အစ္စရေးနိုင်ငံတောင်ပိုင်း နီဂတ်ဗ် (Negev) နယ်မြေထဲက ဓာတုဗေဒစက်ရုံတစ်ခုကို အီရန်က ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဘီယာရှီဗာ (Beersheba) မြို့က စက်ရုံတစ်ရုံမှာ မီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။
အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆိုအရ အနည်းဆုံး လူတစ်ယောက် ဒဏ်ရာရထားပါတယ်။
အဲဒီစက်ရုံမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေတာကြောင့် ဒေသခံတွေကို အနားမကပ်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
NOM

👍29❤4🕊1😡1
အီရန်နိုင်ငံ၊ အစ်စဖာဟန် စက်မှုတက္ကသိုလ် (Isfahan University of Technology) လေကြောင်းကနေ နောက်တစ်ကြိမ် တိုက်ခိုက်ခံရ
အစ်စဖာဟန် စက်မှုတက္ကသိုလ်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ချက်အရ...
မတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ အစ်စဖာဟန် စက်မှုတက္ကသိုလ်ဟာ အစ္စရေးနဲ့ အမေရိကန် ကျူးကျော်သူတွေရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဒုတိယအကြိမ် ထပ်မံခံခဲ့ရပါတယ်။
ကနဦးသတင်းတွေအရ ဒီတိုက်ခိုက်မှုဟာ တက္ကသိုလ်ဝင်းထဲက သုတေသနဌာနတစ်ခုကို ဦးတည်ခဲ့တာဖြစ်ပြီး အနီးအနားက တခြားအဆောက်အဦတချို့လည်း ပျက်စီးသွားပါတယ်။
ဒီဖြစ်စဉ်ကြောင့် တက္ကသိုလ်ဝန်ထမ်း ၄ ဦးမှာ ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

👍26😡4❤1
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား လက်ခံတွေ့ဆုံ
မတ် ၂၈၊ ၂၀၂၆
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး
ထို့ပြင် အာဆီယံ-ဘရာဇီးလ်ကဏ္ဍအလိုက် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဘရာဇီးလ်နိုင်ငံမှ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပါ အခြေခံမူများအပေါ်အခြေခံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

👍26❤3
This media is not supported in your browser
VIEW IN TELEGRAM
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍23❤8😱4😢1
အီရတ်ခုခံရေးအဖွဲ့က အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ကျွန်ုပ်တို့၏ တိုက်ခိုက်မှုနယ်ပယ်အတွင်းရှိသည်
အီရတ်နိုင်ငံရှိ ခါတာအစ် ဆယစ် အလ်-ရှူဟာဒါ (Kata'ib Sayyid al-Shuhada) ခုခံရေးအဖွဲ့က အမေရိကန်မှ ပြည်သူ့စစ် တပ်ပေါင်းစု PMF (Popular Mobilization Forces) စခန်းများအပေါ် ဆက်တိုက်တိုက်ခိုက်နေမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ခုခံရေးအဖွဲ့၏ တရားဝင်တိုက်ခိုက်မှု နယ်ပယ်အတွင်းတွင် ရှိကြောင်းကြေညာခဲ့သည်။

👍31❤1
News Of Myanmar
တီဟီရန်နဲ့ ကာရက်ဂျ် မြို့နယ်တချို့မှာ မီးပြန်လာပြီ
လျှပ်စစ်ကဏ္ဍက ဝန်ထမ်းတွေ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာကြောင့် မီးပြတ်တောက်သွားတဲ့ တီဟီရန် မြို့နယ်တချို့မှာ မီးပြန်လာပါပြီ။
အခုဆိုရင် မြို့တော်ရဲ့ လျှပ်စစ်ကွန်ရက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီလို့ သိရပါတယ်။
ဒါ့အပြင် အယ်လ်ဘော့ဇ် (Alborz) ပြည်နယ်ရဲ့ နေရာ တော်တော်များများမှာလည်း မီးပြန်ရနေပါပြီ။

