News Of Myanmar
13.3K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားရှိ အမေရိကန်စစ်တပ် အသုံးပြုနေသော စက်ပစ္စည်းသိုလှောင်ရုံများ၊ ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံများနှင့် တပ်ဖြန့်ထားသည့် နေရာများ ပျက်စီးသွားကြောင်း ဂြိုဟ်တုဓာတ်ပုံအသစ်များက ဖော်ပြနေသည်။

NOM
👍324
ဒီဇယ်တင်သွင်းမှုအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည်

၁။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြု မောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုတွင် အများဆုံးအဓိက အသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်း တည်ငြိမ်လျော့ကျစေရေး ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်လျော့ကျစေနိုင်မည် ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ပါသည်။

၄။ အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဖော်ပြပါကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအတွက်သာ အကျိုးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန

NOM
20👍11
ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည်

၁။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၂။ ယင်းအခွန်ကင်းလွတ်ခွင့်သည် ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အကျိုးဝင်မည်ဖြစ်ပါသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန

NOM
👍1911
ခွင့်ပြုစာရင်း (Whitelist) ဝင်ဖုန်းများအတွက် IMEI Code တစ်ခုခုသည် Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်ပါကြောင်း နှင့် Paid ဖြစ်စေရန် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် အသိပေးကြေညာခြင်း။

၁။ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန်ပေးဆောင်ရန်မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ SIM Slot အားလုံးတွင် SIM Card (MPT ၊ ATOM ၊ U9 ၊ Mytel) များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် အသိပေးကြေညာထားရှိပြီးဖြစ်ပါ သည်။

၂။ 1SIM + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) နှင့် SIM1, SIM2 + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များရှိ SIM Slot များတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ အနည်းဆုံး SIM Card တစ်ခု ထည့်သွင်းအသုံးပြုထားပြီးဖြစ်ပါက ၎င်း Handset များသည် ခွင့်ပြုစာရင်း (Whitelist) တွင် စာရင်းထည့်သွင်းပြီး ဖြစ်ပါသည်။

၃။ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါခွင့်ပြုစာရင်း (Whitelist) ဝင် Handset များ၏ ကျန် SIM Slot များ၌ Physical SIM Card (သို့မဟုတ်) eSIM ထပ်မံထည့်သွင်း အသုံးပြုပါက IMEI Code သည် Unpaid အဖြစ် ဖော်ပြနေမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တောင်းဆိုသည့်အချက်အလက်များ ဖော်ပြမည်ဖြစ်သော်လည်း ၎င်း Handset များအတွက် အခွန်ပေးဆောင်ရန် လိုအပ်မည်မဟုတ်ပါ။

၄။ ထိုသို့ ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများတွင် IMEI Code တစ်ခုသည် Paid ဖြစ်နေသော်လည်းအခြား IMEI Code တစ်ခုသည် Unpaid ဖြစ်နေခြင်း (သို့မဟုတ်) eSIM ထည့်သွင်းအသုံးပြုချိန် IMEI Code သည် Unpaid ဖြစ်နေခြင်းတို့အတွက် CEIR စနစ်၏ အင်တာနက်စာမျက်နှာဖြစ်သော https://ceir.gov.mm တွင် Check Status ကိုနှိပ်၍ အဆင့်ဆင့်ဝင်ရောက်ပြီး အဆိုပါ Unpaid ဖြစ်နေသည့် IMEI Code နှင့် လိုအပ်သည့်အချက်အလက်များ ထည့်သွင်းပေးပို့ပါက CEIR စနစ်မှ ယင်း IMEI Code အား Paid အဖြစ် အလိုအလျောက်သတ်မှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၅။ အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ သို့လည်းကောင်း၊ တွေ့ဆုံမေးမြန်းလိုပါက CEIR စနစ်ပိုင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (CEIR One Stop Service - OSS) (အကောက်ခွန် ဦးစီးဌာန၊ အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့) နှင့် (အလယ်အလတ်အခွန်ထမ်း များဆိုင်ရာအခွန်ရုံး - ၅၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့) တို့သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ် ပါသည်။

CEIR နှင့် EIR စနစ် စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့

NOM
👍238😡2
ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ဝါးခုတ်ရန်သွားသည့် ကလေးတစ်ဦး ခြေချင်းဝတ်ပြတ်ထွက် ဒဏ်ရာရ

NOM ဧပြီ ၂၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် ကလေးငယ်တစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီအချိန်၌ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေ မနှင်းထက်ထက်လှိုင် (၁၂) နှစ်သည် ၎င်း၏မိသားစုများနှင့်အတူ ကျေးရွာ၏မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောအတွင်းသို့ ဝါးခုတ်ရန် ထွက်ခွာလာစဉ် အဆိုပါတောအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ခြေချင်းဝတ်ပြတ်ထွက် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡14😢43👍2
V V Chen
👍34😡53
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ကို ကျောက်ခေတ်ရောက်အောင် လုပ်ပစ်မည်ဟု ထရန့် ကြိမ်းဝါး

"လာမယ့် နှစ်ပတ်ကနေ သုံးပတ်အတွင်းမှာ သူတို့ကို ကျနော်တို့ အပြင်းထန်ဆုံး တိုက်ခိုက်သွားမှာပါ။ သူတို့နဲ့ ထိုက်တန်တဲ့ ကျောက်ခေတ်ဆီရောက်အောင် သူတို့ကို ပြန်ပို့ပစ်ပါ့မယ်။" — အီရန်နိုင်ငံအပေါ် ထရန့်၏ ပြောကြားချက်။

NOM
😱255🔥2🗿1
ထိုင်း-မြန်မာ နယ်စပ်အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယနေ့ ဧပြီလ ၂ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို တွေ့မြင်ရပုံ။

NOM
29👍15
အင်ဒိုနီးရှားတွင်ပြင်းအား၇.၄ရှိငလျင်လှုတ်
NOM
အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဆူလာဝေစီကျွန်းနှင့်မာလုကုကျွန်းကြားမိုလူကါပင်လယ်ပြင်အောက်အနက်၃၅မီတာတွင်ပြင်းအားမဂ္ဂနီကျု၇.၄အဆင့်ရှိငလျင်ကြာသပတေးနေ့ယနေ့နက်ကလှုတ်ခတ်ရာလူတစ်ဦးသေဆုံးပြီးဆူနာမီသတိပေးချက်ထုတ်ပြန်ထားသည်။
😢18👍73