News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
Forwarded from NOM.World News
ပီရူးနိုင်ငံ Aucallama ဒေသက နေအိမ်လေးဟာ ကမ္ဘာ့အပါးလွှာဆုံးနေအိမ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်လာဖွယ်ရှိပါတယ်။ နေအိမ်အကျယ်ဟာ ၂၄ လက်မသာရှိပြီး ရေချိုးခန်းနဲ့ မီးဖိုချောင်တောင် ပါရှိပါတယ်။

တရားဝင်ဆုံးဖြတ်ချက် မချရသေးပေမယ့်လည်း ခရီးသွားတွေကတော့ ဒီ ထူးဆန်းတဲ့အိမ်လေးကို စုပြုံပြီး ရောက်ရှိကာ စူးစမ်းနေကြပါတယ်။ ကွန်ကရစ်အဆောက်အအုံတွေကြားမှာ ဒီအိမ်လေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

၂ ထပ်အိမ်ဖြစ်ပြီး သစ်သားနဲ့ တည်ဆောက်ထားကာ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ အိပ်ခန်းတွေကို ထည့်သွင်းထားသလို အလှဆင်ပစ္စည်းတွေတောင်မှ ပါဝင်ပါသေးတယ်။ အကျဉ်းဆုံးနေရာဟာ ၃၆ လက်မရှိပြီး အကျယ်ဆုံးနေရာက ၅၉ လက်မရှိကာ ဂင်းနစ်မှတ်တမ်းဝင်ဖို့၊ ခရီးသွားတွေကို ဆွဲဆောင်ဖို့ရည်ရွယ်ကာ လုပ်ခဲ့တာလို့ ဒီဇိုင်းထုတ်ဆောက်လုပ်ခဲ့တဲ့ Fabio Moreno က ပြောဆိုခဲ့ပါတယ်။

News Of Myanmar NOM
👍214
အုတ်တွင်းမြို့နယ်တွင် အရက်မူးပြီး ကားအားအရှိန်ပြင်းပြင်း မောင်းနှင်ကာ စက်ဘီးကိုတိုက်ပြီးထွက် ပြေးသွားသော ဘုန်း​ကြီးအား သာ/ထိန်းအဖွဲ့ကဖမ်းမိ

NOM မတ် ၂၉၊ ၂၀၂၆

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့မှ ​အရက်မူးပြီး
ကားအား အရှိန်ပြင်းပြင်းမောင်းနှင်ကာ စက်ဘီးစီးလာသည့်အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးကို ကားဖြင့်တိုက်ခဲ့သည့် ဘုန်း​ကြီးအား လူဝတ်လဲ၍ ရဲလက်အပ်လိုက် ကြောင်း ဆရာတော်ဦးတေဇသီရီက မိန့်ကြားခဲ့သည်။

ရန်ကန်-မန္တလေးလမ်းဟောင်း၊ အုတ်တွင်းမြို့နယ်၊ ကျောက်တလင်းကျေးရွာအနီးတွင် ယမန်နေ့မတ်၂၈ ရက် ည ၁၀ နာရီခန့်က အရှိန်ပြင်းပြင်းမောင်းနှင်လာသော ဘုန်းကြီးကားတစ်စီးမှ စက်ဘီးစီးလာသော အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးကိုကားဖြင့်တိုက် ပြီး ကျောက်တလင်းရွာထဲမောင်းပြေးသွားခဲ့ရာမှ လမ်းမရှိတော့သော လယ်ကွက်ထဲ ထိုးရပ်သွားပြီး ကားကိုထားခဲ့ကာ ထွက်ပြေးရာမှ ည (၁၂) နာရီခန့်တွင် အုတ်တွင်းမြို့အထွက် သုသာန်ကျောင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဘုန်းကြီးတစ်ပါးမူးပြီး ဖိနပ်မပါသွားလာနေကြောင်း သတင်းပို့လာသဖြင့် အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ အချိန်မှီသွားရောက်ဖမ်းဆီးပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

