News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်

မတ် ၂၈၊ ၂၀၂၆

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ညပိုင်းက နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်း တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

NOM
19👍8❤‍🔥1
လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် (၃) ဦးအား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှဂါရဝပြုတွေ့ဆုံ

ယနေ့ မတ် ၂၇ ရက်တွင် ကျရောက်သည့် (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်မည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် (၁) ဦးနှင့် တတိယအဆင့် (၂) ဦးတို့အား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မတ် ၂၇ ရက်နံနက်ပိုင်းက လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံပြီး ဂါရဝပြုတွေ့ဆုံခဲ့သည်။
17👍10❤‍🔥5
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းသမ္မတဇလင်စကီးကိုလူလိမ်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

ယူကရိန်းက ဒွန်းဘတ်စ်ဒေသမှတပ်များဆုတ်ခွာမှသာ အမေရိကန်က လုံခြုံရေးအာမခံချက်ပေးမည်ဟု ယူကရိန်းသမ္မတဇလင်စကီးက လိမ်ညာပြောဆိုနေကြောင်း၊လုံခြုံရေးအာမခံချက်သည် လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခပြီးဆုံးမှသာပေးမည်ဟု အမေရိကန်ကပြောထားကြောင်း၊ ထို့ကြောင့် ဇလင်စကီးသည် လူလိမ်ဖြစ်ပြီးထင်ရာပြောနေခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကသတင်းထောက်များကိုပြောသည်။

NOM
👍312😨1😡1
အန်ဆာရူလာ (ANSARULLAH) (ဝါ) ဟူသီ လက်နက်ကိုင်အဖွဲ့ စစ်ပွဲအတွင်းဝင်ရောက်လာ

အန်ဆာရူလာ (ANSARULLAH) အဖွဲ့ စစ်ပွဲအတွင်း ပါဝင်လာပြီဖြစ်ကာ ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် အစ္စရေးတောင်ပိုင်းရှိ နီဂေ့ဗ် (NEGEV) ဒေသကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ထာဝရတည်တံ့ခိုင်မြဲသော ယီမင်ပြည်သူများ အောင်မြင်ပါစေ!!!

အန်ဆာရူလာ (Ansarullah) ဆိုတာ ဘာအဖွဲ့လဲ?

Ansarullah (အန်ဆာရူလာ) ဆိုသည်မှာ ယီမင်နိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်သည့် ရှီယိုက် (Shia) အစ္စလာမ်ဘာသာဝင် စစ်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာက ၎င်းတို့ကို "ဟူသီ" (Houthi) အဖွဲ့အမည်ဖြင့် ပိုမိုသိရှိကြပါတယ်။

"Ansar Allah" ဆိုသည်မှာ အာရဗီဘာသာဖြင့် "ဘုရားသခင်၏ နောက်လိုက်များ" သို့မဟုတ် "ဘုရားသခင်၏ အကူအညီပေးသူများ" ဟု အဓိပ္ပာယ်ရပါသည်။

၁၉၉၀ ပြည့်နှစ်များတွင် ယီမင်နိုင်ငံ မြောက်ပိုင်း၌ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အဖြစ် ပြောင်းလဲလာခဲ့သည်။

လက်ရှိတွင် ယီမင်နိုင်ငံ၏ မြို့တော် စာနာ (Sanaa) အပါအဝင် နိုင်ငံ၏ အစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားသည်။

၎င်းတို့သည် အီရန်နိုင်ငံ၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားပြီး လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့နှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိသည်။ ၎င်းတို့သည် အစ္စရေးနှင့် အမေရိကန်တို့၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့် "Resistance Axis" (ခုခံမှုဝင်ရိုးစွန်း) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း အန်ဆာရူလာ (ဟူသီ) အဖွဲ့သည် ပါလက်စတိုင်းသားများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီ (Red Sea) အတွင်းရှိ သင်္ဘောများကို တိုက်ခိုက်ခြင်းနှင့် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

