အီရန်ဒုံးကျည်ထိမှန်မှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ E-3 Ox ကြိုတင်သတိပေးလေယာဉ်ပျက်စီး
ဆော်ဒီအာရေဗျနိုင်ငံ၊ Prince Sultan လေတပ်စခန်းက ဓာတ်ပုံမှတ်တမ်းတွေအရ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ E-3 Ox ကြိုတင်သတိပေးလေယာဉ် ပျက်စီးသွားတာကို တွေ့ရပါတယ်။ ဒီလေယာဉ်ဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ဒီလိုလေယာဉ်မျိုး ၁၆ စင်းပဲ ရှိတာပါ။
လေယာဉ်အမြီးပိုင်းက နံပါတ်ဟာ 81-0005 နဲ့ ကိုက်ညီနေပြီး ဒါဟာ ပြီးခဲ့တဲ့ အပတ်တွေကမှ အဲဒီစခန်းကို ရောက်ရှိလာတဲ့ E-3 လေယာဉ် ဖြစ်ပါတယ်။
အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ အနည်းဆုံး E-3 လေယာဉ် ၁ စင်း ဒါမှမဟုတ် ၂ စင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီလေယာဉ်ဟာ ရေဒါစနစ်တွေအတွက် အလွန်အရေးပါတဲ့ လေယာဉ်ဖြစ်လို့ အခုလို ပျက်စီးသွားတာဟာ အမေရိကန်လေတပ်အတွက် အရှုံးကြီးတစ်ခု ဖြစ်နိုင်ပါတယ်။
NOM

👍46❤8💔1
This media is not supported in your browser
VIEW IN TELEGRAM
ယီမင်နိုင်ငံသားတစ်ဦးက ဘာရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို ဖုန်းဆက်ပြီး "စစ်ပွဲသတင်း ဘာကြားလဲ" လို့ မေးလိုက်ပါတယ်။
တစ်ဖက်က တာဝန်ရှိသူက "ဘာသတင်းမှမရှိပါဘူး။ အခြေအနေအားလုံး အေးဆေးပါပဲ" လို့ ပြန်ဖြေပါတယ်။
အဲဒီအခါ ယီမင်နိုင်ငံသားက "မင်းတို့အတွက် သတင်းကောင်းရှိတယ်။ ယီမင်က စစ်ပွဲထဲကို စတင်ဝင်ရောက်လာပြီ" လို့ ပြောလိုက်ပါတယ်။
တာဝန်ရှိသူက "ခင်ဗျား ဘယ်ကနေ ဖုန်းဆက်နေတာလဲ" လို့ ပြန်မေးတဲ့အခါမှာတော့—
သူက "ယီမင်ကနေ ဆက်နေတာ။ တို့ဆီကနေ ဒုံးကျည်တစ်စင်း မင်းတို့ဆီ လာလိမ့်မယ်။ အီရန်ကနေလည်း တစ်စင်းလာမယ်။ မင်းတို့ဆီမှာ အချက်ပေးဥသြ (Alarm) တစ်ခုပဲ ရှိတာဆိုတော့ အခု နောက်ထပ်တစ်ခု ထပ်ဝယ်ထားလိုက်တော့။ အဲဒါမှ နှစ်ခုဖြစ်သွားမှာ" လို့ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

👍41❤5🔥3
ပြည်ကြီးတံခွန်မြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်
မတ် ၂၉၊ ၂၀၂၆
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ဒေသခံပြည်သူများအား (ဃ) ရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

👍17❤5
This media is not supported in your browser
VIEW IN TELEGRAM
ဆီးရီးယားသမ္မတ အာမတ် အယ်လ်-ရှာရာ (ဂျိုလာနီ) ကို လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး တောင်းဆို
အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင် ဂါဗီယာ (Itamar Ben Gvir) က ဆီးရီးယားသမ္မတ အာမတ် အယ်လ်-ရှာရာ (ဂျိုလာနီ) ကို လုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုလိုက်သည်။
"ဆီးရီးယားသမ္မတသစ်ဟာ အသတ်ခံရမယ်... ဆီးရီးယားသစ်နဲ့ ဖြစ်လာမယ့် တိုက်ပွဲဟာ အစ္စရေးတွေအတွက် ကံကြမ္မာအဆုံးအဖြတ် တိုက်ပွဲတစ်ခုဖြစ်ပြီး အဲဒီအချိန်က ရောက်လာတော့မှာပါ" ဟု ၎င်းက ဆိုသည်။

👍17❤10😱5😨4😢1
This media is not supported in your browser
VIEW IN TELEGRAM
ယူအေအီးနိုင်ငံသားများ အိုမန်သို့ထွက်ပြေး
အီရန်က ယူအေအီးနိုင်ငံရှိ အမေရိကန်အကျိုးစီးပွားများကိုပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် ယူအေအီးနိုင်ငံသားများ အိုမန်သို့ထွက်ပြေးစစ်ရှောင်နေရာ ယူအေအီး-အိုမန်နယ်စပ်တွင် စစ်ရှောင်ကားတန်းကြီးဖြင့်လမ်းပိတ်ဆို့လျက်ရှိသည်။

