News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်

မတ် ၃၀၊ ၂၀၂၆

NOM
21👍8
This media is not supported in your browser
VIEW IN TELEGRAM
ဗြိတိန်မှာတော့ လူတွေက လောင်စာဆီရသလောက် ခြွေတာစုဆောင်းဖို့ ကြိုးစားနေကြပါတယ်။ အခုလိုမျိုး ဓာတ်ဆီတွေကို ပလတ်စတစ်အိတ်တွေနဲ့ ထည့်ပြီး သိုလှောင်တာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီအမျိုးသမီးလည်း အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။

NOM
👍21😱132😡2
စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော အမေရိကန်​၏ မဟာမိတ်ဖိလစ်ပိုင်က ရုရှားရေနံကို ဝယ်ယူရန်စဉ်းစားနေ

"
လက်ရှိ အကျပ်အတည်းက ဆက်ဖြစ်နေဦးမယ်။ ပြီးတော့ တခြား ရေနံစိမ်း ရရှိနိုင်မယ့် အရင်းအမြစ်တွေကလည်း မရှိဘူး။ ဒါမှမဟုတ် မလုံလောက်ဘူးဆိုရင်တော့ ပက်ထရွန် Petron အနေနဲ့ ရုရှားရေနံစိမ်း ဝယ်ယူဖို့ကို ထပ်မံစဉ်းစားရမှာပဲ ဖြစ်ပါတယ်" လို့ မိခင်ကုမ္ပဏီဖြစ်တဲ့ ဆန်မီဂဲလ် San Miguel Corp က ပြောကြားခဲ့ပါတယ်။

NOM
👍384🗿1
ပေဂျင်း-ပြုံယမ်းတိုက်ရိုက်လေကြောင်းခရီးစဉ်စတင်ပျံသန်း
NOM
Air China သည် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစ၍ ပေကျင်းနှင့် ပြုံယမ်းအကြား တိုက်ရိုက်ပျံသန်းမှုများကို ပြန်လည်စတင်ခဲ့ပြီး ခြောက်နှစ်အတွင်း ပထမဆုံးပြန်လည်ပျံသန်းခြင်းဖြစ်သည်။

လေယာဉ်ခရီးစဉ် CA121 သည် ပေကျင်းမှ ၀၈:၀၅ နာရီတွင် ထွက်ခွာခဲ့ပြီး ပြုံယမ်းသို့ ဒေသစံတော်ချိန် ၁၁:၀၀ နာရီတွင် ရောက်ရှိခဲ့ပြီး အပတ်စဉ် တနင်္လာနေ့များတွင် ပြေးဆွဲမည်ဖြစ်သည်။
👍312
အီရန်တော်လှန်ရေးအစောင့်တပ်​၏ ရေတပ်ဗိုလ်ချုပ် အစ္စရေးတိုက်ခိုက်မှုကြောင့် ကွယ်လွန်

သောကြာနေ့က အီရန်နိုင်ငံ၊ ဘန်ဒါအဘတ်စ်အနီးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသွားသော အီရန်တော်လှန်ရေးအစောင့်တပ်​၏ ရေတပ်ဗိုလ်ချုပ် အလီရီဇာ တန်စီရီ သည် ရရှိသောဒဏ်ရာများကြောင့် ယနေ့ ကွယ်လွန်သွားသည်။

NOM
👍27😢10💔1
This media is not supported in your browser
VIEW IN TELEGRAM
သမိုင်းဝင်အခိုက်အတန့် - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ရဲ့ အာဇာနည် ရေတပ်ဗိုလ်ချုပ် အလီရီဇာ တန်စီရီ (Alireza Tangsiri) က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့သည့် ဗီဒီယိုရုပ်သံဖိုင်ဖြစ်သည်။

"ယာ ဖာတီမာ အယ်လ်-ဇာရာ (Ya Fatimah al-Zahra)" ဆိုတဲ့ လျှို့ဝှက်အချက်ပေးစကား (Code) နဲ့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

NOM
👍396
အီရန်ကိုတိုက်မည့်လေယာဉ်များစပိန်လေပိုင်နက်ကိုမသုံးရ
NOM
စပိန်အစိုးရသည်အီရန်ကိုတိုက်ခိုက်မည့်လေယာဉ်များအတွက်သူ၏လေပိုင်နက်ကိုပိတ်ပင်ကြောင်းယနေ့ကြေညာလိုက်သည်။ခြွင်းချက်အနေဖြင့်အရေးပေါ်ဆင်းသက်ရမည့်လေယာဉ်များကိုမူဆင်းသက်ခွင့်ပြုကြောင်းသိရသည်။
👍446😡2
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် နှင့်အမျိုးသား လွှတ်
တော်တို့မှ ဒုတိယသမ္မတလောင်းများအမည်စာရင်းတင်သွင်း
NOM၊မတ်၃၀၊၂၀၂၆
ပြည်သူ့လွှတ်တော် ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတလောင်းများအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တစညပါတီမှ တောင်တွင်းကြီးမဲဆန္ဒနယ်ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်သွင်းခဲ့သည်။

