News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
အီရန်၏ ဒုံးကျည်ထိမှန်သဖြင့် အမေရိကန်လေယာဉ် နှစ်စီးပျက်စီး

AP သတင်းဌာန၏ ဖော်ပြချက်အရမတ်လ ၂၇ ရက်နေ့တွင် အီရန်ကဒုံးကျည်များ၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့် ဆော်ဒီရှိ ပရင့်ဆူလ်တန်လေတပ်စခန်းမှ အမေရိကန်၏ ဝေဟင်ဆီဖြည့်လေယာဉ် KC-135 နှင့် ဝေဟင်ကြိုတင်သတိပေး အေဝက်လေယာဉ် E-3 တို့ထိမှန်ပျက်စီးကြောင်း၊ ထို့အပြင် အမေရိကန်စစ်သည် နှစ်ဒါဇင်ခန့်ထိခိုက်ဒဏ်ရာရပြီး ငါးဦးမှာစိုးရိမ်ရကြောင်းသိရသည်။

NOM
👍345🕊2
အီရန်က ဒူဘိုင်းတွင်ရှိသော အမေရိကန်စစ်တပ်ကို ကူညီရန်ရောက်ရှိနေသည့် ယူကရိန်းနှင့် ပတ်သက်သော ဒရုန်းရန် ကာကွယ်ရေးစနစ်သိုလှောင်ရုံတစ်ခုကို ဖျက်ဆီး

ဟာဇရသ် ခါတမ် အယ်လ်-အန်ဘီယာ (Hazrat Khatam al-Anbiya) ဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ-

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ လေကြောင်းနှင့် ရေတပ်အင်အားစုများသည် ဒူဘိုင်းတွင်ရှိသော အမေရိကန်စစ်တပ်ကို ကူညီရန်ရောက်ရှိနေသည့် ယူကရိန်းနှင့်ပတ်သက်သော ဒရုန်းရန် ကာကွယ်ရေးစနစ်သိုလှောင်ရုံတစ်ခုကို ဖျက်ဆီးခဲ့ပြီး အဆိုပါနေရာရှိ ယူကရိန်းတပ်ဖွဲ့ဝင် ၂၁ ဦး၏ ကံကြမ္မာကိုမူ 'မသိရသေး' ဟု ဆိုသည်။

ဇီလန်းစကီးသည် လက်ရှိတွင် ယူအေအီး (UAE) အစိုးရနှင့် တွေ့ဆုံနေသည်။

NOM
👍305🕊2💔1
🚨 ယူအေအီးအပေါ် ရက်သတ္တပတ် ပေါင်းများစွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည့် အီရန်အစိုးရ၏ မူဝါဒကို ယခုအခါအဆုံးသတ်လိုက်ပြီ

သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ယူအေအီး (UAE) နိုင်ငံသည် အီရန်အား ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲ စတင်ရန်နှင့် ဆက်လက်ဖြစ်ပွားနေစေရန် တက်ကြွစွာ ပါဝင်ကူညီခဲ့ကြောင်း၊ ထို့ကြောင့် ယူအေအီးအပေါ် ရက်သတ္တပတ် ပေါင်းများစွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည့် အီရန်အစိုးရ၏ မူဝါဒကို အဆုံးသတ်ရန် ခေါင်းဆောင်ပိုင်းအဆင့်တွင် ယခုအခါ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍367🕊3😡1
This media is not supported in your browser
VIEW IN TELEGRAM
🚨 ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်စစ်တွင် ပူးပေါင်းတော့မည်

အမေရိကန်မီဒီယာ Fox News ၏ ဖော်ပြချက်အရ ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်စစ်တွင် ပူးပေါင်းတော့မည်ဖြစ်ကြောင်း သိရသည်။

ယခုလုပ်ရပ်သည် ယီမင်နိုင်ငံရှိ အန်ဆာအလ္လာဟ် (AnsarAllah) (ဝါ) ဟူသီ လက်နက်ကိုင် အဖွဲ့က အီရန်နှင့် ဟစ်ဇဘိုလာ တို့ကို ထောက်ခံအားပေးရန်အတွက် စစ်ပွဲအတွင်း တရားဝင်ပါဝင်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍30😱7😨42
ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ကို PDF အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲ။
😡14👍7😢31
🚨 လက်ဘနွန်တွင် အစ္စရေးက သတင်းထောက်နှစ်ဦးကို ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်

