အီရန်စစ် ထိန်းမနိုင်သိမ်းမရ ဟု ကုလအတွင်းရေးမှူးချုပ်ပြော
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ဆင်ရေးသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီ ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့ပြီး ကမ္ဘာကြီးသည် ပိုကြီးမားသည့် စစ်ပွဲတစ်ခု၏ အစွန်းတွင်ရှိနေကြောင်း ဖြည့်စွက်ပြောကြားလိုက်သည်။
"သုံးပတ်ကျော်ကြာပြီးနောက် စစ်ပွဲဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပါတယ်။ ပဋိပက္ခဟာ ခေါင်းဆောင် တွေတောင် မတွေးရဲလောက်အောင် ဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ပိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ခုရဲ့ အစွန်းမှာရှိနေပြီး လူသားတွေရဲ့ ဒုက္ခတွေ တိုးပွားလာမှုနဲ့ ပိုမိုနက်ရှိုင်းတဲ့ ကမ္ဘာ့စီးပွားရေး မငြိမ်မသက် မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါဟာ အလွန်အကျွံ ဖြစ်သွားပါပြီ" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂူတာရက်စ်က ပါဝင်ပတ်သက်သူများသည် တင်းမာမှုများမြင့်တက်လာခြင်းကို ရပ်တန့်ရန်၊ သံတမန်ရေးလှေကားထစ်ကို စတင်တက် လှမ်းရန်နှင့် နိုင်ငံတကာဥပဒေကို အပြည့်အဝ လေးစားလိုက်နာရန်တောင်းဆိုလိုက်သည်။
NOM

👍34❤5😢3💔1
တိုင်ပေမြို့တော်ဝန်ဟောင်းကိုထောင် ၁၇ နှစ်ချ
တိုင်ပေမြို့တော်ဝန်ဟောင်းဝမ်ဂျီကို ကိုလာဘ်စားမှုဖြင့် ယနေ့ထောင် ၁၇ နှစ်ချလိုက်သည်။ ဝမ်ဂျီကိုသည် အိမ်ယာလုပ်ငန်းရှင်တစ်ဦးထံမှ ထိုင်ဝမ်ဒေါ်လာ ၁၇.၁ သန်းကိုလာဘ်ယူမှုဖြင့် အစိုးရရှေ့နေများကထောင် ၂၈ နှစ်ချရန်တောင်းဆိုခဲ့ကြသည်။

👍25😡1
အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း။
NOM
NOM
👍37❤8🕊3
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး (၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက် တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်
မတ် ၂၆၊ ၂၀၂၆
NOM
မတ် ၂၆၊ ၂၀၂၆
NOM
❤18👍8
ဗဟန်းတွင်ဆီတန်းစီနေစဉ်ကါးသမားတစ်ဦးသေဆုံး
NOM၊မတ်၂၆၊၂၀၂၆
ဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်စက်သုံးဆီတန်းစီနေသောယာဉ်မောင်းတစ်ဦးသေဆုံးမှုယနေ့မတ်လ၂၆ရက်နံနက်ကဖြစ်ပွါးခဲ့ကြောင်းသိရသည်။
အငှါးယာဉ်မောင်းဦးတင်ထွန်း(၆၉နှစ်)သည်သူ၏အငှါးကားဖြင့်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ဆီတန်းစီနေစဉ်အော့အန်ပြီးသတိလစ်သွားသဖြင့်အနီးရှိအငှါးယာဉ်တစ်စီးမှသတိလစ်နေသောဦးတင်ထွန်းအားတင်ဆောင်ကါရန်ကုန်ဆေးရုံကြီးသို့ပို့ခဲ့သော်လည်းရန်ကုန်ဆေးရုံကြီးအ ရောက်တွင်ဦးတင်ထွန်းမှာသေဆုံးနေသည်ကိုတွေ့ရသဖြင့်ဗဟန်းရဲစခန်းမှဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သေမှုသေခင်းဖွင့်လှစ်ထားကြောင်းသိရသည်။သေဆုံးသူဦးတင်ထွန်းသည်ပက်ထရစ်အမည်ဖြင့် သီချင်းများသီဆိုနေသောအနုပညာသမားဖြစ်ကြောင်းသိရသည်။