NOM
👍345🕊1
အီရန်နှင့် ထိုင်း သဘောတူညီမှုရ

ထိုင်းဝန်ကြီးချုပ် ချာန်ဝီရာကူးလ် က ထိုင်းရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်မည့် သဘောတူညီချက်တစ်ခုကို အီရန်နိုင်ငံနှင့်ရရှိခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

NOM
👍421
ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် စက်သုံးဆီများစိစစ်ရောင်းချမှု ကြည့်ရှုစစ်ဆေး

မတ် ၂၇၊ ၂၀၂၆

ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများစိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ယနေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရောင်းချပေးလျက်ရှိ

Online Monitoring Center တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ အရောင်းဆိုင်များမှ ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများ စိစစ်ရောင်းချပေးနေမှုကို အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း၊ ယခု Bar Code / QR Code စနစ်ကို ရန်ကုန် မန္တလေး လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေး သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ Bar Code / QR Code ဖြင့် Scan ဖတ်ယူရန် အခက်အခဲရှိသည့်ယာဉ်များ၊ လုပ်ငန်းသုံးမော်တော်ယာဉ်ငယ်များနှင့် အခြားလုပ်ငန်းသုံးကဏ္ဍများအတွက် လိုအပ်သည့်စက်သုံးဆီများကိုလည်း မှတ်တမ်းထားရှိ၍ ရောင်းချပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များအနေဖြင့် ဝယ်ယူခွင့်ရှိသည့်ပမာဏများအတိုင်း ရောင်းချပေးလျက်ရှိပြီး အရောင်းဆိုင်များတွင် ပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်းအဖွဲ့များဖြင့်လည်း အရောင်းဆိုင်များသို့  မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များတွင် စက်သုံးဆီအလုံအလောက်ရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လိုအပ်သလောက်သာဝယ်ယူစေလိုကြောင်း၊ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက တိုင်ကြားနိုင်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်ရေး Call Center ဖွင့်လှစ်ထားရှိကြောင်းနှင့် နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုပါက ဆက်သွယ်ရန် Call Center ဖုန်းနံပါတ်များဖြစ်သည့် ဖုန်း - ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber - ၀၉ ၄၀၁၇၄၈၅၉၈ တို့ကို တိုင်းကြားနိုင်ကြောင်း သိရသည်။

NOM
👍196
တရုတ်သံရုံး အတွင်းလက်နက်ကိုင်ဝင်ရောက်မှုအတွက်ဂျပန်၏တောင်းပန်မှုသည်မလုံလောက်ဟုတရုတ်ပြော
NOM
မတ်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဂျပန်ရှိတရုတ်သံရုံးအတွင်း လက်နက်ကိုင်ဝင်ရောက်မှုအတွက်ဂျပန်၏ တောင်းပန်မှုသည် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။ လင်က ဂျပန်အနေဖြင့် စေ့စပ်သေချာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်နှင့် တရုတ်နိုင်ငံအား တာဝန်ယူမှုရှိသောရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့သည်။

မတ်လ ၂၄ ရက်နေ့တွင် ဓားကိုင်ဆောင်ထားသော ဂျပန်စစ်ဘက်အရာရှိတစ်ဦးသည် တိုကျိုရှိ တရုတ်သံရုံးအတွင်းသို့ ဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက ယင်းဖြစ်ရပ်ကို ဝမ်းနည်းဖွယ်အဖြစ် ဖော်ပြခဲ့ပြီး အစိုးရအနေဖြင့် ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် အစီအမံများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီကလည်း ယင်းဖြစ်ရပ်ကို အမှန်တကယ် ဝမ်းနည်းဖွယ်အဖြစ် ပြောကြားခဲ့ပြီး ၎င်း၏ဝန်ကြီးဌာနသည် လက်ရှိရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်က ထိုင်ဝမ်ကို ဆန့်ကျင်သည့်တရုတ်၏ လုပ်ရပ်သည် ဂျပန်နယ်မြေကိုလည်း ခြိမ်းခြောက်ပါက ဂျပန်သည် ၎င်း၏စစ်တပ်ကို ချထားနိုင်သည်ဟု ပြောကြားခဲ့သည့် နိုဝင်ဘာလမှစ၍ တရုတ်-ဂျပန်ဆက်ဆံရေးသည် ယိုယွင်းပျက်စီးသွားခဲ့သည်။
👍281
သင်္ကြန်တွင် အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းကို မပြုလုပ်ကြရန် စီမံထား၊ နိုင်ငံတစ်ဝန်း လမ်းလျှောက် သင်္ကြန်များ ကျင်းပရန် နေရာများ သတ်မှတ်

