပြီး ကျိုင်းတုံမြို့သို့ရောက်လျှင် ဆက်သွယ် ရန် ဖုန်းနံပါတ်ပေးကာ ကားပေါ်တင်ပေးခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့သို့ရောက်ရှိ၍ သဲအိဖြူကိုင်ဆောင်သည့် ဖုန်းနံပါတ်သို့ဆက်သွယ်ခဲ့ရာ အငှားကားတစ်စီးလွှတ်ပေးထားရှိပြီး ၎င်းကားနှင့် လိုက်ခဲ့ရန်ပြောဆိုသဖြင့် လိုက်ပါခဲ့ကြောင်း၊ ၆ နာရီခန့်အကြာတွင် သဲအိဖြူနေထိုင်သည့် ပန်ဆန်းမြို့ရှိ တရုတ်စာတမ်းများရေးသားထားသည့် “ဖန်ကျွမ်းလိုင်” ဆိုသည့် ဆိုင် သို့ရောက်ရှိခဲ့ပြီး သဲအိဖြူကိုတွေ့ရှိခဲ့ကြောင်း၊ သဲအိဖြူက မှတ်ပုံတင် အား သိမ်းဆည်းပြီး နောက်နေ့တွင် အမျိုးသားဖောက်သည်များနှင့် ဆက်ဆံရမည်ဟုပြောဆိုသဖြင့် ပြည့်တန်ဆာအလုပ် မလုပ်နိုင် ကြောင်း၊ ပြန်လိုကြောင်းပြောဆိုခဲ့ရာ ပြန်လိုပါက မသီတာမိုး (ခ) ချယ်ရီကို ထုတ်ပေးထားသည့် ငွေကျပ်သိန်း ၃၀ ပြန်ပေးပါက ပြန်လို့ရကြောင်း၊ မပေးနိုင်ပါက ပြည့်တန်ဆာအလုပ်လုပ်ကိုင်ရမည်၊ ထွက်ပြေးပါကလိုက်၍  သတ်ခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ပြည့်တန်ဆာအလုပ်အား အဓမ္မခိုင်းစေသဖြင့် လုပ်ကိုင်ခဲ့ရကြောင်း၊ သဲအိဖြူကရရှိသည့်ငွေကို တစ်ဝက်ပေးမည်ဟု ပြောခဲ့သော်လည်း မရရှိခဲ့ကြောင်း ယင်းမှ ဆက်လက်မလုပ်ကိုင်လိုတော့၍ ဧည့်သည် အမျိုးသားတစ်ဦးကို အကူအညီတောင်းခံခဲ့ရာ ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့်ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်းသိရသည်။

ယင်ဖြစ်စဉ်များစိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ အင်းစိန်မြို့ရဲစခန်း (ပ) ၃၉/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး မတ် ၃၀ ရက်နေ့တွင် အင်းစိန်ခရိုင်တရားရုံးမှ မသီတာမိုး (ခ) ချယ်ရီအား လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

NOM
👍1812
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားစေရန် ရည်ရွယ်၍ အီရန်၏ မွေးမြူရေးကဏ္ဍကို တိုက်ခိုက် ဖျက်ဆီးနေ

အမေရိကန်နှင့် အစ္စရေးအစိုးရတို့သည် အီရန်နိုင်ငံအနောက်မြောက်ပိုင်း တာဘရစ်ဇ် (Tabriz) မြို့အနီးရှိ မွေးမြူရေးခြံတစ်ခုကို တိုက်ခိုက်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသော တိရစ္ဆာန်များကို ကယ်ထုတ်ရန် ကြိုးပမ်းနေကြသည်။

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအတွင်းရှိ မွေးမြူရေးခြံအများအပြားကို တိုက်ခိုက်ခဲ့ကြသည်။

မွေးမြူရေးကဏ္ဍကို ဖျက်ဆီးခြင်းသည် အစားအစာ ပြတ်လပ်မှုနှင့် ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်စေရန် ဖန်တီးခြင်းဖြစ်ပြီးအခြေခံစားနပ်ရိက္ခာ မလုံလောက်မှုကြောင့် အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်ရစေရန် သို့မဟုတ် လက်နက်ချလာစေရန် ဖိအားပေးခြင်း ဖြစ်သည် — ဤသည်မှာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်သဖွယ် အသုံးပြုခြင်းပင် ဖြစ်သည်။

NOM
😡23👍9😢51
ငါး၊ ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများသတ်မှတ်

ဧပြီ ၁၊ ၂၀၂၆

ငါး၊ ပုစွန်သားပေါက်ပွားသည့်ရာသီချိန်၌ ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ ၁ ရက် မှ စတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနက ငါးမဖမ်းရကာလ သုံးလ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ငါးဖမ်း ရေယာဉ်များ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

“ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ကာလ၊ ငါးမဖမ်းရဧရိယာများ သတ်မှတ်ရတဲ့ အဓိကအကြောင်းရင်းက ငါးမျိုးပြုန်းတီးမှုကာကွယ်ဖို့၊ ငါးသယံဇာတတွေ တိုးပွားလာဖို့အတွက် ရည်ရွယ်ပြီးတော့ ငါးတွေ ပေါက်ပွားနိုင်တဲ့ ရာသီမှာ ထိန်းသိမ်းတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာက သုတေသနရလဒ်တွေအပေါ်မှာ အခြေခံ ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

 မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း ရေယာဉ်များအားလုံးကို ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာများအတွင်း ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ငါးဖမ်းဆီး ခြင်းမပြုလုပ်ရန် တားမြစ်ထားရှိပြီး မတ် ၃၁ ရက် နောက်ဆုံးထားရှိ၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားခဲ့သည်။

ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ကာလ စတင်သတ်မှတ်ချက်များကို ညွှန်ကြားချက် ထုတ်ပြန်ချက်များ ဆောင်ရွက်ခြင်းအပေါ် ငါးဖမ်းလှေ များအနေဖြင့် ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး အကယ်၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိပါက စည်းကမ်းပျက်သည့်ငါးဖမ်းလှေများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းလှေများကို VMS ထိန်းချုပ်ရေးစင်တာမှ စောင့်ကြည့်လျက်ရှိရာ ယနေ့တွင် ပင်လယ်ပြင်၌ ငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။

ငါးမဖမ်းရ ကာလ၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်း သည် ငါးများပေါက်ပွားနိုင်သည့် ရာသီတွင် ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရန် သုတေသနရလဒ်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်၏ ငါးနှင့်ငါးနေထိုင်ကျက်စားသည့် ရေအောက်ဇီဝဗေဒအခြေအနေများနှင့် မြန်မာ့ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာတည်ရှိစေရန် သုတေသနပညာရှင်များဖြင့် သုတေသနလုပ်ငန်းကို ဖေဖော်ဝါရီတွင် မီတာ ၂၀ အောက် တနင်္သာရီကမ်းရိုးတန်းရေပြင်၌ ရက်ပေါင်း ၃၀ ကြာ ငါး သယံဇာတ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။

တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် မြိတ်ခရိုင်အခြေပြု ကမ်းဝေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းရေယာဉ် ၁၁၈၆ စင်းရှိကာ ရေလုပ်သားဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ငါးသယံဇာတများကို ယခင်က မိရိုးဖလာဖမ်းဆီးရောင်းချခြင်း၊ စားသောက်ခြင်းများသာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ခေတ်စနစ်များ ပြောင်းလဲလာ၍ နည်းပညာများတိုးတက်လာကာ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငါးသယံဇာတများကို ခေတ်မီနည်းပညာများ ဖြင့် ဖမ်းဆီးကြကာ ပြည်တွင်းပြည်ပသို့တင်ပို့ရောင်းချခြင်း၊ ရေပေါ်ရေအောက် ငါးသယံဇာတများ မွေးမြူထုတ်လုပ်ခြင်း၊ အအေးခန်းစက်ရုံ များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်လာကြကြောင်း သိရသည်။
18👍4
ရွေးချယ်တင်ပြထားသည့် ဒုသမ္မတ (၃) ဦးသည် သတ်မှတ်ထားသည့် နိုင်ငံတော်သမ္မတ အရည်အချင်းများနှင့် ပြည့်စုံဟု ပြည်ထောင်စုလွှတ် တော်မှ အတည်ပြု

NOM ဧပြီ ၂၊ ၂၀၂၆

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ (ဧပြီ ၂ ရက်) တွင်ကျင်းပခဲ့ရာ လက်ရှိရွေးချယ် တင်ပြထားသည့် ဒုသမ္မတ (၃) ဦးသည် သတ်မှတ်ထားသည့် နိုင်ငံတော်သမ္မတအရည်အချင်းများနှင့် ပြည့်စုံသည့်ဟု ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက် ပြည်သူ့လွှတ်တော်၊ တင်သွင်းထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားလွတ်တော်တင်သွင်းထားသည့် ဒုသမ္မတ ဒေါ်နန်းနီနီအေးနှင့် တပ်မတော်သားအစုအဖွဲ့မှ တင်သွင်းထားသည့် ဒုသမ္မတ ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောတို့ သုံးဦးကို နိုင်ငံတော်သမ္မတအရည်အချင်းများနှင့် ပြည့်စုံသည့်ဟု ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ကြောင်းသိရသည်။

NOM
👍207😡1