အလာတူ အမျိုးသားလွှတ်တော် ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးတွင်လည်း ဒုတိယသမ္မတလောင်းများအဖြစ် ပြည်ခိုင်ဖြိုးပါတီ၀င် ဘားအံမြို့နယ် အမှတ်(၂) အချိုးကျ ကိုယ်စားပြုမဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနှင့် ကချင် ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီမှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းခဲ့ကြောင်းသိရသည်။ ‎
👍154
This media is not supported in your browser
VIEW IN TELEGRAM
အီရန်စစ်ပွဲမရပ်အောင်လုပ်နေသူမှာအစ္စရေးဖြစ်
NOM
အစ္စရေးသည် အီရန်နှင့် စစ်ပွဲဆက်လက်ဖြစ်ပွားစေရန် အစွမ်းကုန်လုပ်ဆောင်နေကြောင်း အမေရိကန်နှင့် အီရန်ပဋိပက္ခကြားတွင် ရာထူးမှနုတ်ထွက်ခဲ့သော အမျိုးသားအကြမ်းဖက်မှုတန်ပြန်နှိမ်နှင်း ရေးဌာန အကြီးအကဲဟောင်း ဂျိုးကင့်က ပြောကြားလိုက်သည်။


ဒေါ်နယ်ထရမ့်သည် အီရန်နှင့် တင်းမာမှုလျှော့ချရန် လိုအပ်ကြောင်း ပြောဆိုတိုင်း အစ္စရေးသည် အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများ သို့မဟုတ် အခြားအဓိကအဆောက်အအုံများကို ပြင်းထန်သောတိုက်ခိုက်မှုများ ပြုလုပ်ပြီး တင်းမာမှုလျှော့ချရန် ကြိုးပမ်းမှုများကို ပျက်ပြားအောင်လုပ်ဆောင်နေကြောင်းဂျိုးကင့်ကပြောသည်။

အစ္စရေးကို တားဆီးမထားမချင်း အီရန်နှင့် မည်သည့်ညှိနှိုင်းမှုမျှ အောင်မြင်မည်မဟုတ်။ “အမေရိကန်သည် အစ္စရေးအား ခုခံကာကွယ်ရန် ကူညီပေးမည်ဖြစ်သော်လည်း ထိုးစစ်ဆင်ရန် နည်းလမ်းများကို မပေးဆောင်ပါ။ အစ္စရေးကထိုးစစ်ဆင်ပါက အစ္စရေး၏ကိုယ်ပိုင် စွန့်စားမှုဖြင့်ဖြင့် လုပ်ဆောင်ပါ”ဆိုသည့်သတင်းစကားကိုအစ္စရေးလူမျိုးတိုင်းသိရန်လုပ်ဆောင်ရမည်ဟုဂျိုးကင့်ကအကြံပြုလိုက်သည်။
👍28😨32
ဧပြီလ၁ရက်ဘဏ်ပိတ်သည်
👍24
မြင်းခြံနှင့် နောင်ချိုမြို့နယ်များတွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုများကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး/ ထိခ်ုက်ဒဏ်ရာရရှိ

NOM
👍8😢8😡4
ဟော်မုဇ်ရေလက်ကြားကို အီရန်ကဖွင့်ပေးလိုက်ပြီ

အီရန်နိုင်ငံဟာ ထရန့် (Trump) ရဲ့ ခြိမ်းခြောက်မှုတွေကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုပေးခဲ့ပြီး ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘောနှစ်စင်းအတွက်သာ (ကန့်သတ်ပြီး) ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ 😄😄😄

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍413🗿3💔1😨1😡1
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၆၅ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

မတ် ၃၀၊ ၂၀၂၆

NOM
👍192
သရက်ချောင်းမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိ

NOM
😡11🔥1
လှိုင်သာယာတွင် နာရေး အိမ်စောင့်ဖဲဝိုင်း၌ လူသတ်မှုဖြစ်ပွား

NOM မတ် ၃၀၊ ၂၀၂၆

ရန်ကုန်တိုင်း‌ ဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ သာစည်လမ်းရှိ နာရေးအိမ်စောင့် ဖဲဝိုင်းတွင် ယမန်‌ နေ့ ၁၂ နာရီခန့်က လူသတ်မှုဖြစ်ပွားကြောင်းသိရသည်။

"အမှတ် (၁၆) ရပ်ကွက်၊ သာစည် လမ်းက နာရေးအိမ်စောင့် ဖဲဝိုင်းမှာ လူသတ်မှု ဖြစ်တာပါ။ ဖဲဝိုင်းကစားနေတာကို ဓါးကိုင်ပြီး လာသတ် သွားတာ။ ဓါးခုတ်သူက အကြွေးရှင်တွေမသိအောင် ပုန်းရှောင်နေတာကို အကြွေးရှင်တွေကို ပြောတယ် ဆိုပြီး အသားထဲက လောက်ထွက် တဲ့ကောင်လို့ပြောဆိုပြီး ဖဲစကားနေတဲ့ ဖြိုးကိုဇော်ကို ခုတ်တယ်။