NOM မတ် ၂၈၊၂၀၂၆

၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်တွင် အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းကို မပြုလုပ်ကြရန် စီမံထားရှိပြီး နိုင်ငံတစ်ဝန်း၌ လမ်းလျှောက်သင်္ကြန် ပွတော်များကိုသာ ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း လမ်းလျှောက်သင်္ကြန်ကျင်းပရန် နေရာများကို သတ်မှတ်ထား‌ကြောင်းသိရသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် နေရာများမှာ နေပြည်တော်တွင် နေပြည်တော်ရင်ပြင်၊ ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်၊ တပ်ကုန်းနှင့် လယ်ဝေးမြို့ တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ မြို့တော်ခန်းမရှေ့နှင့် ခရိုင်/မြို့နယ်များတွင် လည်းကောင်း၊ မန္တလေးမြို့တွင် နန်းမြို့ကျုံးပတ်လည်၊ မိတ္ထီလာကန်ပတ်လည်နှင့် ခရိုင်/မြို့နယ်များတွင်လည်းကောင်း ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်အတွင်း ယိမ်းအကအဖွဲ့များကပြခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမများအား ခေါင်းလျှော်၊ လက်သည်းညှပ်ပေးခြင်း၊ ဆေးဝါးများလှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း စသည့်မြန်မာ့ရိုးရာယဉ် ကျေး မှု အနှစ်သာရမပျက် အလှူဒါနပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိသည်။

NOM
👍302
အမေရိကန်စတော့၂ ထရီလီယံဆုံးရှုံး

အီရန်ကိုတိုက်ခိုက်နေသော စစ်ပွဲကြောင့် ယခုအပတ်အတွင်း အမေရိကန်စတော့ရှယ်ယာ ၂ ထရီလီယံဆုံးရှုံးသွားပြန်သည်။

NOM
👍328💔3
ပြည်သူလူထု၏ ကျန်းမာရေးနှင့်ယာဉ်ကြောရှင်းလင်းရေးအတွက်စက်သုံးဆီဆိုင်များ ညဘက်ရောင်းချသင့်

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်လောင််စာဆီများ ကမ္ဘာအနှံ့ရှားပါးလာချိန်တွင် မြန်မာနိုင်ငံ၌လည်းစက်သုံးဆီဆိုင်များတွင် လေးငါးမိုင်မျှရှည်လားသော ဆီတန်းစီသည့်ကားများကိုတွေ့နေရသည်။

အဆိုပါ ဆီတန်းစီသူများသည် တညလုံးတန်းစီထားပြီး ဆီဆိုင်ဖွင့်သည့် နေ့အချိန်ရောက်မှ ထည့်ရသဖြင့် တညလုံးအိပ်ရေးပျက်ခံကာတန်းစီရခြင်းဖြစ်သည်။ ထို့ကြောင့် ပူပြင်းသော ယခုကာလ၌ ရေရှည်တွင် ကားသမားများ ကျန်းမာရေးထိခိုက်လာနိုင်သည်။ လက်ရှိတွင်ပင် အငှားယာဉ်မောင်းတစ်ဦးဆီတန်းစီရင်းသေဆုံးခဲ့ရပြီဖြစ်သည်။

ထို့အပြင် ဆီဆိုင်များတွင်တန်းစီနေသော ကားတန်းကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို သိမ်ဖြူလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ဦးဝိစာရလမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့ကဲ့သို့ မြို့တွင်းတွင်သာမက ဒဂုံဆိပ်ကမ်းရှိ ကျန်စစ်သားလမ်းကဲ့သို့သော လမ်းများပင် ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့နေရသည်။

