တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
မတ် ၃၀၊ ၂၀၂၆
အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသော ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူ ဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မကျီးပင်စောက်ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရန် လေယာဉ်ဖြင့် ကျိုင်းတုံမြို့သို့ ရောက်ရှိနေစဉ် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ယန်းခမ်းကားကြီးဝင်းနေ မအိမူမူအောင် (ခ) မသဲသဲက မိုင်းပေါက်မြို့ရှိ ပွဲစားဒေါ်အိနှင့် ချိတ်ဆက်ပေးမည်၊ တရုတ်အငှားမယားလုပ်မည်ဆိုပါက မိုင်းပေါက်မြို့သို့ သွားရောက်ရမည်၊ တင်တောင်းငွေ ယွမ် ၁၅၀၀၀ ရရှိမည်ဖြစ် ကြောင်း ပြောဆိုစည်းရုံးခဲ့သဖြင့် သဘောတူပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မအိမူမူအောင် (ခ) မသဲသဲက ကျိုင်းတုံမှ မိုင်းပေါက်မြို့သို့ ပို့ဆောင်ခဲ့ရာ ပွဲစား ဒေါ်အိထံသို့ ရောက်ရှိ ခဲ့ကြောင်း။
ဒေါ်အိက တရုတ်ပွဲစားများထံ ၎င်း၏ ဓာတ်ပုံများ ပို့ပေးခဲ့ရာမှ လာရောက်ကြည့်ရှုကြပြီး တရုတ်ပွဲစားများက ဒေါ်အိကို တရုတ်ငွေများပေးနေသည်ကို တွေ့ရှိရ ကြောင်း၊ မည်မျှပေးသည်ကို မသိရှိကြောင်း၊ တရုတ်ပြည်ရှိ တရုတ်အမျိုးသားနှင့် လက်ထပ်ပြီးပါက တင်တောင်းငွေ တရုတ်ယွမ် ၁၅၀၀၀ ရရှိမည်ဟု ဒေါ်အိ နှင့် မအိမူမူအောင် (ခ) မသဲသဲတို့က ပြောဆိုခဲ့ကြကြောင်း။
ယင်းနောက် တရုတ်ပွဲစားများနှင့်အတူ တောလမ်းများမှ သွားရောက်ခဲ့ရာ တရုတ်ပြည်ရှိ အမည်မသိရွာတစ်ရွာသို့ ရောက်ရှိခဲ့ပြီး ထိုရွာရှိ တရုတ်နိုင်ငံသား “ဝ”အမျိုးသား အဲကားဆိုသူနှင့် လက်ထပ်ခဲ့ရကြောင်း၊ တင်တောင်းငွေမရသဖြင့် သားမယားအဖြစ် နေထိုင်ရန်ပြောဆိုမှုကို ငြင်းဆန်ခဲ့ရာ ပွဲစားများထံမှ ဝယ်ယူပြီးဖြစ်၍ ကလေးမွေးပြီးမှသာ ပြန်ခိုင်းမည်ဖြစ်ကြောင်း ပြောဆို၍ သားမယားအဖြစ် နေထိုင်ခဲ့ကြောင်း၊ သားမယားအဖြစ်နေထိုင်ရန် ငြင်းဆန်သည့်နေ့များတွင် အခန်းတွင်း တံခါးပိတ်ပြီး ခြေဖြင့်ကန်ခြင်း၊ ကြိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အဲကားတောင်ယာသို့သွားစဉ် နေအိမ်မှ ထွက်ပြေးပြီး လျန်စန်းရဲစခန်းသို့ ရောက်ရှိကာ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် နှစ်လနှင့် နှစ်ရက် ချမှတ်ခံခဲ့ရပြီး မြန်မာနိုင်ငံနယ်စပ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၈) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်း(ပ) ၁၆၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရား စွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်တွင် ကျိုင်းတုံခရိုင် တရားရုံးမှ မအိမူမူအောင် (ခ) မသဲသဲကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်အိကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
NOM