လက်ဘနွန်နိုင်ငံတောင်ပိုင်း၊ ဂျက်ဇင်း (Jezzine) လမ်းပေါ်တွင် သတင်းထောက်များ စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီးကို အစ္စရေးက လေကြောင်းမှစောင့်ကြည့်ပြီး ဒရုန်းဖြင့်လုပ်ကြံတိုက်ခိုက်ခဲ့ရာ သတင်းထောက် ၂ ဦး သေဆုံးသွားခဲ့သည်။

သေဆုံးသူများမှာ အလ်-မာနာ တီဗီ (Al-Manar TV) သတင်းဌာနမှ အလီ ရှိုအစ်ဘ် (Ali Shoeib) နှင့် အလ်-မာယာဒင်း (Al-Mayadeen) သတင်းဌာနမှ ဖာတီမာ ဖတူနီ (Fatima Ftouni) တို့ ဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍15😱10😨6😢31
ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး

NOM မတ် ၂၈ ၊၂၀၂၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းတွင် ၁၂ ဘီးကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီကျော်က ဘုရင့်နောင်တံတားအဆင်း၊ တပ်ထိပ်မှတ်တိုင်တွင် လမ်းဖြတ်ကူးလာသည့် အသက် (၄၅) နှစ် ခန့်ရှိ အမျိုးသမီးကို ၁၂ ဘီးကားက ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

"အဲ့ဒီအန်တီနဲ့ ရှစ်နှစ်အရွယ်ကလေးက လမ်းဖြတ်ကူးလာတာတုန်း ၁၂ ဘီးကားက ဝင်ကြိတ်သွားတာ။ ကလေးကတော့ လွတ်သွားတယ်။ သေဆုံးသူရဲ့ ပိုင်ရှင်တွေတော့ မပေါ်သေးဘူး။ ယာဉ်မောင်းကိုလည်းမိတယ်။ ယာဉ်မောင်းက ဘယ်မှတော့မပြေးဘူး။ ကားနားမှာပဲရှိတယ်။ ကျွန်တော်တို့အသင်းကားတွေမှာလည်း ဆီကပြတ်နေပေမယ့်လည်း သေဆုံးသူကိုတော့ သွားသယ်ပေးပါတယ်။ သွားရင်းနဲ့ဆီပြတ်ရင်တော့ မတတ်နိုင်ဘူးပေါ့နော်။ ရှိသလောက်ဆီနဲ့ အရောက်ပို့ပေးလိုက်ပါတယ်။" ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသမီး၏ရုပ်အလောင်းကို မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုမှ ယာဉ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရသည်။

NOM
😢16👍81
👍7😢31💔1
ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်

မတ် ၂၈၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ အကြမ်းဖက် သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ပြီးနောက် ပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်းသိရသည်။

NOM
28👍14
အီရန်၏ ပဲ့ထိန်းဒုံးကျည် ၃ စင်းအနက် ၁ စင်းသည် အစ္စရေးနိုင်ငံတောင်ပိုင်း၊ နီဂေ့ဗ် (Negev) ရှိ အာရှာလင် (Ashalim) ဆိုလာဖိုတိုဗော်လ်တိုက် (Solar Photovoltaic) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိမှန်ခဲ့သည်။

NOM
👍424🕊1😡1
This media is not supported in your browser
VIEW IN TELEGRAM
ယူအေအီးနိုင်ငံတွင် မုန်တိုင်းကြောင့် ရေကြီးပြီးကားများရေနစ်နေ။

NOM
👍28😱132
အင်ဒိုနီးရှားနိုင်ငံက အသက် ၁၆ နှစ်အောက် ကလေးငယ်များကို လူမှုကွန်ရက်စာမျက်နှာများ အသုံးပြုခွင့် ပိတ်ပင်
NOM
အင်ဒိုနီးရှားနိုင်ငံသည် မတ်လအတွင်း အတည်ပြုခဲ့သော အစိုးရဥပဒေတစ်ရပ်ကို ယနေ့စနေနေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ယင်းဥပဒေအရ အသက် ၁၆ နှစ်အောက် ကလေးငယ်များအား YouTube, TikTok, Facebook, Instagram, X နှင့် Roblox အပါအဝင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများသို့ ဝင်ရောက်ခွင့် တားမြစ်လိုက်သည်။ ဤဆောင်ရွက်ချက်သည် ညစ်ညမ်းရုပ်ပုံစာပေ၊ ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုများနှင့် စွဲလမ်းစေသည့် အကြောင်းအရာများနှင့် ထိတွေ့မှုကို ကန့်သတ်ရန် ရည်ရွယ် ကြောင်းသိရသည်။
21👍18
တစ်ရက်အတွင်း အစ္စရေးတင့်ကား၂၁ စီးဖျက်ဆီးခံရ

