News Of Myanmar
13.1K subscribers
23.2K photos
3.26K videos
3 files
6.61K links
Download Telegram
စီအင်န်ဂျီသုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက စီအင်န်ဂျီပိတ်သိမ်းအရေးယူသွားမည်

NOM မတ် ၂၇၊ ၂၀၂၆

စီအင်န်ဂျီသုံး YBS ယာဉ်များသတ်မှတ် ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက စီအင်န်ဂျီပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၌ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

"ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက်လာဖို့၊ ယာဉ်တွေများများပြေးဆွဲနိုင်ဖို့အတွက် စီအင်န်ဂျီသုံး YBS ယာဉ်တွေ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းမပြေးဆွဲဘဲ ကြိုပို့ယာဉ်းအဖြစ်ဆောင်ရွက်တာတို့၊ တခြားနည်းအသုံးပြုတာတို့လုပ်ခဲ့ရင် စီအင်န်ဂျီပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ပါတယ်" ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ယခုနှစ် မတ်လဆန်းပိုင်းတွင် YBS
ယာဉ်လိုင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၄ဝဝ ခန့် နေ့စဉ်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၄၆ သန်းခန့်ရှိရာမှ စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မ စနစ်ကျင့်သုံးသည့်ကာလ လက်ရှိအချိန်တွင် ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၅ဝဝ ခန့် နေ့စဉ်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၇ သန်းခန့်ထိရှိလာရာ ယခင်ထက် ခရီးသည်အရေအတွက်၂၅၀၀၀၀ ကျော် တိုးတက်စီးနင်းလာကြောင်း YRTCမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ညွှန်ကြားချက်အရ ဒီဇယ်သုံး YBS ယာဉ်များအားနေ့စဉ် လီတာ ၄၀ ကို ညဉ့်အချိန်တွင်ဆီဖြည့်ပြီး ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေး စီစဉ်ပေးခြင်းကြောင့် ခရီးသွားပြည်သူများအတွက်ယာဉ်ထွက်စီးရေတိုးတက်လာမည်ဖြစ်ကြောင်း၊ YRTC၏ ကြီးကြပ်မှုအောက်တွင် YBSယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ယာဉ်စီးရေ ၅၄၃၈ စီးရှိပြီး စီအင်န်ဂျီအသုံးပြုယာဉ်၅၀၁၃ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကြောင်းသိရသည်။

NOM
👍255
ပင်တဂွန်စစ်ဌာနချုပ်သည် အရှေ့အလယ်ပိုင်းသို့ မြေပြင်တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ ထပ်မံစေလွှတ်ရန် စီစဉ်နေ

အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းစရှာဖွေနေဆဲဖြစ်သော်လည်း၊ ထရမ့်အတွက် စစ်ရေးအရ ရွေးချယ်စရာများ ပိုမိုရရှိစေရန် ပင်တဂွန်စစ်ဌာနချုပ်သည် အရှေ့အလယ်ပိုင်းသို့ မြေပြင်တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ ထပ်မံစေလွှတ်ရန် စီစဉ်နေသည်။

အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည့် နောက်ဆုံးသတ်မှတ်ရက်ကို ထရမ့်က ဧပြီလ ၆ ရက်နေ့အထိ ၁၀ ရက် ထပ်မံတိုးမြှင့်ပေးခဲ့ပြီး၊ ယင်းသို့ တိုးမြှင့်ပေးခြင်းမှာ အီရန်၏ တောင်းဆိုမှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကျိုးဆောင်များကမူ အီရန်ဘက်မှ အချိန်ပိုတောင်းဆိုခဲ့ခြင်းမရှိဟု ဆိုကြသည်။

NOM
👍233😡3🔥1😱1
မိုဘိုင်းလက်ကိုင်ဖုန်း (Handset)များကို တင်သွင်းခြင်း၊ ပြည်ပမှ ဝယ်ယူ/သယ်ဆောင်လာခြင်းနှင့် ပြည်တွင်း၌ ဝယ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း။

NOM
👍203
This media is not supported in your browser
VIEW IN TELEGRAM
🇱🇧 💥 🇮🇱 "တစ်နေကုန် မရပ်မနား ဖြစ်နေတာပဲ။ ဟင်း... ငါတော့ လူကော စိတ်ကော ကုန်နေပြီ။ ကဲ... သုံး၊ လေး — ဝုန်း (BOOM)။"

ဟစ်ဇ်ဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့​၏ ဒုံးကျည်များထိမှန်သည့် အခိုက်အတန့်ကို ကီယပ် ရှမိုနာ (Kiryat Shmona) မြို့ရှိ အခြေချနေထိုင်သူတစ်ဦးက မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

အစ္စရေးတို့ သိမ်းပိုက်ထားသော ပါလက်စတိုင်း မြောက်ပိုင်းဒေသကို ဟစ်ဇ်ဘိုလာတို့​၏ ဗုံးကြဲတိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍262🕊2
CEIR Importer Portal အသုံးပြုခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာချက်။

NOM
12👍10
"အစ္စရေးစစ်တပ်သည် အတွင်းပိုင်းမှ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေ"

အစ္စရေးစစ်ဦးစီးအရာရှိချုပ် က မနေ့ညက ကျင်းပခဲ့သော အစိုးရအဖွဲ့အစည်းအဝေးတွင် အောက်ပါအတိုင်း သတိပေးပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် အတွင်းပိုင်းမှ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

