News Of Myanmar
13.3K subscribers
22.6K photos
3.22K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်က အစ္စရေးကို သတိပေး

တရုတ်နှင့် ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာလေ့လာရေးအင်စတီကျု ဒုတိယဥက္ကဋ္ဌ ဗစ်တာဂေါင်းက
"ပထမဆုံးအနေနဲ့ အစ္စရေးနဲ့ အစ္စရေးခေါင်းဆောင်တွေကို ကျွန်တော်ပြောချင်တာက အီရန်အပါအဝင် တခြားနိုင်ငံတစ်ခုခုကို အစ္စရေးက နျူကလီးယားထိပ်ဖူးသုံးမယ်ဆိုရင် အစ္စရေးနိုင်ငံဟာ နိုင်ငံတစ်ခုအဖြစ် ကနေပျောက်ကွယ်သွားလိမ့်မယ်။" ဟုသတိပေးလိုက်သည်။

NOM
👍549😱1
အီရတ်နိုင်ငံ၊ အာဘေးလ် (Erbil) မြို့ရှိ ဗြိတိန် ရေနံကုမ္ပဏီ Castrol သည် ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံရ။

NOM
👍334
အကြမ်းဖက် PDF များ ဖျက်ဆီးသွားသည့် တာဝါတိုင်များကို ပြင်ဆင်မှု (၆၅) ရာခိုင်နှုန်းပြီးစီး

NOM ဧပြီ ၁၊ ၂၀၂၆

မင်းလှမြို့နယ်အတွင်း အကြမ်းဖက် PDF များဖျက်ဆီးသွားသည့် တာဝါတိုင်များကို ပြန်လည်ပြုပြင် မှုများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မတ် ၃၁ ရက်နေ့ထိ (၆၅) ရာခိုင်နှုန်းပြီးစီး ရန်ကုန်လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းမှ ထုတ်ပြန် ထားကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာနှင့် ရွှေဝါမြိုင်ကျေးရွာကြားရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင်အမှတ် (၃၁၁) နှင့် (၃၁၂) တို့အား မတ်လ ၂၇ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က အကြမ်းဖက် PDF များက ဆိုင်ကယ်ခြောက်စီးဖြင့် ရောက်လာပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် အဆိုပါဓာတ် အားလိုင်းတိုင်နှစ်တိုင်မှာ အောက် ခြေမှကျိုး၍ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

ပျက်စီးခဲ့သည့် တာဝါတိုင်များကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၁၃၅) ဦးမှ လုံခြုံရေးအဖွဲ့ဝင်များ၏ လုံခြုံရေးစောင့်ရှောက်မှုနှင့်အတူ ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့
ကြရာ မတ် ၃၁ ရက်တွင် တာဝါတိုင်အမှတ် (၃၀၉) တိုင်ယိုင်၊ စောင်းနေမှု၊ တာဝါတိုင်အမှတ် (၃၁၀) တိုင် ဆင်ခြင်း၊ တာဝါတိုင်အမှတ် (၃၁၁) ၏ ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် Stub Setting လုပ်ငန်းများကိုဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။

လက်ရှိပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအားလုံး၏ (၆၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိပြီး ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ယင်းဓာတ်အားလိုင်းမှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၄၀၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိ၍ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့၌ လျှပ်စစ်ဓာတ်အားရရှိမှုလျော့နည်းလျက်ရှိကြောင်းသိရသည်။

NOM
👍3110
ဥရောပသမဂ္ဂ (EU) ရဲ့ မူဝါဒတွေအပေါ် ပူတင်ရဲ့ အထူးကိုယ်စားလှယ် ဒီမီထရီယက်ဗ် Dmitriev က ခပ်စပ်စပ်လေး ဝေဖန်ထားတာပါ။

"ကားမမောင်းနဲ့၊ လေယာဉ်မစီးနဲ့၊ (ရေ) မချိုးနဲ့၊ မစားနဲ့၊ အဲကွန်းမသုံးနဲ့၊ ဘာမှမသင်ယူနဲ့၊ အလုပ်မလုပ်နဲ့၊ ဘာမှမမေးနဲ့၊ ဘာမှမလုပ်နဲ့၊ ဘာမှမတွေးနဲ့"

ဒါဟာ 'ဥရောပသားတွေအပေါ် EU ရဲ့ ကိုင်တွယ်ပုံ' နဲ့ ပတ်သက်ပြီး ပူတင်ရဲ့ အထူးကိုယ်စားလှယ် ဒီမီထရီယက်ဗ် Dmitriev က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

NOM
👍326❤‍🔥3
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ဒုံးကျည်တစ်စင်းသည် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖောက်ထွက်၍ အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခုကို ထိမှန်ခဲ့သည်။

NOM
👍527💔2😢1
ဗိုလ်လက်ယာကို ဖမ်းဆီးရန် PDF များဝိုင်းထား။
👍253🔥1
ယနေ့ အီရန်​၏အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံနေရသည့် ယူအေအီး (UAE)

အီရန်၏ ပြင်းထန်သော တိုက်ခိုက်မှုလှိုင်းများကြောင့် ယနေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် အခြေအနေများ ပိုမိုတင်းမာလာနေသည်။

အကယ်၍ UAE အစိုးရအနေဖြင့် အမေရိကန်၏ လေကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများတွင် ဆက်လက်ပါဝင်ခြင်း သို့မဟုတ် အစ္စရေးကို ကူညီပံ့ပိုးပေးခြင်းများ ပြုလုပ်နေမည်ဆိုပါက UAE အပေါ် တိုက်ခိုက်မှုများကို ယခုထက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရန်အရာရှိများက သတိပေးပြောကြားထားသည်။

NOM
👍649
စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် မြေဩဇာများရရှိရေး အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ဧပြီလ ၁၊ ၂၀၂၆

NOM
👍3212
အီရတ်-ကူဝိတ်နယ်စပ်အနီးရှိ အမေရိကန်တပ်ဖွဲ့များအခြေစိုက်ရာ အဒိုင်ရီယာ (Adairiyah) စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း အီရတ်မီဒီယာများက ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမေရိကန် ပက်ထရီယော့တ် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု ပျက်စီးသွားပြီး အမေရိကန်စစ်သည် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

NOM
👍353💔3
မြန်မာ့မီးရထားအနေဖြင့် မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများတိုးချဲ့ပြေးဆွဲပေးမည်

ဧပြီ ၁၊ ၂၀၂၆

NOM
👍3310