စစ်ဘက်စောင့်ကြည့်ရေးမဂ္ဂဇင်းကအစ္စရေးစစ်တပ်၏ ပင်မတိုက်ပွဲဝင် မာကာဗာတင့်ကား၂၁ စီးသည်တစ်ရက်အတွင်းဖျက်ဆီးခံရကြောင်းဖော်ပြလိုက်သည်။ တင့်ကားအများစုသည် တိုက်ပွဲတစ်ပွဲအတွင်း တင့်ကားဖျက်ပဲ့ထိန်းဒုံးများ၊ ဖိုင်ဘာကြိုးတပ်ဒရုန်းများဖြင့်ဟဇ်ဘိုလာတို့က ခြုံခိုတိုက်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးကြောင်းဖော်ပြထားသည်။

NOM
👍388😱4
အစ္စရေးသိမ်းပိုက်ထားသော အိုင်လက်မြို့ကို အီရန်ဒုံးကျည်ထိမှန်။

NOM
👍316😱2
This media is not supported in your browser
VIEW IN TELEGRAM
တူရကီ အမျိုးသားထောက်လှမ်းရေး အကြီးအကဲက စစ်ပွဲစတင်သူကို ဘယ်တော့မှမမေ့ဟုပြော

တူရကီ အမျိုးသားထောက်လှမ်းရေးအဖွဲ့အကြီးအကဲ အီဗရာဟင်ကာလင်က အီရန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်နေခြင်းအပေါ်လက်ခံနိူင်စရာမရှိကြောင်း၊ထို့ထက်ပိုပြီး စစ်ပွဲစတင်ရန်လုပ်ဆောင်ခဲ့သူကိုလည်း ဘယ်တော့မှမေ့မည်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံသည် စစ်ပွဲစတင်သည့် လက်သည်ကို ဖိအားပေးပြီး အီရန်စစ်မှတဆင့် ကမ္ဘာ့အကျပ်အတည်းဖြစ်စေမည့်ဒေသဆိုင်ရာ စစ်ပွဲကြီးမဖြစ်ရန်တားဆီးရမည်ဟုပြောကြားလိုက်သည်။ သူ့ပြောကြားချက်တွင် နိုင်ငံအမည်မတပ်သော်လည်း အီရန်စစ်ကို အစ္စရေးကစတင်ခဲ့ကြောင်းသွယ်ဝိုက်ပြောသွားသည်။

NOM
👍441
Media is too big
VIEW IN TELEGRAM
ထရမ့်၏ ခြိမ်းခြောက်မှုကို အီရန်ကဂရုမစိုက်ကြောင်း ရိုက်ကူးထားသည့်ကာတွန်းကား
👍35😱3🔥21😡1
စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက Call Center သို့ မေးမြန်းတိုင်ကြားနိုင်

မတ် ၂၈၊ ၂၀၂၆

ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအား အလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး ကျန်မြို့များတွင်လည်း ယခုစနစ်ကို ဆက်လက်အကောင် အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကိုဖွင့်လှစ်ထားရှိကာ နေ့စဉ်နံနက် (၆)နာရီမှ ည(၁၀) နာရီ အထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သတင်းထုတ် ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊ ၀၉ ၄၄၀၄၃၃၃၂၄ နှင့် ၀၉ ၈၉၉၁၂၉၂၉၆ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်း ရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေခြင်း၊ ပုံး၊ ပေပါများဖြင့် တရားမဝင်ထုတ်ယူ ရောင်းချနေခြင်းများတွေ့ရှိရပါက အထက်ဖော်ပြပါ Call Center ဖုန်း အမှတ်များသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလိုသည့် သတင်းအချက်အလက်နှင့် အထောက်အထား စာရွက်စာတမ်းများ၊ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉ ၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

အချက်အလက်ပြည့်စုံစွာ တိုင်ကြားလာမှုများအပေါ်တွင် ထိရောက်စွာအရေးယူ ဆောင်ရွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပုလိပ်ကျေးရွာ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၅၁၂)အား စီမံခန့်ခွဲရေး နည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းထားရှိပြီး အဆိုပါအရောင်းဆိုင်နှင့်သက်ဆိုင်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာန Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံးဆီရောင်းချသည့် မော်တော်ယာဉ်စီးရေအားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင်(၃၀)ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားရှိပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

NOM
👍216