(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ရောက်ရှိလာသည့်မြင်ကွင်းပုံရိပ်များ။
👍22❤🔥6❤3
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြသည့် စစ်ကြောင်းကြီးများ၊ ယန္တရားတပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး။
❤19👍5❤🔥2
သူရစနေမ နှင့် သူရ စန်းမော်အေး
သူရစနေမနှင့် သူရစန်းမော်အေးတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ စဗခဖာပွန်အား အကြမ်းဖက် KNU/ KNLA တပ်မဟာ ၅ နှင့် PDF အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃၈၀ ခန့်က လာရောက်တိုက်ခိုက်စဥ် တပ်ရင်းဝင်/ ထွက်ဂိတ်နေရာတွင် စစ်သည် ၂ ဦး၊ ရဲမေ ၆ ဦးဖြင့် တပ်ရင်းအား ရန်သူ့လက်သို့ မကျအောင် ရဲဝံ့စွာခုခံကာကွယ်ရင်းကျဆုံးခဲ့။
🫡 🫡 🫡

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤48😢20👍14❤🔥2
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များက ပျံသန်းအလေးပြုနေကြသည့်မြင်ကွင်းပုံရိပ်များ။
❤20👍12❤🔥1🗿1
Tasnim သတင်းဌာန (ဟီဘရူးဌာနခွဲ) ၏ ဖော်ပြချက်အရ -
"အစည်းအဝေးများ မတက်ရောက်တော့ခြင်း"
အစ္စရေး ထောက်လှမ်းရေးအဖွဲ့ (Mossad) ရဲ့ အကြီးအကဲ ဒေးဗစ် ဘားနီးယား (David Barnea) ဟာ အနည်းဆုံး တစ်ပတ်ခန့်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နဲ့ ပြုလုပ်တဲ့ ပူးတွဲအစည်းအဝေးတွေကို တက်ရောက်ခြင်း မရှိတော့ကြောင်း ဟီဘရူး သတင်းရင်းမြစ်အချို့က ဆိုပါတယ်။
"အပြန်အလှန် အပြစ်တင်မှုများ"
နေတန်ယာဟုက မော့ဆက်အကြီးအကဲကို အီရန်ရဲ့ စစ်ရေးစွမ်းရည်၊ နိုင်ငံရေးနဲ့ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အချက်အလက်တွေပေးပြီး အစ္စရေးကို လမ်းမှားအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒီလို အချက်အလက်အမှားတွေကြောင့် ရလဒ် မသေချာတဲ့ စစ်ပွဲထဲကို အစ္စရေး ရောက်သွားရပြီး ဒီစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် အစ္စရေးနိုင်ငံ တည်ရှိမှုအပေါ် ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ နေတန်ယာဟုက ယူဆနေပါတယ်။
"မော့ဆက်၏ တုံ့ပြန်မှု"
တစ်ဖက်မှာလည်း မော့ဆက်က သူတို့ပေးတဲ့ အချက်အလက်တွေဟာ တိကျမှန်ကန်တယ်လို့ ယုံကြည်နေပါတယ်။ နေတန်ယာဟုဟာ သူရဲ့ ကိုယ်ပိုင် စွန့်စားလိုတဲ့ စိတ်ဓာတ်ကြောင့်သာ ခန့်မှန်းလို့မရတဲ့ ဒီစစ်ပွဲကို စတင်ခဲ့တာဖြစ်ပြီး စစ်ပွဲမှာ ရှုံးနိမ့်မှုရှိခဲ့ရင် အဲ့ဒီတာဝန်ဟာ မော့ဆက်မှာ မရှိဘဲ ဝန်ကြီးချုပ်မှာသာ တိုက်ရိုက်ရှိတယ်လို့ ဆိုပါတယ်။
"သူလျှိုစွပ်စွဲချက်များ"
အခြေအနေတွေဟာ ပိုမိုဆိုးရွားလာပြီး ဝန်ကြီးချုပ်ရုံးနဲ့ မော့ဆက်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် "အီရန်သူလျှိုများ ရှိနေသည်" ဆိုပြီးတော့လည်းကောင်း၊ အစ္စရေးရဲ့ အရေးကြီး စစ်ရေးနဲ့ လုံခြုံရေး ဗဟိုဌာနတွေကနေ သတင်းအချက်အလက်တွေ ပေါက်ကြားနေတယ်လို့လည်းကောင်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။
"ဒိုဟာ တိုက်ခိုက်မှု အတွေ့အကြုံ"
ယခင်က ဒိုဟာ (Doha) ကို အစ္စရေးက တိုက်ခိုက်ဖို့ ကြိုးပမ်းစဉ်ကလည်း စစ်ဆင်ရေး မစတင်မီ မိနစ်ပိုင်းအလိုမှာပဲ သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တဲ့အတွက် စစ်ဆင်ရေး မအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးနဲ့ မော့ဆက်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်ခဲ့ကြဖူးပါတယ်။
"ထောက်လှမ်းရေး ကွန်ရက်များ အန္တရာယ်ရှိမှု"
အီရန်နဲ့ စစ်ပွဲမစခင်မှာ မော့ဆက်အကြီးအကဲက ဝန်ကြီးချုပ်ကို သတိပေးခဲ့တာကတော့ - စစ်ပွဲသာဖြစ်ရင် ပါရှန်းပင်လယ်ကွေ့ တောင်ဘက်ပိုင်းမှာရှိတဲ့ မော့ဆက်ရဲ့ လျှို့ဝှက်ကွန်ရက်တွေဟာ အီရန်ရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲ့ဒီသူလျှိုတွေကို ဟိုတယ်တွေ ဒါမှမဟုတ် စစ်အခြေစိုက်စခန်းတွေဆီ ရွှေ့ပြောင်းဖို့ ကြိုးစားရင်လည်း သူတို့ရဲ့ တည်နေရာတွေ ပေါ်သွားပြီး အဲ့ဒီကွန်ရက်တွေ တစ်ခုလုံး ပျက်စီးသွားနိုင်တယ်လို့ မော့ဆက်ဘက်က စိုးရိမ်နေပါတယ်။
လက်ရှိ အစ္စရေး အစိုးရအတွင်းပိုင်းမှာ စစ်ရေးနဲ့ ထောက်လှမ်းရေး ကဏ္ဍတွေကြား ယုံကြည်မှု ပျက်ပြားနေတာကို ဒီသတင်းက မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍43❤9😡1
အမေရိကန် FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် Kash Patel ၏ ကိုယ်ရေးကိုယ်တာ Email ဖောက်ထွင်းခံရ
အီရန်နှင့် ဆက်နွှယ်နေသော ဟန်ဒါလာ Handala ဟက်ကာအဖွဲ့သည် FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် ၏ ကိုယ်ရေးကိုယ်တာ အီးမေးလ် Email ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ၎င်း၏ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများနှင့် စာရွက်စာတမ်းများကို အွန်လိုင်းပေါ်တွင် ပျံ့နှံ့အောင် ပြုလုပ်ခဲ့သည်။
အမေရိကန်တရားရေးဝန်ကြီးဌာန (DOJ) တာဝန်ရှိသူတစ်ဦးက ရိုက်တာစ် သတင်းဌာနသို့ အတည်ပြုပြောကြားရာတွင် ဤဖောက်ထွင်းမှုမှာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထွက်ပေါ်လာသော အချက်အလက်များသည်လည်း စစ်မှန်ပုံရကြောင်းဆိုသည်။

👍30❤7