👍36❤8
အီရန်က အခြေခံအဆောက်အအုံ ဗုံးကြဲမှုတွေကို ပြန်လည်တုံ့ပြန်
အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းက အမေရိကန်-ဇီယွန်ဝါဒီ (အစ္စရေး) ရန်သူတွေနဲ့ ဆက်နွှယ်နေတဲ့ မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းတွေကို ဖျက်ဆီးနေပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အီရန်တိုက်ခိုက်တာ ခံထားရတဲ့နေရာတွေကတော့ -
ဓာတုဗေဒစက်မှုလုပ်ငန်းများ- အစ္စရေးထိန်းချုပ်ရာနယ်မြေအတွင်းရှိ Neot Hovav ဓာတုစက်မှုဇုန်။
ရေနံချက်စက်ရုံ- ရေနံချက်စက်ရုံ တစ်ခု။
သံမဏိစက်ရုံများ- သံမဏိစက်ရုံ အစုအဝေး နှစ်ခု။
အလူမီနီယံစက်ရုံကြီးများ- အလူမီနီယံထုတ်လုပ်ရေး စက်ရုံကြီး နှစ်ခု။
"မင်းတို့ရဲ့မျက်လုံးထဲမှာ နာကျင်မှုတွေကို ငါတို့မမြင်ရမချင်း ဒီလိုနာကျင်စေမယ့် တိုက်ခိုက်မှုတွေက ဆက်ရှိနေဦးမှာပဲ" လို့လည်း သတိပေးထားပါတယ်။

👍34❤3
သူနာပြုတက္ကသိုလ်ရန်ကုန်၏ အကြိမ် (၃၀) မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပ
မတ် ၂၉၊ ၂၀၂၆
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် ရန်ကုန်၏ အကြိမ်(၃၀)မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
စင်မြင့်ပေါ်တွင်နေရာယူ
ဦးစွာသူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်တွင် နေရာယူကြသည်။
ထို့နောက် ဘွဲ့ရကျောင်းသား ကျောင်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးသူနာပြု ဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံကြရသူများအား သူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ်က ဘွဲ့များအပ်နှင်းကာအမှာ စကားပြောကြားသည်။
ယနေ့ကျင်းပသည့် သူနာပြုတက္ကသိုလ် ရန်ကုန်၏အကြိမ်(၃၀)ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူ သင်တန်းအောင်မြင်သူတစ်ဦး၊ သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင်သူ ၂၀၊ သူနာပြု သိပ္ပံ(ပေါင်းကူး) (အဝေးသင်)သင်တန်းအောင်မြင်သူ ၇၆ ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus)သင်တန်းအောင်မြင်သူ ၁၅၂ ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်) (၁/၂၀၂၅) သင်တန်းအောင်မြင်သူ ၈၄ ဦး၊ အထူးပြုသူနာပြုဒီပလိုမာ သင်တန်းအောင်မြင်သူ ၂၃ ဦးရှိပြီး (၃၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ အရေးပေါ်သူနာပြုစုပညာ ဒီပလိုမာသင်တန်းအောင်မြင်သူ တစ်ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်) (၅/၂၀၂၅) သင်တန်းအောင်မြင်သူ ၂၅၃ ဦး တို့အား ဘွဲ့များအပ်နှင်းသည်။
ယခုနှစ်ဘွဲ့နှင်းသဘင် အပါအဝင်သူနာပြုတက္ကသိုလ် ရန်ကုန်က မွေးထုတ်ပေးခဲ့သည့်သူနာပြုဘွဲ့ရဦးရေမှာ သူနာပြုပါရဂူဘွဲ့ လေးဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၂၇၉ ဦး၊ အထူးသူနာပြု ဒီပလိုမာ ဘွဲ့ရရှိသူ ၉၅၆ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၆၁၁၃ ဦးတို့ဖြစ်ပြီး အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

👍22❤1
ရေနံတစ်စည်ကို ၁၁၆ ဒေါ်လာ - ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးရောက်ရှိ
အီရန်၊ အမေရိကန်နဲ့ အစ္စရေးတို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရေနံတစ်စည်ဈေးဟာ ၁၁၆ ဒေါ်လာအထိ တက်သွားပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးဈေးနှုန်းကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။