👍20❤7😨6
အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်မည်
အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းတစ်လွှားရှိ အမေရိကန်ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသည် ယခုအခါ တိုက်ခိုက်မည့်ပစ်မှတ်များ ဖြစ်လာကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သတိပေးလိုက်သည်။
နောက်ဆုံးအချိန်သတ်မှတ်ချက် -
တီဟီရန်စံတော်ချိန် တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီ။
ကာတာနိုင်ငံ
• ကာနက်ဂီ မယ်လွန် တက္ကသိုလ် (Carnegie Mellon University)
• ဂျော့ဂျ်တောင်း တက္ကသိုလ် (Georgetown University)
• တက်ကဆက် အေအန်အမ် တက္ကသိုလ် (Texas A&M University)
• နော့ဝက်စ်တန်း တက္ကသိုလ် (Northwestern University)
• ဝေးလ် ကော်နဲလ် ဆေးတက္ကသိုလ် (Weill Cornell Medicine)
အာရပ်စော်ဘွားများပြည်ထောင်စု
• အန်ဝိုင်ယူ အဘူဒါဘီ (NYU Abu Dhabi)
• ဒူဘိုင်း အမေရိကန် တက္ကသိုလ် (American University in Dubai)
• ရှာဂျာ အမေရိကန် တက္ကသိုလ် (American University of Sharjah)
လက်ဘနွန်နိုင်ငံ
• ဘေရွတ် အမေရိကန် တက္ကသိုလ် (American University of Beirut)
• လက်ဘနွန် အမေရိကန် တက္ကသိုလ် (Lebanese American University)
အီရတ်နိုင်ငံ
• အီရတ် အမေရိကန် တက္ကသိုလ် — ဘဂ္ဂဒက် (American University of Iraq — Baghdad)
• အီရတ် အမေရိကန် တက္ကသိုလ် — ဆူလေမာနီယာ (American University of Iraq — Sulaimani)
• ကာဒစ်စတန် အမေရိကန် တက္ကသိုလ် — ဒူးဟော့ခ် (American University of Kurdistan — Duhok)
ကူဝိတ်နိုင်ငံ
• ကူဝိတ် အမေရိကန် တက္ကသိုလ် (American University of Kuwait)
ဂျော်ဒန်နိုင်ငံ
• မာဒါဘာ အမေရိကန် တက္ကသိုလ် (American University of Madaba)

👍42❤10😡1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နိုင်ငံ မိုင်ယာမီ (Miami) မှာ ပြုလုပ်တဲ့ ဆော်ဒီရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတစ်ခုမှာ အမေရိကန်သမ္မတထရမ့် (Trump) က 'ဆော်ဒီအိမ်ရှေ့မင်းသား' လို့ ခေါ်ကြတဲ့ မိုဟာမက် ဘင် ဆလ်မန် (Mohammed bin Salman) ကို အရှက်ခွဲပြောဆိုလိုက်ပါတယ်။
"သူ ကျွန်တော့်ကို kiss my ass လုပ်ရမယ် (ကျွန်တော့်ကို အောက်ကျို့ခံပြီး ဖားရမယ်၊ မျက်နှာချိုသွေးရမယ်လို့ ဆိုလိုတာပါ) လို့ သူကိုယ်တိုင်လည်း တစ်ခါမှ မထင်ထားခဲ့ဘူး။ တကယ်ကို မယုံကြည်ခဲ့တာ... အခုတော့ သူ ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံရတော့မယ်... သူ ကျွန်တော့်အပေါ် ယဉ်ကျေးပျူငှာတာ ပိုကောင်းလိမ့်မယ်။ သူ အဲဒီလို လုပ်ကိုလုပ်ရမှာပဲ..."

👍15😨8🔥4❤2🗿2😡2
ကသာဒေသအား အလုံးစုံထိန်းချုပ်
မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ပညာရေးဒီဂရီကောလိပ်ဝန်းကျင်နေရာများအား လုံခြုံရေးအဖွဲ့များမှ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား ၉၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွားထွက်ပြေးသွားခဲ့၊ ဖြစ်စဉ်အတွင်း မိမိဘက်မှ စစ်သည် ၁ ဦး နိုင်ငံတော်အတွက်အသက်စွန့်ခဲ့ပြီးအကြမ်းဖက် သောင်းကျန်းသူများထံမှ အောက်ပါ အလောင်း/ လက်နက်များနှင့် ရန်သူအခြေပြုစိုးမိုးနေရာများအားသိမ်းဆည်းရရှိခဲ့ပါသည်-
(၁) အကြမ်းဖက် အလောင်း ၄ လောင်း။
(၂) လက်နက်မျိုးစုံ ၃ လက်
- အမ်အေ(၁) သေနတ် ၁ လက်။
- အမ်(၂၂) သေနတ် ၁ လက်။
- အမ်အေ(၄)သေနတ် ၁ လက်
တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရန်သူ့နောက်သို့ ထပ်ကြပ်လိုက်ရှာဖွေချေမှုန်းလျက်ရှိကြောင်း သိရှိရပါသည်။
တိုက်ပွဲသတင်းစုံ