ထို့ကြောင့် အများပြည်သူ၏ကျန်းမာရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် စက်သုံးဆီဆိုင်များကို ညနေ ၆ နာရီမှ နံနက် ၈ နာရီအတွင်းရောင်းချပေးသင့်ပါကြောင်းအကြံပြုလိုက်ရပါသည်။

NOM
👍282😡2❤‍🔥1😨1
ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
သုံးဥဦးသေဆုံးနှစ်ဦးဒဏ်ရာရ
NOM၊မတ်၂၈၊၂၀၂၆
ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၁၈/၄)တွင်ယနေ့မတ်လ ၂၈ရက်နံနက်၆နာရီက ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ် ပေါ်ပါ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့်ဟုမီးသတ်တပ် ဖွဲ့ မှသတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာမန္တလေးဘက်မှ ရန်ကုန်ဘက်သို့ အမြန်လမ်းအတိုင်မောင်းနှင်လာသော Honda Fit ကားသည်မိုင်တိုင်အမှတ်(၂၁၈/၄) အရောက် တွင် ကွေ့ကြေားအားအရှိန် မလျေ့ာဘဲမောင်းနှင်ခဲ့ရာတွင်မထိမ်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့ရာယာဉ်ပေါ်ပါ ဘုန်ကြီးတစ်ပါး၊ အမျိုးသား၃ဦး၊ အမျိိုးသမီးတစ်ဦးအနက် အမျိုသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ ကြောင်းသိရသည်။

"အရှိန်ကလည်းအရမ်းများတယ် ကားပေါ်မှာခါးပတ်လည်းပတ်မထားတော့ ကားပေါ်ကလူတွေအကုန်လွင့်သွားတာပေါ့ကားပေါ်ပါတဲ့သုံးဦးတော့နေရာမှာဘဲသေဆုံးတာပါနောက်နှစ်ယောက်ကလည်းဒဏ်ရာတွေများပါတယ်လက်ရှိစိုးရိမ်ရပါတယ်"ဟုပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ပြီးသေဆုံးသူ ဘုန်းကြီးတစ်ပါးနှင့် အမျိုသားနှစ်ဦးတို့နှင့် ဒဏ်ရာရရှိသည့်သူများကို မိုးစွေလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
😢10👍7💔41
ပန်းဆိုးတန်း-ဒလ ကူး ချယ်ရီသင်္ဘောလိုင်း၏ နောက်ဆုံးပြေးဆွဲချိန်များကို မတ်လ ၂၈ ရက်မှ စတင် ပြောင်းလဲမည်

NOM မတ် ၂၈၊ ၂၀၂၆

ရန်ကုန်မြို့နှင့် ဒလမြို့သို့ ကူးသန်းသွားလာနိုင်သည့် ပန်းဆိုးတန်း-ဒလ ကူး ချယ်ရီသင်္ဘောလိုင်း၏ နောက်ဆုံးပြေးဆွဲ ဝန်ဆောင်မှုပေးသည့် သင်္ဘောအချိန်ကို ယနေ့မတ် လ၂၈ ရက်နေ့မှစ၍ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ပြည် တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှသိရသည်။

အဆိုပါ ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံးပြေးဆွဲချိန်အဖြစ် ဒလ-ပန်းဆိုးတန်းအား ည ၇ နာရီခွဲအထိ လည်းကောင်း၊ ပန်းဆိုးတန်း - ဒလ ပြေးဆွဲချိန်ကို ည ၈ နာရီအထိလည်းကောင်း သတ်မှတ်ထားခဲ့ရာမှ မတ်လ ၂၈ ရက် ယနေ့မှစပြီး ပန်းဆိုးတန်း - ဒလ ပြေးဆွဲချိန်အား ည ၈ နာရီအစား ည ၇ နာရီ ၄၅ မိနစ်အဖြစ် သတ်မှတ်မှာဖြစ်ကြောင်းသိရသည်။

ရန်ကုန်- ဒလ တံတားကို ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ဒလ-ပန်းဆိုးတန်း အသွားအပြန် စီးနင်းနေသော ခရီးသည်များ ထက်ဝက်နီးပါးလျော့ကျသွားခဲ့ကြောင်းသိရသည်။

