News Of Myanmar
13.1K subscribers
23.2K photos
3.26K videos
3 files
6.61K links
Download Telegram
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ်စတင် တာဝန်ထမ်းဆောင်

ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ကျော်စွာလင်းသည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်လည်းကောင်း ယနေ့စတင်တာဝန်ထမ်းဆောင်ကြောင်းသိရသည်။

NOM
39👍23
အစ္စရေးနိုင်ငံတောင်ပိုင်း နီဂတ်ဗ် (Negev) နယ်မြေထဲက ဓာတုဗေဒစက်ရုံတစ်ခုကို အီရန်က ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘီယာရှီဗာ (Beersheba) မြို့က စက်ရုံတစ်ရုံမှာ မီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။

အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆိုအရ အနည်းဆုံး လူတစ်ယောက် ဒဏ်ရာရထားပါတယ်။

အဲဒီစက်ရုံမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေတာကြောင့် ဒေသခံတွေကို အနားမကပ်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

NOM
👍294🕊1😡1
အီရန်နိုင်ငံ၊ အစ်စဖာဟန် စက်မှုတက္ကသိုလ် (Isfahan University of Technology) လေကြောင်းကနေ နောက်တစ်ကြိမ် တိုက်ခိုက်ခံရ

အစ်စဖာဟန် စက်မှုတက္ကသိုလ်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ချက်အရ...

မတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ အစ်စဖာဟန် စက်မှုတက္ကသိုလ်ဟာ အစ္စရေးနဲ့ အမေရိကန် ကျူးကျော်သူတွေရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဒုတိယအကြိမ် ထပ်မံခံခဲ့ရပါတယ်။

ကနဦးသတင်းတွေအရ ဒီတိုက်ခိုက်မှုဟာ တက္ကသိုလ်ဝင်းထဲက သုတေသနဌာနတစ်ခုကို ဦးတည်ခဲ့တာဖြစ်ပြီး အနီးအနားက တခြားအဆောက်အဦတချို့လည်း ပျက်စီးသွားပါတယ်။

ဒီဖြစ်စဉ်ကြောင့် တက္ကသိုလ်ဝန်ထမ်း ၄ ဦးမှာ ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

NOM
👍26😡41
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား လက်ခံတွေ့ဆုံ

မတ် ၂၈၊ ၂၀၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

ထို့ပြင် အာဆီယံ-ဘရာဇီးလ်ကဏ္ဍအလိုက် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဘရာဇီးလ်နိုင်ငံမှ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပါ အခြေခံမူများအပေါ်အခြေခံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NOM
👍263
ဥရောပတွင်လုပ်ခလစာအနိမ့်ဆုံးမှာယူကရိန်းဖြစ်
NOM
ဥရောပနိုင်ငံများ၍အနိမ့်ဆုံးလစာစာရင်းများထွက်ပေါ်လာရာလူဇင်ဘတ်နိုင်ငံသည်အနိမ့်ဆုံးလုပ်လစာယူရို ၂၇၀၄ဖြင့်အများဆုံးဖြစ်ပြီးယူကရိန်းသည်ယူရို၁၆၄ဖြင့်အနည်းဆုံးဖြစ်သည်။
👍232😡2
အီရန်စစ်စတင်ချိန်မှယနေ့အထိနိုင်ငံအလိုက်ဒီဇယ်ဆီစျေးတက်သည့်ရာခိုင်နှုန်းပြဇယား
👍325🔥1😡1
This media is not supported in your browser
VIEW IN TELEGRAM
🚨 အမေရိကန်နဲ့ အစ္စရေးက အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်လိုက်တာကြောင့် တီဟီရန် (Tehran) နဲ့ ကာရက်ဂျ် (Karaj) မြို့တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍238😱4😢1
အီရတ်ခုခံရေးအဖွဲ့က အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ကျွန်ုပ်တို့၏ တိုက်ခိုက်မှုနယ်ပယ်အတွင်းရှိသည်

အီရတ်နိုင်ငံရှိ ခါတာအစ် ဆယစ် အလ်-ရှူဟာဒါ (Kata'ib Sayyid al-Shuhada) ခုခံရေးအဖွဲ့က အမေရိကန်မှ ပြည်သူ့စစ် တပ်ပေါင်းစု PMF (Popular Mobilization Forces) စခန်းများအပေါ် ဆက်တိုက်တိုက်ခိုက်နေမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ခုခံရေးအဖွဲ့၏ တရားဝင်တိုက်ခိုက်မှု နယ်ပယ်အတွင်းတွင် ရှိကြောင်းကြေညာခဲ့သည်။

NOM
👍311
News Of Myanmar
🚨 အမေရိကန်နဲ့ အစ္စရေးက အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်လိုက်တာကြောင့် တီဟီရန် (Tehran) နဲ့ ကာရက်ဂျ် (Karaj) မြို့တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ NOM
တီဟီရန်နဲ့ ကာရက်ဂျ် မြို့နယ်တချို့မှာ မီးပြန်လာပြီ

လျှပ်စစ်ကဏ္ဍက ဝန်ထမ်းတွေ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာကြောင့် မီးပြတ်တောက်သွားတဲ့ တီဟီရန် မြို့နယ်တချို့မှာ မီးပြန်လာပါပြီ။