👍23❤3
အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ လွှဲပြောင်းပေးအပ်
မတ် ၃၀၊ ၂၀၂၆
အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများ စစ်ဆေးရန် အသုံးပြုမည့် ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakurက အမှာစကား ပြောကြားသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဆန်းကြူက လှူဒါန်းသည့် အဆောက်အအုံစစ်ဆေးခြင်းအတွက် စက်ပစ္စည်းအသုံးပြုမှုနည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရှိ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးက “ဒီနေ့လှူဒါန်းတဲ့ပစ္စည်းတွေကို အိန္ဒိယကနေ ရန်ကုန်ဆိပ်ကမ်းရောက်အောင် သံရုံးအစီအစဉ်နဲ့ ဆောင်ရွက်ပေးခဲ့တာပါ။ မတ် ၂၄ ရက်မှာ ကျွန်တော်တို့ အင်ဂျင်နီယာအသင်းချုပ်ရုံးကို ရောက်ပါတယ်။ လှူဒါန်းတဲ့ပစ္စည်းက ၁၁ မျိုးပါဝင်ပြီး တန်ဖိုးက အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအနေနဲ့ ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိပါတယ်။ အခုလိုလှူဒါန်းပေးတဲ့အတွက် အိန္ဒိယသမ္မတ နိုင်ငံနဲ့ အိန္ဒိယပြည်သူပြည်သားတွေ၊ သံအမတ်ကြီးနဲ့တကွ သံရုံးက တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပံ့ပိုးကူညီမှုဟာ စေတနာကောင်းကိုသာမက မြန်မာနိုင်ငံနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်” ဟု ပြောသည်။
ယနေ့ လှူဒါန်းသည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများတွင် မြေကြီးထိုးဖောက်စစ်ဆေး ရေး ရေဒါစက် (Ground Penetr-ation Radar)၊ Lidar စကန်နာပါသော တက်ပလက် (Tablet / iPad with Lidar Scanner)၊ လေဗယ်တိုင်းတာရေး လေဆာစက် (Levelling Laser)၊ ဒစ်ဂျစ်တယ်ရေညှိတန်းတိုင်းကိရိယာ (၁ မီတာ) ( Digital Spirit Level 1M Length)၊ အတိုင်းအတာတိုင်း ကိရိယာ (Vernier Clipper)၊ အကွာအဝေးတိုင်းတာရေး လေဆာစက် အများဆုံးအကွာအဝေး(Distance Laser Max)၊ ကွန်ကရစ်ခိုင်ခံ့မှုစမ်းသပ်ဟမ်မာ (Rebound Hammer)၊ တိုင်းတာရေးစက် (Total Station)၊ ကွန်ပျူတာ (Computer)နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ခြင်းများအတွက် အသုံးပြုနိုင်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများဖြစ်ကြောင်း သိရသည်။

👍18❤9
တောင်ငူမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
မတ် ၃၀၊၂၀၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဗဟိုမဏ္ဍပ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ DJ နှင့် နာမည်ကြီးအဆိုတော်များဖြင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
တောင်ငူမြို့၌ မန္တလေးမြေငလျင်ကြီးကြောင့် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အေးသင်္ကြန်အဖြစ် ဆင်နွှဲခဲ့ပြီး ယခုနှစ်တွင် ယိမ်းအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြရန် ရပ်ကွက်ကျေးရွာအုပ်စုများ၌ ကြိုတင် လေ့ကျင့်လျက်ရှိသည်။ အကယိမ်းဖွဲ့များကို သင်္ကြန်ဝတ်စုံများ စီစဉ်ဆောင်ရွက်ပေးထားပြီး ဖျော်ဖြေရေးအစီအစဉ်များတွင် DJ နှင့် ဒေသခံအဆိုတော်များအပြင် နိုင်ငံကျော်အဆိုတော်များ ဖျော်ဖြေကြမည်ဖြစ်သည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေရရှိရေး၊ ရေလာရောက်ကစားမည့်သူများ အဆင်ပြေချောမွေ့စေရေးနှင့် အလှူရှင်များက စတုဒိသာအလှူများဖြင့် ကျွေးမွေးနိုင်ရေး ကြိုတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်ငူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။

👍11❤4
ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတ အဖြစ် မဲအဆုံးအဖြတ်ဖြင့်ရွေးချယ်။
ဆန္ဒမဲ ၂၆၀ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ဆန္ဒမဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေ မှ ဆန္ဒမဲ ၁၀ မဲ၊ ပယ်မဲ ၃ မဲဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်သူ့လွှတ်တော်မှ တင်သွင်းသည့် ဒုသမ္မတ ဖြစ်လာသည်။