👍12😢11❤3
ရန်ကင်းတွင်မီးလောင်
NOM၊မတ်၂၆၊၂၀၂၆
ယနေ့မတ်လ၂၆ရက်ည၈း၀၇နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ သိပ္ပံနှင့်သုတေသနဝန်း၊ ရန်ကင်းဆေးရုံအနီးတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး ထွက်ခွာပြီး ၂၀ : ၁၅ အချိန်၊ Level 1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၂၀ : ၄၉ နာရီအချိန် မီးငြိမ်းကြောင်း သိရသည်။

👍9😢5❤3😡1
အမေရိကန်၏လုပ်ရပ်သည် ဒုတိယကမ္ဘာစစ်မတိုင်မီ နာဇီဂျာမနီလုပ်ရပ်နှင့် တစ်ထပ်တည်းဖြစ်
အမေရိကန်သည် အချုပ်အချာအာဏာပိုင် နိုင်ငံများဖြစ်သော ဗင်နီဇွဲလားကိုကျူးကျော်ခြင်း၊ အီရန်ကိုကျူးကျော်တိုက်ခိုက်ခြင်း၊ ကျူးဘားကို ဝိုင်းပတ်ပိတ်ဆို့ခြင်းများသည် ဒုတိယကမ္ဘာစစ်မဖြစ်မီ နာဇီဂျာမနီ၏ လုပ်ရပ်နှင့် တစ်ထပ်တည်းဖြစ်နေသည်။ နာဇီဂျာမနီက နယ်ပယ်ချဲ့ထွင်ရန် တိုက်ခိုက်ခြင်းဖြစ်ပြီး အမေရိကန်ကရေနံကို လက် ဝါးကြီးအုပ်ရန် ရေနံထွက်နိုင်ငံများကိုကျူးကျော်ခြင်းဖြစ်သည်။
ဟစ်တလာ၏ နာဇီဂျာမနီသည် ထိုစဉ်က နိုင်ငံပေါင်းချုပ်အသင်းကြီးရှိပါလျက် ထင်ရာစိုင်းသလို ထရမ့်၏အမေရိကန်သည်လည်း ကုလသမဂ္ဂကိုဘေးချိတ်ပြီး ထင်ရာစိုင်လျက်ရှိသည်။ အထူးသဖြင့်အနောက်နိုင်ငံများက ဦးဆောင်ရေးဆွဲထားသော အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ဘေးချိတ်ပြီး ထင်ရာစိုင်းလျက်ရှိသည်။
ငြိမ်းချမ်းရေးကိုလိုလားသောသမ္မတဟု မဲဆွယ်စည်းရုံးခဲ့သော်လည်း တစ်နှစ်အတွင်းနိုင်ငံပေါင်း ၇ နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် ထရမ့်သည်စံချိန်တင်ခဲ့သည်။ ဟစ်တလာက ဂျူးများကိုသတ်သလို အမေရိကန်သမ္မတထရမ့်က မူဆလင်များကိုသတ်နေသည်။
ဟစ်တလာကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာသလို ထရမ့်ကြောင့်တတိယကမ္ဘာစစ်ဖြစ်အံ့ဆဲဆဲအခြေအနေရောက်နေသည်။ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကပင် ကမ္ဘာကြီးသည် အလွန်ကြီးမားသော စစ်ပွဲကြီးအနီးရောက်နေပြီဟု ယနေ့သတိပေးရသည့် အခြေအနေရောက်လာသည်။ ထရမ့်၏စစ်ပွဲသည် အီရန်ကိုသာမက မူဆလင်ကမ္ဘာကိုသာမက ကမ္ဘာကြီးတစ်ခုလုံးကိုထိခိုက်ပျက်စီးစေသဖြင့်အနောက်အုပ်စု၏ ဒီမိုကရေစီစနစ်ဖြင့် အစိုးရရွေးချယ်သည့်စနစ်သည်မှန်ပါ၏လောဟု မေးမြန်းစရာဖြစ်နေပြီဖြစ်သည်။