👍27❤13
မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးသွားသည့် ဒုဋ္ဌဝတီတံတားအသစ် ပြန်လည်တည်ဆောက်လျက်ရှိ
NOM မတ် ၂၉၊၂၀၂၆
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင်တည်ရှိသည့် ဒုဋ္ဌဝတီတံတားသည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားသည့်အတွက် ခရီးသွားပြည်သူများသွားလာမှု လွယ်ကူစေရန် ဒုဋ္ဌဝတီတံတားအသစ်ကြီးကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်းသိရသည်။
အဆိုပါတံတားသည် မူလတံတားအရှည် ပေ ၇၀၀ ရှိပြီး ယခုထပ်မံအသစ်တည်ဆောက်သည့် တံတားအရှည်ပေ ၁၀၀၀ ဖြင့်တိုးချဲ့တည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းတံတားသည် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းတစ်ဖက်ကို အကျယ် ၁၂ ပေခွဲဆိုင်ကယ်တစ်ဖက်ကို ၅ ပေ စီပါရှိမည်ဖြစ်ကြောင်းသိရသည်။

👍24❤5
Media is too big
VIEW IN TELEGRAM
အီရတ်ဘာသာရေးခေါင်းဆောင် များအဖွဲ့ ဘက်စရာမြို့မှ အီရန်နိုင်ငံသို့ ထွက်ခွာ!!!
"ဒါဟာ ဂျီဟတ် (Jihad) စစ်မြေပြင်ဆီကို ပထမဦးဆုံး ခြေလှမ်းလှမ်းလိုက်တဲ့ ဘာသာရေးခေါင်းဆောင် တွေပဲ ဖြစ်ပါတယ်။"
ဘက်စရာ (Basra) ပြည်နယ်မှ ဘာသာရေးစာသင်သားများနှင့် ဘာသာရေးခေါင်းဆောင်များသည် အစ္စလာမ်မစ်သမ္မတနိုင်ငံ (အီရန်) နှင့် တစ်သားတည်းရှိကြောင်း ပြသရန်အတွက် ယာဉ်အစီးရေ ၈၀ ကျော်ပါဝင်သော ယာဉ်တန်းဖြင့် အီရန်နိုင်ငံသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
"အချိန်တိုင်း၊ နေရာတိုင်းမှာ အောင်ပွဲနဲ့ ကြံ့ခိုင်တည်ကြည်မှုတွေကို ပေးသနားဖို့ အလ္လာဟ်အရှင်မြတ်ထံမှာ ကျွန်ုပ်တို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။"

👍31❤9😨3
Forwarded from NOM.World News
ပီရူးနိုင်ငံ Aucallama ဒေသက နေအိမ်လေးဟာ ကမ္ဘာ့အပါးလွှာဆုံးနေအိမ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်လာဖွယ်ရှိပါတယ်။ နေအိမ်အကျယ်ဟာ ၂၄ လက်မသာရှိပြီး ရေချိုးခန်းနဲ့ မီးဖိုချောင်တောင် ပါရှိပါတယ်။
တရားဝင်ဆုံးဖြတ်ချက် မချရသေးပေမယ့်လည်း ခရီးသွားတွေကတော့ ဒီ ထူးဆန်းတဲ့အိမ်လေးကို စုပြုံပြီး ရောက်ရှိကာ စူးစမ်းနေကြပါတယ်။ ကွန်ကရစ်အဆောက်အအုံတွေကြားမှာ ဒီအိမ်လေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။
၂ ထပ်အိမ်ဖြစ်ပြီး သစ်သားနဲ့ တည်ဆောက်ထားကာ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ အိပ်ခန်းတွေကို ထည့်သွင်းထားသလို အလှဆင်ပစ္စည်းတွေတောင်မှ ပါဝင်ပါသေးတယ်။ အကျဉ်းဆုံးနေရာဟာ ၃၆ လက်မရှိပြီး အကျယ်ဆုံးနေရာက ၅၉ လက်မရှိကာ ဂင်းနစ်မှတ်တမ်းဝင်ဖို့၊ ခရီးသွားတွေကို ဆွဲဆောင်ဖို့ရည်ရွယ်ကာ လုပ်ခဲ့တာလို့ ဒီဇိုင်းထုတ်ဆောက်လုပ်ခဲ့တဲ့ Fabio Moreno က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM

👍21❤4