ဇက်ပိုးထိပြီး လဲကျသွားချိန် ထပ်မံ ပြီးလေးချက် ထိုးသတ်တယ်။ အခင်းဖြစ်နေရာမှာပဲ အခုတ် ခံရတဲ့ဖြိုးကိုဇော်က သေဆုံးတယ်။ ကျူးလွန်သူ ထွန်းထွန်းဝင်း (ခ) ငထွန်းက ထွက်ပြေးသွားတယ်"ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သူ ထွန်းထွန်းဝင်း (ခ) ငထွန်း (၄၆ နှစ်)၊ တကောင်းလမ်း၊ အမှတ် (၁၆) ရပ်ကွက်နေသူအား လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ (ပ) ၂၄၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်းသိရှိသည်။

NOM
👍224😡2🔥1
အီရန်စစ်ပွဲကိုအီတလီကာကွယ်ရေးဝန်ကြီးမထောက်ခံ

အီရန်နှင့်စစ်ပွဲအပေါ် အီတလီကာကွယ်ရေးဝန်ကြီး Guido Crosetto က"ဒီစစ်ပွဲကို ကျွန်တော်တို့ မထောက်ခံခဲ့ပါဘူး။ ဘယ်သူမှလည်း ကျွန်တော်တို့ရဲ့အမြင်ကို မတောင်းဆိုခဲ့ပါဘူး။ စစ်ပွဲတွေရဲ့ကြာချိန်ဟာ အင်အားကြီးသူရဲ့စစ်အင်အားပေါ်မှာ မူတည်တာမဟုတ်ဘဲ အင်အားနည်းသူရဲ့ ခုခံမှုပေါ်မှာ မူတည်ပါတယ်။ အီရန်ဟာ ယူကရိန်းထက် ပိုကြီးတယ်။ လူဦးရေပိုများပြီး ထောင်စုနှစ်များစွာကြာရှည်တဲ့သမိုင်းကြောင်းရှိပါတယ်။" ဟုပြောသည်။

NOM
👍42
This media is not supported in your browser
VIEW IN TELEGRAM
ဟော်မုဇ်ရေလက်ကြား ကို ရှောင်ကွင်းပြီး သွယ်တန်းထားတဲ့ ယူအေအီး နိုင်ငံရဲ့ အဓိက ရေနံပိုက်လိုင်းပေါ်က ပန့်စတေရှင် (Pump stations) နှစ်ခုမှာ မီးလောင်မှုတွေ ဖြစ်ပွားနေတာကို ဂြိုဟ်တုဓာတ်ပုံတွေအရ တွေ့ရှိရပါတယ်။

ဟတ်ဘ်ရှန်-ဖူဂျေရာ (Habshan–Fujairah) ပိုက်လိုင်းဟာ အဘူဒါဘီ (Abu Dhabi) ကနေ ဖူဂျေရာ (Fujairah) ဆိပ်ကမ်းအထိ ရေနံစိမ်းတွေကို သယ်ယူပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားကို အသုံးမပြုဘဲ အစားထိုး တင်ပို့နေတဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ရေနံလမ်းကြောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။

NOM
👍384🔥1💔1
Media is too big
VIEW IN TELEGRAM
ဟဇ်ဘိုလာတို့ကအစ္စရေးတင့်ကားများကို ဖျက်ဆီးသည့်မှတ်တမ်းထုတ်ဖော်ပြသ

ဟဇ်ဘိုလာတို့သည် လက်ဘနွန်တောင်ပိုင်းကို ကျူးကျော်လာသည့် အစ္စရေးတင့်ကားတပ်ကို ပဲ့ထိန်းတင့်ဖျက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယခုအချိန်အထိ အစ္စရေး၏ ပင်မတိုက်ပွဲဝင် မာကာဗာတင့်ကား ၇၁ စီးအထိဆုံးရှုံးပြီဖြစ်သည်။ ယခုနှုန်းဖြင့်ဖျက်ဆီးခံနေရပါက မကြာမီတင့်ကားအစီးရေ တစ်ရာကျော်အထိအပျက်အစီးရှိမည်ဟုခန့်မှန်းထားသည်။

NOM
👍3211
This media is not supported in your browser
VIEW IN TELEGRAM
ပါလက်စတိုင်း အကျဉ်းသားများကိုသေဒဏ်ပေးမည့် ဥပဒေအစ္စရေးလွှတ်တော်ကအတည်ပြု

ပါလက်စတိုင်းအကျဉ်းသားများအတွက် သေဒဏ်ပေးမည့် ဥပဒေတစ်ရပ်ကို အစ္စရေးနက်ဆက်လွှတ်တော်က ၆၂ မဲ-၄၈ မဲဖြင့်အတည်ပြုခဲ့သည်။

လက်ယာစွန်း အမျိုးသားကာကွယ်ရေးဝန်ကြီး ဘင်ဂ်ဗီယာသည် ဥပဒေပြုလွှတ်တော်တွင် ရှန်ပိန်ပုလင်းတစ်လုံးကို ဖွင့်၍ အောင်ပွဲခံရန် ကြိုးစားခဲ့သော်လည်း ဘေးမှတစ်ဦးကတားဆီးခဲ့သည်။

NOM
👍17😡6🔥43😱2