NOM
👍293
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း။

NOM
👍174😢3
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လျှပ်စစ်ဓါတ်အားလိုင်းတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

NOM မတ် ၂၈၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာနှင့် ရွှေဝါမြိုင်ကျေးရွာကြားရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင်အမှတ် (၃၁၁) နှင့် (၃၁၂) တို့အား မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၂ ဦးခန့်က ဆိုင်ကယ်ခြောက်စီးဖြင့် ရောက်လာပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ သဖြင့် အဆိုပါဓာတ်အားလိုင်းတိုင်နှစ်တိုင်မှာ အောက်ခြေမှ ကျိုး၍ ပြိုလဲပျက်စီးခဲ့ကြောင်းနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိကြောင်း သိရသည်။

NOM
😡15👍93🔥1
ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာနေ ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

NOM မတ် ၂၈၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာနေ ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဝင်းနိုင် (၅၅) နှစ်သည် မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်းကယ်သုံးစီးဖြင့် ရောက်လာပြီး နေအိမ်ရှိ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး တို့အား လုယက်ယူဆောင်၍ ဦးဝင်းနိုင်အား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
👍8🔥4😡31😢1
သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုတောင်းခံမှု မရှိရန်မှာကြားထားဟုဆို
NOM၊မတ်၂၈၊၂၀၂၆
သင်္ကြန်ကာလအတွင်း အများပြည်သူများလိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်အတွက် ယာဉ်စီးခပိုမိုတောင်းခံမှု မရှိစေရေး တို့ကိုအဝေးပြေးဝင်းရှိယာဉ်လိုင်းများအား မှာကြားထားပြီးဖြစ်သည့်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

သင်္ကြန်ကာလအတွင်း အများပြည်သူများလိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်အတွက် ယာဉ်စီးခပိုမိုတောင်းခံမှု မရှိစေရေးသင့်တင့်မျှတသည့် နှုန်းထားများဖြင့် ရက်အလိုက်မှန်ကန်စွာ ရောင်းချရန်၊ သတ်မှတ်ခရီးစဉ်များအတိုင်း အဆင်ပြေစွာ ပြေးဆွဲနိုင်စေရန် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံ-ဧရာ အဝေးပြေးဝင်းရှိယာဉ်လိုင်းများအား မှာကြားထားကြောင်းသိရသည်။

"အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို လက်ရှိစက်သုံးဆီလုံလောက်ရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်လမ်းညွှန်ထားပါသဖြင့် ခရီးသွားပြည်သူများ အနေဖြင့် စိုးရိမ်စရာမရှိပါဘူးဒါအပြင် အရံမော်တော်ယာဉ် စီစဉ်ထားမှုအနေနဲ့ သင်္ကြန်ကာလအတွင်း ခရီးစဉ်များမှ ယာဉ်အချို့ပျက်ခြင်း၊မမျှော်မှန်းနိုင်သော ဖြစ်စဉ်များဖြစ်ပေါ်ခြင်းတို့အတွက် ယာဉ်များအချိန်မှီစီစဉ်နိုင်ရန် အလှည့်ကျစနစ်ဖြင့် အရံမော်တော်ယာဉ်များ ထားရှိသွားမှာပါ" ဟုရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

လက်ရှိရန်ကုန်တိုင်းအတွင်းမှအနယ်နယ်အရပ်ရပ်သို့ပြေးဆွဲနေသည့်အဝေးပြေးလိုင်းများမှာ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင်ယာဉ်လိုင်းပေါင်း (၂၁၅) လိုင်း၊ ယာဉ်စီးရေ
(၁၅၆၆)စီးနှင့် ဒဂုံ-ဧရာအဝေးပြေးဝင်းတွင်ယာဉ်လိုင်းပေါင်း (၁၀၃) လိုင်း၊ ယာဉ်စီးရေ (၇၂၄) စီး ဖြင့်ပြေးဆွဲပေးနေကြောင်းသိရသည်။
👍202😨1🗿1