👍27❤7😱2
အမျိုးသားလွှတ်တော်တွင် ဒေါ်နန်းနီနီအေးအား ဒုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်။
NOM
NOM
❤21👍17❤🔥1
အမျိုးသားလွှတ်တော်မှ ရွေးချယ်သည့် ဒုတိယသမ္မတ မှာကရင် ပြည်နယ် ပြည်ခိုင်းဖြိုးပါတီဥက္ကဌဒေါ်နန်းနီနီအေးဖြစ်
NOM
အမျိုးသားလွှတ်တော်အစည်း အဝေး တွင် သမ္မတလောင်း အမည်စာရင်းတင်သွင်းထားသည့် (၂) ဦးအားယနေ့ နံနက်ပိုင်းက မဲပေးရွေးချယ်ကြရာ ကရင်ပြည်
နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်းဖြစ် ဘားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် နန်းနီနီအေးသည် အမျိုးသားလွှတ်
တော်က ရွေးချယ်ရာတွင်၁၁၇မဲဖြင့် ဒုတိယသမ္မတ ဖြစ်လာသည်။

👍31❤16❤🔥1
၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ/အီရန်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။
ဟိုင်ဖာ (Haifa) မြို့မှာရှိတဲ့ ရမ်ဘမ်ဆေးရုံဟာ အစ္စရေးမြောက်ပိုင်းက ဒဏ်ရာရစစ်သားတွေကို အဓိက ကုသပေးနေတဲ့ နေရာဖြစ်ပါတယ်။
မတ်လ ၃၁ ရက် (ယနေ့) သတင်းများအရ လက်ဘနွန်တောင်ပိုင်း တိုက်ပွဲများတွင် အစ္စရေးစစ်သားအချို့ ထပ်မံသေဆုံးမှုများ ရှိနေကြောင်း သိရပါတယ်။
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍29❤2🕊2💔2
အီရန်က မနေ့ညက အစ္စဖာဟန် (Isfahan) မြို့မှာ MQ-9 ဒရုန်းနှစ်စင်းကို ပစ်ချလိုက်ပါတယ်။ အဲဒီဒရုန်း တစ်စင်းချင်းစီရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရှိပါတယ်။
NOM
NOM
👍41❤2😨2
အီရန်- အမေရိကန်နှင့် အစ္စရေးစစ်ပွဲကြောင့် လက်ရှိတွင် အစ္စရေးနိုင်ငံသား ၅,၅၀၀ ကျော် အိမ်ခြေမဲ့ဖြစ်သွား
အစ္စရေးစစ်တပ်ရေဒီယိုရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးတွေအတွက် အရေးကြီးတဲ့ ပါတ်စိုဗာ (Passover) ဘာသာရေးပွဲတော်အကြိုကာလမှာ စစ်ပွဲကြောင့် အိမ်ခြေမဲ့ဖြစ်သွားရတဲ့ အစ္စရေးနိုင်ငံသား ၅,၅၀၀ ကျော် ရှိနေပါတယ်။
အခုလို အရေးကြီးတဲ့ ဘာသာရေးပွဲတော်ကာလမှာ အိုးမဲ့အိမ်မဲ့ဖြစ်ရတာဟာ အစ္စရေးတွေအတွက် လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာအရ တော်တော်လေး ရိုက်ခတ်မှုရှိနေပါတယ်။

👍37❤3🕊2
Forwarded from NOM.World News
အင်ဒိုနီးရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ့် ရုရှားရေတပ်သင်္ဘောတွေဟာ ဂျာကာတာမှာ ဆိုက်ကပ်ခဲ့ပြီလို့ သိရပါတယ်။ ရေငုပ်သင်္ဘောတစင်းအပါအဝင် ရုရှားရေတပ်ရဲ့ ယူနစ်တခုက ဒီနေ့မှာ ဆိုက်ကပ်ခဲ့ပြီး ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို ပူးတွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
News Of Myanmar NOM
News Of Myanmar NOM
👍29❤4
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကင်ဆာရောဂါကုဆေး၊ မေ့ဆေးနဲ့ အထူးရောဂါကုဆေးတွေ ထုတ်လုပ်ပေးနေတဲ့ အီရန်ရဲ့ အဓိက ဆေးဝါးကုမ္ပဏီကြီးတစ်ခု ပျက်စီးသွားပြီး ဆေးထုတ်လုပ်မှုပိုင်းမှာ အတော်လေး ထိခိုက်သွားပါတယ်။
အီရန်ဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အရေးကြီးတဲ့ ဆေးဝါးတွေကို ကိုယ်တိုင်ထုတ်လုပ်နေရတာပါ။