လက်ရှိတွင် စစ်တပ်အတွက် စစ်မှုထမ်းဥပဒေအရန်တပ်ဖွဲ့ဥပဒေ နှင့် တာဝန်ထမ်းဆောင်မှုသက်တမ်း တိုးမြှင့်ရေးဥပဒေ များ အရေးပေါ်လိုအပ်နေပြီ ဖြစ်သည်။

လက်ရှိအတိုင်း ဆက်သွားနေပါက အရန်တပ်ဖွဲ့ဝင်များသည် ဆက်လက်တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ဤသတိပေးချက်ကို ဝန်ကြီးချုပ်၊ လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဝန်ကြီးများ၏ ရှေ့မှောက်တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

NOM
👍275😱5
အစ္စရေး-အီရန် စစ်ပွဲသည် အဆုံးသတ်မည့်အရိပ်အယောင် မရှိသေးသဖြင့် အီရန်နိုင်ငံအတွင်းရှိ သဘောထားတင်းမာသူများအကြား နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်နှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) မှ နှုတ်ထွက်ရန် တောင်းဆိုမှုများ ပိုမိုကျယ်လောင်လာနေသည်။ — ရိုက်တာသတင်းဌာန

NOM
👍303🕊1
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။

NOM
21👍10
အနာဂတ် ထွက်ရှိလာမည့် အမေရိကန် ဒေါ်လာ ငွေစက္ကူများပေါ်တွင် သမ္မတ ထရမ့်၏ လက်မှတ် ပါရှိလာမည်

အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် အနာဂတ် ထွက်ရှိလာမည့် အမေရိကန် ဒေါ်လာ ငွေစက္ကူများပေါ်တွင် သမ္မတ ထရမ့်၏ လက်မှတ် ပါရှိလာမည် ဖြစ်ကြောင်းသိရသည်။

"လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအတွက် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်ရပ်" ဖြစ်သည်။

ပုံမှန်အားဖြင့် ငွေစက္ကူများပေါ်တွင် ဘဏ္ဍာရေးဝန်ကြီး၏ လက်မှတ်သာ ပါရှိလေ့ရှိသော်လည်း ယခုအခါ သမ္မတတစ်ဦး၏ လက်မှတ်ကို သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရမည် ဖြစ်သည်။

NOM
👍21😨8🔥43🗿2👎1
Media is too big
VIEW IN TELEGRAM
အီရန်က ထရမ့် နဲ့ နေတန်ယာဟု တို့ 'အနိုင်ရနေပုံ' ကို LEGO ဗီဒီယိုအသစ်ဖြင့် လှောင်ပြောင်သရော်

အီရန်အစိုးရနဲ့ နီးစပ်တဲ့ Tasnim News Agency နဲ့ Revayat-e Fath Institute တို့က AI နည်းပညာသုံးပြီး ဖန်တီးထားတဲ့ LEGO ကာတွန်းဗီဒီယိုတွေကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဗီဒီယိုတွေထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု တို့ကို LEGO အရုပ်လေးတွေအဖြစ် သရုပ်ဖော်ပြီး ၎င်းတို့ဟာ စစ်ပွဲကို "အနိုင်ရနေသူများ" အဖြစ် ဟန်ဆောင်နေကြပေမဲ့ တကယ်တမ်းမှာတော့ အရှုံးနဲ့ ရင်ဆိုင်နေရသလိုမျိုး လှောင်ပြောင်ထားတာ ဖြစ်ပါတယ်။

NOM
👍247🔥2🕊1
သင်္ကြန်ကာလအတွင်း မြို့တွင်း (YBS) ယာဉ်လိုင်း ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်

NOM မတ်၂၇၊၂၀၂၆

သင်္ကြန်ကာလအတွင်း မြို့တွင်း (YBS) ယာဉ်လိုင်းကုမ္ပဏီ ၁၅ ခု၊ယာဉ်လိုင်း ၇၁ လိုင်း၊ ယာဉ်စီးရေ ၁၁၇၆ စီးဖြင့် သင်္ကြန်ပွဲတော်ကာလ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲပေးသွားဖြစ်‌ ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။

"ကျွန်တော်တို့သင်္ကြန်ကာလအတွင်း လိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက်အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် များအား စက်သုံးဆီလုံလောက်ရေးနိုင်ငံတော်အကြီးအကဲကိုယ်တိုင်လမ်းညွှန်ထားပါတယ်။ ခရီးသွားပြည် သူများအနေဖြင့် မစိုးရိမ်ကြရန် မှာကြားထားပါတယ်"ဟုYRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မော်တော်ယာဉ်များ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ‌ ကြောင်း၊ ယာဉ်မတော်တဆမှုမဖြစ်စေရေး၊ လမ်းခရီးတွင် ယာဉ်ချို့ယွင်းမှုမရှိစေရေး၊ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း၊ မော်တော်ယာဉ်များ ပုံမှန်ယာဉ်စီးခနှုန်းထားများ၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ပြေးဆွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

NOM
👍204💔1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်၏ခွင့်ပြုချက်မယူဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သောထိုင်းကွန်တိန်နာသင်္ဘော အီရန်ဒုံးကျည်ထိမှန်မီးလောင်နေ။

NOM
👍48💔93😱2
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း။
👍227❤‍🔥4
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ရောက်ရှိလာသည့်မြင်ကွင်းပုံရိပ်များ။
👍22❤‍🔥63