"ဆရာတော်ကြီး​က စစ်ဆေးတော့ သူရဲ့သာသနာ မှတ်ပုံတင်မှာလည်း Correction နဲ့ဖျက်ထားတာတွေ့
ရတယ်။ သူကရှမ်းပြည်မှ ပြန်လာတာလို့လဲပြောတယ်။ နေပြည်တော် မှာလည်း သူ့ကားနောက်ပိုင်းအတိုက်ခံခဲ့ရကြောင်း၊ အခု စက်ဘီစီးသူကိုပါတိုက်မိပြီး ကားကိုထားကာ ထွက်ပြေးလာကြောင်း၊ တောင်ငူမှာရော လွိုင်ကော်မှာရောနေတယ်။ တောကျွဲအင်းမှာလည်း ကျောင်းထိုင်တယ်လို့ပြောပါတယ်။ စကားကလည်းမညီဘူး။ ဒါကြောင့် လူဝတ်လဲပြီး နယ်ထိန်းကို အပ်လိုက်လိုက်ပါတယ်" ဟု အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှဆရာတော်ဦးတေဇသီရီကမိန့်ကြားခဲ့သည်။

ပါရှိပစ္စည်းများစစ်ဆေးရာ သက်တမ်းလွန် passport စာအုပ်၊ လိင်အင်္ဂါစွပ်ကွင်းများ၊ ထောက်ခံစာ အတုများ၊ ငွေစက္ကူများတွေ့ရှိခဲ့ပြီး လူဝတ်လဲကာ သက်ဆိုင်ရာရဲတပ်ဖွဲ့နယ်ထိန်းထံသို့ အပ်လိုက်ကြောင်းသိရသည်။

NOM
👍186😨5
ဆီးရီးယားနိုင်ငံမှတစ်ဆင့် ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့ထံသို့ လက်နက်များလွှဲပြောင်းပေးပို့နေ

ဆီးရီးယားနိုင်ငံမှတစ်ဆင့် ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့ထံသို့ လက်နက်များလွှဲပြောင်းပေးပို့နေပြီး နှစ်ဖက်အကြား စစ်ဘက်ဆိုင် ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရန် မြေအောက်ဥမင်လိုဏ်ခေါင်းများရှိနေကြောင်း အစ္စရေးမီဒီယာများက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြကြသည်။

ဟစ်ဇဘိုလာအဖွဲ့ကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက် အစ္စရေးအစိုးရက လက်ရှိဆီးရီးယားသမ္မတဂျိုလာနီ (Jolani) ကို သတ်မည်ဟုခြိမ်းခြောက်ရခြင်းမှာ ဤအချက် ကြောင့်လည်းဖြစ်နိုင်သည်။

တစ်ဖက်တွင်လည်း ဟစ်ဇဘိုလာသည် ၎င်းတို့၏လက်နက်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိပုံရသော်လည်း ဆီးရီးယားနှင့် လက်ဘနွန်တောင်ပိုင်းကြားရှိ မြေအောက်ဥမင်လိုဏ်ခေါင်းများနှင့် ပတ်သက်သည့် သတင်းများမှာမူ အတည်မပြုနိုင်သေးပေ။

NOM
👍352😡2
ငရဲရောက်သွားပြီဖြစ်တဲ့ PDF အကြမ်းဖက်သမားများ။

အပိုင်း- ၁/၂
👍26
ငရဲရောက်သွားပြီဖြစ်တဲ့ PDF အကြမ်းဖက်သမားများ။

အပိုင်း- ၂/၂
👍21
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၌ ဝက်လက်နယ်အတွင်း ပြည်သူများအားဆက်ကြေးကောက် ဓါးပြတိုက်နေသည့် PDF အကြမ်းဖက်သမားများကို တပ်မတော်က ချေမှုန်းခဲ့ရာ PDF အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၃ လုံးနှင့် စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

NOM
👍265