👍23😢12😡10💔2❤1
ယူအေအီး (UAE) ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကူဝိတ်နိုင်ငံပိုင် အယ်လ် ဆလ်မီ "Al Salmi" သင်္ဘောကြီး။
NOM
NOM
👍25❤4😢4🔥2
စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်း အရေးယူထား
NOM မတ် ၃၁၊ ၂၀၂၆
စက်သုံးဆီဝယ်ယူမှုနှင့် ပတ်သက်ပြီး Call Center သို့သတင်းပေးပို့ တိုင်ကြားလာမှုများအပေါ် အရေးယူ ဆောင်ရွက်ထားမှုများမှာ လက်ရှိအချိန်အထိ စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်းပြီး အရောင်းဆိုင်တာဝန်ရှိသူများကို အရေးယူထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။
အဆိုပါယာယီပိတ်သိမ်းထားသည့်ဆိုင်များမှာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ “TGB”၊ ပုဗ္ဗသီရိမြို့နယ်ရှိ ရွှေပိုး နဲ့ Terminal 001၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ Away၊ အမရပူရမြို့နယ်ရှိ အောင်ဗိုလ်ဟိန်း၊ စဉ့်ကိုင်မြို့နယ်ရှိ စိန်စီအောင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင်သန်းကျော်၊ အောင်သိဒ္ဓိ၊ ရွှေခြင်္သေ့၊ မိုးကောင်းကင်နဲ့ စွမ်းအင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ Apex၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ BOC၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြို ရပ်ကွက်ရှိ စွမ်းမြန်မာ၊ ညောင်ပင်ဆိပ် ရပ်ကွက်ရှိ Parent Love– 01၊ ကျိုက်မရောမြို့နယ်ရှိ Puma Power၊ ပေါင်မြို့နယ်ရှိ မင်းသန့်-၉ အပါအဝင် စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို အရေးယူထားကြောင်းသိရသည်။
ထို့အပြင် Bar Code/ QR Code များ၊ ရောင်းချနေမှုများကို Online Monitoring Center က စောင့်ကြည့် ကြပ်မတ်မှုများကို ဆောင်ရွက် နေရာ Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုလုပ်ဘဲ ရောင်းချနေမှုကို စိစစ်တွေ့ရှိရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စက်သုံးဆီအရောင်းဆိုင်သုံးဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးမှ လေးဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ ၁၀ ဆိုင်နှင့်ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှခုနှစ်ဆိုင် စုစုပေါင်း စက်သုံးဆီ အရောင်းဆိုင် ၂၄ ဆိုင်ကိုလည်း ပြင်းထန် စွာ သတိပေးထားပြီး ညွှန်ကြားချက်များကို လိုက်နာမှုမရှိကြောင်း ထပ်မံ စိစစ်တွေ့ ရှိပါက ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်အဆင့်မြှင့်တင် ထားသည့် Bar Code/ QR Code များနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချပေးနေကြောင်းသိရသည်။

👍25❤12😱2
အီရန် ဖားစ်နယူးစ် သတင်းဌာန (Fars News) ကို အတွင်းသိသတင်းမြစ်တစ်ခုက ပြောတာကတော့ -
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အနေနဲ့ အမေရိကန်ရဲ့ လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေမှာ ဆက်ပြီးပါဝင်နေမယ်။ အစ္စရေးကို ကူညီဖို့အတွက် ထောက်လှမ်းရေးတပ်ဖွဲ့တွေကို ဆက်လက်လက်ခံထားမယ်ဆိုရင်တော့ အီရန်က ကမ္ဘာ့အကြီးဆုံး သင်္ဘောဆီဖြည့် ဆိပ်ကမ်းတွေထဲက တစ်ခုဖြစ်ပြီး UAE အတွက် စီးပွားရေးအရ အင်မတန်အရေးပါတဲ့ ဖူဂျိုင်ရာ (Fujairah) ဆိပ်ကမ်းနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်စရာမလိုဘဲ ရေနံတင်ပို့နိုင်တဲ့ အရေးကြီး ရေနံပိုက်လိုင်းကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

👍26❤8😨2