👍29❤2😡2
အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ကျင်းပ
မတ် ၂၉၊ ၂၀၂၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ် ကျင်းပသော ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၅ ဌာနတွင်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို စာဖြေဌာန ၂၀၄ ဌာနတွင်လည်းကောင်း ဖြေဆိုကြသည်။
ဖြေဆိုရာခိုင်နှုန်း
အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို စာဖြေစာရင်းသွင်း ၁၆၁၇ ပါး/ဦး အနက် ၉၆၄ ပါး/ဦး ဖြေဆိုကြသဖြင့် ၅၉ ဒသမ ၆၂ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမ လတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ပထမနေ့ကို စာရင်းသွင်း ၆၁၇၀၃ ပါး/ဦးအနက် ၅၁၇၁၆ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၃ ဒသမ ၈၁ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

👍17🙏7😡1
ကူဝိတ်နိုင်ငံရှိ ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့် စက်ရုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ပြီး လူတစ်ဦး သေဆုံးကြောင်းသိရသည်။
၎င်းသည် စစ်ပွဲစတင်ကတည်းက ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့် စက်ရုံတစ်ခုကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍26❤1
AA အကြမ်းဖက်အဖွဲ့ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာရှိ အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သမားများထိခိုက်သေဆုံး
မတ် ၃၀၊ ၂၀၂၆
ရခိုင် AA အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာရှိ အကြမ်းဖက်သမားများကို သတင်းအရ တပ်မတော်က မတ်လ ၂၉ ရက်နေ့ ညနေအချိန်၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားခြောက်ဦးသေဆုံးခဲ့ပြီး လေးယောက်ဒဏ်ရာရရှိခဲ့သည်။

👍23❤2
အီရန်၏ တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းများကြောင့် ယူအေအီး (UAE) တွင် ဗြိတိန်နိုင်ငံသား ၇၀ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံထားရ
အီရန်က ယူအေအီးကို တိုက်ခိုက်ခဲ့သည့် ဗီဒီယိုရုပ်သံဖိုင်များနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် မျှဝေခြင်း (သို့မဟုတ်) မှတ်တမ်းတင်ခြင်းတို့ကြောင့် ဗြိတိန်နိုင်ငံသား ၇၀ ဦးခန့်ကို ယူအေအီးအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
ယူအေအီးအစိုးရသည် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ အပြင်သို့ မပေါက်ကြားစေရန် ပြင်းပြင်းထန်ထန် ထိန်းချုပ်နေသည်။ အထူးသဖြင့် စစ်ရေးပစ်မှတ်များ (သို့မဟုတ်) ထိခိုက်ပျက်စီးမှုများကို မှတ်တမ်းတင်ခြင်းသည် ယူအေအီး၏ ဆိုင်ဘာဥပဒေများအရ ပြစ်မှုမြောက်သည်ဟု သတ်မှတ်ထားသည်။
ရှေ့နေနှင့် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် Ms. Stirling က အီရန်နှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသမျှ ကာလပတ်လုံး အလားတူ ဖမ်းဆီးမှုများ ထပ်မံရှိလာနိုင်ကြောင်း သတိပေးထားသည်။
ယူအေအီးတွင် ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသားများနှင့် တခြားနိုင်ငံခြားသားများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကို ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းနှင့် အွန်လိုင်းတွင် တင်ခြင်းများ မပြုလုပ်ကြရန် အလေးအနက် သတိပေးထားသည်။
ထိုသို့ပြုလုပ်ပါက ထောင်ဒဏ် သို့မဟုတ် ကြီးလေးသော ဒဏ်ငွေများ ချမှတ်ခံရနိုင်သည့်အပြင် ပြည်နှင်ဒဏ်လည်း ပေးခံရနိုင်သည်ဟု ဆိုသည်။
ယူအေအီးအစိုးရသည် ၎င်းတို့၏ နိုင်ငံပုံရိပ်နှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် သတင်းအချက်အလက် စီးဆင်းမှုမှန်သမျှကို "သတင်းအမှောင်ချ" ရန် ကြိုးပမ်းနေပြီး ဤလုပ်ရပ်ကြောင့် အခြေအနေမှန်ကို မသိရှိနိုင်ဘဲ သတိမမူမိသည့် နိုင်ငံခြားသားများစွာ အဖမ်းအဆီးခံနေရသည့် အခြေအနေဖြစ်သည်။

👍25❤1😡1