👍38❤9
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင် ၈ ဦး နှင့် AA အဖွဲ့ဝင် ၁၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
မတ် ၂၆၊ ၂၀၂၆
NOM
မတ် ၂၆၊ ၂၀၂၆
NOM
👍25❤6😡1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးနိုင်ငံ ကက်ဖ်ကာဆင်မြို့တွင် အီရန်ဒုံးကျည်ထိသွားသော ကားတစ်စီးလေထဲလွင့်သွားစဉ်။
NOM
NOM
👍21😱8❤1
အီရန်ဒုံးကျည်ဆယ်စင်းတွင်ရှစ်စင်းကအစ္စရေးကိုထိမှန်နေဟုအစ္စရေးသတင်းစာဖော်ပြ
NOM
အီရန်ကပစ်လွှတ်သောဒုံးကျည်များနှင့်လက်ဘနွန်မှရာနှင့်ချီပြီးပစ်လွှတ်နေသောဒုံးကျည်များဆယ်စင်းပစ်တိုင်းအစ္စရေးကိုရှစ်စင်းထိမှန်နေသည်ဟုအစ္စရေးသတင်းစာ”ဟာအာရက်ဇ်”ကရေးသားလိုက်သည်။အမေရိကန်၏လေကြောင်းရန်သတိပေးရေဒါများကိုအီရန်ကတိုက်ခိုက်ဖျက်ဆီးခြင်းနှင့် အကြိမ်တိုင်းတွင်ဒုံးကျည်ရာနှင့်ချီပြီးပစ်နေခြင်းကြောင့်အစ္စရေးလေကြောင်းရန်ကါကွယ်ရေးသည်မနိုင်ဝန်ထမ်းနေရကြောင်း၊အီရန်ကလည်းထိုအချက်ကိုသိသဖြင့်လာမည့်ရက်များတွင်အီရန်၏တိုက်ခိုက်မှုပိုမိုလာမည်ဟုရေးသားထားသည်။လက်ရှိတွင်အစ္စရေး၏လေကြောင်းရန်ကါကွယ်ရေးအဲရိုးဒုံးခွင်းဒုံးများမှာ၂၄နာရီစာသာကျန်တော့သည်။

👍32❤7🕊1😡1
အစ္စရေးနိုင်ငံမြောက်ပိုင်း နာဟာယီရာမြို့တွင် ဟဇ်ဘိုလာဒုံးကျည်ထိပြီး တစ်ဦးသေကာ သုံးဦးပြင်းထန်စွာ ဒဏ်ရာရသည်။
NOM
NOM
👍23❤1😱1🕊1💔1
This media is not supported in your browser
VIEW IN TELEGRAM
ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေများသို့ တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
NOM
NOM
👍30😱6❤4🕊1
စီအင်န်ဂျီသုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက စီအင်န်ဂျီပိတ်သိမ်းအရေးယူသွားမည်
NOM မတ် ၂၇၊ ၂၀၂၆
စီအင်န်ဂျီသုံး YBS ယာဉ်များသတ်မှတ် ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက စီအင်န်ဂျီပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၌ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။
"ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက်လာဖို့၊ ယာဉ်တွေများများပြေးဆွဲနိုင်ဖို့အတွက် စီအင်န်ဂျီသုံး YBS ယာဉ်တွေ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းမပြေးဆွဲဘဲ ကြိုပို့ယာဉ်းအဖြစ်ဆောင်ရွက်တာတို့၊ တခြားနည်းအသုံးပြုတာတို့လုပ်ခဲ့ရင် စီအင်န်ဂျီပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ပါတယ်" ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ယခုနှစ် မတ်လဆန်းပိုင်းတွင် YBS
ယာဉ်လိုင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၄ဝဝ ခန့် နေ့စဉ်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၄၆ သန်းခန့်ရှိရာမှ စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မ စနစ်ကျင့်သုံးသည့်ကာလ လက်ရှိအချိန်တွင် ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၅ဝဝ ခန့် နေ့စဉ်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၇ သန်းခန့်ထိရှိလာရာ ယခင်ထက် ခရီးသည်အရေအတွက်၂၅၀၀၀၀ ကျော် တိုးတက်စီးနင်းလာကြောင်း YRTCမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ညွှန်ကြားချက်အရ ဒီဇယ်သုံး YBS ယာဉ်များအားနေ့စဉ် လီတာ ၄၀ ကို ညဉ့်အချိန်တွင်ဆီဖြည့်ပြီး ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေး စီစဉ်ပေးခြင်းကြောင့် ခရီးသွားပြည်သူများအတွက်ယာဉ်ထွက်စီးရေတိုးတက်လာမည်ဖြစ်ကြောင်း၊ YRTC၏ ကြီးကြပ်မှုအောက်တွင် YBSယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ယာဉ်စီးရေ ၅၄၃၈ စီးရှိပြီး စီအင်န်ဂျီအသုံးပြုယာဉ်၅၀၁၃ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကြောင်းသိရသည်။

👍25❤5