အခုဆိုရင် မြို့တော်ရဲ့ လျှပ်စစ်ကွန်ရက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီလို့ သိရပါတယ်။

ဒါ့အပြင် အယ်လ်ဘော့ဇ် (Alborz) ပြည်နယ်ရဲ့ နေရာ တော်တော်များများမှာလည်း မီးပြန်ရနေပါပြီ။

NOM
👍368
အီရန်က အခြေခံအဆောက်အအုံ ဗုံးကြဲမှုတွေကို ပြန်လည်တုံ့ပြန်

အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းက အမေရိကန်-ဇီယွန်ဝါဒီ (အစ္စရေး) ရန်သူတွေနဲ့ ဆက်နွှယ်နေတဲ့ မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းတွေကို ဖျက်ဆီးနေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အီရန်တိုက်ခိုက်တာ ခံထားရတဲ့နေရာတွေကတော့ -

ဓာတုဗေဒစက်မှုလုပ်ငန်းများ- အစ္စရေးထိန်းချုပ်ရာနယ်မြေအတွင်းရှိ Neot Hovav ဓာတုစက်မှုဇုန်။

ရေနံချက်စက်ရုံ- ရေနံချက်စက်ရုံ တစ်ခု။

သံမဏိစက်ရုံများ- သံမဏိစက်ရုံ အစုအဝေး နှစ်ခု။

အလူမီနီယံစက်ရုံကြီးများ- အလူမီနီယံထုတ်လုပ်ရေး စက်ရုံကြီး နှစ်ခု။

"မင်းတို့ရဲ့မျက်လုံးထဲမှာ နာကျင်မှုတွေကို ငါတို့မမြင်ရမချင်း ဒီလိုနာကျင်စေမယ့် တိုက်ခိုက်မှုတွေက ဆက်ရှိနေဦးမှာပဲ" လို့လည်း သတိပေးထားပါတယ်။

NOM
👍343
နောင်ချို၊ ပွင့်ဖြူနှင့် လွိုင်ကော်မြို့နယ်တို့၌ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် ပြည်သူအချို့ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိ

NOM
👍12😡4😢2🕊21
သူနာပြုတက္ကသိုလ်ရန်ကုန်၏ အကြိမ် (၃၀) မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပ

မတ် ၂၉၊ ၂၀၂၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် ရန်ကုန်၏ အကြိမ်(၃၀)မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

စင်မြင့်ပေါ်တွင်နေရာယူ

ဦးစွာသူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်တွင် နေရာယူကြသည်။

ထို့နောက် ဘွဲ့ရကျောင်းသား ကျောင်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးသူနာပြု ဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံကြရသူများအား သူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ်က ဘွဲ့များအပ်နှင်းကာအမှာ စကားပြောကြားသည်။

ယနေ့ကျင်းပသည့် သူနာပြုတက္ကသိုလ် ရန်ကုန်၏အကြိမ်(၃၀)ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူ သင်တန်းအောင်မြင်သူတစ်ဦး၊ သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင်သူ ၂၀၊ သူနာပြု သိပ္ပံ(ပေါင်းကူး) (အဝေးသင်)သင်တန်းအောင်မြင်သူ ၇၆ ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus)သင်တန်းအောင်မြင်သူ ၁၅၂ ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်) (၁/၂၀၂၅) သင်တန်းအောင်မြင်သူ ၈၄ ဦး၊ အထူးပြုသူနာပြုဒီပလိုမာ သင်တန်းအောင်မြင်သူ ၂၃ ဦးရှိပြီး (၃၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ အရေးပေါ်သူနာပြုစုပညာ ဒီပလိုမာသင်တန်းအောင်မြင်သူ တစ်ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်) (၅/၂၀၂၅) သင်တန်းအောင်မြင်သူ ၂၅၃ ဦး တို့အား ဘွဲ့များအပ်နှင်းသည်။

ယခုနှစ်ဘွဲ့နှင်းသဘင် အပါအဝင်သူနာပြုတက္ကသိုလ် ရန်ကုန်က မွေးထုတ်ပေးခဲ့သည့်သူနာပြုဘွဲ့ရဦးရေမှာ သူနာပြုပါရဂူဘွဲ့ လေးဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၂၇၉ ဦး၊ အထူးသူနာပြု ဒီပလိုမာ ဘွဲ့ရရှိသူ ၉၅၆ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၆၁၁၃ ဦးတို့ဖြစ်ပြီး အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

NOM
👍221
အမေရိကန်သမ္မတထရမ့် -

"ကျွန်တော် အကြိုက်ဆုံးအလုပ်က အီရန်ဆီက ရေနံတွေကို သိမ်းယူဖို့ပဲ"

"အမေရိကန်မှာရှိတဲ့ လူမိုက် (stupid) တချို့က မေးကြတယ်... 'ဘာလို့ အဲဒီလိုလုပ်နေတာလဲ??' တဲ့။"

"ဒါပေမဲ့ မေးတဲ့သူတွေက 'လူအ နွားအတွေ' ပါ။" - Financial Times သတင်းဌာန

NOM
👍26👎81😨1